သရဲမိသားစုကိုအိမ်ခေါလာမိသူ

ဖြုတ်ပေးလိုက်ပါတယ် အိမ်တွင်းကို ဖြုတ်ပြီး အိမ်ပြင်ထုတ်ပစ်၊ အိမ်ထဲရောက်တော့..

” နင်တို့က လင်မယားတွေဆိုတော့ ငါတို့လင်မယားအိပ်တဲ့အခန်းမှာနေ၊ နင်တို့ခလေးနှစ်ယောက်ကတော့ ငါ့သားတွေအိပ်တဲ့အခန်းမှာအိပ် ”

ဆိုပြီးနေရာချ ကြိုက်သလိုချက်ပြုတ်စားသောက်နိုင်ကြောင်း ပြောလိုက်တယ်…မနက်မိုးလင်းအမူးပြေတော့ သူ့ဘာသာလည်း ဘာတွေလုပ်လို့ဘာတွေလုပ်ခဲ့တယ် မမှတ်မိဘူးနဲ့တူပါတယ်၊ ပုံမှန်ပဲ အပြင်သွား၊ အလုပ်သွား၊ ခလေးတွေလည်း သူတို့သွားစရာရှိတာတွေသွားနဲ့ သူ့အမျိုးသမီး အိမ်ဖော်ကဆင်းတာ နှစ်လခွဲလောက်ကြာသွားပြီး၊နောက်ပိုင်းပြန်အဆင်ပြေလို့ပြန်တက်လာတော့ မမြင်တာ ကြာတာနဲ့ ပတ်၀န်းကျင်က သတင်းမေးရင်း

” သူတို့အိမ်မှာ အလုပ်သွားချိန်၊ ကျောင်းသွားချိန် လူတယောက်မှ မရှိပဲ၊ အိမ်တံခါးတွေလည်းသော့ ခတ်ထားနေရင်းက အသံတွေ၊ စကားပြောသံ၊ ထမင်းဟင်းချက်သံ၊လူသံ၊ ခလေးသံတွေကြားနေရတယ် ”

ဆိုတဲ့အကြောင်း အိမ်နီးနားချင်းတွေကပြန်ပြောကြတော့သူ့မိန်းမလည်း ဘာမှန်းသေချာ မသိလို့ အိမ်ကိုရှင်းလင်းရင်းနဲ့ အပြင်ထုတ်ထားတဲ့ အိမ်တွင်းစင်ကိုအသစ်မလုပ်ပဲ ဒီတိုင်းပဲပြန်တင်ထားလိုက်တယ်။

တစ်ရက်ကြတော့ သူတို့ကိုးကွယ်တဲ့ဆရာအိမ်လာတဲ့ အချိန်မှာ အဲ့ဆရာက မပြန်ခင်မှာသွားတယ် နောက်နေ့
သူ့ ဆီလာခဲ့ဖို့ အရေးကြီးတာပြောဖို့ရှိတဲ့အကြောင်း မှာခဲ့တယ်။ နောက်တနေ့ မိန်းမဖြစ်သူကသွားတော့

” နင်တို့အိမ်ငါလာတုန်းက ခြံပေါက်၀မှာ လင်မယားနှစ်ယောက်နဲ့တွေ့တယ်၊ သူတို့က ပရလောကသားတွေ၊ နင့်ယောက်ျားခေါ်လာလို့ သူတို့နေနေတာလို့ ငါမနောနဲ့မေးတာကိုပြောတယ် ” တဲ့

ဒါနဲ့ပဲ လင်မယားနှစ်ယောက်ဆရာနဲ့တိုင်ပင်ပြီး ပရိတ်ရေတွေဖြန်း၊ တအိမ်လုံးကိုဖြန်း၊ လင်မယားအိပ်တဲ့ အခန်း၊သားတွေအခန်းကိုဖြန်းတဲ့အချိန်မှာ သိသိသာသာကို ကြက်သီးတဖြန်းဖြန်းထတာ ခံစားရတယ်တဲ့၊ အိပ်ပြန်ရင်လည်း တဆစ်ဆစ်နဲ့ အသားတွေနာကျင်သလိုခံစားလာရတယ်တဲ့၊ ဒါနဲ့ ဆရာနဲ့ဆက်တိုင် ပင်ပြီးတော့ သူတို့ကို သူတို့လာတဲ့နေရာကိုပြန်ပို့ရမယ်၊ နေရာပြန်ချထားရမယ်ဆိုပြီး ဆရာအစီအမံနဲ့ပဲ တံတားရဲ့တဖက်မှာနေကြဆိုပြီး ပြန်ပို့လိုက်ကြတယ် ( တံတားရဲ့တခြားတဖက်မှာတော့ မာန်ပြေရန်ပြေ ဘုရား ရှိပါတယ် )။ အဲ့လိုနေရာချပေးပြီးတဲ့အချိန်မှာလည်း ထိုပရလောကမိသားစုက

” ငါတို့ ဒီတပတ်အတွင်းမှာ လူတယောက်လဲဖို့ရှိတယ်” လို့ ပြောပြတယ်တဲ့။

ဆရာဖြစ်သူလည်း အန်ကယ်ကြီးရဲ့ ဆိုင်ကယ်ကို သူ့အိမ်ကို ဒီတပတ်အတွင်းလာပို့ထားပြီး အဲ့ဒီတံတားဘက်ကိုလည်း မိသားစုမသွားဖို့ အထူးသ
ဖြင့် ကံနိမ့်နေတဲ့ အန်ကယ်ကြီးမသွားဖို့ကို အတန်တန်မှာကြားစီစဉ်ပေးခဲ့ရပါတယ်။

သုံးရက်မြောက်လောက်နေ့ အဲ့မှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် စီးလာတဲ့ကား တိမ်းမှောက်ပြီး ကောင်မလေးသေဆုံးသွားတဲ့သတင်းကိုကြားသိခဲ့ရပါတယ်။

( မင်္ဂလာဒုံ နိုင်ငံရေးမှတ်တိုင်အနီးမှာ ကားအက်ဆီးဒင့်ဖြစ်လို့ မိန်းခလေးတယောက်သေဆုံးသွားတဲ့ သတင်းတစ်ပုဒ်နဲ့ အသိမိသားစုကြုံတွေ့ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုရဲ့ ဆက်စပ်မှုပါ )