စားစရာများ…ဆော့စရာများကိုသာ အဓိကထားခိုး၏။ ငယ်စဥ်းကတည်းကထိုသို့ခိုးယူသော ရွှေအိုးသည် ယခုအသက်သုံးဆယ်ကျော်အရွယ်ရောက်လာသောအခါ ဖခင်ကြီးမရှိတော့သောကြောင့်မိခင်ကို ကိုယ်တိုင်ရှာဖွေကျွေးမွေးသည်ဟူ၍မရှိ။ မိခင်ကြီးကပင် ရွှေအိုးခိုးသမျှကိုဒိုင်ခံလျော်ပေးနေရတော့၏။ “ကျုပ်ခြံထဲကမာလကာသီးအလုံးကြီးတာကြီးကိုမှ ဒီကောင်ရွေးခိုးသွားတာဗျ…” “ကျုပ် အိမ်မှာနေပူလှမ်းထားတဲ့ အမဲသားတွေကို အရီးသားလာခိုးသွားတယ်ဗျို့…” ဟူ၍မကြာခဏဆိုသလိုအတိုင်ခံရ၍ အလျော်ပေးနေရသည်မှာ ဒေါ်အုန်းကြည်အတွက်အလုပ်တစ်ခုသဖွယ်ဖြစ်နေခဲ့သည်။ “တော်သေးတာပေါ့……ငါ့လင်ကလယ်လေးကိုင်းလေးနဲ့ထားခဲ့ပေလို့…မဟုတ်ရင်တော့ဒင်းလုပ်နေပုံနဲ့ဆို.. အမယ်လေးးးးးးအုန်းကြည်တို့ခွက်ဆွဲရတော့မယ်ဟေ့ ခွက်ဆွဲရတော့မယ်…..” ပြောမနိုင်ဆိုမနိုင်သော ရွေအိုးကို ဒေါ်အုန်းကြည် စိတ်ပျက်နေခဲ့သည်။ “ငါ့သားရွှေအိုး….မင်းကိုလေ အမေတို့ကလင်မယားက သြော်…ငါ့သားလေး အဖိုးတန်လေးဆိုပြီး ရတနာတွေနဲ့ခိုင်းနှိုင်းပြီး ရွှေအိုးလို့ပေးခဲ့တာကွဲ့… အခုမင်းကြည့်စမ်း…တရွာလုံးလည်း မင်းကို တန်ဖိုးရှိတယ်မထင်…သူတို့ဆီမင်းသွားရင် ဘာများပျောက်လေမလဲအတွေးနဲ့ နေနေကြရတာလေ….။ မင်းအကျင့်တွေကို ပြင်သင့်ပြီငါ့သား ပြင်သင့်ပြီကွဲ့” “ဟာဗျာ…အမေကလည်း ...

အောက်ခြေသို့ဆင်းလာနေခဲ့၏။ “တောက်…တွေ့ကြသေးတာပေါ့ကွာ… ဟိုကဒေါသတွေဒီမှာတွေ့ပြီပေါ့…” ဦးဘိုကျော်ကလှည်းထိပ်ရှိဓားကိုလှမ်းကာယူထား၏။ အပင်ကြီးအနီးသို့ရောက်လေနွားများက နှာများမှုတ်၍ မသွားချင်သလိုဖြစ်နေကြသည်။ “ခွေးမသားတွေ…သွားကြစမ်း…” “ဖြန်း…ဖြန်း…ဖြန်း….” ဓားကိုခဏချ၍ နွားများကိုကြိမ်ဖြင့် အဆက်မပြတ်ရိုက်လေသည်။ ထိုအခုမှပေကပ်ကပ်လုပ်နေသောနွားများက ခုန်ပေါက်ကာပြေးကြတော့၏။ “ဟင်…” နွားများကအတင်းပြေးနေသော်လည်း လှည်းနောက်မြီးကို တစ်စုံတစ်ယောက်ကဆွဲထားသည့်အလားနေရာမှ မရွေ့ဖြစ်နေသည်။ အပင်ဆီသို့ကြည့်တော့လည်းစောစောက မည်းမည်းအရာကြီးကိုမတွေ့ရတော့ပေ။ “မိညွှန့်…လာ…နဖားကြိုးဆွဲထား…” အခြေအနေကိုကြည့်၍ ဦးဘိုကျော်က မိန်းမဖြစ်သူနဲ့နေရာလဲလိုက်သည်။ လှည်းနောက်ပိုင်းသို့ဥိးဘိုကျော်ပြောင်းထိုင်သည်နှင့် လက်ထဲကိုင်လာသောဓားဖြင့် ရမ်းကာခုတ်လေ၏။ “ဆွဲစမ်း…ဆွဲထားစမ်းကွာ…မင်းပဲဆွဲနိုင်မလား… ကြည့်ရသေးတာပေါ့…” ဟုပြောရင်း ဓားကိုရမ်းကာခုတ်နေချိန် နွားလှည်းကို ဆက်မဆွဲထားတော့ပဲလွှတ်ပေးလေရာ နွားများမှာရွာသို့ကဆုန်ပေါက်ပြေး၍လှည်းအထက်မှ ဦးဘိုကျော်တို့မိသားစုပင် လှည်းပေါ်မှပြုတ်မကျစေရန် မနည်းထိန်း၍ လိုက်လာခဲ့ကြရ၏။ သလွန်ရွာထိပ်၏ထနောင်းပင်ရဲ့အကြောင်းသည် ...

ထွက်လာခဲ့လေသည်။ “ဟင်း…ကိုမြင့်နိုင် ကိုမြင့်နိုင် ရှင်ကအနီးစပ်ဆုံးအချစ်ကို မမြင်နိုင်ပဲ ဟိုကောင်မမိမွှေးရဲ့မာယာတွေကြားမှာ နစ်မြောနေတယ်ပေါ့လေ။ ရှင်သူ့ကိုဘယ်လောက်ပဲချစ်ချစ် တချိန်မှာရှင်ကကျွန်မအပိုင်ပဲ ဖြစ်လာစေရမယ်၊ရှင်စောင့်ကြည့်နေပါ ကိုမြင့်နိုင် ” မြနှင်းဆီရင်ထဲမှ ရက်စက်သည့် အငြိုးအတေးများကဖုံးလွှမ်းနေ တော့သည်။ ================== “ဟိတ်…” “အမယ်လေး ကိုရယ်လန့်သွားတာပဲ” “စောင့်နေရတာကြာပြီလား မွှေး” “သိပ်မကြာသေးပါဘူး ကိုရယ်” “ကိုယ်လည်းအိမ်မှလုပ်စရာလေးတွေ ရှိနေသေးလို့ နည်းနည်းကြာသွားတာ ခွင့်လွှတ်နော် မွှေး” “ရပါတယ်ကိုရယ် မွှေးစိတ်ထဲဘယ်လိုမှသဘောမထား ပါဘူး။ “မွှေးကိုကြည့်ရတာ တစ်နေ့တခြား ပိုပိုလှလာတယ်ကွာ၊စိတ်တောင်မချ နိုင်အောင်ဖြစ်နေပြီကွာ။ မွှေးကိုအမြန်ဆုံးပိုင်ဆိုင်ချင်ပြီ” “ကိုရယ်အဲလောက်လည်း မြှောက်ပင့်မနေပါနဲ့၊စိတ်မချစရာ ဘာရှိလဲ။ ...

ဖြစ်သည်။ကိုပိန် ညအမှောင်ထုကို ကြည့်ရင်း ဖိုးစီကို သတိရသွားမိသည်။ ဖိုးစီရှိစဉ်က ချောင်းမြောင်းအနှံ့ မြွေမကြောက် ကင်းမကြောက် နှစ်ယောက်သား ငါးဖားရှာခဲ့သည့် အဖြစ်များ။ကိုပိန် တွေးရင်း အိပ်မက်ထဲတွင် တွေ့ခဲ့ရသည့်ချောင်းနှင့် ငါးအုပ်ကြီး။ ကိုပိန် ငါးအုပ်ကြီးကို တွေ့လိုဇောဖြင့် ချောင်းရိုးဆီသို့ လှမ်းနေမိသည်။ “ဝုန်း…” “ဗွမ်း…ဗွမ်း…” ရုတ်တရက် ကြားလိုက်ရသည့် ငါးပွက်သံများကြောင့် ကိုပိန် ချောင်းရိုးဘေးအရောက် ခြေလှမ်းများ တုန့်ခနဲ ရပ်သွားမိသည်။ကိုပိန်နားစွင့်ကြည့်လိုက်သည်။ ချောင်းရိုးအနှံ့ ငါးများ မြူးနေသည့်အသံက ဆက်တိုက်ပေါ်လာသည်။ “ငါ …အိပ်မက်ထဲမှာ တွေ့ရတဲ့ ချောင်းရိုးပါလား ဒါဆို ...

နေရဲဘူးအစ်မရဲ့…” “ဟဲ့…လင်မယားရန်ဖြစ်တာပဲဟယ်…ဒါငါ့အမေနဲ့ ဘာဆိုင်လို့တုန်း….” “မိဝင်းရယ် ညည်းလည်း မောင်ဘစီပြောတာဆုံးအောင်နားထောင်စမ်းပါအေ…” ဘွားမယ်စိန်က သမီးဖြစ်သူအား ပြောလိုက်လေတော့ ဦးဘစီကဆက်ပြီး… “လင်မယားရန်ဖြစ်တာလို့ကျုပ်တို့လည်း အစပိုင်းကထင်ခဲ့တာ…ခက်တာကဗျာ ဒီကောင်ကညဘက်ဆိုမအိပ်ဘူးဗျ….ငုပ်တုတ်ကြီးထိုင်ပြီး ပါးစပ်ကတဟီးဟီးနဲ့ကိုရယ်မောနေတာ…။နေ့ဘက်များကျတော့ အိပ်လိုက်တာများ နိုးလို့ကိုမရပါဘူးဗျာ…” “ဟယ်…ဘယ်လိုကြီးတုန်း…” “အဲ့လိုတွေဖြစ်နေလို့ ဘွားနဲ့ကျုပ်တို့ လာတိုင်ပင်တာပါ။သူ့မိန်းမမိဇယ်လည်း တငိုငိုတရီရီနဲ့ကိုဖြစ်နေလို့ပါ ဘွားရယ်…” ဦးဘစီက ဘွားမယ်စိန်ကိုပြောလိုက်လေတော့… ဘွားမယ်စိန်က … “အင်း…ဒီကောင်လေး တောတက်တာဘာအမှားများလုပ်ခဲ့တာလဲမသိဘူး” “ဒီတစ်ခေါက်သူတောတက်တာ…ရွာနောက်ပိုင်းက မုဆိုးဦးခိုလည်းပါတယ်ဘွားရဲ့” ” သူကောလိုက်သွားတာဆိုတော့ အခုသူရောဘယ်လိုအ​ခြေအနေရှိလဲ မောင်ဘစီရဲ့” “အင်း…သူကတော့ဘာမှမဖြစ်ဘူးဘွားရဲ့…။သူကတော့အကောင်းတိုင်းပါပဲ” “အင်း…အနာသိမှဆေး ဖော်ရမှာမောင်ဘစီ…အဲ့မုဆိုးဦးခိုကိုဘွားဆီကိုခေါ်ခဲ့… သူလာမှအကြောင်းစုံသိရမှ ဇော်လတ်ကိစ္စကိုဘွားစီစဥ်ပေးလို့ရမယ်ကွဲ့” “သြော်…ဟုတ်ဘွား…။ဒါဆို ...

ပူကြနဲ့” “ကျေးဇူးတင်ပါတယ်အမေကြီးရယ်… ဒါဆိုရင်ကျွန်မပြန်ပါဦးမယ်…” “အေး…အေး…အေး…” မိန်းကလေးက ဘွားမယ်စိန်ကိုနှုတ်ဆက်ပြီး ပြန်သွားခဲ့သည်။ ဘွားမယ်စိန်ကထိုမိန်းကလေး၏ကျောပြင်ကိုငေးကြည့်ရင်း ကွပ်ပျစ်ခင်း၌ထိုင်မြဲအတိုင်းထိုင်နေလေသည်။ နောက်တစ်နေ့နံနက်ခင်း၌… “အမေ…ဒီမှာကောက်ညှင်းပေါင်းလေးနဲ့ ပဲကြော်လေး နံနက်စာပြင်ပေးထားတယ်” “အေး…အေး…အေး…” ဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌တည်ခင်းပေးထားသော ဒေါ်ဝင်းပြင်ဆင်ပေးထားသည့် နံနက်စာကို မစားဖြစ်သေးဘဲ အတွေးများနေခဲ့ပေသည်။ သူ၏အတွေးသည် ညကအိမ်မက်အတွင်းလာရောက်သွားသော ဥစ္စာစောင့်မလေး၏အကြောင်းပင်။ “အမေ…စားတော့လေ… ကျုပ်ငှဲ့ပေးထားတဲ့ရေနွေးကြမ်းတွေတောင်အေးကုန်ပြီ အမေရဲ့…” ဒေါ်ဝင်းကသတိပေးလေတော့မှ… “အေးပါမိဝင်းရယ်… စားမှာပါဟဲ့…” ဟု…ဘွားမယ်စိန်ကပြန်ကာပြောသည်။ ကောက်ညှင်းပေါင်းနဲ့အကြော်ကိုရော၍စားရင်း အကြမ်းရည်လေးကိုသောက်၏။ စားလို့ပြီးချိန်၌… “ဒီနေ့ညည်းရွာထဲသွားဦးမှာလား” ဟု…အနီး၌ထိုင်ကာ ကန်စွန်းရွက်ခြွေနေသော ဒေါ်ဝင်းကိုမေးလိုက်ပြန်သည်။ “အမေက ကျုပ်ကိုဘာခိုင်းချင်လို့လဲ” “ညည်းရွာထဲသွားဖြစ်ရင်…ညည်းတူမောင်တိုးတို့ကို ...

ဒေါသထွက်နေကြကြောင်း တစ်ရွာလုံးသိရှိသွားကြတော့၏။ ထိုသို့ဖြင့် နှစ်ရက်မျှကြာလေတော့… သန်းခေါင်ယံ လမိုက်ညတစ်ည၌… “အီးးးးး…..ဟီးးးး…ဟီးးးး…..ဟီးးး…… ဟီး……ဟီးးးးး” ငိုသံကြီးတစ်သံ ကောင်းကင်ယံကိုပင် ဖောက်ထွင်း၍ထွက်ပေါ်လာလေရာ တစ်ရွာလုံးပင်ကြားနိုင်၏။ ထိုအသံကြီးသည် မိမိတို့အိမ်ရှေ့၌ထိုင်ငိုနေသယောင်… တဖန် အိမ်နောက်ဖေးမှ ငိုကြွေးနေသယောင်ဖြင့်… ငိုသံကြားသော ရွာသူ၊ရွာသားများသည် အိပ်ရာထဲမှ လူးလဲ ထထိုင်လာကြပြီး ထိုအသံကြီးအား နားစွင့်နေကြလေသည်။ ငိုသံကြီးသည်ကလေးငယ်တစ်ယောက်၏ငိုကြွေးသံမဟုတ် ကွဲအက်အက်ခြောက်ကပ်ကပ်အသံကြီးဖြင့် ရှိုက်ငင်တကြီးငိုကြွေးနေသည့် မိန်းမတစ်ယောက်၏အသံပင်ဖြစ်သည်။ တစ်ရွာလုံးလူကုန်ကြားရသော်လည်း မည်သူကမျှအိမ်အပြင်သို့မထွက်ရဲကြ။ ကလေးများသည် မိဘများအနားတွယ်ကပ်ထိုင်နေကြပြီး… လူကြီးများသည်လည်း ထိတ်လန့်နေမိကြ၏။ “ဘယ်ကအသံကြီးလဲ” “ကျုပ်လဲဘယ်သိမလဲတော်…တစ်ရွာလုံးကြားရတာလား ဒါမှမဟုတ် ကျုပ်တို့အိမ်ပဲ ကွက်ပြီးကြားတာလားဆိုတာ သိရအောင် ...

အပူများနှင့်မိချိုသည်ကား အိပ်မပျော်သေး။ ” မိချို…မိချို…မိချိုရေ…ငါပါဟ…မိချို… နင့်ယောကျ်ားမောင်ခင်ပါဟ” “ဟင်…ကိုမောင်ခင် ” မိချိုနားအတွင်းမတိုးမကျယ်ခေါ်သံတစ်ခု…။ နီးလာလိုက်ဝေးသွားလိုက်ဖြင့် ကြားနေရ၏။ သို့သော် စိတ်အတွင်းကစွဲလမ်းစိတ်​ကြောင့်များလားဟုတွေးလိုက်မိပြန်သည်။ ” မိချို…ငါပါ…ငါပါဟ…မိချို…မိချို….” “ကိုမောင်ခင်… ကိုမောင်ခင်…ကိုမောင်ခင်……” မိချို အသံကုန်ဟစ်ခေါ်၍ ချက်ချင်း အိမ်အောက်သို့ပြေးဆင်းသွားတော့သည်။ မိချိုအသံကြောင့်မိဘများသည်လည်းနိုးလာခဲ့၏။ “ကိုမောင်ခင်…ရှင်ဘယ်မှာလဲ… ရှင်ဘယ်မှာလဲကိုမောင်ခင်” “သမီးမိချို…ဘာတွေဖြစ်တာလဲ” ” မိချို…” အိမ်ဝိုင်းအတွင်းအော်ဟစ်ရှာဖွေနေသော မိချိုအားမိဘများက ဆွဲထိန်းနေကြရ၏။ သို့သော် မိဘများလက်မှရုန်းကန်ရင်း… “အမေ…အမေ…ကိုမောင်ခင်လာတယ်…. ကိုမောင်ခင်ကျုပ်ကိုခေါ်နေတာ အမေ…။ကျုပ်ယောကျာ်းကိုမောင်ခင်ကြီးလာတယ်အမေရဲ့… အီးး…ဟီးးး…ဟီးးး… ကျုပ်ယောကျာ်းကိုလွမ်းလိုက်တာတော်…အမေရဲ့… အီးးးဟီးးးဟီးးးးဟီးးးးးးး” မိချို မြေပေါ်သို့ခြေစုံပစ်ထိုင်ချကာငိုကြွေးရှာသည်။ မိခင်ဖြစ်သူက ...

သည် ဘွားမယ်စိန်မပြောခဲ့ပေ။ ထိုသို့နေရင်းဖြင့် တစ်ရက်၌ ဘွားမယ်စိန်ထံသို့ ရွာ၏ ကာလသားခေါင်းဆောင်မောင်အုန်းနှင့် မောင်တိုး တို့နှစ်ယောက် ရောက်ရှိလာခဲ့ကြသည်။ “ကျုပ်တို့က ဘွား ဘုန်းကြီးကျောင်းဆီကို သွားများနေသလားလို့ …တော်သေးတာပေါ့ဗျာ အိမ်မှာရှိနေလို့ မဟုတ်ရင်ကျောင်းဆီကို ကျုပ်တို့လိုက်လာခဲ့ကြမလို့” မောင်အုန်းသည်စကားပြောရင်း ဘွားမယ်စိန်ထိုင်နေသော ကွပ်ပျစ်၌ဝင်၍ထိုင်လေသည်။ နောက်ပါးမှလိုက်လာသော မောင်တိုးသည်လည်း ကွပ်ပျစ်ခင်းသို့ဝင်ကာထိုင်၏။ ဘွားမယ်စိန်က သူတို့နှစ်ယောက်အားကြည့်၍… “အေး…ဘွား အစောကမှကျောင်းကပြန်ရောက်တယ်လေ… သီလယူပြီးပြန်လာတာပေါ့မောင်ရင်ရဲ့… နေပါဦး မောင်ရင်တို့ကဘာအကြောင်းများထူးကြလို့တုန်းကွဲ့” ဘွားမယ်စိန်အမေးအား မောင်အုန်းက… “ဆရာသာဝအကြောင်းဘွားကြားတယ်မို့လားဗျ” “ဆရာသာဝဆိုတာ အခုနာမည်ကြီးနေတဲ့ ဆရာကိုပြောတာလားမောင်ရင်” “ဟုတ်တယ်လေဘွားရဲ့…သူ့နာမည်ကဆရာသာဝတဲ့ ပြောရရင် မှော်အောင်သာဝပေါ့ဗျာ….” ...

ချက်ချင်းကြီးပြောင်းသွားရင်တို့အတွက်ပိုပြီးအခက်တွေ့ကုန်မှာဟ…” “အင်းလေ…ဒါဆိုကျုပ်တို့ဘယ်လိုလုပ်ကြမလဲ” ဦးမွဖကေစဥျးစားနေ၏။ သားဖြစ်သူကျော်ရှိန် တစ်လလျှင်တစ်ခါ ခိုးယူလာပေးသော ပစ္စည်းများဟာဖြင့် ယခုဆို သူတို့လက်ထဲ၌ မနည်းပေ။ အစပိုင်းမှာတော့ တားဆီးခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူတို့၏ဆင်းရဲခြင်းမှ ရုန်းထွက်ချင်လာကြ၍မတားဆီးမိကြတော့။ သို့သော် ဖမ်းဆီးခံရမည်ဆိုးသောကြောင့် အနည်းငယ်ကိုသာ ထုတ်ယူသုံးစွဲနေကြရ၏။ “ငါသိပြီ…။ငါ့သူငယ်ချင်းရွာကို သွားကြမယ်…။အဲ့သည်ရောက်မှအခြေအနေကို ဆက်ပြီးစဥ်းစားကြတာပေါ့” “အင်းပါတော်…အဲ့သည်နည်းက ကျုပ်တို့ အတွက်အဆင်ပြေမှာပါနော်…” “စိတ်ချစမ်းပါကွာ…ငါတစ်ယောက်လုံးရှိပါတယ်… ဘာကိုမှမပူနဲ့ ဟုတ်ပြီလား” “မပူတော့ဘူးတော်…ရှင့်ကိုပဲအားကိုးလိုက်တော့မယ် ကိုမြဖေရေ…” “အေးပါကွာ…ဟားး…ဟားး..ဟားး….” ထိုသို့ဖြင့် ဦးမြဖေတို့မိသားစုသည် သူငယ်ချင်းဖြစ်သူရှိရာရွာဆီသို့ပြောင်းရွေ့လာခဲ့ကြ၏။ ပတ်ဝန်းကျင်ကိုတော့ လုပ်ကိုင်စားရသည်မှာအဆင်မပြေတော့၍ ပြောင်းရွေ့ရခြင်းဟူ၍သာ ပြောဆိုခဲ့ကြ၏။ *** ထိုရွာရှိသူငယ်ချင်း၏အကူအညီဖြင့် ...