သင်္ချိုင်းစောင့်မရှိ။ အသုဘရှိလျှင် ဆွေမျိုးနီးစပ်များကသာ ဝိုင်းဝန်းမြှပ်နှံပေးကြလေသည်။ ယခုလည်း သေဆုံးသူအရက်သမားတစ်ဦး၏အလောင်းကို အရက်ဖိုးပေး၍သာ မြှုပ်နှံခိုင်းလိုက်ခြင်းဖြစ်သည်။ ************************ (မြိတ်ကုန်းရွာသည် ဘွားမယ်စိန်နှင့်စုန်းအိုမ စာမူ၌ပါရှိပါသည်) “သေပြန်ပြီ…သေပြန်ပြီ…………” ရွာထဲ၌ အော်ဟစ်ပြောဆိုနေကြသည်။ အကြောင်းမှာကား လူသေ၍ဖြစ်၏။ သို့သော်လည်း ထိုလူသေသည်ဆိုတာက မရိုးရှင်းလှပေ။ နေ့စဉ်ရက်ဆက်သေဆုံးနေသည်မှာ လူဆယ်ဦးထက်မနည်းဖြစ်၍နေခဲ့သည်။ ပကတိအကောင်းအတိုင်းရှိသော လူများပင်သေဆုံးသွားကြ ခြင်းဖြစ်၍ မြိတ်ကုန်းရွာရှိ လူများ ထိတ်လန့်နေကြရ၏။ မိုးလင်းပြီဆိုသည်နှင့်ဘယ်အိမ်က ဘယ်သူဆုံးသည်ဆိုသော သတင်းကို ရင်တထိတ်ထိတ်နားစွင့်ရ၏။ “ညဆို မည်းမည်းကြီးလျောက်သွားနေတာဟဲ့… ရွာထဲ လူခြေတိတ်ရင် အဲ့ဟာကြီးကိုမြင်ရတာပဲ… တို့ဘေးအိမ်က ဦးမြကြီး မဆုံးခင်ညက ...

အလုပ်ကိုပဲ ဇောက်ချလုပ်တော့တာရယ်။ ဒါပေမယ့်လည်း ပွေးဆိုတဲ့ သတ္တဝါက အမြဲတမ်းရရှိနေတဲ့ သတ္တဝါမဟုတ်ဘူးလေ။ ဆောင်းကာလ၊ နွေဦးကာလလိုကျမှ အလျဉ်းသင့်ရာမို့ သူလည်း ရာသီစာရယ်လို့ပဲ ပြောရမယ်။ ဒိလိုအချိန်တွေဆိုရင်တော့ တင်ကြီးတစ်ယောက် ပွေးကို စီးပွားဖြစ်ရှာဖွေတတ်ပြီး ကျန်ရာသီတွေမှာတော့ အခြားသတ္တဝါငယ်တွေကိုသာ သဲသဲမည်းမည်းလိုက်ရတာပေါ့။ ဒါပေမယ့်လည်း တင်ကြီးက ပွေးကိုတော့ သူစားဖို့အတွက် မရမက လိုက်ပါတယ်။ ဘယ်လိုရာသီဖြစ်နေပါစေ တင်ကြီးပွေးလိုက်ရင် ရောင်းဖို့မမယ်ရင်တောင် ရက်ခြားဆိုသလို သူစားဖို့တော့ ရတတ်လေတာပဲ။ ဒါကြောင့်လည်း ရာသီစာမုဆိုးတွေအကြား တင်ကြီးဟာ ပွေးမုဆိုးလို့ အမည်တပ်ခံခဲ့ရပါတယ်။ ****** တင်ကြီးတစ်ယောက် ဖိုးတာဝါကုန်းပေါ်ကို ...

ဗျို့… အဲ့သည်လောက်အထိကိုကျုပ်ကိုချစ်ရှာတာ။ ကျုပ်ဆိုတဲ့ကောင်ကလည်းရွာမှာလူချောခင်ဗျ… အရပ်ကရှည်ရှည်…အသားကအညာသားလူညိုချော မျက်ခုံးမျက်လုံးတင်မက မှေးရိုးကအစအဖေတူဆိုတော့ အပျိုတွေကတော့ကျုပ်ကိုအတော်လေးကြိုက်ကြတာပဲဗျာ… ကျုပ်ကတော့သူတို့ဘယ်လိုပဲကြိုက်ကြိုက် ကျုပ်ချစ်တာက ထွေးခင် ခင်​​​​ဗျ…။ ထွေးခင်တို့အိမ်ရှေ့သွားမယ်ဆိုရင် ကျုပ်မှာ ခေါင်းကိုအုန်းဆီလိမ်းသေချာဖီးသင်ပြီးမှ သွားတာ။ ထွေးခင်ကတော့ကျုပ်ကိုရှိတယ်လို့မထင်ပေါင်ဗျာ…။ ထွေးခင်အဒေါ်တွေကမန္တလေးမြို့ပေါ်မှာနေကြတာလို့ ကျုပ်သိရတယ်… ထွေးခင်ကလည်းရွာနဲ့မန္တလေးကိုကူးသန်းရင်း မန္တလေးမှာပဲအနေကြာလာတာပေါ့ဗျာ… ကျုပ်ကတော့ထွေးခင် မန္တလေးကပြန်လာမယ့်ရက်ကို မျှော်နေရတာပေါ့.. ဒါပေမယ့်ဗျာ…တစ်ရက်ကျတော့ကျုပ်ဘဝကြီးအမှောင်ကျသွားသလိုခံစားလိုက်ရတယ်လေ… အဲ့တာဘာကြောင့်လည်းဆိုတော့ ထွေးခင်ပေါ့ဗျာ… ထွေးခင်လုပ်ရက်လွန်းပါတယ်… ကျုပ်သူ့ကိုချစ်ကြိုက်နေတာကိုဒင်းသိသိနဲ့မြို့သားကိုရွာထိခေါ်ပြီး ကျုပ်အသည်းကိုရက်ရက်စက်စက်ခွဲသွားတာပဲဗျ… ထွေးခင်တို့မင်္ဂလာဆောင်ကတစ်ရွာလုံး မီးခိုးတိတ်ကျွေးတာတဲ့လေ… ဝက်သားဘယ်နပိဿကျွေးတာ… သတိုးသားဘက်ကဘယ်လိုတင်တောင်းတာဆိုတဲ့ သတင်းတွေကတော့ ကျုပ်နားနဲ့ မဆန့်အောင်ကြားခဲ့ရတယ်ဗျာ… ကျုပ်အသည်းကလည်းအဲ့လောက်မမာနိုင်ဘူးဗျာ… ခံစားရလွန်းလို့မသောက်ဖူးတဲ့အရက်တွေကို တစ်နေကုန်တစ်ညလုံးသောက်နေမိတော့တာပဲ… ကျုပ်ဦးလေး ...

ရှဲခနဲ ရှဲခနဲ နဲ့ လူတိုးသလိုဖြစ်ကုန်တယ်၊ သစ်ပင်သစ်ကိုင်းတွေဆိုရင်လည်း တဖြန်းဖြန်းနဲ့ဗျို့၊ ကျုပ်က ကြောက်သာကြောက်သာဗျ ဒီကောင်တွေကို တွေ့ရမလားဆိုပြီးတော့ လိုက်ကြည့်နေတာ၊ ဒါပေမယ့် ပက်ပင်းမတွေ့ဘူးဗျ၊ ဖြတ်ခနဲ ဖြတ်ခနဲပဲတွေ့ကြရတာ။ “ကြောက်မနေပါနဲ့ကွာ၊ ဒီအချိန်က သူတို့အစာရှာထွက်တဲ့အချိန်ပဲ၊ သူတို့ကိုလိုက်ကြည့်ပြီး ကြောက်မနေနဲ့” ဖက်လိပ်ရွာဟောင်း တောတန်းကိုဖြတ်ပြီးတော့ အနောက်ဘက်တောတန်းအစကိုရောက်တောပေါ့ဗျာ၊ ဒီအချိန်မှာပဲ အနောက်ဘက်တောတန်းက ချုံပင်တွေက တဝေါဝေါနဲ့ လှုပ်နေတာဗျ။ ကျုပ်တို့အရှေ့ကိုဆက်လျှောက်တော့ အဲဒီချုံပင်တွေထဲကနေပြီးတော့ အရိပ်မည်းကြီးတွေက ဝုန်းခနဲ ဝုန်းခနဲ ထလာပါရော၊ အရိပ်ကြီးတွေ အခုနှစ်ဆယ်လောက်ရှိမယ်ထင်တယ်။ ဦးဘသာက အရိပ်ကြီးတွေအနားမှာရပ်လိုက်တယ်၊ အဲဒီနေရာကလေးက တောတန်းနှစ်ခုအစပ် ...

အဖွားခင်မှုံက စုန်းမကြီးဟု နာမည်ကြီးသောကြောင့် နှင်းမှုံကိုလည်း သူ၏အဖွားက ပညာအမွေပေးခဲ့တယ်ဆိုကာ ရွာကရှောင်ဖယ်နေကြ၏။ နှင်းမှုံ၏မိခင် ဒေါ်နှင်းမြိုင်ကလည်း ကျန်းမာရေးချူချာသူဖြစ်၍ ဝမ်းတစ်ထွာအပြင် မိခင်၏ဆေးဖိုးကိုပါ ရှာနေရသူဖြစ်၏။ အပျိုလေးတန်မဲ့ သူများတွေလို လှလှပပ ဖြီးလိမ်းပြင်ဆင်ခြင်းမရှိသော်လည်း နှင်းမှုံကပါးကွက်ကွက်ထားရုံနဲ့တင် မိန်းမခြင်းလည်ပြန်ငေးရသော အလှတရားရှိသူဖြစ်၏။ ‌သူသည် နှင်းမှုံ၏အကြောင်းကို တွေးတောလာတာ ‌ရှားပင်စု‌ရွာထိပ်ကို ရောက်မှန်းမသိရောက်လာခဲ့သည်။ ရွာထဲကိုဆက်လက်ဝင်လာခဲ့ကာ အကြွေးတောင်းယူ၍ နှင်းမှုံအိမ်ဘက်ကို လျှောက်လာခဲ့သည်။ စောကြည်ဖြူက ထိုရွာ၌လည်း လူချစ်လူခင်ပေါများသောကြောင့် ဟိုလူကနှုတ်ဆက်၊ သည်လူကနှုတ်ဆက်နှင့် နှင်းမှုံ၏အိမ်အား တော်တော်နှင့်မရောက်ပေ။ နှင်းမှုံအိမ်ရှေ့ကိုသူရောက်သွားချိန်၌ နှင်းမှုံကအိမ်ရှေ့မှာ အဝတ်လျှော်နေလေ၏။ “နှင်းမှုံရေ ...

တစ်တဲလုံးများ ပြောင်နေမလားမသိဘူး” “ကိုအုန်းခင်က တဲကိုဒီအတိုင်းထားခဲ့တာပဲလားဗျ၊ သူခိုးတွေအတွက် စိတ်ကြိုက်ဖြစ်သွားမှာပေါ့” “ငါ့မိန်းမနဲ့ ငါ့သားကြီးနဲ့ရှိတယ်လေကွာ၊ ဒီအတိုင်းထားခဲ့လို့တော့ ရမလားကွ၊ ကိုင်းထဲက သီးနှံတွေပေါ်တော့မယ်ဆိုတော့ ငါလည်းပြန်ချင်နေပြီ၊ မနက်ဖြန်၊ သဘက်ခါလောက်တော့ အင်းခြေပြန်မယ်ဟေ့” “ဒီအတိုင်းဆို အင်းခြေရွာသားတွေက တော်တော်ဆိုးဆိုးပဲဗျ” ဦးဘသာက သက်ပြင်းတစ်ချက်ချရင်း “စာရိတ္တညံ့ဖျင်းတဲ့လူတွေများတဲ့ရွာက ဘယ်တော့မှမကြီးပွားဘူးတဲ့ အုန်းခင်ရ” “ဟုတ်တယ်ဗျ၊ ဒါကြောင့်အင်းခြေရွာက ဟိုးအရင်ကလည်း ခပ်သေးသေး၊ အခုလည်း ခပ်သေးသေးပဲ၊ သူတို့ရွာအလုပ်ဖြစ်နေတယ်ဆိုတာကလည်း နှုန်းမြေတွေမှာ စွန့်စားပြီး ကိုင်းလာစိုက်တဲ့လူတွေကြောင့်ဗျ၊ သူတို့က အဲဒီလူတွေကို အမှီသဟဲပြုပြီး စားသောက်နေရတာ” ကျုပ်က ဦးဘသာကို ...

ချိုးလိုက်ပြီး မြှားတံလာရာသို့ ပြေးလိုက်မည် ပြုစဉ်     “လူလေး လိုက်မနေပါနဲ့ “     “ဒီလူမှားပြီး ပစ်တာတော့မဟုတ်ဘူး အဘ တမင်ပစ်တာ “     “အင်း သိတယ် ထားလိုက်ပါ နောက်ထပ် အနှောက်အယှက်တွေ ပေါ်လာဦးမှာ လူလေး  “     “ဘယ်သူတွေကများ ကျနော်တို့ကို နှောက်ယှက်နေတာလဲ အဘရာ “    “လူလေး မကြာခင် သိလိမ့်မယ် “     ဦးဖိုးဝေသည် ထိုမျှသာ စကားဆိုပြီး အေးဆေးတည်ငြိမ်စွာ နှင့် ...

သည်ဟု ယိုးစွပ်လာကြသည်။ တစ်ညတွင် မသက်ခင်စာသင်နေစဉ်မှာပင် မိသားစုတစ်စုမှ ၎င်းတို့၏သမီးသေဆုံးရခြင်းသည် မသက်ခင်မှပြုစားသောကြောင့်ဟု ‌စွပ်စွဲပြောဆိုပြီး စာသင်ခန်းထဲမှ အတင်းဓမ္မဆွဲထုတ်ခေါ်ဆောင်သွားကြလေ၏။ နောက်တစ်နေ့တွင်မူ မြို့ပြင်ဖက် တောစပ်နေရာတွင် မသက်ခင်၏အသက်မဲ့နေသောအလောင်းကိုတွေ့လိုက်ကြတော့သည်။ စွပ်စွဲသတ်ဖြတ်ပစ်ကြသည့် သူများကိုတရားဥပဒေနှင့်အညီ ပြစ်ဒဏ်ပေးပြီးသော်လည်း ထိုညကျောင်း၌ မသက်ခင်၏ဝိဉာဉ်မှာခြောက်လှန့်နေဆဲဖြစ်သည်ဟု ဆိုကြသည်။ မသက်ခင်သေဆုံးပြီး ညကျောင်းကိုမထားရှိတော့ဘဲ ပိတ်လိုက်တော့သည်။ ညကျောင်းမရှိတော့သော်လည်း လွတ်နေသည့်တစ်ထပ်အဆောက်အအုံကြီးတွင် တခါတရံ မိုးလာခိုသည့်သူများရှိ၏။ ထိုသူတို့မှာ ခြောက်လှန့်ခြင်းခံရသဖြင့်ညကျောင်းအနီးပင်ဖြတ်မသွားဝံ့ကြတော့ပေ။ လက်တည့်စမ်းသပ်ချင်ကြသော လူများသည်လည်း ညကျောင်းထဲရောက်လာတတ်သည်။ ၎င်းတို့သည်လည်းပြေးကြရသည်။ ခြောက်လှန့်ခံရသူတို့ပြောပြသည်မှာ ၎င်းတို့သည်စည်းတစ်ဖက်ခြားထားသည့်အမှောင်လောကသို့ရောက်သွားသည်ဟုဆိုသည်။ စာသင်ခန်းထဲ ၎င်းတို့မှာ ဝင်ထိုင်နေကြပြီး မသက်ခင်ကကျောက်သင်ပုန်းပေါ်တွင် လူစာရင်းအတိုကောက်ရေးရန်ရပ်နေသည်။ထို့နောက် ...

ကြည့်နေတယ်။ “အလတ်ကောင်၊ မင်းဟာက ထမင်းလား၊ မုန့်စိမ်းပေါင်းကြီးလား” ထမင်းတွေ အပွက်လွန်ပြီး စေးကပ်သွားတာဆိုတော့ ထမင်းစေ့တွေပျောက်ပြီးတော့ ထမင်းက မုန့်စိမ်းပေါင်းတုံးကြီးလိုဖြစ်နေပါရောဗျာ၊ ထမင်းကိုယောက်မနဲ့ခူးထားတော့ ပန်းကန်ထဲမှာ အတုံးလေးတွေဖြစ်နေတာပေါ့။ “ဟာ အဖေကလည်းဗျာ၊ အတုံးလေးတွေဆိုတော့ နယ်ဖတ်စရာမလိုတော့ဘူးပေါ့၊ လက်နဲ့ကိုင်ပြီးတော့ ဟင်းနဲ့တို့ပြီး စားရုံပဲ” အဖေ့မျက်နှာက ရှုံ့မဲ့သွားတယ်၊ ဒါပေမယ့် ကျုပ်ကိုဘာမှတော့မပြောဘူးဗျ၊ အကိုကြီးကတော့ ဟင်းချေးမများတက်ဘူးဗျ၊ ကျုပ်ကြော်ထားတဲ့ ကြက်ဥကြော်ကို တစ်ဖဲ့ဖဲ့လိုက်ပြီးတော့ ပါးစပ်ထဲကိုပစ်ထည့်ပြီး ဝါးလိုက်တာပဲ။ “အား . . . ခါးလိုက်တာ ထွီ” အကိုကြီးက သုံးလေးချက်ဝါးပြီးတာနဲ့ ...

ကာ စက်ရုံထဲမှ စက်ဘီးကိုတွန်း၍ထွက်လာခဲ့လေသည် ။ ————————          စက်မှူလက်မှူလမ်းထဲမှ လမ်းမကြီးပေါ်သို့ထွက်လိုက်ပြီး တစ်ဖက်လမ်းကိုကူးကာ တံတားလေးဘက်သို့ဦးတည်၍ စက်ဘီးကို နင်းလာခဲ့လေသည် ။ ကားလမ်းမပေါ်တွင် ကားတစ်စီးတစ်လေမျှပင်မရှိပဲ ရှင်းလင်းနေသောကြောင့်  သီချင်းတစ်ပုဒ်ကို တိုးတိုးလေးဆိုကာ စက်ဘီးကို အေးအေးဆေးဆေးနင်းလာခဲ့လေသည် ။         မယ်လမုဘုရားနားသို့ရောက်သည်နှင့် ပြုလုပ်နေကြအတိုင်း စက်ဘီးကိုခဏရပ်ကာ လက်အုပ်ချီကန်တော့လိုက်သည် ။ လမ်းမကြီးပေါ်တွင် လူသွားလူလာလုံးဝမရှိသည့်အပြင် ခွေးတစ်ကောင်တစ်လေပင် မတွေ့ရလောက်အောင် ရှင်းလင်းနေလေသည် ။       တဖြည်းဖြည်းနှင့် နှစ်ရပ်ကွက်ဈေးကိုကျော်လာခဲ့လေပြီ ။ ကိုမြတ်ထွန်း၏ စက်ဘီးချိန်းသံမှ အပ ...