ဖို့ကောင်းတယ်ဗျ အားလုံးကြားရသည် ဦးလေးက ဘုရားစာကိုဆက်ရွှတ်နေသည် ရီသံမာခနနေတော့ပျောက်သွားပြန်သည် ဦးလေးမျက်လုံးဖွင့်လာပြီးမရဘူး ပညာအရမ်းမြင့်နေပြီ ငါကယ်လို့မရတော့ဘူးပြောတော့အမျိုးတွေကော မိသားစုတွေကောအားလုံးငိုကြကုန်သည် အမေကဦးလေးကို ငါ့သားကိုရအောင်ကယ်ပေးပါ လို့ပြောပြီးငိုနေရှာတယ် ဒါနဲ့အိမ်ဘေးကအဖိုးတယောက်ရောက်လာပြီး ကျနော်အဖေအား မင်းရဲ့သားကို ငါသိတဲ့ ဆရာတယောက်နားသွားကုကြည့်ပါလား ပြောလာတော့သည်အားလုံးကလည်းကုကြည့်ရန်တိုက်တွန်း ကြတော့သည် ခုတော့ညနက်နေပြီ ဘယ်လိုလုပ်မလည်း မနက်မှပဲသွားရှာမှရမာလေ အဲ့ဒီဆရာအိမ်လည်းတိတိကျကျမသိ ဆရာဝန်ကြီးကိုအရင်ပင့်လိုက်သည်ဆရာဝန်က အသက်ကယ်ဆေးတွေ ထိုးပေးပြီး စိတ်မကောင်းပါဘူးလို့ အမေကိုပြောတဲ့အသံကြားလိုက်ရသည် ကျနော် ဘုရားစာပဲရွှတ်နေတော့သည် ဘာမှအာရုံမထားတော့ပဲဘုရားတရားသာစိတ်ထဲထားတော့သည် ပတ်ဝန်းကျင်ကလူတွေလည်းပြည့်နေပြီ အဲ့ညတော့ကံကောင်းစွာကျော်ဖြတ်လာသည် နောက်နေ့မနက်လင်းသည်နှင့် အိမ်ဘေးကအဖိုးနှင့်အဖေအမေ ဦးလေးတို့ ဆရာကိုပင့်ရန်ထွက်သွားကြလေသည် ကျနော်ကတော့မျက်လုံးအနည်းငယ်ပဲဖွင့်နိုင်တယ် သူများပြောတာတွေတော့ကြားနေရတယ် မေးရင်လည်းကြားတယ် ...

ခံစားနေရတယ်။ ကျွန်မရဲ့မြင်ကွင်းထဲမှာ ကားအကြီးကြီးနှစ်စီး တိုက်မိတာ ကို မြင်နေရတယ်။ ကားပေါ်က လူတွေလည်း လွင့်စဉ်ထွက်ကုန်ကြတယ်။ ထိုမြင်ကွင်းကိုကြည့်ရင်း သွေးပျက်သလို ဖြစ်နေရပါတယ်။ အဖြစ်အပျက် တွေကို ရပ်ကြည့်နေရင်းက “အိမ်ထဲဝင်လေ- ဘာတွေကြည့်နေတာလဲ” အသံကြား၍ ကျွန်မလည်း အိမ်ထဲ ပြန်ဝင်လာခဲ့တယ်။ အသံရှင်ကိုတော့ မတွေ့လိုက်ဘူး။ ဘယ်သူများ လာပြောတာလဲမသိဘူး။ ထိုအချိန်မှာပဲ နာရီနှိုးစက်သံကြား၍ လန့်နိုးခဲ့ပါတယ်။ “ဟင်း”ကျွန်မ အိပ်မက်တွေ မက်နေတာပဲ။ ကျွန်မလည်း မောပန်းစွာနဲ့ သက်ပြင်းချရင်း အိပ်ခန်းထဲမှာ မီးဖိုခန်းဆီကို လျှောက်လာခဲ့ပါတယ်။ မီးဖိုခန်းထဲမှာ အရိပ် တစ်ခုလှစ်ခနဲတွေ့လိုက်ရတယ်။ ...

ကျောင်းသားနဲ့ ထမင်းစားကြပေါ့”    “တင်ပါ့ ဘုရား တပည့်တော်တို့ လာခဲ့ပါ့မယ် “     ကိုရင်လေးသည် ဦးဖိုးဝေတို့အား  ဆွမ်းစားကျောင်းဆီ လာရန်အတွက် မှာကြားပြီး ပြန်ကြွသွားလေသည်။သူရိယသည် အခန်းထောင့်မှ တံမြက်စည်းကို ယူကာအခန်းထဲတွင် သန့်ရှင်းရေးလုပ်နေရင်းမှ ဦးဖိုးဝေအား စကားဆိုလိုက်လေသည်။     “အဘ ဒီအခန်းထဲမှာ မကျွတ်မလွတ်သေးတဲ့ သူတယောက်ရှိနေတယ် မဟုတ်လား “     “ဟုတ်တယ် လူလေး “     “ကျနော့်အထင် သူက ကပ္ပိယကြီးဖြစ်နေမလား “     “အင်း သိချိန်တန်ရင်တော့ ...

ဆေးရွက်ကြီးငုံ၍ မီးပုံကြီးဘေး၌ ထိုင်နေလေသည်။ ဦးဖေတင်တို့ သုံးဦးလည်း မီးပုံနံဘေး၌ပင် လှဲလျောင်းအနားယူနေလေသည်။ ခဏကြာသောအခါ ခွေးပုသည် ရုတ်တရက်ထလာကာ မုဆိုးကြီးတေမိအား “မုဆိုးကြီး အိပ်ချင်အိပ်လေဗျာ…ကျွန်တော် စောင့်ပေးမယ်” ဟု ပြောလေသည်။ မုဆိုးတေမိလည်း ခွေးပုကို ရုတ်တရက်ကြည့်လိုက်ကာ ခေါင်းခါပြ လိုက်ပြီးလျှင် “ရပါတယ် ဗျာ ခင်ဗျာဘာသာ အိပ်ပါ ကျွန်တော်စောင့်ပေးပါ့မယ်”ဟု သဘောရိုး​ဖြင့်ပြောလိုက်လေသည်။ ခွေးပုကလည်း “ဟုတ်ပါပြီဗျာ”…. ကျွန်တော်အပေါ့သွားအုန်းမယ် ဟုဆိုကာ သူလွယ်ထားသည့် လွယ်အိပ်ထဲမှ ဆေးမှုန့်ထုတ်ကို နိူက်ယူလိုက်ကာ မုဆိုးတေမိ မသိအောင် မီးပုံအတွင်းသို့အသာလေး ပစ်ထည့်လိုက်ကာ အပေါ့သွားမည်ဟုဆိုကာ ...

သို့သော်နွားများပျောက်တာရှတာဖြစ်လာသည့်အပြင် တစ်ခါတစ်ရံလူကိုပါ​ခြောက်လန့်သောကြောင့် ထိုရွာအနောက်ဘက်ကွင်းကို မသွားဖို့ရန်ပင် လူကြီးများကတားမြစ်ထားကြရသည်။ ယခုလည်းသာကျော်က ဦးညိုတုတ်ပြောသည်ကို နားမထောင်ဘဲ ရွာအနောက်ဘက်ကွင်းကို နွားသွားကျောင်းခဲ့ရာမှနွားတစ်ကောင်ပျောက်ခဲ့လေသည်။ တစ်ရက်၌ ရွာက ငပေနဲ့ ပေါက်စ ဆိုသည့် ကလေးနှစ်​ယောက်ထိုရွာအနောက်ဘက်ကွင်းရှိ သရက်ပင်ကြီးဆီကိုရောက်လာခဲ့ကြသည်။ သရက်ပင်ကြီးကလည်း သရက်သီးတွေအတော်သီးနေသည် မလို့ ကလေးနှစ်​ယောက်အတော်ပျော်သွားကြ၏။ “ငပေ…မြန်မြန်တက်ပါကွ…” “ဟ…ငါတက်နေတာပဲလေ…မင်းကဘာဖြစ်လို့ လောနေရတာလဲပေါက်စရဲ့” “မင်းလည်းသိရဲ့သားနဲ့ငပေရာ… ဒီကွင်းကသရဲရှိတယ်လေ…တို့မြန်မြန်ခူးပြီး မြန်မြန်ပြန်ကြရအောင်ကွာ…” “အေးပါကွာ…လာ…ငါ့နောက်ကလိုက်တက်” ငပေနဲ့ပေါက်စတို့လည်းသရက်ပင်ပေါ်ကိုတွယ်၍ တက်ကြသည်။ ရွာထဲရှိသရက်ပင်တွေကဒီအပင်​လောက်အလုံးမကြီး၍ ငပေနဲ့ပေါက်စတို့နှစ်ယောက်တိုင်ပင်ကာ ထွက်လာခဲ့ကြခြင်းဖြစ်သည်။ သရက်သီးများရသလောက်ခူး၍ ရသမျှကိုလည်းမြေပေါ်ကို ပစ်ချထားကြသည်။ “ဒီလိုနေပြန်တော့လည်း… ဘာသရဲမှမရှိဘူးလို့ထင်ရတယ်နော်ပေါက်စ” “မင်းပါးစပ်ပိတ်စမ်းပါ ငပေရာ… ...

တော့ တက်တူတို့ထိုးသလိုမျိုး ဆေးတွေထိုးလို့ရတယ်၊ အဲဒီဆေးတွေကတော့ နည်းနည်းအောက်လမ်းနည်းဆန်တယ်ကွ၊၊ နောက်ပြီး အင်းတွေ၊ အစောင်တွေလည်းရှိသေးတယ်” “တုတ်ပြီးဓါးပြီးဆိုတိုင်း အချိန်ပြည့်ပြီးနေတာမဟုတ်ဘူးကွ၊ သူက ကိုယ်လိုချင်တဲ့အချိန်မှ ပြီးအောင်လို့ မနန်တွေ အုပ်မန်းရတာကွ” “ဪ၊ ဒီလိုလား မသိပါဘူးဗျာ၊ ကျုပ်က အချိန်ပြည့်ရတယ်ထင်နေတာ” “တက်တူကြီး ထိုးထားတဲ့ ဘီလူးသားပိုက်ဆေးဆိုရင် တုတ်ဓါးပြီးတာမှန်ပေမယ့် သူက အောက်လမ်းနည်းတစ်မျိုးပဲကွ၊ ဘီလူးဆေးထိုးထားတော့ အဲဒီဆေးကိုစောင့်တဲ့ ဘီလူးက ကိုယ့်ကိုယ်မှာဝင်ဆွဲနေတာပေါ့ကွာ၊ လူကလည်း ဘီလူးစိတ်ပေါက်ပြီး ကြမ်းကြမ်းတမ်းတမ်း ပေပေကမ်းကမ်းနေတာမဟုတ်လား” (ထိုအချိန်က ဦးတက်တူမသေသေးပါ) “ဟုတ်တယ်နော်” “ပြီးတော့ အဲဒီဆေးတွေကလည်း အထူးသဖြင့် ...

ဒါနဲ့ ဒီကလေး ညည အငို ရပ်သွားကောလားလို့ ခင်ဗျားက စောကြောချင်သေးတယ် မဟုတ် လား။ မှန်တယ်၊ လက်စွပ် လည် ပင်းဆွဲပေးပြီး ၄-၅ ရက်လောက် ပဲ ငိုတော့တယ်။ ဘာကြောင့်လဲ ဆိုရင် ဒီနတ်ဝင်သည်ကပဲ ဒီက လေးအတွက် ဘယ်ဘက်အရပ် က ဆရာကိုခေါ်ကုပါလို့ နတ်က ပြောတဲ့အနေနဲ့ တစ်ဆက်တည်း ဟောလိုက်သေးကိုးဗျ။ တကတဲ့ နတ်ဝင်သည်ဟောတဲ့ အရပ်မှာ ကလည်း သူငယ်နာဆရာ ဦးထိပ် ပိတ်က အသင့်ရှိနေပြီးသား။ ဒီတော့မှ သူတို့အားလုံးကပဲ ယုံကြည်သွားကြတယ်။ ...

နင့်ဦးလေးဖိုးထွန်းက မကြည်ကိုတွေ့ပြီး တစ်ပတ်လောက်နေရာ ထမင်းမစား၊ ဟင်းမစားတော့ဘဲ ပါးစပ်က တကြည်ကြည်ထဲ အော်နေလို့ နောက်ဆုံးပေးစားလိုက်ရတယ်တဲ့၊ စုန်းကိုယူတော့ နင့်ဦးလေးကိုလည်း ရွာသားတွေက ရွာမှာမထားတော့ဘဲနှင်ထုတ်လိုက်လို့ အခုဒီကိုပြန်ရောက်လာတာမဟုတ်လား” “ဟုတ်ပါ့နော်၊ ဦးလေးဖိုးထွန်းက အဲဒီပုပု၀၀မကြည်ဆိုတဲ့ မိန်းမကြီးကို ဘာကြည့်ပြီးယူခဲ့လဲမသိပါဘူး” “ဟဲ့၊ နင့်ဦးလေးက သိမလားဟ၊ ဟိုကောင်မက တစ်ရွာသားဆိုပြီးတော့ ဆေးခတ်လိုက်တာနေမှာပေါ့” အမေပြောတာ ဟုတ်သလိုလိုပဲဗျ၊ အဲဒီနောက်ပိုင်းကစပြီး အမေက မကြည်နဲ့သိပ်စကားမပြောဘူး၊ အမျိုးတွေဆိုပေမယ့် မသိသလိုပဲနေတယ်၊ မကြည်ကလည်း ကျုပ်တို့အိမ်ကိုမလာဘူး၊ တစ်ခုခုရှိရင်တောင် သူ့ယောက်ျားဦးလေးဖိုးထွန်းကိုပဲ လွှတ်ပြီးခိုင်းလိုက်တာမဟုတ်လား။ (၂) မကြည်က ဦးဘသာတို့နဲ့ ...

သော်သော်လွင်တို့ မောင်နှမတွေကို ရုန်းကန်ကျွေးမွေး ခဲ့ရတယ် ဘယ်လောက် ရုန်းကန်ရ၊ ရုန်းကန်ရ၊ ဘယ်လောက်ပဲပင်ပန်း၊ ပင်ပန်း။ ဒေါ်ကြိုင်နှလုံးသားကို ဖိစီးနေတဲ့ အရာတစ်ခုကတော့ပျောက်ကွယ်မသွားခဲ့ဘူး။ အဲဒါကတော့ သော်သော်လွင်ဟာ သိုက်ကလာတာဆိုတဲ့အစွဲပဲ။ ဥစ္စာစောင့်ဆိုတာ လူ့ပြည်ကို ခဏတစ်ဖြုတ် အလည်လာရတာ။ သော်သော်လွင် လူ့ပြည်မှာ ဘယ်လောက်ပဲ ပျော်နေပျော်နေ အချိန်စေ့ရင် သိုက်ကို ပြန်သွားရမယ်။ သူ မပြန်ချင်လည်း သိုက်ကလာခေါ်မယ်ဆိုတာ ဒေါ်ကြိုင် စိတ်မှာ စွဲလန်းနေတယ်။ သော်သော်လွင် ကိုးနှစ်အရွယ်မှာ မရှိတဲ့ကြားက ကန်တော့ ပွဲပေးပြီး သိုက်ကြိုးဖြတ်ပေးခဲ့တယ်။နားလည် တတ်ကျွမ်းတဲ့ ပယောဂဆရာက ...

ဟာကွာ၊ မင်းဘာသိလို့လဲကွ၊ ဒီကောင်တွေကို လက်စားချေဖို့ ငါအကြံရလို့ပါကွ” “အကိုကြီး၊ ဟုတ်မှလဲလုပ်နော်၊ ဟိုလူတွေဆီမှာ ဓါးတွေ၊ လက်နက်တွေပါတာ အကိုကြီးတွေ့တယ်မဟုတ်လားဗျ” “ဒီလိုလူမိုက်နည်းနဲ့ လက်စားချေမှာမဟုတ်ပါဘူးကွာ၊ လူလိမ္မာနည်းနဲ့လက်စားချေမှာပါ” ကျုပ်လည်း အံ့အားသင့်သွားပြီး “ပြောစမ်းပါအုံးအကိုကြီးရာ” အကိုကြီးက လူတတ်ကြီးဂိုက်ဖမ်းရင်းနဲ့ “အလတ်ကောင်ရ၊ ဖဲရိုက်တယ်ဆိုတာ လောင်းကစားလုပ်တာပဲကွ၊ လောင်းကစားလုပ်တာ တရားဝင်သလား၊ တရားမဝင်ဘူးလား” “တရားမဝင်ဘူးလို့တော့ အဖေကပြောဖူးတယ်၊ ဒါပေမယ့် ရွာမှာလည်း ဖဲဝိုင်းတွေအများကြီးရှိတယ်မဟုတ်လား” “ဟာ၊ ဟေ့ကောင်၊ ဒါရွာမဟုတ်ဘူး၊ မြိုင်သာမြို့ကွ၊ ရွာမှာက ဖမ်းမယ့်ဆီးမယ့်သူမရှိပေမယ့် ဒီမှာက ဖမ်းမယ့်ဆီးမယ့် ရဲတွေရှိတယ်ကွ” အကိုကြီးပြောတာကို ...