ရေကန်ထဲကသရဲမ

အဆင်ပြေနေတာပဲကွ” အဖေကတော့ ချဉ်ဟင်းတစ်ဇွန်းကိုသောက်ရင်းနဲ့ပြောလိုက်တယ် “ရပါတယ်အဖေရာအဖေပြန်နှင့်နော်ခနနေရင်ကျုပ်ပြန်လာခဲ့မယ်” ကျုပ်ကလည်းဖိုးတုတ်တို့လယ်ကွက်ဘက်ကိုထွက်လာတော့လည်းဖိုးတုတ်ကလယ်တဲထည်းမှာနားနေတယ် “ဖိုးတုတ်ရေမောနေပြီလားကွ” “မောတာပေါ့ကွာခုအချိန်ဇီးသီးလေးစားလိုက်ရရင်သိပ်ကောင်းမှာပဲ” ကျုပ်လည်းဖိုးတုတ်ပြောမှဇီးသီးစားချင်စိတ်တောင်ပေါက်သွားတယ် “အေးနော်ငါတို့ခုရာသီဇီးသီးမစားရသေးဘူး” “ငါကတော့စားပြီးပြီကွတောစပ်နားကကန်ကြီးကိုမင်းသိတယ်မလားအဲ့ကန်ကြီးဘေးကဇီးပင်တွေကတအားကောင်းတာကွခုမနက်တောင်ငါခူးပြီးစားလာသေးတယ်” “ငါကတော့မစားရသေးတော့စားချင်တယ် ဒါနဲ့အဲ့ဒီကန်နားကအပင်ကဘလောက်ကောင်းလို့လည်း” ကျုပ်မေးလိုက်တော့လည်းဖိုးတုတ်ကတက်တက်ကြွကြွနဲ့ “ကောင်းတာပေါ့ကွာ ချဉ်တောင်မချဉ်ဘူးကွခပ်ချိုချိစိမ့်စိမ့်လေး” “ဇီးသီးကချိုစိမ့်စိမ့်ရှိပ့မလားကွ” “မင်းမယုံရင်သွားစားကြမယ်လေ” “အေးသွားမယ်ကွာ” “ဒါဆိုအောင်ဖေကိုပါခေါ်ကြမယ်ဒီကောင့်လယ်ကဟိုဘက်နားမှာကွ” ကျုပ်နဲ့ဖိုးတုတ်လည်းအောင်ဖေရဲ့လယ်ကိုထွက်လာခဲ့တယ်အောင်ဖေကိုဇီးသီးသွားကောက်ကြမယ့်အ​ကြောင်းဇီးသီးကဘယ်လောက်ကောင်းကြောင်း ပြောတော့လည်းအောင်ဖေကလိုက်ပါခဲ့တယ် ကျုပ်တို့ကအသက်များကြီးနေကြပေမယ့်ဇီးသီးဆို ခလေးတွေလိုသွားကောက်ပြီးစားလိုက်ရမှဗျ ခုလည်းကျုပ်တို့သုံးယောက်ကတော့ တောစပ်နားကကန်ကြီးဆီကိုချီတက်လာကြတယ် “သာလှနဲ့အောင်ဖေမင်းတု့ိမယုံရင်တစ်လုံးစမ်းစားကြည့်” ကျုပ်နဲ့အောင်ဖေကိုလည်းဖိုးတုတ်ကဇီးသီးကိုစားကြည့ခိုင်းတယ် “အေးကွတစ်ကယ်ကောင်းတယ်” ဖိုးတုတ်ပြောသလောက်မဟုတ်ပေမဲ့အရသာကတော့တခြားဇီးပင်တွေနဲ့မတူပဲတော်တော်ကောင်းတယ်ဗျ ကျုပ်တို့လည်းဇီးသီးမနည်းများများခူးပြီး ကန်နံဘေးကတမာပင်ပေါ်ကိုတက်လိုက်ကြတယ်တမာပင်လေးကလည်းအေးလိုက်တာပြောမနေပါနဲ့ဗျာ အောင်ဖေကတော့အတတ်စမ်းပြီးကန်ဘက်ကိုထွက်နေတဲ့အကိုင်းပေါ်မှာတက်ထိုင်နေတာဗျ “သူကြီးအုန်းအဖြစ်ကလည်းစိတ်မကောင်းစရာပဲနော်ရွာအတွက်အသက်ပေးသွားရတာ” ရုတ်တရက်ပြောလာတဲ့ဖိုးတုတ်စကားကြောင့်လည်းကျုပ်နဲအောင်ဖေကတော့ပြိုင်တူခေါင်းညိတ်လိုက်မိတယ် “အဲ့ဒါကလည်းဒေါ်ဝိုင်းစိန်ပရောဂမကင်းဘူးကွဒေါ်ဝိုင်းစိန်ကြောင့်သူကြီးအုန်းသေရတာ” အောင်ဖေကတော့သူကြီးအုန်းသေရတာဒေါ်ဝိုင်းစိန်ကြောင့်ဟုမှတ်ပြီးတော့လည်းဒေါ်ဝိုင်းစိန်ကိုအပြစ်တင်နေတာကိုတော့ကျုပ်လည်းဝင်ပြောလိုက်ပါတယ် “အဲ့လိုလည်းမဟုတ်ပါဘူးကွာဘယ်သူကလည်းဓားပြအတိုက်ခံရပြီးပေါင်ကိုသေနတ်မှန်ချင်မှာလည်းကွာသူလည်းသူကြီးအုန်းအတွက်ရည်စူးပြီးတစ်ခုခုလုပ်ပေးချင်ပေမယ့်လည်းသူ့ငွေတွေကဖိုးစိန်တို့ယူသွားတာမိုလို့လည်းဘာမှလုပ်မပေးနိုင်ဘူးလေခုလည်းလူ့လောကကိုစိတ်ကုန်ပြီးမယ်သီလရှင်ဝတ်သွာပါပြီကွာ” ကျုပ်တို့လည်းရောက်တတ်ရာရာတွေပြောနေကြရင်းနဲ့ ညနေနွားရိုင်းသွင်းချိန်လောက်ကိုရောက်လာခဲ့တယ် ရုတ်တရက် လေအေးတစ်ချက်ကတိုက်လာပြီး အောင်ဖေကတော့တစ်ယောက်ယောက်စောင့်တွန်းလိုက်သလိုနဲ့ ကန်ထည်းကိုပြုတ်ကြသွားတာဗျ ကျုပ်တို့နှစ်ယောက် လည်း ရှိသမျှအသံကိုအားကုန်အော်တော့တာပေါ့ “လုပ်ကြပါအုံးဗျို့ အောင်ဖေရေနစ်နေလို့” “အောင်ဖေ……အောင်ဖေ” ကျုပ်ကတော့အော်ဟစ်အကူညီတောင်းနေတုန်းဖိုးတုတ်ကတော့အောင်ဖေ့ကိုအော်ပြီးအော်နေတယ် “ဘာဖြစ်ကြတာလည်းကွ” ရုတ်တရက်တောအုပ်ထည်းကထင်းစည်းကြီးထမ်းပြီးထွက်လာတဲ့ ဉီးကြီးမောင်ကတော့ကျုပ်တို့ ကိုလှမ်းမေးလိုက်တယ် “အောင်ဖေကန်ထည်းမှာရေနစ်နေလု့ိဗျကျုပ်တို့နှစ်ယောက်ကလည်းရေမကူးတတ်ဘူး” ဉီးကြီးမောင်ကတော့ထင်းစည်းကြီးကိုပြစ်ချပြီးကန်ဘောင်ရိုးပေါ်ကိုတက်လာခဲ့တယ် မင်းတို့တွေမလာသင့်တဲ့နေရာကိုလာတာပဲကွ ငါကူညီပေးမယ် ဉီးကြီးမောင်ကတော့ တမာတစ်ရွက်ကိုခူးပြီးလက်ဝါးပေါ်တင်ကာနှစ်ချက်ဆင့်ရိုက်လို်က်ပြီးကန်ထည်းကိုပြစ်ချလိုက်တယ် ရေပြင်ကလည်းတဝေါဝေါနဲ့မြည်ဟိန်းပြီးတော့လည်း ရေတွေကတစ်ဖြည်းဖြည်းနီရဲလာတယ် သရဲမကြီးတစ်ကောင်ကလည်းရေကန်ရဲ့အလယ်ကနေဗွမ်းကနေထွက်လာခဲ့တယ် “ဟဲ့အကောင်မသေချင်ရင်ငါတို့ကိစ္စဝင်မပါနဲ့” “အမယ်ရေသရဲမကများရာရာစစနင်ဖမ်းထားတဲ့ကောင်လေးကိုခုချက်ချင်းလွတ်လိုက်စမ်း” “လွတ်ပေးရမှာတဲ့လားဟားဟားဟားဟား” သရဲမကြီးကလည်းကြောက်စရာအသံကြီးနဲ့ရီနေတာဗျ ပြီးတာနဲ့လည်းဉီးကြီးမောင်ကိုရေလုံးကြီးတွေနဲ့ပြစ်တော့တာဗျ ဉီးကြီးမောင်ကလည်းရှောင်တောင်မရှောင်ပါဘူးဗျာ ရေလုံးကြီးတွေကလည်းဉီးကြီးမောင်ကိုထိတာနဲ့ ကွဲထွက်သွားပြီးဘေးကသစ်ပင်ငယ်လေးတွေကိုပြေးမှန်တာဗျ အမှန်ခံရတဲ့သစ်ပင်လေးေတွကတော့ချက်ချင်းခြောက်ကပ်သွားတာဗျ “သာလှရေအနုနည်းနဲ့မရတော့လည်းအကြမ်းနည်းပေါ့ကွာ” ဉီးကြီးမောင်ကလည်းရေထည်းကိုသေချာကြည့်တယ် သူ့ကြည့်ရတာတစ်ခုခုကိုရှာနေတဲ့ပုံပဲ “လာလေရော့…လာစမ်း” ဉီးကြီးမောင်ကတော့လက်ညိုးနဲ့ရေထည်းကတစ်နေရာကိုထိုးလိုက်ပြီးအပေါ်ကိုဆွဲထုတ်လိုက်တယ် “အောင်ဖေ…အော်ဖေ” အောင်ဖေကတော့လေပေါ်မှာတန်းလန်းကြီးဗျသရဲမကြီးကလည်းလက်ညိုးနဲ့ထိုးရင်းအောင်ဖေကိုရေထည်းပြန်ဆွဲချသလိုလုပ်နေတာဗျ အောင်ဖေကတော့ အပေါ်ပါလာလိုက်ရေမျက်နှာပြင်နဲ့ထိလိုက်နဲ့နောက်ဆုံးတော့ဉီးကြီးမောင်က အားပြင်းပြင်းနဲ့ဆွဲလိုက်တယ်အောင်ဖေကလည်း လေထည်းကပျံလာတာပေါ့ကျုပ်တို့လည်း အောက်ဖေကိုစီးဖမ်းထားလိုကတယ်် “ကဲသရဲမငါ့လူရှိလို့နင့်ကိုညှာထားတာအကောင်းမှတ်နေတယ်ပေါ့ကဲလာစမ်းဟာ” ဉီးကြီးမောင်ကတော့သရဲမကြီးကိုပြောရင်းနဲ့ မြေကြီးကိုဖနောင့်တစ်ချက်ပေါက်လိုက်တယ် သရဲမကြီးကလည်းရေထည်းကိုပြုတ်ကြသွားပြီးတော့ ရေပြင်ကလည်းငြိမ်သက်သွားပြန်တယ် “သရဲမကပြေးချင်တာပေါ့ ငါ့ရှေ့ကလွဲပြီး ဒီကန်မှာရ​ှိတဲ့ရေသရဲမ သွားတဲ့နေရာတိုင်းမီးလိုပူစမ်းဟာ” “ကြောက်လှပါပြီရှင်မပြေးရဲတော့ပါဘူးတောင်းပန်ပါတယ်” သရဲမကြီးကလည်းအူယားဖားယားနဲ့ဉီးကြီးမောင်ရှေ့ကိုလေးဘက်ထောက်ကြီးပြေးတက်လာတာဗျ “နင့်အပြစ်နင်သိတယ်မလား” “သိပါတယ်ရှင်သိပါတယ်” “သိရင်လည်းငါပေးတဲ့အပြစ်ဒဏ္ကိုခံယူစမ်း” “ခံယူပါ့မယ်ရှင်ခံယူပါ့မယ်ကြောက်လည်းကြောက်ပါတယ်” “ဒီကန်ကိုလာတဲ့သူဘယ်သူ့ကိုမှမသတ်စားရဘူးခြောက်လှန့်တာလည်းမလုပ်ရဘူးရေဆင်းကူးရင်တောင်နင်ဘာမှမလုပ်ရဘူးနင့်အတွက်ပြစ်ဒဏ္ကတော့အချိန်နှစ်ဆယ်ရှိတဲ့ကျောက်တုံးကို၅လထမ်းထားရမယ်ကြားလားသရဲမ” “ကြားပါတယ်ရှင်ကျမကတိလည်းပေးပါတယ်ဆရာကြီးကိုကြောက်လည်းကြောက်ပါပြီ” သရဲမကိုယ်ပေါ်ကိုလည်းကျောက်တုံးကြီးတစ်ခုကအလိုလိုရောက်လာပြီးသရဲမနဲ့လည်းရေထည်းကိုပြုန်ကြသွားတာဗျ အနီရောင်ရေမျက်နှာပြင်ကလည်းပုံမှန်ပြန်ဖြစ်သွားတယ် အောင်ဖေကလည်းခုမှသတိပြန်ရလာတာဗျ “အောင်ဖေသတိရပြီလား” “အေးသတိရပြီကွငါ့ကိုသရဲကြီးတစ်ကောင်တွန်းချတာကွငါမြင်လိုက်တယ်” ဉီးကြီးမောင်ကလည်းကျုပ်တို့ကိုပြန်ဖို့ပြောပြီးသူ့ထင်းစည်းကြီးကိုထမ်းဖို့ပြင်နေတာနဲ့ကျုပ်လည်းဉီးကြီးမောင်အစားထမ်းပေးလိုက်တယ် “ဉီးကြီးမောင်ကျုပ်သတိရပြီဗျဒီကန်ကြီးကကျုပ်အဖိုးစံထွန်းပြေးခဲ့ရတဲ့အိမ်ကြီးနေရာမှာအချိန်​​ကြာ​ေတာ့လည်းအိမ်ကြီးပြက်ပြီးကန်ကြီးဖြစိနေတာမလား” “ပေါက်ပေါကိရှာရှာသာလှရယ်အဲ့ဒီအိ်မ်ပျက်ကြီးကတစ်ခြားနေရာမှာပါကွာအဲ့အိမ်ကြီး​မရှိတော့တာလည်းကြာပြီကွဒီကန်ကြီးကတော့ငါတို့မမွေးခင် တည်းကရှိခဲ့တာလို့ပြောကြတယ်ရွာကသူတွေကလည်းဒီကန်ကြိးမှာသရဲမကြီးရှိတယ်ဆိုပြီးဘယ်သူမှအသုံးမပြုကြတာကွ” “အဲ့တာကြောင့်လည်းဒီကန်နားမှာလယ်တွေယာတွေမရှိတာကိုဗျဒါနဲ့ဉီးကြီးမောင်ကဘယ်လိုလုပ်ပြီးဒီကိုရောက်လာတာလည်း” “ထင်းလာခွေတာကွအိမ်မှာကထင်းနည်းနေပြီလေကွာ ထင်းခွေပြီးပြန်လာတုန်းရှိသေးတယ်သာလှအသံကြားလို့ပြေးလာတာ” “တော်သေးတာပေါ့ဗျာဉီးကြီးမောင်သာမရောက်လာရင်အောင်ဖေ့ဘဝတော့ဘယ်လိုဖြစ်မလည်းမတွေးရဲစရာပဲ” “ဒီကောင်မကရေသရဲမကွ ရေထည်းရောက်ပြီးတန်းမသေတာတော်တော်ကံကောင်းတယ်ပြောရမယ် ဒီကောင်မနောက်တစ်ခါမလုပ်ရဲတော့ပါဘူးငါဒဏ္ပေးထားလိုက်ပြီ” ကျုပ်ကတော့ထင်းစည်းကိုခနချပြီး ဇီးသီးတွေကိုခပ်သွပ်သွပ်ခူးခဲ့တာပေါ့နောက်တစ်ခါမလာရဲတော့ဘူးလေဗျာ အောင်ဖေကလည်းတော်တော်မောနေတာနဲ့ဖိုးတုတ်ကတွဲပေးထားရတယ် အဲ့အချိန်ထည်းကစပြီးတော့ကျုပ်တို့လည်းအဲ့ဒီရေသရဲမနေတဲ့ကန်ကိုခြေဉိးတောင်မလှည့်တော့ပါဘူးဗျာ

ပြီပါပြီ

ရွင်လန်းချမ်းမြေ့ကြပါစေ