ယောက်ကတော့ရောက်မလာခဲ့ချေ စိုးမင်းက ဇော်ကြီးနားကပ်လာပြီးတော့ “ဇော်ကြီး မင်းထွန်းကျော်ကိုတွေ့မိသေးလား” “အေးကွ ဒီနေ့ထွန်းကျော် လာတာငါလည်းမတွေ့မိဘူး ဒီကောင် ဘယ်တွေလျောက်သွားနေလဲမသိဘူး ငါ့မင်္ဂလာဆောင်တောင်မလာဘူး”ဆိုပြီးစိတ်မကောင်းစွာနဲ့ပြောလေသည် ဒီလိုနဲ့မင်္ဂလာပွဲကပြီးဆုံးသွားပါတယ် ထွန်းကျော်တယောက်ကတော့ မြေနီကုန်းရွာကိုသွားနေပါတယ်မြေနီကုန်းရွာက လူမိုက် အောင်ဒင်တို့ဆီရောက်တော့ “ကိုကြီးအောင်ဒင် ” “ဟာ ဘယ်သူလဲလို့ ထွန်းကျော်မင်းပါလား မလားစဖူးနဲ့ အကြောင်းတခုခုတော့ရှိရမယ် ငါဘာကူညီပေးရမလဲ” “ကိုကြီးသာဒင်တို့ ကတော့ ချက် ဆိုနားကမီးတောက်ပြီးသားဘဲဗျာ ဟုတ်တယ် ကိုကြီးသာဒင်ရေကျတော်တို့ရွာက ဇော်ကြီးက ကျတော်ကောင်မလေးကို ကျတော်ဆီကလုသွားတယ်ဗျာ” “အယ့်တော့ ငါကအယါ့ကောင်ကိုဘာလုပ်ပေးစေချင်တာလဲ” “အယ့်ကောင်မရှိမှ ကျတော်ကထွေးမြကိုအပိုင်ရမှာဗျ ဒီလောကထဲမှာဒီကောင်မရှိလေကောင်းလေဘဲဗျ” “ကိစ္စ ပြီးအောင်လုပ်ပေးမယ် ...
သည်။ ထို့နောက်ဒေါ်စန်းရီလည်း ဆရာတော်အား ထိုင်ကန်တော့လိုက်သည်။ ထိုအခါ ဆရာတော်မှ… ” အခုလို လှူဒါန်းရသောဆွမ်းအကျိုးကျေးဇူးကြောင့် သက်ရှည်၊အဆင်းလှ၊ချမ်းသာ၊ဗလ၊ဉာဏ်ပညာဟူသော ဆွမ်းအကျိုးငါးပါးတို့ကိုမတောင်းပဲ ပြည့်ပါစေကွယ် ” ” ပေးတဲ့တဲ့ဆုနဲ့ပြည့်ပါရလို၏ဘုရား. ” ထို့နောက် ဒေါ်စန်းရီလည်း အိမ်ထဲသို့ပြန်ဝင်လာလိုက်သည်။ ဒေါ်စန်းရီတွင် သားတစ်ယောက် သမီးတစ်ယောက်ရှိလေသည်။ သားကြီး၏နာမည်မှာ တာနောဖြစ်ပြီး သမီးငယ်နာမည်မှာ မြတ်နိုးဖြစ်သည်။ ဒေါ်စန်းရီ၏ခင်ပွန်းမှာ ဦးလှမောင်ဖြစ်ပြီး မြတ်နိုးလေး ၁၂နှစ်သမီးလောက်တွင် ပိုးထိ၍ ဆုံးသွားလေသည်။ ဒေါ်စန်းရီတို့မိသားစုတို့သည်လည်း ရေလဲဆိုသည့်ကျေးရွာလေးမှာ နေထိုင်ကြသည်။ လူချမ်းသာစာရင်းထဲ၌ မပါသော်လည်း ပြေပြေလည်လည် နေနိုင်စားသောက်နိုင်ကြသည်။ ဒေါ်စန်းရီသားကြီး ...
မြင်တွေ့ခဲ့ရသည်။ အိတ်ကြီးအတွင်း၌ မည်သည့်ပစ္စည်းများစွာ ပါလာသနည်းဟု ဇနီးဖြစ်သူ မမိဆုမှာမသိရှိခဲ့သေးပေ။ သို့နှင့်ဦးဌေးလွင်မှာ အိတ်ထုတ်ကြီးကိုပင် ဖြီလိုက်သည်နှင့် အိတ်ထုတ်ကြီးအတွင်း၌ ထုတ်လာခဲ့သည်က စံပါးကြီးမြွေကြီးတစ်ကောင်ပင် ဖြစ်နေလေခဲ့သည်။ ရုတ်တရက်ဖြစ်သော်ကြောင့် မမိဆုသည်လည်း လန့်သွားခဲ့လေ၏။ မြွေကြီး၏အရွယ်စားမှာ လုံးပတ်အားဖြင့် သုံးလက်မကျော်ကျော်နှင့် အရှည်အားဖြင့် ရှစ်ပေကျော်မျှရှည်လျားပြီး လွန်စွာကြီးမားလေခဲ့သည်။ ဦးဌေးလွင်ဟာ ထိုကဲ့သို့သော် မြွေမျိုးကိုမူ ကြောက်လန့်ဖို့ရာမဆိုနှင့် ရပ်ကွက်အတွင်း၌ ရေမြွေမှအစ၊ မြွေပွေးကဲ့သို့သော် မြွေဆိုးများတွေ့ရှိပါက လိုက်လံဖမ်းစည်းတတ်သည်မှာ ဦးဌေးလွင်၏ ဝါသနာကြီးတစ်ရပ်ပင်ဖြစ်လေသည်။ စံပါးကြီးဟူသော မြွေအမျိုးစားမှာ ပေါက်တတ်သည့် မြွေမျိုးစားမဟုတ်၊ ထိုမြွေမှာ သူ၏ခန္ဓာကိုယ်ဖြင့် အရွယ်အစားကြီးမားသော၊ ...
လည်း လှေတစ်စီးနဲ့ပဲဗျ။ လှော်တက်နဲ့ ရေကို ဖြန်းကနဲရိုက်လိုက်ရင် သူ့ဘဲအုပ်က သူလိုချင်တဲ့ဘက်ကို ကူးကြရောဗျို့။ ချောင်းဘေးက လတာပြင်ထဲမှာတော့ င ပျံတွေဆိုတာ တဖျတ်ဖျတ်ခုန်နေတာဗျို့။ ဂဏန်းနီနီလေးတွေကလည်း လတာထဲမှာ ဟိုပြေး ဒီပြေးနဲ့ဗျ။ အဲဒီလတာပြင်ထဲမှာ ငါး မြွေထိုးချိတ်နေတဲ့ လူတွေလည်း ရှိသဗျ။ ငါးမြွေထိုးချိတ်ဆိုတာက တံဇဉ်အကျိုးနဲ့ လုပ်ထားတဲ့ သံပြားကောက်ကောက်ကလေးပေါ့ဗျာ။ ဝါးလုံးတစ်လံသာသာလောက် ထိပ်မှာ အဲ ဒီချိတ်ကောက်ကို တပ်ထားတာဗျို့။ ပြီးရင်အဲဒီဝါးလုံးကို လေထဲမှာ လွှဲလွှဲပြီး လတာထဲက ငါးမြွေထိုးကို ချိတ်ရတာဗျ။ ငါးမြွေထိုးက ကောက်ထားတဲ့ သံချိတ်ကလေးမှာ ...
သူမအား ပြုစားထား၍ သရဲတစ္ဆေနှင့် အသေသတ်ခိုင်းနေခြင်းပင်ဖြစ်သည်ဟု ဒေါ်မြင့်မြင့်စန်းမှာမူ သိရှိနေခဲ့ရသည်။ ထိုတင်မက အပြင်သို့သွားသည့်အခါတွင်လည်း သူမအနားတွင် တစ်ဦးတစ်ယောက် လိုက်ပါလာသည့်အတိုင်း ခံစားနေခဲ့ရလေသည်။ နေအိမ်တွင် တစ်ယောက်တည်းရှိနေချိန်၌လည်း သူမနှင့်အတူ တစ်ဦးတစ်ယောက် အတူရှိနေခဲ့သည်ဟု ခံစားနေရခါ ကြောက်ရွှံ့စိတ်နှင့် စိတ်ဆင်းရဲကြီးစွာ ဖြစ်နေခဲ့ရပေသည်။ ထိုကဲ့သို့အဖြစ်ပျက်များကြောင့် ခင်ပွန်းသည် ဦးလှငွေသည်လည်း ကားမောင်းမထွက်နိုင်၊ ဇနီးဖြစ်သူ၏အနားတွင် နေထိုင်ပေးနေခဲ့ရင်း စုဆောင်းမိထားသော ငွေလေးများဖြင့် ထိုင်စားနေခဲ့ရသည်။ ဇနီးဖြစ်သူ၏ အဖြစ်များကြောင့် ဦးလှငွေသည်လည်း ပယောဂါဆရာပေါင်းစုံနှင့် လိုက်လံကုသပေးခဲ့သည်။ ထိုတင်မက သံဃာတော်ဆရာများနှင့်လည်း ဆရာစုံအောင် လိုက်လံကုသပေးခဲ့ပါသည်။ သို့သော်လည်း ...
မင်္ဂလာဆောင်သို့ရောက်တော့… “ဟာ…ဟိုမှာသောင်ထွန်းသားတွေလာပြီဟေ့” “လာကြကွ…သတိုးသားကျော်စန်းက မင်းတို့ကို မျှော်နေတာ…” အင်တိုင်းရွာသားများက မျက်မှန်းတန်းမိနေသော မောင်းတိုးတို့နှစ်ယောက်ကို ဝမ်းသာအားရကြိုဆိုကြသည်။ သတိုးသား ကျော်စန်းကလည်း မောင်တိုးတို့ကိုမြင်တော့ ဝမ်းသာတကြီးဖြင့်… “မင်းတို့လာမှလာပါ့မလားလို့ကွာ…” “ငါတို့လာမယ်လို့ကတိပေးထားတာပဲကွာ… မဖြစ်ဖြစ်အောင်လာမှာပေါ့…” “အေး…အေး…အခုတော့ထမင်းစားထားကြဦး… မင်္ဂလာပွဲပြီးမှဝိုင်းတည်ကြမယ်” သတိုးသားကျော်စန်းစကားကြောင့်မောင်တိုးတို့ ပြုံး၍ခေါင်းညိတ်ကြသည်။ သူတို့ရောက်လာသည့်အချိန်က နောက်ကျတာကြောင့်ဧည့်သည်များ အတော်နည်းနေပြီဖြစ်သည်။ “လာငါညီတို့…အစ်ကိုတို့လိုက်ပို့မယ်…” ရွာသားတွေကမောင်တိုးတို့ကိုထမင်းဝိုင်းဆီသို့ ခေါ်သွားကြသည်။ မင်္ဂလာဆောင်တွင် ဝက်သားချက်…ပဲပြုတ်နှင့်ဟင်းချိုရည်… သရက်ချဥ်သုပ်တို့ဖြင့် ကျွေးမွေးကြသည်။ မောင်တိုးနဲ့မောင်အုန်းလည်း ဆာဆာဖြင့် ထမင်းများစားလိုက်ကြ၏။ စားလို့ပြီးလေတော့ သူတို့အားစောင့်နေကြသော ရွာသားတွေမှ… “လာငါညီတို့…ဒီဝိုင်းပြီးရင်တခြားဝိုင်းပြောင်းကြမယ်… ဟိုသရက်ပင်အောက်မှာအစ်ကိုဝိုင်းတည်ထားတယ်ကွ” ရွာသားတွေနောက်မှမောင်တိုးတို့လိုက်ကြသည်။ ရွာသားတွေကသူတို့နှစ်ယောက်ကို ...
နေထိုင်မကောင်းဖြစ်ပြီးကတည်းက သူမဟုတ်သလိုဖြစ်လာလို့ပါ…” “ဘယ်လိုမျိုးတွေဖြစ်တာလဲကွဲ့…” “ဖြစ်ပုံကဗျာ… တစ်ခါတစ်လေကျုပ်တို့ကိုဒေါသတွေထွက်နေတတ်တယ်… အကြောင်းအရင်းမရှိဘဲပစ္စည်းတွေကိုပေါက်ခွဲတယ်… အယ်နောက်ပြီးသူမဟုတ်သလို…ဘာမှမမှတ်မိပြန်ဘူးဗျာ… တစ်ခါတစ်လေကျပြန်တော့ ထမင်းတွေဟင်းတွေက်ို အားရပါးရစားပြန်တယ်…လူငါးယောက်စာထမင်းဟင်းကို သူကတခဏနဲ့စားနိုင်တယ်ဗျ… ပိုဆိုးတာကညဘက်တွေလမ်းထလျှောက်ပြီး မနက်ချက်ဖို့ထားတဲ့ဟင်းစိမ်းတွေကို ယူယူစားတာပဲအမေကြီးရဲ့” ဟု…မောင်ဖြစ်သူကပြောပြလေသည်။ ရွာသူကြီးဦးမျိုးသစ်ကလည်း… “ဟုတ်တယ်ဗျ…ကျုပ်တူမကြည့်ရတာ မမြင်အပ်တာတွေဝင်စီးနေပုံရတယ်… အဲ့သည်ဟာတွေဝင်စီးပြီးစားချင်တာစားပြီးရင် သူဘာမှမမှတ်မိဘူးဖြစ်နေတာ… ကျုပ်တူကသူ့အစ်မအကြောင်းပြောပြတော့ ကျုပ်လည်းဘွားဆီကိုအပြေးခေါ်လာခဲ့ရတာပဲဗျာ…” ဟုပြောပြန်တော့ဘွားမယ်စိန်ကခေါင်းညိတ်သည်။ မတင်ကြည်ကိုကြည့်ပြီးလည်း… “ဘွားမြင်ပါတယ်… သူ့ကိုမကျေနပ်တဲ့သူရှိနေတယ်… ကဲ…ထားပါ…အရင်ဆုံးမောင်ရင်တို့ အကြောင်းလေးပြောပါဦး…” ဟု…ပြောလေတော့ ငဖေက … “အမေကြီးသိချင်ရင်… ကျုပ်ပြောပြပါမယ်ဗျာ…” ဟု…အစချီကာပြောပြလေတော့သည်။ ****************************** “တောက်…” “ဟဲ့…ငဖေ ဘာဖြစ်လာပြန်တာလဲ” ပုဆိုးစကိုလက်၌ကိုင်ပြီးဒေါကြီးမောကြီးဖြင့် ရောက်လာသော ...
စကြာဝဠာအပြင်ဘက်လွင့်စင်သွားရော့မယ်…။ပြောစမ်း၊ နင်နဲ့အုန်းခင်မြင့်က ရန်သူတွေလား ….. “သိပ်ဟုတ်ပေါ့။ ရန်သူမှ ကမ္ဘာ့ရန် “အုန်းခင်မြင့်က နင်နစ်နာအောင် ဘာတွေလုပ်ခဲ့လို့ကဝေပျံဝင်ပူးနေတဲ့ အုန်းခင်မြင့်ရဲ့မျက်နှာဟာ ကြောက်စရာအသွင်ကို ရုတ်ခြည်းပြောင်းလဲသွားတယ်။ဒေါ်သတွေနဲ့ ခက်ထန်သွားတယ်။အသက်ရှူသံတွေလည်း ပြင်းလာတယ်….။ “သူ့ကြောင့်၊ သူ့ကြောင့်…..။ ငါ့သမီးသေခဲ့ရတာဟဲ့၊ သိရဲ့လား ကဝေပျံရဲ့စကားကြောင့် ဆရာကြီးဦးကြာညွန့် အံ့ဩ သူ့ရှေ့မလှမ်းမကမ်းမှာထိုင်နေတဲ့ အုန်းခင်မြင့်ရဲ့ခင်ပွန်းမောင်ခင်မောင်လွင်ကို လှမ်းကြည့်လိုက်တယ်…။ ပြီးမှ ကဝေပျံကိုပြောလိုက်တယ်….။ ““နင်ပြောတာ ငါနားမလည်ဘူး၊ ငါသိအောင် ရှင်းရှင်းလင်းလင်းပြောပြစမ်း.. “မသိတဲ့သူကတော့ မသိဘူးပေါ့…။ အကြောင်းစုံကိုသိတာ၊ ဟိုကောင်…..။ ဟိုကောင်အကုန်လုံးသိတယ်..” လေသံပျော့သွားတဲ့ ကဝေပျံဟာ၊ ရုတ်တရက်စိတ်ဖောက်သွားသလို ခင်မောင်လွင်ကို ...
နေထိုင်မကောင်းဖြစ်ပြီးကတည်းက သူမဟုတ်သလိုဖြစ်လာလို့ပါ…” “ဘယ်လိုမျိုးတွေဖြစ်တာလဲကွဲ့…” “ဖြစ်ပုံကဗျာ… တစ်ခါတစ်လေကျုပ်တို့ကိုဒေါသတွေထွက်နေတတ်တယ်… အကြောင်းအရင်းမရှိဘဲပစ္စည်းတွေကိုပေါက်ခွဲတယ်… အယ်နောက်ပြီးသူမဟုတ်သလို…ဘာမှမမှတ်မိပြန်ဘူးဗျာ… တစ်ခါတစ်လေကျပြန်တော့ ထမင်းတွေဟင်းတွေက်ို အားရပါးရစားပြန်တယ်…လူငါးယောက်စာထမင်းဟင်းကို သူကတခဏနဲ့စားနိုင်တယ်ဗျ… ပိုဆိုးတာကညဘက်တွေလမ်းထလျှောက်ပြီး မနက်ချက်ဖို့ထားတဲ့ဟင်းစိမ်းတွေကို ယူယူစားတာပဲအမေကြီးရဲ့” ဟု…မောင်ဖြစ်သူကပြောပြလေသည်။ ရွာသူကြီးဦးမျိုးသစ်ကလည်း… “ဟုတ်တယ်ဗျ…ကျုပ်တူမကြည့်ရတာ မမြင်အပ်တာတွေဝင်စီးနေပုံရတယ်… အဲ့သည်ဟာတွေဝင်စီးပြီးစားချင်တာစားပြီးရင် သူဘာမှမမှတ်မိဘူးဖြစ်နေတာ… ကျုပ်တူကသူ့အစ်မအကြောင်းပြောပြတော့ ကျုပ်လည်းဘွားဆီကိုအပြေးခေါ်လာခဲ့ရတာပဲဗျာ…” ဟုပြောပြန်တော့ဘွားမယ်စိန်ကခေါင်းညိတ်သည်။ မတင်ကြည်ကိုကြည့်ပြီးလည်း… “ဘွားမြင်ပါတယ်… သူ့ကိုမကျေနပ်တဲ့သူရှိနေတယ်… ကဲ…ထားပါ…အရင်ဆုံးမောင်ရင်တို့ အကြောင်းလေးပြောပါဦး…” ဟု…ပြောလေတော့ ငဖေက … “အမေကြီးသိချင်ရင်… ကျုပ်ပြောပြပါမယ်ဗျာ…” ဟု…အစချီကာပြောပြလေတော့သည်။ ****************************** “တောက်…” “ဟဲ့…ငဖေ ဘာဖြစ်လာပြန်တာလဲ” ပုဆိုးစကိုလက်၌ကိုင်ပြီးဒေါကြီးမောကြီးဖြင့် ရောက်လာသော ...
ရောက်လေခဲ့သည်။ ငှက်သိုက်ရှိနေခဲ့သော သစ်ကိုင်းနေရာဆီအသို့အရောက် အပင်ကြီးအောက်တွင် မော့ကြည့်နေခဲ့သော သူငယ်ချင်းဖြစ်သူ အေးမောင်ကိုပင် စိတ်ညစ်သွားခဲ့သည့် လေသံတို့ဖြင့် ထိုသို့ပြောဆိုလိုက်လေသည်။ “ဟာ… သွားပါပြီအေးမောင်ရာ… အသိုက်ကြီးက ကြီးလို့များ ဥတွေအများကြီးထင်တယ်။ တစ်လုံးတည်းရှိနေတယ်ကွ” “မင်းငှက်က ဒီနေ့မှ စဥတာဖြစ်မှာပေါ့ကွ၊ ခြေယာလက်ယာမပျက်ထားခဲ့၊ နောက်နေ့ကြမှ ငါတို့လာပြန်နှိုက်ကြတာပေါ့” “မဟုတ်ဘူးကွ… အသိုက်က ချိုး(ဂျိုး)သိုက်ကွ၊ ဝွပ်ထားတဲ့အရာတွေ့တယ်၊ ဝွပ်ပြီးသားဖြစ်လိမ့်မယ်နဲ့ထင်တယ်။ အကောင်ပေါက်သွားတဲ့ ဥအခွံတွေလည်းတွေ့တယ်ကွ။ င့ါအထင်၊ ဒီဥက အကောင်မပေါက်နိုင်တာဖြစ်လိမ့်မယ်။” “ဒါဆိုနှိုက်လာခဲ့လေကွာ၊ တစ်လုံးရလည်း မနည်းဘူး” “ဟင်… အေးမောင်၊ ဥက မာမာကြီးကွ၊ ကျောက်ခဲတုန်းကြီး ...