အရက်သမားကိုစံမြင့်

လာတယ်။ လဲနေတဲ့ပုလင်းကို မြှောက်ကြည့်ပြီး အော်ပြောတယ်။ ““ဒီကို တစ်လုံးပေးအုံးဟေ့”

ထူးခြားတာက ထွက်လာတဲ့ အသံပဲ၊ ဩဩကြီးနဲ့။ လှထွန်း အသံမဟုတ်ဘူးလေ။အရက်ရောင်းတဲ့ ကိုဂျိုး ၊ လှထွန်းကိုကြည့်ပြီး အံ့အားသင့်သွားတယ်။

ကိုဂျိုးအံ့အားသင့်မယ်ဆိုလည်း သင့်လောက်တယ်။ လှထွန်းက အရက်ကို ရေသောက်သလို တဂွတ်ဒွတ်​ေသာက်နေတယ်။

ပုလင်းကို ကိုင်မြှောက်ပြီး ပါးစပ်ထဲကို့ အရက်တွေ ​ေလာင်းထည့်နေတယ်။

အရက်ကုန်သွားတော့ ပုလင်းကို ပစ်ချလိုက်ပြီး၊ နောက် လုံးထပ်တောင်းလိုက်တယ်။

ကိုဂျိုးက အရက်တစ်လုံးထပ်ပေးရင်း လှထွန်းကိုပဲ သတိ ကြည့်နေတယ်။ဖောက်သည်ကောင်းဆိုတာက .. ပုံမှန်လာသောက်တယ်၊ လက်ငင်းရှင်းတယ်၊ ဂျီမကျဘူး။

ပြီးတော့ လှထွန်းသောက်တဲ့နှုန်းက ပုံမှန်တစ်လုံးပဲ။ ဒါထက် ပိုမသောက်နိုင်ဘူး။

ခု၊ လှထွန်းသောက်နေတော သုံးလုံးရှိသွားပြီ။ သောက်နေတဲ့ ပုံကလည်း နွားငတ်ရေကျ၊ ပါးစပ်ထဲ့လောင်းထည့်နေတာ။

ပြီးတော့ မူးပုံလည်း ပရဘူး။“ဒီတာလှထွန်းရဲ့ စတိုင် မတုတ်ဘူး”လို့ ကိုဂျိုးတွေးလိုက်တယ်။

“လှထွန်းမှ ဟုတ်ရဲ့လား”လို့ စဉ်းစားမိပေမယ့်၊ ရှေ့မှာ ရပ်နေတာကလည်း လှထွန်းအစစ်ဆိုတော့ ကိုဂျိုးဘယ်လို နားလည် ရမှန်းမသိဘူး။

လှထွန်းက ပုလင်းခွံကို ပစ်ချလိုက်ပြီး “နောက်တစ်လုံး ပေးဦး”လို့ အသံဩကြီးနှင့် တောင်းလိုက်ပြန်တယ်။

“ညီလေး မင်းသောက်တာ သိပ်များနေပြီ၊ တော်တော့
ကိုဂျိုးက လှထွန်းကို ချော့မော့ပြောတယ်လှထွန်းဘာမှ ပြန်မပြောဘူး၊ ဒါပေမယ့် … ကိုဂျိုးတို မျက်ထောင့်နီကြီးနှင့် ကြည့်လိုက်တယ်။

ကြည့်နေပုံက – စိမ်းစိမ်းဝါးဝါးကြီး။
ကိုဂျိုး ကြက်သီးမွှေးညှင်းတွေတောင် ထသွားတယ်။ လှထွန်းဆိုင်ထဲ ဝင်သွားတယ်။ငတာတို့ ဂျီငနဲအုပ်စု ထိုင်နေတဲ့ဆီသွားပြီး၊ စားပွဲပေါ်က

ပုလင်းကို ကောက်မော့လိုက်တယ်။ငတာတို့ လူစု ရှူးရှူးရှဲရှဲ ဖြစ်သွားတယ်။ရုတ်ချည်း တင်းမာသွားတဲ့ အခြေအနေကို ကိုဂျိုးက ဝင်ထိန်းလိုက်တယ်။

“ပြဿနာ မဖြစ်နှင့်ဟေ့၊ အဲဒီ တစ်လုံးကို ငါအစား ပြန်ပေးမယ်ဒီတော့မှ ငတာတို့အုပ်စု ငြိမ်သွားတယ်။ ကိုဂျိုးက လှထွန်းပခုံးကိုဖက်ပြီး အပြင်ဘက်ကို ထုတ်တယ်။

ပြီးတော့ ကိုတိုးဆိုက်ကားပေါ်တင်ပြီး အိမ်ပြန်ပို့ခိုင်းလိုက်တယ်။

ကိုတိုးက ဆိုက်ကားကို ကတ္တရာလမ်းပေါ် တွန်းတင်လိုက်တယ်။

“ဟ၊ ဘယ်လိုကြီးလဲ၊ လေးလိုက်တာ

ဟုတ်တယ်၊ ဆိုက်ကားပေါ်မှာ ထိုင်နေတာ လှထွန်း တစ်ယောက်ထဲပဲ။

ဒါပေမယ့် ကိုတိုးကတော့ လူကြီးနှစ်ယောက်တင်ပြီး နင်းနေရသလို လေးလံနေတယ်။

ဆိုက်ကားက ကုလားတံတားကိုကျော်ပြီး ဗိုလ် ရပ်ကွက်ထဲ ဝင်လာပြီ …၊

လှထွန်းအိမ်ရောက်ဖို့တော့ လိုသေးတယ်။

အဲဒီအချိန်မှာ အံ့ဩစရာအဖြစ်ကို ဆိုက်ကားဆရာ ကိုတိုး ကြုံလိုက်ရတယ် …။

အရှိန်နှင့်သွားနေတဲ့ ဆိုက်ကားပေါ်က လှထွန်း ခုန်ချ လိုက်တာပဲ။

ကားပေါ်က ခုန်ချရတာ လွယ်တယ်။ ကားက ရှေ့ကို သွားနေတာ၊ လူက/ နောက်ပေါက်- ခုန်ချရတာ။ ကျွမ်းကျင်ရင် ဘာမှ မဖြစ်ဘူး။ဆိုက်ကားပေါ်က ခုန်ချဖို့က မလွယ်ဘူး။ ဆိုက်ကားက ရှေ့ကိုသွားနေတာ။ ရှေ့မှာ ထိုင်နေတဲ့လူက ခုန်ချရင် အဲဒီလူကို ဆိုက်ကားက ပြန်တိုက်မိမှာ အသေအချာပဲ။

ဒါပေမယ့် အခု လှထွန်းခုန်ချလိုက်တာက လဲမှို့ တစ်ပွင့် လို လေထဲဝဲပြီး မတိုက်မိအောင် ခုန်ချလိုက်တာ။ ဆိုက်ကားနံဘေးမှာ အသာလေးကျသွားတယ်။ ကိုတိုးပါးစပ် အဟောင်းသားဖြစ်သွားတယ်။ အိပ်မက်မက်နေတာလား အမှန်တကယ် ဖြစ်နေတာလား၊

မယုံနိုင်အောင် ဖြစ်မိတယ်။

“ဟေ့ကောင်လှထွန်း၊ မင်းဘာလို့ ခုန်ချရတာလဲ၊ ပင်း အိမ်မရောက်သေးဘူးလေ

ကိုတိုးက ဆိုက်ကား ဘရိတ်အုပ်ပြီး လှထွန်းကို ပြော လိုက်တယ်။

လမ်းဘေးက လူတွေကလည်း လှထွန်းကို အံ့အားတသင့် ကြည့်လို့၊

“ငါ လှထွန်းမဟုတ်ဘူး စံမြင့်ကွ စံမြင့်

လှထွန်းနှုတ်က ပြောတဲ့အသံကြောင့် အားလုံး ပင်တက်မိကုန်ကြတယ် …

“စံမြင့်တဲ့ … စံမြင့်တဲ့” ကိုတိုးက အခြေအနေကို သဘောပေါက်လိုက်တယ်။ ဆိုက်ကားလမ်းဘေးရပ်ထားခဲ့ပြီး လှထွန်းကို ပြေးတွဲတယ်။

ပြီးတော့ အနီးမှာရှိတဲ့ နတ်ကတော် ဒေါ်တင်ရွှေအိမ်ထဲ ခေါ်ခဲ့တယ်။

“စံမြင့်ကွ၊ စံမြင့် …”

လှထွန်းပါးစပ်က တတွတ်တွတ် ပြောနေတုန်း၊ စံမြင့်သေတာကြာပြီ၊ အသက်အစိတ် သုံးဆယ်၊ လှထွန်း၊လို လူငယ်တွေတောင် စံမြင့်ကို သိမှာမဟုတ်ဘူး။ ဒါဆိုရင် စံပြင်ထား ဒေါ်တင်ရွှေကမေးတယ်။

“ဟုတ်တယ်၊ ကျုပ် ဒေါ်မလေး သား၊ စံပြင့်ပဲ …. “နင် အခု ဘယ်မှာ နေတာလဲ …” “ဟိုတုန်းက သုသာန်ဟောင်းထဲမှာ န​ေတယ်။ သုသာန်ပြောင်းတော့ လိုက်သွားရတယ်။
အခု မီးသင်္ဂြိုဟ်တဲ့နေရာအနီးက ​ေညာင်ကြပ်ပင်ကြီးမှာနေတယ်”

စံမြင့်ပူးကပ်ခံထားရတဲ့ လှထွန်းက ခြံပေါက်ဝကို ကြည့်နေတယ်

“လှထွန်းကို ဘာကြောင့် ဝင်ပူးရတာလဲ “ကျုပ် .. အရက်သောက်ချင်လို့ဗျ …”

“ဒီဘဝရောက်တဲ့အထိ အရက်သောက်နေတုန်းပဲလား”

“ဘယ်ဘဝရောက်ရောက် အရက်သမားဘဝက ကျွတ်မှာ ဟုတ်တော့ပါဘူးဗျာ

“ဒါဆိုရင်၊ နင်ဘယ်လိုလုပ်ပြီး ကောင်းတဲ့၊ မွန်တဲ့ဘဝကိုရောက် တော့မလဲတဲ့ စံမြင့်ရဲ့ …” ရောက်တော့မလဲ မတတ်နိုင်ဘူးဗျာ၊ ကျုပ်မှ အရက်ကို မဖြတ်နိုင်ပဲ”

“စံမြင့်၊ နင့်အမ​ေ နင့်အမ​ေ ဒေါ်မလေးသေသွားတာ နင်သိလား၊ နင့်အမ​ေနှင့်ရော တွေ့ တွေ့သေးလား …”

“အမေ့အလောင်းကို လာသင်္ဂြိုတ်တုန်းက သိလိုက်တယ်။ ဒါပေမယ့် အမေ့ကိုတော့ ခုထိ မတွေ့ဘူးဗျ

“အေးပေါ့၊ ဘယ်တွေ့ပါ့မလဲ၊ နင့်အမ​ေက ဘုရား၊ တရားသမားဆိုတော့ နတ်ပြည်ရောက်သွားမှာပေါ့

“ကျုပ် ပြန်တော့မယ်ဗျို့။ ခြံဝက ဟိုမိန်းမကြီး ခေါ် နေပြီ”ပြီး ပြောလိုက်တယ်။

“ဘယ်မိန်းမကြီးလဲ၊ နင့်တို့ကို အုပ်ချုပ်တဲ့ မဖဲကြလား

မ​ေးနေတုန်းမှာပဲ လှထွန်း ထိုင်ရာကနေ ခွေခွေး လဲကျသွားတယ်။

ခဏအကြာမှာ သတိပြန်ရလာတယ်။ “ကျုပ် – ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ” နားမလည်နိုင်သလို .. မေးတယ်။ ကိုတိုးက အကျိုးအကြောင်း ရှင်းပြရတယ်။ အမဲသားစားချင်လို့၊ ကြက်သား၊ ဝက်သား စားခြင်း၊ တစ္ဆေကပ်တာ၊ သရဲပူးတာပဲ ကြားဖူးတယ်။

အရက်သောက်ချင်လို့ ပူးတဲ့သရဲတော့ အရက်အသမား စံမြင် သေမှပဲ ကြားဖူးတော့တယ်။ ပဲဖြစ်ဖြစ်၊ ဒီအဖြစ်အပျက်က ဘာပဲဖြစ် နှစ်ပေါင်းများစွာ အမေ့ခံနေရတဲ့  စံမြင့်ကို ပြန်သတိရ လာတာတော့ အမှန်ပါပဲ။

တကယ်တော့ သေရည်အရက် သောက်စားခြင်းဟာအပြစ်များလွန်းပါတယ်။

– ဒီဘဝမှာ ပစ္စည်းဥစ္စာ ဆုတ်ယုတ်ပျက်ပြားတတ်တယ်။
– ခိုက်ရန်ဒေါ်သတွေ ဖြစ်ပွားတတ်တယ်။
– ရောဂါဝေဒနာ အမျိုးမျိုး ကျရောက်တတ်တယ်။
– ကောင်းတဲ့ဂုဏ်သတင်းခဲ့ပြီး နာမည်ဆိုးနှင့် ကျော်ကြား တတ်တယ်။
– အရှက်၊ အကြောက်တရားမရှိသူ၊
– သူတော်ကောင်းတရားတွေကို မေ့လျော့တတ်သူ ဖြစ် တတ်ပါတယ်။

ဒီလို အပြစ်တရားတွေများလွန်းပြီး သူတော်ကောင်းတရားကို မေ့တတ်မှတော အရက်သမားသေရင် ပြိတ္တာဘုံရောက်၊ တစ္ဆေသရဲဖြစ်တာ မဆန်းလှပါဘူး။

အသက်ရှင်စဉ်က ကောင်းမှုကုသိုလ်တွေ ပြုခဲ့ရင်တောင်မှ ပြိတ္တာ၊ တစ္ဆေသရဲဘဝကလွတ်မှ ကောင်းမှုအကျိုးကို ခံစားရမယ် ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သေကာနီး အာသန္နကံဇော ထင်တဲ့အခါ ကောင်းမှုကုသိုလ် တရားတွေကို မေ့လျော့နေတတ်တာကြောင့်ပါပဲ။

အရက်သမားစံဖြင့်လည်း အရက်သမားတို့ ထုံးစံအတိုင်း ပြိတ္တာဘုံရောက်၊ တစ္ဆေသရဲ ဖြစ်သွားပုံရပါတယ်။အံ့ဩစရာက ပြိတ္တာဘဝမှာလည်း သေရည်အရက်ကို စွဲလန်းနေခြင်းပါ။

လှထွန်းကို ပူးကပ်ပြီး အရက်သောက်တဲ့ သရဲစုံဖြင့် အဖြစ်က သံဝေဂ ယူစရာကောင်းလှပါတယ်။

ဒီအဖြစ်အပျက်ကြောင့် လူ့ပြည်မှာ ကျန်ခဲ့တဲ့ တစ်ဦး တည်းသော ညီမလေးက စံမြင့်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ပေးခဲ့ပါတယ် …။

အစ်ကိုကြီးအတွက် အမျှပေးဝေခဲ့ပါတယ်။ အဲဒီကောင်းမှုကုသိုလ်တွေရဲ့ အဖို့ဘာဂကို စံမြင့် သူ့ ပရ ဆိုတာတော့ …စံမြင့်ကိုယ်တိုင်သာပဲ သိပါလိမ့်မယ် …။

#မောင်မှိုင်းညို့(ချောင်းဦး)