တစ်ယောက်တည်းရှိခဲ့ တာတော့ ” လှသူမေက ပြောရင်း သူမ၏ ပစ္စည်းပစ္စယများကို တွဲလျား ဆွဲလိုက်၏။ ” အေး၊ အေး၊ သွားကြတာပေါ့ ” လှသူမေ ထိုသံလွင်ပင် အောက်မှ ထွက်မလို့လုပ်တော့ ကျောထဲ စိမ့်ကနဲ ဖြစ်သွားပြီး၊ ကြက်သီးမွှေးညင်းများ ထသွား၏။ ” ဟင်၊ ဘာဖြစ်တာတုန်း ” သူမ စိတ်ထဲ ပြောလိုက်၏။ ထိုစဉ် သူမ သတိထားလိုက်မိသည်က သူမရဲ့ အမဲသား ထုပ်မှာ နဂိုထက် ပိုမိုလေးလံ သွားခြင်းကိုပင်။ ” ...

ဖြုတ်ပေးလိုက်ပါတယ် အိမ်တွင်းကို ဖြုတ်ပြီး အိမ်ပြင်ထုတ်ပစ်၊ အိမ်ထဲရောက်တော့.. ” နင်တို့က လင်မယားတွေဆိုတော့ ငါတို့လင်မယားအိပ်တဲ့အခန်းမှာနေ၊ နင်တို့ခလေးနှစ်ယောက်ကတော့ ငါ့သားတွေအိပ်တဲ့အခန်းမှာအိပ် ” ဆိုပြီးနေရာချ ကြိုက်သလိုချက်ပြုတ်စားသောက်နိုင်ကြောင်း ပြောလိုက်တယ်…မနက်မိုးလင်းအမူးပြေတော့ သူ့ဘာသာလည်း ဘာတွေလုပ်လို့ဘာတွေလုပ်ခဲ့တယ် မမှတ်မိဘူးနဲ့တူပါတယ်၊ ပုံမှန်ပဲ အပြင်သွား၊ အလုပ်သွား၊ ခလေးတွေလည်း သူတို့သွားစရာရှိတာတွေသွားနဲ့ သူ့အမျိုးသမီး အိမ်ဖော်ကဆင်းတာ နှစ်လခွဲလောက်ကြာသွားပြီး၊နောက်ပိုင်းပြန်အဆင်ပြေလို့ပြန်တက်လာတော့ မမြင်တာ ကြာတာနဲ့ ပတ်၀န်းကျင်က သတင်းမေးရင်း ” သူတို့အိမ်မှာ အလုပ်သွားချိန်၊ ကျောင်းသွားချိန် လူတယောက်မှ မရှိပဲ၊ အိမ်တံခါးတွေလည်းသော့ ခတ်ထားနေရင်းက အသံတွေ၊ စကားပြောသံ၊ ...

ဖြစ်သောကြောင့် ကိုယ်နား ကိုတောင် မယုံသင်္ကာ ဖြစ်မိလိုက်သေးသည်။ ,,,, ညည်းပဲ စဥ်းစားကြည့်လေ,… ဥပဓိရုပ် ချောချော၊အသက်ကငယ်ငယ်ဆိုတော့ ဒီသတင်းကသေကိုသချာတယ်,,,,,, ,,, .ခင်ခင်ပြောသလို ဒီသတင်းက အမှန်ဆိုရင် ဒီကိုယ်တော်ကို ဆွန်းမလောင်းကြဖို့ တစ်ရွာလုံးကို တိုက်တွန်းရမှာပဲ,,,,, ,,,ညည်းမပြောလဲ အကုန် သိနေကြပြီးလေ,,, မိမိ၏ အကြောင်းကို တိုးလျိုးပြောဆိုသံတွေကြားမှာ အရှင်သောဇောတ ခြေလှမ်းများကတော့ရပ်တန့်မသွား ပဲ တလှမ်းချင်းကြွချီဆွမ်းခံမိလေသည်။ စောစောက အတင်းပြောဆိုနေသော အမျိုးသမီးနားရောက်တော့ မျက်လွှာလေးချပြီး သပိတ်လေးပိုက်ကာ ဆွမ်းခံရပ်မိလိုက်သည်။ မိရွှေစာတို့ အမျိုးသမီး နှစ်ယောက်က လည်း ထိုဆရာတော်အာ ...

စျေးရောင်းရင်းဖြင့် သူမလည်း  တော်တော်လေးအလုပ်ရူပ်နေတော့ သည်။ ”    မိန်းမရေ  မိန်းမ  …လာကြည့်စမ်းပါအုန်း “ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာတဲ့ ခင်းပွန်းဖြစ် သူ ခေါ်သံကြောင့် သူမလည်း  မီးဖိုချောင်အခန်း ထဲကနေ ကမန်းကတန်း အိမ်ရှေ့ပြေးထွက်လာ လေသည်။ ”   အကိုစိုင်းလွင်ရယ်   လာမယ့်ဆို လမ်းထိပ်က ကြိုးဖုန်းဆက်လည်းရရက်သားနဲ့ ရှင်ကြိုပြောထားတော့ ဟင်းကောင်းလေးတစ်ခွက် ချက်လို့ရတာပေါ့တော်…” ”   ဒီနေ့မချက်ဖြစ်တော့ နောက်နေ့ချက်ပေါ့ မိန်းမရ  ၊ ဒါနဲ့ကလေးတွေကျောင်းသွားပြီးလား” ” သွားပြီးပေါ့အကိုရေ   ရှင်သားတွေက ညနေခင်းကျောင်းဆင်းမှပြန်လာတော့မှာ” “ဟုတ်လား ခါတိုင်းဒီကောင်တွေ ...

လုပ်နိုင်၊ မလုပ် တတ်ချေ။ သူ့ကို ခိုင်းရပါမည်လားဟု မိဘတွေကို စိတ်ဆိုးသည်။ သုန်မှုန်စူဆာင့်သည်။ထိုအခါ ““မင်း ဒီလို အပင်ပန်းမခံချင်ရင် ဘာကြောင့် စာကို မကြိုးစားဘဲ မိန်းမယူလာခဲ့လဲ၊ သားနဲ့ မယားနဲ့ ဖြစ်လာရင် သားစာ၊ မယားစာ လုပ်ကိုင် ရှာဖွေရမှာပေါ့။ ဘယ်သူက မင်းကို ထမင်းပွဲရှေ့ရောက် တစ်သက်လုံး ကျွေးထားနိုင်မှာလဲ” ဟု မိဘတွေက မြည်တွန်ကြသည်။ လယ်အလုပ်ကို တတ်အောင် သင်ရမည်၊ လုပ်ရမည်ဟု အတင်းအကျပ် သင်ကြား၊ ခိုင်းစေကြသောအခါ မောင်လူခင်သည် ကြွက်မနိုင်တော့ ကျီကိုမီးရှို့သည်ဟူသော ...

နေရင်းကမျက်နှာကြီးပေါ်မှာစက်ဆုပ်စရာအပြုံးကပေါ်လာလေတော့သည်။ “မလုပ်… မလုပ်ပါနဲ့အစ်ကိုရယ်… ညီမကိုအနိုင်မကျင့်ပါနဲ့… ရှိခိုးတောင်းပန်ပါတယ်… နှစ်မချင်းကိုယ်ချင်းစာပါရှင်” ဗလုံးဗထွေးကြောက်ရွံ့တုန်ခါနေတဲ့အသံနှင့်မိန်းကလေးကတိုးလျှိုးတောင်းပန်ရှာပါသော်လည်း “ဟားဟားဟားဟား… မင်းကများ ငါ့ကိုကလန်ချင်သေးတယ်ပေါ့.. အော်စမ်း… အော်လေ..  ဒီတိုက်ခန်းက ငါ့စိတ်ကြိုက် Sound Proof Doors (အသံလုံတံခါးတွေ) တပ်ထားတာ… မင်းသေအောင်အော်လည်းဘယ်အမျိုးမှမင်းကိုမကယ်နိုင်ဘူး… ရန်ကုန်နဲ့လန်ဒန်ဆိုတာမိုင်ပေါင်းများစွာအဝေးကြီးပဲဟ…. ဘာ.. နှစ်မချင်းစာပါဟုတ်လား… ငါကတစ်ဦးတည်း‌သောသားဆိုတာမင်းမေ့နေပြီထင်တယ်… ကိုယ်ချင်းစာရအောင်ဘာနှစ်မမှလည်းငါ့မှာမရှိဘူးကွ… ပြီးတော့မင်းကငါတရားဝင်လက်ထပ်ယူထားတဲ့မိန်းမ… ငါ့စိတ်ကြိုက်မင်းနေပေးရမယ်… လာစမ်း” ခင်ပွန်းရဲ့လက်တစ်ဖက်က သူဝတ်ထားတဲ့ခါးပါတ်ကိုဆွဲဖြုတ်နေရင်း ကျန်တဲ့လက်တစ်ဖက်က မိန်းကလေးရဲ့ဆံနွယ်ရှည်တွေကိုရစ်ပတ်လိမ်ကာ ချောင်ထဲမှတစ်ရွတ်တိုက်ဆွဲခေါ်ထုတ်နေလေသည်။ နဂိုကတည်းကမြင့်မားထွားကြိုင်းသောခင်ပွန်းသည်နှင့်ခွန်အားမမျှရတဲ့ကြားထဲ ယခုလို သူယင်းထမုန်ယိုနေချိန်မှာဆိုပိုလို့တောင်ရုန်းမထွက်နိုင်ပါချေ။ ဆောင့်ဆွဲခံထားရတဲ့ဆံပင်ရှည်တွေကြောင့် ဦးရေပြားပြုတ်ထွက်မတတ်တင်းကြပ်နာကြင်နေတာတွေလျော့ပါးသက်သာလိုသက်သာငြား ခင်ပွန်းသည်ရဲ့လက်ကို မိန်းကလေးရဲ့လက်သေးသေးလေးနှစ်ဖက်နဲ့တွန်းဖယ်ရင်းက ...

လာတယ်။ လဲနေတဲ့ပုလင်းကို မြှောက်ကြည့်ပြီး အော်ပြောတယ်။ ““ဒီကို တစ်လုံးပေးအုံးဟေ့” ထူးခြားတာက ထွက်လာတဲ့ အသံပဲ၊ ဩဩကြီးနဲ့။ လှထွန်း အသံမဟုတ်ဘူးလေ။အရက်ရောင်းတဲ့ ကိုဂျိုး ၊ လှထွန်းကိုကြည့်ပြီး အံ့အားသင့်သွားတယ်။ ကိုဂျိုးအံ့အားသင့်မယ်ဆိုလည်း သင့်လောက်တယ်။ လှထွန်းက အရက်ကို ရေသောက်သလို တဂွတ်ဒွတ်​ေသာက်နေတယ်။ ပုလင်းကို ကိုင်မြှောက်ပြီး ပါးစပ်ထဲကို့ အရက်တွေ ​ေလာင်းထည့်နေတယ်။ အရက်ကုန်သွားတော့ ပုလင်းကို ပစ်ချလိုက်ပြီး၊ နောက် လုံးထပ်တောင်းလိုက်တယ်။ ကိုဂျိုးက အရက်တစ်လုံးထပ်ပေးရင်း လှထွန်းကိုပဲ သတိ ကြည့်နေတယ်။ဖောက်သည်ကောင်းဆိုတာက .. ပုံမှန်လာသောက်တယ်၊ လက်ငင်းရှင်းတယ်၊ ...

ဖြစ်နိုင်လျင် လုံးဝမလုပ်စေချင်ပေ။ သို့သော်လည်း … တဖက်မှတွေးလျင် မဟုတ်တာ လုပ်နေတာမှမဟုတ်တာ၊ တချိန်သူရိုးသွားလျင် နောက်မလုပ်လောက်တော့ဟု စိတ်ဖြေတွေးကြလျက် အောင်မော် လုပ်သမျ မသိချင်ယောင်ဆောင်ကာ မျက်ကွယ်ပြု ထားကြခြင်းပင်ဖြစ်သည်။ ” ကိုကြီး အောင်မော်…ကိုကြီးအောင်မော်….”, “ဟေ…လှအောင်…လာလေကွာ ခြံဝကအော်ရလား…လာအထဲဝင်….” သူ့အမေညီမမှမွေးသော ညီဝမ်းကွဲ လှအောင်က အောင်မော်နာမည်အားခြံရှေ့မှ လေသံတိုးတ်ိုးဖြင့်အော်ခေါ် နေသံကြောင့် အိမ်အောက်တွင်ကြက်စာ ကျွေးနေသော အောင်မော်ကအိမ်ထဲဝင်ခိုင်းလိုက်ခြင်းပင်ဖြစ်၏။ လှအောင်က အောင်မော်အနီး ရပ်ရင်းဘေးဘီဝဲယာသို့မလုံမလဲလျောက်ကြည့်နေတာကြောင့် အောင်မော်လည်းစိမရှည်စွာဖြင့်… “ဟေ့ကောင်…မလုံမလဲနဲ့ မင်းပုံစံက ဘာတွေလိုက်ကြည့်နေတာလဲ…..” “ဟို…ဘထွေး ..တို့.အရီးလေးတို့ ကိုကြည့်နေတာ…..” “အဖေနဲ့အမေ ...

ပန်းကန်ပြားကွဲရှထားတဲ့ လက်အား ဆေးထည့်ပေးပြီး ပတ်တီးစည်းပေး လိုက်တယ်။ ထိုမြင်ကွင်း မြင်ရတော့ ဒေါ်ခင်ပု ရင်ထဲ စိတ်မကောင်း ဖြစ်ရပြန်လေသည်၊ ဟိုနေ့က ရေချိုးခန်း ချော်လှဲတုန်းကဆို သားဖြစ်သူရဲ့ စကားကို ပြန်ကြားမြင်ယောင်မိသည်။ ” အမေတို့က အိမ်မှာနေရင်း ,,,,သတိလေးထားပြီး နေမှပေါ့,,,ကံကောင်းထောက်မလို့ သာပေါ့,,,နောက်မို့ဆိုအရိုးကျိုးပဲ့ လို့ ပိုက်ဆံကုန်ရအုန်းမယ်,,,” “အေးပါ သားရယ် ,,, အမေနောက်ဆို, သတိထားပြီး နေပါမယ်,,, ” ထိုအဖြစ်ပျက်တွေကြောင့် ရင်နာခဲ့ ရပေမယ့် ခွင့်လွှတ်ခြင်းတစ်မျိုးနဲ့ပဲ သည်းခံလိုက် တော့တယ်။ “ဘယ်လို ဖြစ်တာလဲ ...

အဆင်ပြေနေတာပဲကွ” အဖေကတော့ ချဉ်ဟင်းတစ်ဇွန်းကိုသောက်ရင်းနဲ့ပြောလိုက်တယ် “ရပါတယ်အဖေရာအဖေပြန်နှင့်နော်ခနနေရင်ကျုပ်ပြန်လာခဲ့မယ်” ကျုပ်ကလည်းဖိုးတုတ်တို့လယ်ကွက်ဘက်ကိုထွက်လာတော့လည်းဖိုးတုတ်ကလယ်တဲထည်းမှာနားနေတယ် “ဖိုးတုတ်ရေမောနေပြီလားကွ” “မောတာပေါ့ကွာခုအချိန်ဇီးသီးလေးစားလိုက်ရရင်သိပ်ကောင်းမှာပဲ” ကျုပ်လည်းဖိုးတုတ်ပြောမှဇီးသီးစားချင်စိတ်တောင်ပေါက်သွားတယ် “အေးနော်ငါတို့ခုရာသီဇီးသီးမစားရသေးဘူး” “ငါကတော့စားပြီးပြီကွတောစပ်နားကကန်ကြီးကိုမင်းသိတယ်မလားအဲ့ကန်ကြီးဘေးကဇီးပင်တွေကတအားကောင်းတာကွခုမနက်တောင်ငါခူးပြီးစားလာသေးတယ်” “ငါကတော့မစားရသေးတော့စားချင်တယ် ဒါနဲ့အဲ့ဒီကန်နားကအပင်ကဘလောက်ကောင်းလို့လည်း” ကျုပ်မေးလိုက်တော့လည်းဖိုးတုတ်ကတက်တက်ကြွကြွနဲ့ “ကောင်းတာပေါ့ကွာ ချဉ်တောင်မချဉ်ဘူးကွခပ်ချိုချိစိမ့်စိမ့်လေး” “ဇီးသီးကချိုစိမ့်စိမ့်ရှိပ့မလားကွ” “မင်းမယုံရင်သွားစားကြမယ်လေ” “အေးသွားမယ်ကွာ” “ဒါဆိုအောင်ဖေကိုပါခေါ်ကြမယ်ဒီကောင့်လယ်ကဟိုဘက်နားမှာကွ” ကျုပ်နဲ့ဖိုးတုတ်လည်းအောင်ဖေရဲ့လယ်ကိုထွက်လာခဲ့တယ်အောင်ဖေကိုဇီးသီးသွားကောက်ကြမယ့်အ​ကြောင်းဇီးသီးကဘယ်လောက်ကောင်းကြောင်း ပြောတော့လည်းအောင်ဖေကလိုက်ပါခဲ့တယ် ကျုပ်တို့ကအသက်များကြီးနေကြပေမယ့်ဇီးသီးဆို ခလေးတွေလိုသွားကောက်ပြီးစားလိုက်ရမှဗျ ခုလည်းကျုပ်တို့သုံးယောက်ကတော့ တောစပ်နားကကန်ကြီးဆီကိုချီတက်လာကြတယ် “သာလှနဲ့အောင်ဖေမင်းတု့ိမယုံရင်တစ်လုံးစမ်းစားကြည့်” ကျုပ်နဲ့အောင်ဖေကိုလည်းဖိုးတုတ်ကဇီးသီးကိုစားကြည့ခိုင်းတယ် “အေးကွတစ်ကယ်ကောင်းတယ်” ဖိုးတုတ်ပြောသလောက်မဟုတ်ပေမဲ့အရသာကတော့တခြားဇီးပင်တွေနဲ့မတူပဲတော်တော်ကောင်းတယ်ဗျ ကျုပ်တို့လည်းဇီးသီးမနည်းများများခူးပြီး ကန်နံဘေးကတမာပင်ပေါ်ကိုတက်လိုက်ကြတယ်တမာပင်လေးကလည်းအေးလိုက်တာပြောမနေပါနဲ့ဗျာ အောင်ဖေကတော့အတတ်စမ်းပြီးကန်ဘက်ကိုထွက်နေတဲ့အကိုင်းပေါ်မှာတက်ထိုင်နေတာဗျ “သူကြီးအုန်းအဖြစ်ကလည်းစိတ်မကောင်းစရာပဲနော်ရွာအတွက်အသက်ပေးသွားရတာ” ရုတ်တရက်ပြောလာတဲ့ဖိုးတုတ်စကားကြောင့်လည်းကျုပ်နဲအောင်ဖေကတော့ပြိုင်တူခေါင်းညိတ်လိုက်မိတယ် “အဲ့ဒါကလည်းဒေါ်ဝိုင်းစိန်ပရောဂမကင်းဘူးကွဒေါ်ဝိုင်းစိန်ကြောင့်သူကြီးအုန်းသေရတာ” အောင်ဖေကတော့သူကြီးအုန်းသေရတာဒေါ်ဝိုင်းစိန်ကြောင့်ဟုမှတ်ပြီးတော့လည်းဒေါ်ဝိုင်းစိန်ကိုအပြစ်တင်နေတာကိုတော့ကျုပ်လည်းဝင်ပြောလိုက်ပါတယ် “အဲ့လိုလည်းမဟုတ်ပါဘူးကွာဘယ်သူကလည်းဓားပြအတိုက်ခံရပြီးပေါင်ကိုသေနတ်မှန်ချင်မှာလည်းကွာသူလည်းသူကြီးအုန်းအတွက်ရည်စူးပြီးတစ်ခုခုလုပ်ပေးချင်ပေမယ့်လည်းသူ့ငွေတွေကဖိုးစိန်တို့ယူသွားတာမိုလို့လည်းဘာမှလုပ်မပေးနိုင်ဘူးလေခုလည်းလူ့လောကကိုစိတ်ကုန်ပြီးမယ်သီလရှင်ဝတ်သွာပါပြီကွာ” ကျုပ်တို့လည်းရောက်တတ်ရာရာတွေပြောနေကြရင်းနဲ့ ညနေနွားရိုင်းသွင်းချိန်လောက်ကိုရောက်လာခဲ့တယ် ရုတ်တရက် ...