တော်မူသဖြင့် နတ်စင်ကို အိမ်တွင်းသို့ ပြောင်းရွှေ့ပူဇော်ကြရာမှ အိမ်တွင်းမင်း မဟာဂီရိနတ်ဟူ၍ အမည်တွင်ခဲ့ပါသည်။ မီးလောင်ကျွမ်းတိမ်းပါးခဲ့သောကြောင့်အလင်းရောင်မရအောင် ခန်းဆီးစအနီ ဖြင့်ပိတ်ထား၏။ မီးလောင်ဒဏ်အား သက်သာစေရန်ရည်ရွယ်ကာ အုန်းသီးဖြင့်ပူဇော်ခြင်းဖြစ်ကြောင်းအဆိုရှိပါသည်။ ယခု မအေးကြည်က ကိုသန်းဌေးတို့ လင်မယားက အိမ်တွင်း မတင်သဖြင့် နတ်က ဖမ်းစားသည်ဟု ဆိုလိုက်ခြင်း ဖြစ်လေ၏။ဒါက ကြုံတုန်းလေး မင်းမဟာဂီရိနတ်အကြောင်း ရှင်းပြတာပါ။ ကိုသန်းဌေးက လယ်ဧကများစွာ ပိုင်ဆိုင်ပြီး၊ အလုပ်ကြိုးစားသူ ဖြစ်သည်။ စီးပွားရေးက ကောင်းတော့၊ လယ်ရောင်းမည်ဆိုပါက၊ ပြေးဝယ်ပြီးသားပင်။ ထို့ကြောင့်ပင် ယခုအချိန်၌ ကိုသန်းဌေးတွင် လယ်ဧက ၂၀ခန့်အထိ ...

ပွေးပေါာက်ကလေးတွေကျလာလေသည် အားလုံးပေါင်းအကောင်နှစ်ဆယ်လောက်ရှိလေသည်ဗလနှင့်သာမောင်လဲအားလုံးရိုက်သတ်လိုက်ကာ ဗလကမြွေပွေးအမကြီးအားဟင်းချက်စားရန်သယ်လာလေသည် ့ ့ ရွားနားမရောက်ခင်လမ်းခွဲကာသာမောင်ကမြွေဒိုင်သို့မြွေသွားသွင်း၍ဗလကအိမ်ပြန်၍မြွေဟင်းချက်လေသည်ဗလအမေဒေါ်မြကဗလအားကြည့်၍ ”””သားရယ်ဒီမြွေဖမ်းရောင်းတဲ့အလုပ်နဲ့သူများအသက်သတ်တဲ့အလုပ်ကိုမလုပ်ပါနဲ့တော့အကုသိုလ်ကြီးပါတယ်ကွယ်””’ ”’အင်းပါအမေရယ်သားစဉ်းစားပါ့မယ်””’ ”’အခုတလောအမေအိမ်မက်တွေမကောင်းဘူးစိတ်တွေလေးနေတယ်နောက်ရက်ကျရင်သားတောထဲမသွားနဲ့အုံးနော်””’ ”’ဟုတ်ကဲ့ပါအမေနေမကောင်းလို့အိမ်မက်ဆိုးတွေမက်တာနေမှာပါ””’ ့ ့ ့ ဒေါ်မြလဲခေါင်းမာသောသားကိကြည့်၍ဆက်မပြောတော့မြွေသားဟင်းကျက်တော့ သာမောင်လဲရောက်လာလေသည်မြွေရောင်းရပိုက်စံများခွဲယူကာမြွေပွေးသားဟင်းနှင့်ထမင်းကို အားရပါးရစားသောက်ကြလေသည် ့ ့ နောက်ရက်တောထဲရောက်တော့အတော်ကြာသည်အထိဘာမြွေမှမတွေ့နေခင်းပိုင်းခဏနားရန််သာမောင်ပြောတော့ဗလလဲလက်ခံကာနားရန်အပင်းကြီးတပင်အောက်တွင်ထိုင်တုန်းရှိသေး အောက်ရောက်နေသောသစ်ကိုင်းပေါ်ကမြွေပွေးတကောင်သည်ခုန်ချလာကာ ဗလလည်ပင်းအားခဲထားလိုက်သည်သာမောင်လဲမြွေပွေးကိုသတ်လိုက်ကာ ကြည့်လိုက်တော့မြွေပွေးအထီးကြီးဖြစ်နေလေသည် ့ ့ ့ မြွေထီးကြီးမျက်လုံးထဲတွင်သာမောင်ကိုအဓိပါယ်ရှိစွာညြ့်နေသလိုနားကျဉ်းမုန်းတီးနေသလိုသာမောင်ခံစားရလေသည် မြွေမကြာခဏအကိုက်ခံရပေမဲ့မသေသောဗလတယောက်ဒီတခါတော့သေလေပြီ ဗလအသုဘချပြီးကထဲနေ့မှစ၍သာမောင်မြွေဖမ်းရောင်းတဲ့အလုပ်ကိုမလုပ်တော့ ဗလသေတော့သူ့အမေကိုသူ့ညီမမိသားစုကလာစောင့်ရှောက်ပေးလေသည် တနေ့သာမောင်ဗလအမေဆီသို့အလည်သွားရာ ့ ့ ”ရှုး ရူး ” ဗလအိမ်ခြံရှေ့မြွေပွေးတကောင်ပြေးထွက်လာကာသာမောင်ကိုကြည့်၍ တရူးရူးနှင့်နှာမှုတ်နေသည်ရုတ်တရက်သာမောင်လဲကြောင်သွားကာအနီးအနားက တုတ်ချောင်းရှာ၍ရိုက်သတ်ရန်ရွယ်ရာမြွေကထွက်မပြေးသာမောင့်စိတ်ထဲတမျိုးဖြစ်သွားကာ သူ့ကိုအန္တရယ်မပေးသောမြွေပွေးကြီးကိုကြည့်ရင်းလွှတ်ပေးလိုက်သည် ့ ...

နေလွတ်မြောက် ကြပြီထင်ကြတယ်” “ဒါပေမယ့်ပရိတ်ရွတ်ပြီးနောက်နေ့ ဆတ်တိုက်သေတာပဲ အဲဒါနဲ့ ဆင်ကူးရွာက စုန်း တစ္ဆေ အောက်လမ်း ကဝေနိုင်တယ်ဆိုတဲ့ ဆရာမှက်ကိုပင့်ပြီး အစီရင်တွေလုပ်ခိုင်းကြသေးတယ်” “သူလုပ်နေတဲ့ အချိန်မှာပဲ တစ်ယောက်သေသွားတယ် နောက်နေ့လည်းတစ်ယောက်သေတယ် တစ်နေ့တစ်ယောက်ပုံမှန်သေနေကြတယ် ဘာရောဂါမှလည်းမဖြစ်ဘူး” “အခုဆိုရွာသားတွေအားလုံးမနက်ဖြန်ဘယ်သူ သေမလည်း သူလားကိုယ်လားဆိုပြီး အကြောက်လွန်နေကြပြီဆရာကြီး” “ကျွန်တော်တို့ ရွာသားတစ်ယောက် ဒီရွာသား ကိုကြွက်နီ နဲ့ဆုံမိပြီး ရွာမှာလူတွေတစ်နေ့တစ်ယောက်သေနေတဲ့ အကြောင်းပြောပြတော့ သူကဘာမှမပူနဲ့ ငါတို့ရွာကိုလာခဲ့ဆိုလို့ လာခဲ့တာပါ” “သူကဆရာကြီးဆီကို လမ်းညွှန်ပြီးလွှတ်လိုက်လို့ လာခဲ့တာပါ” “ဟင်း ဒီနေ့မနက်ပိုင်းလူသေသွားပြီဆိုတော့ မနက်ဖြန်ထပ်ပြီးမသေအောင် ဆရာကြီးတာဝန်ယူဖြေရှင်းပေးမယ်” “အခု ...

ပြောမပြနိုင်၊ မျက်လုံးပြူး လိုက် မျက်လုံးမှိတ်လိုက်နှင့် တအီးအီးအော် ကာ ခန္ဓာကိုယ်ကို ညှစ်ရုန်းနေသည်။ လူကြီးမိဘများလည်း ဘာမှမလုပ်ပေးနိုင်။ ဦးကျော်ထွန်း၏သမီးအကြီး လှလှ အော်ဟစ် ပြောဆိုမှုကြောင့် အိမ်နီးနားချင်းများ ကြားပြီး ရောက်လာကြသည်။ “ဘယ်လိုဖြစ်တာလဲ လှလှ” “ဘာရောဂါမှန်းကို မသိဘူး” “အစာများ မှားလို့လား” “သားက ဘာမှမစားရသေးပါဘူး အိပ်ပျော်နေရာက ထမယ်အလုပ် အခုလို ဖြစ်တာပဲ” “ငယ်ငယ်က သူငယ်နာများ ဖြစ်ဖူးသေးလား” “မဖြစ်ပါဘူး” “ဒါဆို ဒီ…ဒီအတိုင်းကြည့်မနေနဲ့ ဆေးရုံဆေးခန်း ပို့ကြပါလား” လူကြီးတွေ၊ အမျိုးစုံ ဝေဖန်ပြောဆိုနေသော်လည်း ...

ဖူးတယ် ၊ ဒီလိုစုန်းတက်တာဆိုရင် အနီးအနားမှာ စုန်းတတ်တဲ့သူရှိတယ်လို့ ပြောဖူးတယ် ” ” ဖြစ်နိုင်တယ် ” သူတို့လေးယောက်စလုံး ဒေါ်အိုဇာတိုက်နား ရောက်ရှိလာသည်။ ပြတင်းပေါက်တစ်ပေါက် ဖွင့်ထားရာ အထဲမှာတော့ မီးရောင်မှိန်ပျပျလေး မြင်တွေ့ရသည်။ မီးရောင်ဖြင့် ဒေါ်အိုဇာကို မြင်တွေ့ရသည်။ ” ဒေါ်အိုဇာ ဘာတွေသောက်နေတာလဲ မသိဘူး ” တကယ်တော့ ဒေါ်အိုဇာသောက်နေသည်မှာ သွေးများပင် ဖြစ်သည်။ ” ဟဲ့ မိစိမ်း…မိစိမ်း ” ” အိုအို ဘာခိုင်းမလို့လဲ ” ” ငါ့ခြံဝင်းထဲမှာ ...

ဒေါ်စိန်ဥက လှမ်းခေါ်ပြန်၏။ “ ဆရာကြီးက ဘယ်ကများ ဒန့်သလွန်သီးတွေ ရခဲ့တုံး ” “ နတ်တလင်းက ဧည့်သည်တွေ ယူလာတာဗျ ” “ ဒါနဲ့များ လျှောက်ရောင်းနေရသေးလား၊ အလကားပေးရောပေါ့ ဟဲ… ဟဲ ” “ ယူလေဗျာ၊ ဘယ်နှတောင့် ယူမတုံး ” “ အလကား ပြောတာပါရှင်၊ သူများလိုပဲ ၀ယ်ရမပေါ့၊ ဘယ်လိုရောင်းတုံး ” “ မအေးသာက တစ်မတ် ခြောက်တောင့်ဆစ်လို့ ခြောက်တောင့်ပဲ ပေးခဲ့တယ် ” “ ...

ဘာလုပ်ရမှန်းမသိဘူးပေါ့၊ ဒါနဲ့ဖိုးတရုတ်ကိုဝိုင်းထမ်းပြီးတော့ သူ့အိမ်ကိုလိုက်ပို့ကြတာပေါ့ဗျာ။ သူ့အိမ်ရောက်တော့ ပိုပိုဆိုးလာတယ်ဗျ၊ ဖိုးတရုတ်မှာ ငိုပြီးတော့ လူးလိမ့်နေတာပဲ။ ဒါနဲ့ ရွာက ဆေးဆရာကြီးကို ပင့်ရတာပေါ့။ ဆေးဆရာကြီးက လာကြည့်တော့လည်း ဘာမှသိပ်မထူးခြားဘူး၊ ဆေးဆရာကြီးက သေချာစမ်းသပ်ကြည့်ပေမယ့် လေလဲမဟုတ်၊ ဓါတ်သဘောလဲမဟုတ်ဘဲ အဖြေရှာမရဘူးဖြစ်နေတာပေါ့၊ ဒါနဲ့ ဆေးဆရာကြီးက ပယောဂလို့ ယူဆပြီးတော့ ပယောဂစစ်ကြည့်တာပေါ့။ ကျုပ်တို့ငယ်ငယ်က ဗိန္ဓောဆေးဆရာကြီးတွေဆိုတာ အထက်လမ်းတွေဘာတွေလည်း အနည်းအကျဉ်းတတ်ကြတယ်ဗျ၊ တော်ရုံဖမ်းစားတာဆိုရင် သူကုရင်ပြီးတယ်၊ ဒါနဲ့ ဖိုးတရုတ်ကိုပယောဂစစ်မယ်လဲဆိုရော ဖိုးတရုတ်က ရုတ်တရက်လေးဖက်ကောက်ထောက်လိုက်ပြီးတော့ ခွေးလိုအူတယ်ဗျာ၊ ကျုပ်တို့လည်း မျက်မြင်မို့လို့ အံ့သြနေမိတာပေါ့။ အူတာမှဗျာ ...

တာ၀န်ဗျ ဘုရားပွဲရပ်ဆိုတာ ရွာကသူဌေး သူကြွယ်တွေ ရွာရဲ့မျက်နှာဖုံးတွေ စုပေါင်းပြီး ထမင်းရုံကြီးနှစ်ရုံ ဆောက်ပြီး အရပ်လေးမျက်နှာက လာသမျှလူတွေကို ထမင်းကို ဆာတဲ့အချိန်၀င်စား ပျက်သွားတယ် လို့ကိုမရှိဘူး အချိန်ပြည့်ကျွေးတာ ဒီ‌‌ေန့ကြက်သားနဲ့ဆို နောက်နေ့၀က်သား အလျှံပယ်ကိုကျွေးတာ ကျုပ်တို့လဲ အဲ့ရက်တွေကျ ပင်ပန်း ကျတယ် တစ်ရွာလုံးပဲ ဒါပေမဲ့ ပင်ပန်းတာကို သတိမရကျဘူး အပျော်တွေစုနေတဲ့အချိန် ဘုရားပွဲ ရက်လုံးလုံးပြီးမှသာ လူတွေက ပင်ပန်းတယ်လို့ငြီးကျတာ အခုလဲ ဘုရားပွဲရက်ဆိုတော့ ကိုယ့်တာ၀န် ကိုယ်စီမလစ်ဟင်းရ အောင်လုပ်နေကျတာပေါ့ လူတွေကလဲ စည်းကားလိုက်တာ ကြက်ပျံမကျပဲ ကျိတ်ကျိတ်တိုး ...

ထန်းလျက်ချောင်း လာဝယ်တာလား” “ဟုတ်တယ် ဒေါ်မြရဲ့ “ “တာတေရယ် ထန်းလျက်ချောင်းဝယ်တာများ စောစောလာရောပေါ့ ပြီးတော့ တစ်ယောက်တည်း” “ဟုတ်တယ် ဒေါ်မြရဲ့ “ ကျုပ်က ဒေါ်မြကို ရယ်ပြရင်း ပြန်ပြောလိုက်တယ် “ရပါတယ် အရီးမြရဲ့ ၊ ကျုပ်က မကြောက်တတ်ပါဘူး” “မကြောက်တတ်တာတော့ ကောင်းပါတယ် ဟဲ့ နေဦး ဟိုတစ်နေ့ညက ဒီတစ်ဝိုင်းကျော်မှာ နေတဲ့ ပြူးကျယ်မ ၊မြောက်ဘက်ကန်ကြီးနားမှာ တစ်ဆေနဲ့ တွေ့လာလို့တဲ့ ၊ နင်ပြန်ရင် အဲဒီ့ဘက္က မပြန်နဲ့ ကြားလား တာတေ” “ဟုတ်ကဲ့ ...

ကုန်သည်။ မနက်ခင်း ချက်ချိန် ပြုတ်ချိန် စျေးဝယ်ချိန်ကိုက်ပြီး ရွာထဲ ဝင်လာသည်။ ရောင်း၍ ရသမျှပိုက်ဆံနှင့် အိမ်အတွက် လိုအပ်သော ဆန်ဆီဆား ဝယ်သည်။ ပိုက်ဆံ ပိုပိုသာသာ ရပါက …နှစ်ရက် သုံးရက်စာလောက်အောင် ဝယ်ခြမ်းသွားလေ့ရှိသည်။ သည်နေ့ မှတ်ကြီး ရွာထဲဝင်လာတော့ ငါးတစ်ပိဿာ ကျော်ကျော်ပါလာသည်။ ငါးဆယ်သားခန့် ငါးပတ် တစ်ကောင်ပါသည်။ မည်သည့်အိမ်မှ မဝင်သေးဘဲ ဒေါ်မြရီအိမ်သို့ အရင်ဝင်လိုက်သည်။ “ဒေါ်လေးမြ …ဒေါ်လေးမြ” ဒေါ်မြရီ၏ အရိပ်အယောင် မမြင်သဖြင့် အိမ်ထဲလှမ်း၍ အသံပြုလိုက်သည်။ “ဟော …မှတ်ကြီး၊ ...