ရင်းစကားများနေရပါတော့တယ် ================= “အမယ်လေး ဗိုက်နာလိုက်တာ ကိုအောင်ကျော် ကိုအောင်ကျော် ကျွန်မဗိုက်နာနေပြီ မွေးတော့မယ်နဲ့ တူတယ် ကိုအောင်ကျော်’ မသန်းအေးတစ်ယောက် ခင်ပွန်းဖြစ်သူအားအော်ခေါ်နေပေမယ့် ကိုအောင်ကျော်မှာအိမ်မှာရှိမနေပဲ အရက်ဆိုက်၌အရက်သောက်ရင်း အချိန်ဖြုန်းနေပါတယ်။ အိမ်ကြီးထဲ၌ မသန်းအေးတစ်ယောက်တည်းသာ ရှိနေပါတယ်။ မသန်းအေးလည်းနာကြင်သည့်ဝေဒနာ အားကြိတ်မှိတ်ခံစားရင်း ပတ်ဝန်းကျင်အား အကူအညီတောင်းရပါတော့တယ်။ အချိန်ကလည်းည၈နာရီခန့် ရှိပြီဖြစ်သည့်အတွက် မသန်းအေးတစ်ယောက် ကြောက်စိတ်ဖြစ်ခြင်း၊အားငယ်ခြင်းများ ဖြစ်ကာမျက်ရည်များပင်ကျလာပါတော့ တယ်။ မသန်းအေးရဲ့အကူအညီတောင်းသံအား ပတ်ဝန်းကျင်မှကြားသိကာ မသန်းအေးထံသို့အပြေးအလွှား ရောက်လာကြပါတော့တယ်၊ ထိုအခါမသန်းအေးကသူနှင့်အစ်မတော်စပ်သူမသီတာအားခေါ်ပေးရန် ပြောသဖြင့်အိမ်နီးချင်းတစ်ယောက်က မသီတာအားခေါ်ပေးလိုက်လေတယ်။ မသီတာလည်းညကြီးအချိန်မတော် ရပ်ကွက်အတွင်းမှဆိုက်ကားအား ငှားကာဆေးရုံသို့ ညီမဖြစ်သူအား ခေါ်လာပါတော့တယ်။ ...

လည်း စိတ်ညစ်ညစ်နဲ့အိမ်ကိုပြန်ခဲ့ပါရော။ ဘာလိုလိုနဲ့ အခါတွင်းကိုရောက်ခဲ့ပြီပေါ့ဗျာ၊ အခါတွင်းကတော့ ကျုပ်တို့ဆီမှာ အောက်ပြည်အောက်ရွာလို သင်္ကြန်ပွဲမကျင်းပဖြစ်ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ တန်ခူးရေကုန်၊ ကဆုန်ရေခမ်းဆိုတဲ့ကာလမို့ ချောင်းတွေမြောင်းတွေမှာ ရေကြည်ကြည်မရှိတတ်တော့ဘူးဗျို့၊ ကန်တွေဆိုလည်း ညွံတွေပေါ်ပြီး ကန်စပ်တွေပက်ကြားအက်နေတဲ့အချိန်ပေါ့ဗျာ၊ “ရွှေကိုမလို၊ ရေကိုသာလိုတယ်” ဆိုတဲ့ ကျုပ်တို့အညာစကားအရ ကျုပ်တို့ထက်ပိုပြီးအထက်ဘက်ကျတဲ့ရွာတွေမှာ ရေတွေအတော်ရှားနေပြီဗျ၊ သဲချောင်းကလေးတွေထဲ လက်ယက်ကျင်းတွေတူးကြတယ်၊ ဂလိုင်တွေ စိမ့်စမ်းတွေက ထွက်တဲ့ရေနည်းနည်းကို တစ်ညလုံးအိပ်ရေးပျက်ခံပြီး စောင့်ခပ်ကြရတဲ့အခြေအနေတွေပေါ့ဗျာ၊ ထွက်တဲ့ရေကလည်း ရေငန်ငန်နောက်ကျိကျိတွေဗျ၊ မရှိတော့လည်း ဒီရေပဲသုံးရတာပေါ့ဗျာ၊ အညာကလူတွေကို “ရေငန်သောက်၊ မြက်ခြောက်စား” တယ်လို့ခေါ်ကြတာလည်း မမှားဘူးပေါ့ဗျာ။ ဒါကြောင့် ကျုပ်တို့အညာသင်္ကြန်က ...

ထိန်းပါလိမ့်မယ်တော်…” “အင်း…အေးလေ…ခရီးသွားဖြစ်ရင်တော့ ခေါ်ကြည့်တာပေါ့” ဟု…ဘွားမယ်စိန်ကပြောတော့ငသွင်အတော်ပျော်သွားသည်။ ဒေါ်ဝင်းလည်းငသွင်ပျော်တာကိုကြည့်ပြီး ပြုံးသွားလေသည်။ ထိုအချိန်… “ဘွားမယ်စိန်ရှိလားခင်ဗျ…” ဟုသောခေါ်သံကိုကြားလိုက်ရပြန်သည်။ “ရှိတယ်ဟေ့…ဝိုင်းထဲဝင်ခဲ့” ဒေါ်ဝင်းကပြန်ဖြေလိုက်တော့ခြံဝိုင်းထဲကို လူနှစ်ယောက်ဝင်လာခဲ့သည်။ “သြော်…ဧည့်သည်တွေပဲ…” ဒေါ်ဝင်းကလူစိမ်းနှစ်ယောက်ကို မြင်တော့အံ့သြသွားသည်။ ထိုလူနှစ်ယောက်ကို ကွပ်ပျစ်ခင်း၌ဝင်ထိုင်စေ၏။ အသက်သုံးဆယ်ကျော်ယောကျာ်းနှစ်ဦးသည် သူတို့ခေါင်း၌ဆောင်းထားသောဝါးခမောက်များကို ချွတ်လိုက်၏။ “ဘွားမယ်စိန်ဆိုတာ…ဟောသည်ကအမေကြီးလားခင်ဗျ” ဘွားမယ်စိန်ကိုကြည့်ရင်းမေးလိုက်တော့ဘွားမယ်စိန်က ခေါင်းညိတ်၍… “ဟုတ်ပါတယ်…ဘွားကမောင်ရင်တို့ပြောတဲ့ဘွားမယ်စိန်ပါ… ဒါနဲ့မောင်ရင်တို့က ဘယ်ရွာကနေများ လာကြတာလဲကွဲ့” ဟုပြန်မေးလေတော့ … “ကျုပ်နာမည်က လူအေးပါ… ဟောသည်ကတော့ကျုပ်ညီတစ်ဝမ်းကွဲ… စိန်လုံးလို့ခေါ်ပါတယ်…ကျုပ်တို့က သဲကုန်းရွာကလာကြတာပါ…” “သဲကုန်းရွာ…အင်း…ဒီရွာနာမည်ကိုတော့ ဘွားမကြားဖူးသေးဘူးကွဲ့” “ဟုတ်ကဲ့…ကျုပ်တို့လည်း အခက်အခဲကြုံမှ ဘွားအကြောင်းတွေသိခဲ့ရတာပါခင်ဗျာ…” “ဟေ…မောင်ရင်တို့မှာ… ...

နဘေးတွင် ထိုင်လိုက်၏။   “ကဲ၊ စန္ဒာ၊ ဦးကို အရေးတစ်ကြီးတွေ့ချင်တယ်ဆို၊ ဘာများဖြစ်လို့တုန်း၊ ပြောစရာတစ်ခုခုများရှိလို့လား ”   လှစန္ဒာ ဘာမှ မပြောသေးပဲ သစ်ပင်တွေနဲ့ မနီးမဝေးမှာ ရှိတဲ့ မြစ်ရေပြင်ကို ငေးကြည့်နေ၏။   မြစ်ရဲ့ ကမ်းစပ်တွင် ရွှေဧကရီ ပြဇာတ်အဖွဲ့ရဲ့ စက်လှေကြီးနှင့် လှေငယ်တစ်ချို့ကိုလည်း မြင်တွေ့နေရ သည်။   ” စန္ဒာ၊ ဦးကို ခေါ်ပြီး၊ ဘာမှမပြောပဲ ဒီအတိုင်းပဲ …..”   ” ရှင် ကျွန်မကို ...

ရှင်ဟာရှင် လက်ပါရင် ထလုပ်” “ဘာကွ မင်းကများ ငါ့ကိုရာရာစစ” “ကဲကြာ” “ဖြန်း” “အောင်မယ်လေး သေပါပြီ” “အဖေ အမေ တော်ပါတော့” “အမေ ဘာဖြစ်သွားသေးလည်း” “အမေ ဘာမှမဖြစ်ဘူး သား ရတယ်” “ဟီး ဟီး ဟီး အဖေ အမေ့ကိုမရိုက်ပါနဲ့ သမီးတောင်းပန်ပါတယ်” “ဟာ နားငြီးတယ် သွားစမ်း ငြိမ်းလဲ့ ညည်းငါ့ဖို့ အမြည်းလုပ်ပေးစမ်းမြန်မြန်” “နေပါစေ သမီး အမေလုပ်လိုက်မယ် ရှင်ဘာမှကျုပ်ကလေးတွေကို အမြည်းလုပ်ခိုင်းစရာမလိုဘူး အရက်လည်းဝယ်ခိုင်းစရာမလိုဘူး” “တောက် ငါထပ်လုပ်လိုက်ရ နာတော့မယ်” ...

အမှောင်ထု။ကွင်းတစ်လုံး ဖုံးလွှမ်းနေဆဲဖြစ်သည်။ကိုပိန် ညအမှောင်ထုကို ကြည့်ရင်း ဖိုးစီကို သတိရသွားမိသည်။ ဖိုးစီရှိစဉ်က ချောင်းမြောင်းအနှံ့ မြွေမကြောက် ကင်းမကြောက် နှစ်ယောက်သား ငါးဖားရှာခဲ့သည့် အဖြစ်များ။ကိုပိန် တွေးရင်း အိပ်မက်ထဲတွင် တွေ့ခဲ့ရသည့်ချောင်းနှင့် ငါးအုပ်ကြီး။ ကိုပိန် ငါးအုပ်ကြီးကို တွေ့လိုဇောဖြင့် ချောင်းရိုးဆီသို့ လှမ်းနေမိသည်။ “ဝုန်း…” “ဗွမ်း…ဗွမ်း…” ရုတ်တရက် ကြားလိုက်ရသည့် ငါးပွက်သံများကြောင့် ကိုပိန် ချောင်းရိုးဘေးအရောက် ခြေလှမ်းများ တုန့်ခနဲ ရပ်သွားမိသည်။ကိုပိန်နားစွင့်ကြည့်လိုက်သည်။ ချောင်းရိုးအနှံ့ ငါးများ မြူးနေသည့်အသံက ဆက်တိုက်ပေါ်လာသည်။ “ငါ …အိပ်မက်ထဲမှာ တွေ့ရတဲ့ ချောင်းရိုးပါလား ...

ငါတောင်းဆိုတာလေးသာ မင်းလိုက်နာပေးပါ ကောင်လေးရာ “     မောင်ဘိုးထင်သည် သူ့အား ညှိုးငယ်စွာ စကားဆိုနေသော ဦးအုန်းအား  ကြင်နာစွာတချက်ကြည့်လိုက်ကာ ခေါင်းကို ညိတ် လိုက်ပြီး     “အဘ သဘောအတိုင်းပဲ ဖြစ်စေရပါမယ်ဗျာ ကျုပ် အိမ်အသစ်ကို သွားနေပါမယ် “     “အခန်းထဲမှာ မင်းအတွက် သေတ္တာလေးတလုံးရှိတယ်။ အဲ့အထဲမှာ ငွေတွေရှိတယ်။စားဝတ်နေရေးအတွက် သုံးပါ ကောင်လေး ငါလည်း မင်းနဲ့ ခွဲမနေချင်ပါဘူးကွာ ဒါပေမဲ့ ငါက “     “အဘ ကျုပ်နားလည်ပါတယ် ကျုပ်က ...

ထားသောကြောင်ကိုကြည့်လိုက်ရာကြောင်သည်သေနေပြီဖြစ်တာကြောင့် အိတ်တလုံးထဲထည့်ကာအရက်နှင့်မည်းရန်အရက်ဆိုင်သို့ယူသွားလေသည်။ အရက်ဆိုင်ရောက်တော့မီးဖိုထဲကြောင်ကိုပစ်ထည့်လိုက်ကာ ”’ငါ့ကိုကြောင်သားအမည်းအမြန်လုပ်ပေးဟေ့””’ အရက်ဆိုင်ကလဲငမူးလိုဖောက်သည်ကောင်းစိတ်တိုင်းကျအမြန်ဖျက်ကြလေသည်။ ထိုနေ့ကငမူးကြောင်းသားနှင့်အရက်အမုန်းဆွဲကာလူမှန်းသူမှန်းပင်မသိပေ ဒီလိုနဲ့ရွာထဲကကြောင်များလက်သည်မပေါ်ပဲပျောက်ကုန်ကြသည်။ အများစုကရိပ်မိပေမဲ့လူရမ်းကားနှင့်ဖက်မဖြစ်ချင်၍မပြောကြပေ ငမူးကတခါတရံအိမ်ကနွားများကျောင်းသည်ငမူးနွားကျောင်းတာအကြံနှင့်ဖြစ်သည်။ နွားကျောင်းရင်းနွားတစ်ကောင်အလစ်ရောင်းကာလောင်းကစားလုပ်သည်။ နွားကများတော့သူ့မိဘများလဲမရိပ်မိပေဒီလိုလုပ်ပါများလာတော့နွားများလျှော့လာသည်။ ကြာတော့ငမူးအဖေသည်ရိပ်မိသွားကာငမူးအားဆူ၍နရင်းအုပ်ထည့်လိုက်ရာ ငမူးကအဖေအားဝါးလုံးနှင့်ပြန်ရိုက်လိုက်သည့်အတွက်သူ့အဖေသည်ခေါင်းကွဲသွားလေသည်။ ဒါနဲ့ငမူးလဲအိမ်ကထွက်ပြေးလာကာမိုးတွင်းအလွန်ရေစီးသန်နေသော ချောင်းကိုဖြတ်ကူးလေသည်သူငယ်ချင်းများတားသော်လည်းမရပေ မိဘကိုစော်ကားသောအကုသိုလ်ကံသည်ချက်ချင်းလက်ငင်းအကျိူ းပေးသည်ဟုဆိုရမလိုပင် ငမူးသည်ရေစီးနဲ့အတူမျောပါသွားရင်းသေဆုံးသွားလေသည်။ အရပ်ထဲကလူများကတော့တတောရှင်းသည်ဟုသဘောထားကြသည်။ ငမူးအသုဘချတော့အကုသိုလ်ကြီး၍ထင်သည်မိုးတွေချိန်းလိုက်မိုးကြိုးပစ်လိုက်ဖြင့်ကြောက်စရာကောင်းနေသည်။ မိုးတွင်းကာလကြီးဖြစ်သဖြင့်င်္သချိူင်းတွင်ရွံ့များရေများဖြင့်ပြည့်နေသည်။ ငမူးအလောင်းမြေမြုပ်သည့်အချိန်တွင်မိုးကသဲကြီးမဲကြီးရွာချလိုက်ရာအသုဘလိုက်ပို့သူများ ရွံဗွက်တောထဲမနဲနင်းကာချော်မလဲအောင်ထိန်းကာလိုက်ပို့ရလေသည်။ အလောင်ထမ်းသူများသတိထားနေသည့်ကြားကရှေ့ကတစ်ယောက်ချော်လဲ၍ငမူးအလောင်းကြီးရွံ့ထဲပြုတ်ကျသွားလေသည်။ ဒါနဲ့အလောင်းအားပြန်မ၍မြေမြုပ်မည့်တွင်းထဲထည့်လိုက်ချိန်တွင်ကောင်းကင်မှ ””ဂျိမ်း”” ဟုကျယ်လောင်စွာမည်ဟီး၍ငမူးအလောင်းအားမိုးကြိုးပစ်ချလိုက်ရာလိုက်ပို့သူရွာသားများပြန်ပြေးကုန်ကြလေသည်။ ””ပြေးကြဟေ့~~~တော်ကြာစက်ကွင်းမလွတ်ဖြစ်နေမယ်”” ရွာသူရွာသားများပြေးလိုက်ကြသည်မှာရွံ့တောထဲအလဲလဲအကွဲကွဲနှင့်ရုန်းရင်းဆန်ခတ်ဖြစ်၍သွားလေသည်။ င်္သချိူ းကုန်းထဲငမူးမိဘများမှလွဲ၍တစ်ယောက်မှမကျန်တော့ပေ ငမူးအလောင်းကတော့မီးသွေးခဲကဲသို့မဲတူးနေကာကျန်ခဲ့လေသည်။ ငမူးအလောင်းအားမြေမြုပ်ပြီးသည့်နောက်ပိုင်းသုသာန်တွင်ခွေးတစီစီဖြင့်အူလိုက် ဟောင်လိုက်သည်မှာရွာကလူများခြောက်ခြားစရာဖြစ်နေသည်။ ငမူးတစ်ယောက်မိဘစော်ကားကာအကုသိုလ်များသဖြင့်မကျွတ်တာသေချာသည်။ အသေချာဆုံးကတော့ငရဲသို့သွားမည်မှာဧကန်မလွဲပေ ပြီး D Moe Moe ...

ဒီတစ်သက်ပဲကွ၊ ဘာအခြောက်အလှန့်မှ မခံရပါဘူးကွာ” တိုးကြီးက အရက်တစ်ခွက်ကိုကောက်မော့လိုက်ပြီး “ကျုပ်က မဟုတ်ဘဲပြောမလားဗျ၊ ကိုဘသက်သာ မသိရင်နေမှာ၊ အဲဒီထန်းပင်ကွေ့က အခြောက်အလှန့်ကြမ်းတာ လူတိုင်းသိတယ်” “ငါကတော့ မယုံပါဘူးကွာ” “ကျုပ်လည်းအစက မယုံပါဘူးဗျ၊ ဒါပေမယ့် ဟိုရက်ပိုင်းက လက်တွေ့ကြုံတော့မှ ယုံသွားရတာ၊ အခုဆို နေ့ခင်းကြောင်တောင် အဲဒီလမ်းဘက်ကို ဆိုက်ကားငှားရင်တောင် လိုက်မပို့ရဲတော့ဘူးဗျ” တိုးကြီးစကားကိုကြားသည့်အခါ ကိုဘသက်က တဟားဟားနှင့်လှောင်ပြောင်ရယ်မောလိုက်ရင်း “မင်းကိုက ကြောက်တတ်တာပါ တိုးကြီးရာ၊ ကဲပြောစမ်း၊ မင်းကိုသဘက်ကြီးက ဘယ်လိုခြောက်လိုက်လို့လဲကွ” “အဲဒီနေ့ကပေါ့ဗျာ၊ ကောင်းကင်မှာ မိုးတွေကလည်း ခပ်အုံ့အုံ့ရယ်ဗျ” တိုးကြီးက အရက်ဆိုင်နံရံတစ်နေရာကိုငေးကြည့်ရင်း ...

ဘာကြောင်တာလဲ ဟူသော အကြည့်ဖြင့် ကြည့်ကာ နေလေ၏။သူတို့မသိသည်က မကြီး နှင့် ရာကြီး၏ ဝိညာဉ်များသည် တဖြည်းဖြည်း အညှိုးကြီးကာ အနက်ရောင် အခိုးအငွေ့များ ထောင်းထောင်း ထနေပြီး ရန်လိုသည့် အနေထားသို့ ပြောင်းလဲကာ မူရင်းသဏ္ဍန်များ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး ရေများ ရွှဲရွှဲစိုနေကာ ဆံပင်များ ရှုပ်ပွနေလျက် အတော်ကို မနှစ်မြို့စရာ ရုပ်သွင်အဖြစ်ကို ရောက်ရှိနေပြီ ဖြစ်၏။သို့ပေမဲ့ သူတို့ နှစ်ယောက်သည် မည်သူကိုမျှ ထိခိုက်အောင် လုပ်နိုင် မစွမ်းသေးပေ။ကမ္မဇိဒ္ဓိအား နည်းနေသေးသောကြောင့် ဖြစ်၏။မကြာသောအချိန်တွင် မောင်ဘိုးထင်သည် အိမ်ပေါ်သို့ပြန်တက်လာလေသည်။အိမ်ပေါ်ရောက်သောအခါ မကြီး ...