လူငယ် တစု ပျော်ပါးပြီး သီဆိုနေသည့်အသံက ရွာ၏ နေရာအတော် များတွင် လွင့်ပြန်လျက်ရှိသည်။သဘောရိုး နှင့် သီဆိုပျော်မြူး နေပေမဲ့ စိတ်တွင်တော့ ကြိတ်မနိုင် ခဲမရဖြစ်လို့ နေသည့်သူမှာ တော့ အခြားသူ မဟုတ်ပေ ဦးပေါက်စ၏ သမီး မြကေသီ ဖြစ်လေသည် ။      မြကေသီသည် အိမ်ပေါ်မှ နေ၍ ပြတင်းတံခါးကို ဖွင့်လိုက်ပြီး     “ဟဲ့ အောက်က တယောက် အပေါ်တက်ခဲ့စမ်း “     “ဟုတ်ကဲ့ပါ မမလေး “    ...

လက်မှတ်လောက်က အခုထိုးပေးတောင်ရတယ်။ သူတို့ဘက်ကသာ ကတိတည်ပါစေ။ ကျုပ်ကဘယ်နေ့သွားအိပ်ရမှာလဲ” “ ဒီညပဲငါ့ကောင်၊ အော် ငါတစ်ခုပြောဖို့မေ့သွားတာ သူတို့ကလဲ မင်းကိုခြံအပြင်မလှမ်ရမကမ်းကနေ စောင့်ကြည့်နေမှာ။ သူတို့က မင်းနာမည်ကိုခေါ်တဲ့အချိန်ကျရင်တော့ ပြူတင်းပေါက်ကနေ လက်ထွက်ပြရမယ်။ ဒါမှလဲ မင်းအထဲမှာရှိမရှိသူတို့သိမှာလေ” “ ရတယ်လေ ကျုပ်သဘောတူတယ်။ အထဲကိုတော့ ကျုပ်ကြိုက်တာယူသွားလို့ရတယ်မလား” “ မင်းဘက်ကတော့ ကြိုက်တာယူလို့ရတယ်။ ဒီညနေ အသင့်ဖြစ်ရင် နှစ်ဖက်တွေ့ပြီး စကြတာပေါ့” ———————- ညနေရောက်တော့ ပွဲစားစိန်ဟန်က မြင့်နိုင်အရှေ့မှာတင် ရွှေတစ်ကျပ်သားထည့်ထားတဲ့ဘူးကို ကိုအောင်သိန်း လက်ထဲထည့်ပြီး “ မင်းနိုင်ရင် ဒီဘူးကိုယူသွားပေတော့။ ...

များသည် ကိုဆင်၏စိတ်တွင် ပေါ်လာကြလေသည်။ ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲတယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးဈေးကျခိုက်ဖြစ်သဖြင့် ခွက်ခွက်လန်အောင် ရှုံးပါလေ၏။ နောက်တနှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှါး ဆင်းထွန်ပြန် သည်။ ထွန်သွားထိသဖြင့် ခြေသလုံးဝယ် သွေးစက်စက်နှင့် အိမ်သို့ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်လောက် ကုယူရလေသည်။ ၂။ အနာကျက်သောနေ့တွင် ကိုဆင်၏အသက် လေးဆယ့်သုံးနှစ်ပြည့်ပြီ။ အသားအနာက ကောင်းစွာကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစပြုလာပြီ။ မဖော့သည် ခါတိုင်းကဲ့သို့ပင် ဈေးသို့ထွက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားလေသည်။ ...

ဒီတော့မှ ဦးဘသာကထပြီးတော့ ယောင်တာပဲဗျာ၊ ကျုပ်တို့လည်း ဦးဘသာကို ပြုံးစိစိနဲ့ကြည့်နေရင်း “ဦးဘသာ ဘာတွေစဉ်းစားနေတာလဲဗျ” “ဘာမှမဟုတ်ပါဘူးကွာ၊ နွားအကြောင်းတွေးမိသွားလို့ပါ” “ကျုပ်လည်းအဲဒါပဲပြောမလို့ ဆရာကြီး၊ ဆရာကြီးက ကျုပ်တူ မိုးစွေကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျုပ်ကျေးဇူးတင်ပါတယ်ဆရာကြီး၊ ဆရာကြီးကို ငွေရေးကြေးရေးနဲ့ ကန်တော့ပေမယ့်လည်း ဆရာကြီးက လက်မခံဘူးဆိုတော့ ကျုပ်မွေးထားတဲ့နွားတွေထဲက ဆရာကြီးကြိုက်တဲ့နွားကိုကြည့်သွားပြီးတော့ ပေးချင်တဲ့ဈေးသာ ပေးခဲ့ဗျာ၊ ဒါကတော့ ကျုပ်ဆရာကြီးအပေါ် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ပေးတာဆိုတော့ ဆရာကြီး မငြင်းပါနဲ့ဗျာ” ဦးဘသာက တွေဝေနေသေးတယ်ဗျ။ “ဟုတ်ပါတယ်ဦးဘသာရာ၊ ဘကြီးထွန်းရင်ကို အားနာဖို့ကောင်းပါတယ်၊ ငြင်းမနေပါနဲ့” ကျုပ်ပြောတော့မှ ဦးဘသာက ...

ရိုက်ဟန်ပြုကာ မောင်းလိုက်သော်လည်း နွားသည် တုပ်တုပ်ပင်မလှုပ်ဘဲ ထိုနေရာတွင်သာ ရပ်မြဲရပ်‌နေ သည်။ဦးသောင်းမြင့် မည်သို့ပြုလုပ်ရမည်နည်းမသိ စဉ်းစားမရဖြစ်နေသည်။ထို့နောက် နွားရပ်နေသောနေရာအား သေချာ ကြည့်လိုက်သောအခါမှ တောင်ပို့ဖြိုထားသည်ကို တွေ့လိုက်ရ၍ စိတ်ထဲ ထိတ်ခနဲဖြစ်မိသည်။ထယ်ထိုးသောအခါ ယခု တောင်ပို့အား ရှောင်ထိုးရန် အမြဲတတွတ်တွတ်မှာကြားနေသည့်ကြားမှ ဘယ်အတွက်ကြောင့် တောင်ပို့အား ဖြိုကြသနည်းဟု တွေးပြီး သားများအား စိတ်တိုဒေါ်သထွက်မိသည်။ထို့ကြောင့် ပြသနာအကြောင်းရင်းအား သိပြီမို့ တောင်ထိပ်နေရာကို လက် အုပ်ချီလိုက်ကာ     “ကျုပ်တို့ အမှားများ ပြုမိခဲ့ရင် တောင်းပန်ပါတယ် မလိမ်မိုး မလိမ်မာလေးတွေမို့ ခွင့်လွှတ်ပါ “ ...

ကဲ မိခင်နဲ့အတူ အမျိုးသမီးတစ်ယောက် အခန်းတွင်းက မိန်းကလေးကို အပြင်ခေါ်ခဲ့ပါ ”   မိခင်နှင့်အတူ အမျိုးသမီးတစ်ယောက် အခန်းတွင်း ဝင်သွားသည်။   “သွား မလိုက်ဘူး နင်တို့က ဘာမို့လို့ ငါ့ကို လာခေါ်ရတာလဲ ထွက်သွား ခု ထွက်သွား ”   “လာပါ သ္မီးရယ် ၊ ဆရာခေါ်နေတယ် ”   “ဘာသမီးရယ် အခု အခန်းထဲကထွက်”   ဘယ်ကဲ့သို့မှ ချော့မော့ပြီး ခေါ်၍ မရ၊ သို့ကြောင့် လက်လျော့ပြီး ...

မောင်မိုးရိပ်ဟာ မိခင်နဲ့ ဖခင်မေတ္တာကို အဖိုးအဖွားမောင်နှံဆီကနေ အပြည့်အဝရရှိခဲ့ပါတယ်။ မိကျောင်းပေါက် အရွယ်မှာတော့ စဉ့်အင်တုံထဲထည့်ပြီး မွေးထားလို့ရပေမယ့် တစ်နေ့တခြား အရွယ်အစားကြီးမား လာတဲ့ မောင်မိုးရိပ်ကြောင့် ချောင်းစပ်နဲ့ နီးတဲ့နေရာမှာ မြောင်းသွယ်ပြီး ချောင်းရေဝင်စေကာ ရေကန်တစ်ကန် တူးဖော်ပေးပါတယ်။ ချောင်းထဲကို ထွက်မသွားဖို့အတွက်တော့ ဝါးတစ်ရာစိုက်ထူပြီး ကာရံပေးထားရပါတယ်။ ဒီလိုနဲ့ လူသားနဲ့မိကျောင်းတို့ကြားက ရင်းနှီးကျွမ်းဝင်မှုအတိုင်းအတာကို ဖြတ်တောက်ပစ်မယ့် နေ့ကို ရောက်လာပါတယ်။ အဲဒါကတော့ နေ့တိုင်း သားဖြစ်သူ မိကျောင်းမောင်မိုးရိပ် ကို အစာလာကျွေးနေကျ အဖွားဟာ အကြောင်းတစ်စုံတစ်ရာကြောင့် အချိန်လင့်မှ ရောက်လာခဲ့ပါတယ်။ ဒါဟာ ...

ဟုတ်လို့လားတော်” ” အေး နေအုံးငါသွားကြည့်လိုက်မယ်” ” ယောကျာ်း!” ကံကောင်းတို့လင်မယား မ၀ံ့မရဲနဲ့လျှိုမြောင်ထဲ၀င်လာခဲ့၏ ပိန်းပင်တို့ ဇာမဏီပင်တို့ပြည့်နက်နေသဖြင့် အသားတွေတောင်ယားကျိကျိနဲ့ ကလေးအသံက တဖြည်းဖြည်းနီးလာလေလေ မရင်မှာ ကြက်သီးတွေပိုပိုထလာသည် ကျောက်ရေတွင်းတွေ တစ်ခုနှစ်ခုကျော်ပြီးနောက် ပိုစုန်းကြုုးတွေ အစုလိုက်အုံနေတဲ့ပျဥ်းကတိုးပင်အောက်တွင် အနှီးတစ်ခုနဲ့ကလေးတစ်ယောက်အား ကံကောင်းတို့လင်မယားတွေ့လိုက်ရတော့သည် ” ဟိုမှာ….” လင်မယားနှစ်ယောက် အပြေးသွားကြည့်ရာ အရုပ်လေးလိုချစ်ဖို့အလွန်ကောင်းတဲ့ ကလေးတစ်ယောက် ” ငါ့ဆန္ဒပြည့်ပြီကွ” ကံကောင်းအသံ လျှိုမြောင်ထဲပဲ့တင်ထပ်သွားခဲ့၏မရင်မှာတော့ အခုမှကြောက်တဲ့မျက်နှာမှာ မှိုရသကဲ့သို့၀င်းလက်သွားသည် ကံကောင်းမှာ ပတ်၀န်းကျင်တစ်ချက်ကြည့်လိုက်၏ ပြီးတော့ကလေးကိုပွေ့ချီကာ လျှိုမြောင်ဆီကထွက်ခွာလာခဲ့၏ အိမ်ပြမ်လမ်းတစ်လျှောက် အပြုံးတွေပြည့်နက်နေသလို သူ့တို့နောက်မှတန်းစီပြီးလိုက်ပါလာတဲ့ ...

ဘကြီးမိုးက ဦးဆောင်သူမို့ အားလုံးက ဘကြီးမိုးအကြံအစည်ကိုလက်ခံလိုက်ကြသည်။ တောလမ်းအတိုင်းသွားလျှင် မြို့သို့ သုံးလေးနာရီခန့်သာသွားရသော်လည်း တောထူထပ်ခြင်း၊ အမှောင်ကျခြင်းတို့ကြောင့် နွားလှည်းသွားလာရာတွင် အနှောင့်အယှက်များရှိနိုင်ပေသည်။ ထို့ကြောင့် ဘကြီးမိုးအကြံအစည်ကို အားလုံးက လက်ခံလိုက်ကြခြင်းဖြစ်သည်။ ဘကြီးမိုးက တိုးကျော်လှည်းပေါ်သို့ပြန်တက်လိုက်ပြီး အရှေ့ဆုံးမှစတင်မောင်းနှင်ခဲ့လေသည်။ သူတို့အနောက်တွင် ကောင်းစံ၏လှည်းပါပြီး ဦးပေါကြီးလှည်းမှာ နောက်ဆုံးမှလိုက်လာခဲ့လေသည်။ ဆောင်းအကုန်နွေအကူးမို့ ရာသီဥတုက ပူသည်ဟုလည်းမဆိုသာ၊ အေးသည်ဟူ၍လည်း မဆိုသာပေ၊ ကောင်းကင်တွင် ရှစ်ရက်လခြမ်းကလေးက ကွေးကွေးကလေးသာနေလေသည်။ မိုးကောင်းကင်တွင် တိမ်မှောင်တိမ်လိပ်များကင်းစင်၍ တိမ်ပါးပါးလွှလွှသာ တစ်ပျောက်တစ်လေရှိသည်မို့ လရောင်က ပတ်ဝန်းကျင်ကိုဖြာကျနေလေတော့သည်။ ရွာအပြင်ထွက်လာခဲ့သည့်အခါ လုပ်ငန်းသိမ်းထားသည့် လယ်ခင်းယာခင်းများကို လရောင်အောက်တွင် ...

သီရမှာတော့ မုန့်ဟင်းခါးပန်းကန်နှင့် လက်ဖက်ရည်ခွက်ကြား ခေါင်းမဖော်နိုင်ပေ။ သီရိစားသောက်ပြီးသောအခါ… “လမ်းမှာစားဖို့မုန့်လေးဝယ်ထားဦးသီရိ… ညကျရင်မိုးချုပ်မှရောက်လိမ့်မယ်…” “ဟုတ်ကဲ့စီနီယာ…သီရိဝယ်မှာပါ ဟီး…. မဟုတ်ရင်ဗိုက်ဆာနေမှာလေ” လွန်းနီနီခေါင်းညိတ်လိုက်သည်။ ဆောင်းသည် အတော်အချမ်းပိုနေ၏။ မိုးအုံသည်မို့ပို၍အေးစက်လွန်းလှသည်။ သူမတို့ကိုယ်၌ ကုတ်အင်္ကျီများဝတ်ဆင်ထားသော်လည်း ချမ်းအေးကြနေစဲပင်။ ဂျင်းဘောင်းဘီအရှည်များ…. ဘွတ်ဖိနပ်များဝတ်ဆင်ထားသော သူမတို့အား ခရီးသွားများမှာငေးကြည့်နေကြသည်။ သူမတို့အား ဟောင်ကောင်ဂျက်မများဟုပင် ထင်မှတ်နေပုံရ၏။ ထိုသူတို့၏အကြည့်များကိုဂရုမစိုက်နိုင်… သီရိဝယ်ချင်သော မုန့်များကိုဝယ်ယူခဲ့ပြီး ကားဆီသို့ပြန်လာခဲ့ကြတော့သည်။ “ကဲ…မမလေး တလှည့်နားပါ….ကျွန်မမောင်းပါ့မယ်….” ဟု..လွန်းနီနီမှပြောလေသောအခါ… သီရိမှ… “ကောင်းပါပြီ ကျွန်ယုံတော် သင်မောင်းပါ……” ဟု…စစနောက်နောက်ပြန်ပြောလေရာ လွန်းနီနီ၏ လက်သီးစုပ်သည် သီရိ၏ခေါင်းအထက်သို့ ခပ်ဖွဖွလေး ...