ယောက်က ရှေ့က ဆီးတွန်းနေသည်။ အခြားမူးနေသော သင်္ချိုင်းအတွင်းက လူများက ခဲလုံးများကောက်ပြီး “ဟေ့ နောက်လာဦးမလား” ဒုံး …ဒုံး …ဒုံး “ဟေ့ကောင်တွေ သောက်ရမ်းမပစ်နဲ့ လူတွေ ထိကုန်ဦးမယ်” “ဟေ့ နောက်လာဦးမလား” “မလာတော့ကွ …” “မလာတော့ဘူးဟေ့” “ဒုန်း ” ‘ဒုန်း’ ‘ဒုန်း’ သင်္ချိုင်းကုန်းကို ကြိုရောက်နေသူများ ကျင်းတူးနေသူများက ခဲလုံးသေးသေးများကို ကောက်ကာ အလောင်းစင်ကို လှမ်းပြီးပေါက်ကြသည်။ အချို့ ခဲလုံးများက လူကိုထိမှန်သည်။ ထိုအခါ သွေးဆူနေသော လူငယ်များကလည်း အလောင်းစင်ကို တွန်းတိုက်ကစားမှု ...

တယ်ဗျ။ အမေက ရေနွေးကြမ်း တစ်ခွက် ငှဲ့ငေါက်ပြီး ထသွားတယ်။ “စားကွ ကျောက်ခဲရ လက်ဖက်နဲ့ ပုရစ်ကျော်အားကြီးလိုက်တာကွ ငါတော့ကြိုက်တယ် ” ” ကိုကြီးတာတေဆီကိုပုရစ်လည်းပေးရင်း ရွာထဲကသတင်းလည်း ပြောရင်းလာတာဗျ ” ” ဟေ ဘာများတုံးကွ ရွာထဲမယ် ဘာဖြစ်လို့တုံး ” ” ကိုကြီးတာတေ ဒီအကြောင်းမကြားသေးဘူးထင်တယ်” “ဟေ့အေး ငါဘာမှမကြားသေးဘူး ကျောက်ခဲရ ” ” ဒီလိုဗျ အရီးမယ်ခ ဝိုင်းနဲ့ ကပ်လျက် အဝုိင်းက ဘိုးထွေးမောင်ကြည်ကို သိလား ” ” ...

သိပ်မူမှန်တော့ဘူးတဲ့ဗျ။ နှာတွေတဖူးဖူးမှုတ်ပြီး တစ်ချက် တစ်ချက် ရပ်နေကြတယ်လေ “ကိုကြွက်နီ တော့်နွားတွေ ဘာဖြစ်တာတုံး” လို့ ဒေါ်ပုကမေးတော့ ဦးကြွက်နီက … “မသိဘူးဟဲ့ မပုရဲ့ ရှေ့မသွားဘဲ ရပ်,ရပ်နေတယ်ဟ” “ဘာများဖြစ်လို့လိမ့် မြွေတွေဘာတွေများ တွေ့နေလို့လားတော်” “မပုနှယ် ကျုပ်က ဆယ်နှစ်သားကတည်းက နွားလှည်း မောင်းလာတာပါ ဒါမြွေတွေ့တဲ့ပုံစံ မဟုတ်ဘူး” “ဒါဆို ဘာတွေ့လို့တုံး” “ဟို အုတ်လမ်းထဲက လူတစ်ယောက် ထွက်လာပြီး လှည်းလမ်းကြောင်းအတိုင်း လျှောက်သွားပြီးကတည်းက အဲဒီလိုဖြစ်တာဟဲ့” “ဟင် ဒါဆို လူမှဟုတ်ရဲ့လားတော်” “လူလိုတော့ ထင်တာပဲ ...

မကတော့ဘူးတဲ့။ အဲဒါ ပထမဆုံး သရဲအခြောက်ခံရတာပဲ။ ဒုတိယအခြောက်ခံရတာက မနေ့တစ်နေ့ကမှ ဆရာ။ ပြောရရင် လွန်ခဲ့တဲ့ တစ်လကျော်က ပူပူနွေးနွေးကြီး။အဲဒီငတိမက ကျွန်တော့်ကားကို တားဆီးတာ။ သူစီးတဲ့နေရာက စွယ်တော်ကုန်းလိပ်အလွန်လေးကနေ ဒဂုံမြောက်ပိုင်းဝဋ်ကြွေးတော်ပြေဘုရားရှေ့နား ပို့ခိုင်းတာ။ လှတားတော့ ဆံပင်ရှည်ကြီးနဲ့ အတော်လှတာ ဆရာ။ အချိန်က ည ၁ နာရီလောက်ရှိနေပြီ။ အဖော်လည်းမပါ၊ ဘာမပါနဲ့။ ညကားသမားတွေကအဲလို တစ်ခါ တစ်ခါ အလန်းဇယားလိုလို အဆန်းအပြားလိုလိုတွေနဲ့လည်း ကြုံရတတ်တယ်။ သူ ကားထဲရောက်တာနဲ့တစ်ကားလုံး မွှေးကြိုင်သွားတာပဲ ဆရာရေ။ တိုတိုပြောရရင် ကားနောက်ခန်းမှာ ဘာစကားမှ ...

ယ်ကတော့ လက်နှစ်ဖက်မှာ ဆွဲခြင်းတောင်းတွေ၊ လက်ဆွဲအိတ်တွေ စုံအောင်ဆွဲလို့ဗျ။ ဘကြီးသုန်ကိုမြင်လိုက်တော့ ကျုပ်လည်းပျော်သွားတာပေါ့ဗျာ၊ ဒါနဲ့ သူ့လက်ထဲက စာအုပ်ထုပ်ကြီးကို ပြေးဆွဲလိုက်တယ်လေ။ “ဘကြီးသုန်တို့ပါလား၊ လာပါ ခြံထဲဝင်ခဲ့လေဗျာ၊ ခြံတံခါးဖွင့်ထားရဲ့သားနဲ့” အဖေက အိမ်ထဲကနေ လှမ်းအော်တယ်ဗျ၊ ဒါနဲ့ဘကြီးသုန်တို့ ခြံထဲကိုဝင်ခဲ့ကြတယ်ပေါ့ဗျာ။ “တယ်၊ ဒီကောင်လေးက စာပေရူးလို့မပြောရဘူး၊ နင့်ဘကြီးဆီက စာအုပ်ပြေးသယ်တာပဲ၊ ငါ့မှာအထုပ်အပိုးတွေနဲ့ ငါ့ကိုကူသယ်ပါအုံးအေ” မငယ်တို့က အိမ်ရှေ့ကွပ်ပျစ်မှာထိုင်လိုက်ကြတယ်။ ကျုပ်ကတော့ ဘကြီးသုန်ရဲ့စာအုပ်ထုပ်ကြီးကို ဖြေတော့တာပဲပေါ့ဗျာ၊ “ဒါက သော်တာဆွေ၊ ဒါကတော့ ရွှေဥဒေါင်း” စာအုပ်တွေရတော့ ကျုပ်လည်းပျော်တာပေါ့ဗျာ၊ နောက်တော့ အမေတို့အဖေတို့ရောက်လာပြီး ...

ထွက်တယ်ဆိုတာ မှန်းခြေနဲ့သိပြီးသားပဲမဟုတ်လား၊ ဒီတော့ ရွာလူကြီးကပဲ ဟိုလူက တင်းနှစ်ဆယ်၊ ဒီလူက ဆယ်တင်း စသဖြင့် စပါးစိုက်တဲ့သူတွေကို တာဝန်ကျေစပါးရောင်းခိုင်းရတာပေါ့ဗျာ၊ ကိုယ်ပင်ပင်ပန်းပန်းစိုက်ပျိုးထားတဲ့ စပါးကို အလကားမတ်တင်းပေးလိုက်ရမှာဆိုတော့ ဘယ်ပေးချင်မှာလဲဗျာ၊ ဒီတော့ သူကြီးကိုပဲ မုန်းကြတာပေါ့။ တစ်ချို့ရွာတွေဆိုရင် သူကြီးကိုလာဘ်ထိုးကြတယ်၊ သူတို့ကို စပါးခွဲတမ်းမချပေးဖို့ပေါ့ဗျာ၊ တစ်ချို့ရွာတွေဆိုရင်လည်း သူကြီးက သမာသမတ်မကျဘူးပေါ့ဗျာ၊ သူ့လယ်၊ သူ့ဆွေမျိုးလယ်တွေကို ချန်ပြီး တခြားလူတွေကို စပါးခွဲတမ်းတွေချပေးတာမျိုးပေါ့၊ အဲဒီမှာ အစိုးရလူကြီးတွေ၊ ကော်မတီလူကြီးတွေ ပြန်သွားပြီဆိုရင် သူကြီးကိုမကျေနပ်တဲ့သူတွေက အမျိုးမျိုးရန်ပြုတော့တာပဲဗျာ၊ ကျုပ်တို့နယ်ရဲ့ တောင်ဘက်က စပါးအထွက်ကောင်းတဲ့ ရွာတွေမှာ ...

တွင်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူသည်အခြားလူမဟုတ်။ လွန်ခဲ့သောရက်သတ္တပတ်ခန့်က ဆုံးသွားခဲ့သည့် ဦးခင်ရီဖြစ်လေသည်။ ဦးခင်ရီတွင်အင်္ကျီမပါသလို အောက်ပိုင်းတွင်ဝတ်ထားသည့်ပုဆိုးကလည်း စုတ်ပြတ်လျက်ရှိနေသည်။ ၎င်းကိုတွေ့ရတော့ သူမက “ဟင် ဦးလေးခင်ရီ။ဘာကိစ္စလဲရှင့်” ယင်းသို့မေးတော့ ဦးခင်ရီက “ဦးလေး စားရမဲ့ သောက်ရမဲ့ဖြစ်နေတယ်။ ပြီးတော့ ဝတ်စရာကလည်း မရှိဘူး။ဒါကြောင့်မို့ ဦးမိန်းမကိုပြောပေးပါ။ဦးအတွက်ရည်စူးပြီး ရဟန်းသံဃာတွေကို ဆွမ်းနဲ့သင်္ကန်းကပ်ပေးပါလို့” “ဟုတ် စိတ်ချပါ ဦး။သမီးပြောပေးပါမယ်” ယင်းသို့ကတိပေးပြီးခိုက်မှာပင် မမျိုးမျိုး အိပ်ရာမှနိုးလာခဲ့သည်။ ပြီး လူတစ်ကိုယ်လုံးလည်းနုံးချိနေကာ နာရီကိုကြည့်လိုက်ပြန်ရာနေ့လည်ဆယ့်နှစ်နာရီပင်ကျော်နေလေပြီ။ ထို့နောက် အိပ်ခန်းထဲမှထွက်ကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ဦးခင်ရီတို့အိမ်သို့ထွက်လာခဲ့သည်။ ၎င်း၏အိမ်သို့ရောက်တော့ ဇနီးဖြစ်သူ ဒေါ်သန်းဌေးကိုအခန့်သင့်တွေ့ရသည်။ ...

ရောက်နေတယ်ဆိုတာ သိကြတယ်လေ။ ဒီလို၊ ကျွဲပိုင်ရှင်က ကျွဲခလောက်သံ မှတ်ထားသလို၊ ကိုင်းတောထဲမှာ ကျက်စားတဲ့ ငှက်လေးတွေကလည်း ကျွဲ ခလောက်သံ တတောက်တောက်ကို မှတ်ထားတြတယ်။ ကျွဲလာရင် သူတို့အတွက် အန္တာရာယ်မရှိဘူးဆိုတာလည်း အတွေ့အကြုံအရ သိနေကြတယ်။ဒါကြောင့် ကျွဲလာတာမြင်ရင်၊ ကျွဲခလောက်သံကြားရင်၊ အစား မပျက်၊ အအိပ်မပျက်ဘဲ၊ နောက်ဆုံးခေါင်းတောင် ထောင်မကြည့် တော့ဘူး …။ အဲဒီအချက်က ငှက်ရဲ့အားနည်းချက်ဖြစ်သွားတာပေါ့ …။နိုင်ကြီးက ငှက်ရဲ့အားနည်းချက်ကို အသုံးချပြီး ငှက်ဖမ်း နည်း ထွင်လိုက်တာလည်းဖြစ်တယ်။ နောက်က မသီက ကျွဲလာတဲ့ ပုံသဏ္ဌာန်နှင့် ကျွဲခလောက်ကို ...

သမီးလေးဖြစ်၍လည်း နှစ်ဖက်မိဘ ဆွေမျိုးအားလုံးက အလိုလိုက် အကြိုက်ဆောင်ကာ ဖူးဖူးမှုတ်ထားခဲ့လေသည်။ “သမီးရေ ခင်နှောင်း” “ရှင် အမေ” “လာပါဦးကွယ် “ “ဟုတ်” မိခင်ဖြစ်သူ လှမ်းခေါ်သောကြောင့် အိမ်ခန်းထဲဝင်ကာ အလှပြင်နေသော ခင်နှောင်းတစ်ယောက် လုံချည်လေး ပြင်ဝတ်ရင်း မိခင်ရှိရာ လျှောက်လာခဲ့သည်။ သမီးဖြစ်သူ ရောက်လာသည်နှင့် ဒေါ်လှနု တစ်ယောက် သမီးဖြစ်သူကို စေ့စေ့ကြည့်ကာ “သမီး မျိုးဝင်း ဆိုတဲ့ ကောင်လေးနဲ့ ဖြစ်နေတယ် ​ ဆိုတာ ဟုတ်လား “ “ဟာ အမေကလည်း ခုနက ...

အဆင်ပြေမယ် လို့ ပြောပြီး ငအုန်းကို အဖော်ညှိမိတယ်ကွာ “     “,ကိုမြ တော်တော့ ဗျာ ဘာတွေပြောနေတာလဲ “     ‌ဦးအုန်းသည် ဘကြီးမြအား ဟန်တားနေပေမဲ့ မောင်ဘိုးထင်မှ ဆက်ပြောဖို့ မျက်ရိပ် မျက်ခြေ ပြလိုက်ရာ ဆက်ပြီး စကားဆိုလေသည် ။     “ငါတို့ အကြောင်းလည်း မင်းအသိပဲ တူတူ အရက်‌ေသာက်ရင် အမှောက် သောက်တာ ပါးစပ်က လည်း ဘာတွေ ပြောလို့ ပြောမိမှန်း ကို မသိတာ “ ...