သူငယ်ချင်း” ဒီကောင်ကလည်း ခေါ်ရင်း ဝင်လာတာ လှေကားတောင်ရောက်နေပြီဗျ။ ကျုပ်ထိုင် နေတဲ့တန်းလျားမှာပဲ ဝင်ထိုင်တာဗျ။ ကျုပ် ကလည်း နဂါးဆေးပေါ့လိပ်တစ်လိပ်နဲ့ မီး ခတ်ကလေး ကမ်းပေးလိုက်တယ်။ သ်ိန်း ဇော်ကလည်း နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး ဖွာလိုက်တယ်။ “သိန်းဇော် မင်း ဘာစားခဲ့ပြီလဲ၊ ထမင်းကြမ်း စားမလား” “ဟာ ငါ ထမင်းကြမ်း စားပြီးပြီကွ” “ဟဲ့ ဒါ ဘယ်သူတုံး၊ သိန်းဇော်လား၊ မလာ တာတောင် ကြာပြီ” “ဟုတ်တယ် အရီးရေ၊ ဘိုးဥာဏ်ရော စော စောစီးစီး ...

ကြတာပေါ့ ကျုပ်ကလည်းထမင်းဆက်မစားနိုင်ဘုးလေ ရင်ထည်းမှာလည်းတစ်မျိုးကြီးခံစားနေရတယ် ကျုပ်လည်း ခြင်းတောင်းထည်းကပစ္စည်းတွေကိုထုတ်ကြည့်တော့လည်း ချည်ချောသားပုဆိုးတစ်ထည် မျက်နှာသုတ်ပဝါတစ်ခု အိမ်ကျီတစ်ထည်နဲ့ ငွေ၁၀၀၀ကိုလည်းတွေ့ရတယ် ဒါတွေလိုချင်လို့ကူညီတာမဟုတ်ဘူးဆိုတာကိုသိပေမယ့်လည်း ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးတာပေါ့ဗျာ ကျုပ်ကလည်းငွေတစ်ထောင်ကိုတော့အမေ့ကိုအပ်ပြီး ပုဆိူးနဲ့အိမ်ကျီကိုလည်းသေတ္တာထည်းမှာသိမ်းလိုက်တယ် အဖေကလယ်ထည်းကိုဆင်းသွားတော့လည်းကျုပ်ကလိုက်ရတာပေါ့ လယ်ထည်းကိုရောက်တော့လည်းခပ်ကြီးကြီးအရွက်တွေကိုခူးပြီးတော့လည်း မြေမှာခင်း ထိုအပေါ်ကိုလည်း လိုအပ်သည်များကိုတင်တာပေါ့ ပြီးတော့လည်း လယ်စောင့်နတ်ကိုပင့်ပြီးတော့လယ်နတ်တင်တာပေါ့ ထိုနေ့တော့အလုပ်မလုပ်ရတာကြောင့်လယ်နတ်တင်ပြီး ပြန်လာခဲ့ကြတယ် ကျုပ်ကလည်းနေ့လည် စာ စားပြီးတော့လည်း ဖိုးတုတ်အိမ်ကိုထွက်လာခဲ့တယ် “ဟောသာလှပါလား မလာစဖူးအလာထူးပါလားဘာကိစ္စရှိလို့လည်း” ကျုပ်ကိုမြင်တော့လည်းဖိုးတုတ်ကတော့ ပြောလိုက်ပါတယ် “ဘာကိစ္စမှမရှိပါဘူးကွာမင်အိမ်ကိုမရောက်ဖြစ်တာနဲ့လာခဲ့တာ ဒါနဲ့အရီးလေးတို့နေကောင်းလား” “ကောင်းပါတယ်ကွာ..အမေကတော့ဟိုဘက်ရွာခနသွားတယ်ကွ” “အော်အေးအေး” “ဒါနဲ့သာလှအရီးမြအခြေနေကောဘယ်လိုလည်းကွသက်သာရဲ့လား” “မသက်သာပါဘူးကွာဗိုက်ကိုလည်းဖိထားနေရတယ်ပြောတယ်ကွ” “ဒါဆိုလည်းမင်းနဲ့ငါအရီးမြအိမ်ကိုသွားကြမယ်လေလုပ်စရာရှိတာလေးတွေသွားလုပ်ပေးကြတာပေါ့” “ကောင်းသားပဲကွသွားကြမယ်လေ” ကျုပ်နဲ့ဖိုးတုတ်ကလည်းအရီးမြအိမ်ကိုထွက်လာခဲ့တာပေါ့ ...

လက်ပြောင်းကြလွန်းလို့တောင်မှ အဲဒီလယ်တွေကို ကျုပ်တို့ရွာမှာ လယ်တန်ဆာလို့တောင်ခေါ်ကြတယ်” ကျုပ်လည်းမျက်မှောင်ကြုတ်လိုက်ပြီး “လယ်တန်ဆာတဲ့လားဗျာ” “တင်စားပြီးခေါ်တာ ငါ့တူရ၊ ပြည့်တန်ဆာဆိုတာ ဟိုလူနဲ့ပျော်လိုက်၊ ဒီလူနဲ့ပျော်လိုက် အချိန်ခဏပဲပျော်ရသလို၊ ဒီလယ်တွေကိုလည်း ဟိုလူကဝယ်လိုက်၊ မလုပ်ရဲလို့ ပြန်ရောင်းလိုက်နဲ့ လူတကာလက်ထဲဝေ့လည်လည်ဖြစ်နေလို့ ဒီနာမည်ပေးထားတာပဲ” “နေပါအုံးဗျ၊ ဘာလို့ဝယ်တဲ့သူတွေက လယ်ကိုမလုပ်ရဲတာလဲ” “အဲဒါကတော့ စံပေါတို့ကြောင့်ပေါ့ကွာ” “ဘယ်လိုဗျ” ဘကြီးထွန်းရင်က မဘောမပေါက်ရကောင်းလားဆိုတဲ့ မျက်နှာပေးနဲ့ ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့ “စံပေါတို့လင်မယားက မသေဘူးတဲ့ကွ၊ သူတို့လယ်တွေကို စိတ်စွဲပြီးတော့ သရဲကြီးဖြစ်နေကြတာတဲ့” “ဟာဗျာ၊ သနားဖို့ကောင်းလိုက်တာ၊ ရွာကလူတွေက ဘာမှလုပ်မပေးဘူးလား” “မင်းနှယ်ကွာ၊ လုပ်မပေးဘဲနေပါ့မလားကွ၊ ငါကိုယ်တိုင် ...

လောက်ကတော့ ငါအသာကလေးပဲ” “ကောင်းပြီလေ၊ ဒါဆို ရှင်နဲ့ကျုပ်နဲ့ နှစ်ယောက်ချင်းပြိင်မယ်၊ ကျန်တဲ့ဘယ်သူမှ ဝင်မပါကြေးနော်၊ ရှင်နိုင်ရင် ရှင်လုပ်ချင်တာလုပ်၊ ကျုပ်နိုင်ရင်လည်း ရှင့်ကိုလုပ်ချင်ရာလုပ်မယ်” “အကြိုက်ပေါ့ဟာ” ပြောရင်းဆိုရင်း ငညိုက လက်ကိုမြှောက်လိုက်ပြီးတော့ အပ်တစ်စင်းကို လေထဲကနေဖမ်းယူလိုက်တယ်ဗျ၊ ပြီးတော့ အဲဒီအပ်ကို ပါးစပ်နားမှာ မန်းမှုတ်ပြီးတော့ မယဉ်မြိုင် ဆီကိလှမ်းလွှတ်လိုက်ပါရောဗျာ၊ မယဉ်မြိုင်ကလည်း အပ်ကိုမျက်စောင်းထိုးလိုက်တော့ အပ်က လေထဲမှာ တန့်နေသဗျ။ “သြော်၊ ညည်းက ငါ့အပ်ကို တားနိုင်တယ်ပေါ့ဟုတ်သလား” ငညိုက ပြောဆိုပြီးတော့ အပ်ကိုတောင်ဝှေးနဲ့လှမ်းချိန်လိုက်တော့ အပ်ကတဖြည်းဖြည်းနဲ့အရှေ့တိုးလာတယ်ဗျာ၊ မယဉ်မြိုင် တစ်ကိုယ်လံုံးလည်း ချွေးတွေထွက်ပြီးတော့ ...

ပေါက်တာလေ။ ကျုပ်က အဲဒီသစ်စုန်းပင်ကို ဝင်လုယူတာမဟုတ် လား၊ ရအောင်ယူပြီး လွတ်အောင်ပြေးရ တာပေါ့ မောင်တာတေရဲ့၊ အဲဒီလိုမဟုတ် ဘဲ ကျုပ်တတ်ထားတဲ့ ပညာတွေနဲ့ မဖဲဝါ ကို ဒုက္ခပေးလိုက်ရင် ကျုပ်က လက်နက် အားကိုးနဲ့ မတရားအနိုင်ကျင့်တဲ့ ဓါးမြဖြစ် သွားမှာပေါ့” (တာတေနဲ့ ဆရာနွံဖတို့ သစ်စုန်းပင်လိုက် တာကို ဖတ်ချင်ရင်တော့ ‘ကိုယ်တွေ့မဖဲဝါ’ မှာဖတ်ရှုနိုင်ပါတယ်) “သြော် ဒီလိုလား ” ကျုပ်က ဒီတော့မှ နားလည်တာဗျ။ အင်း ပြောရရင်တော့ ကျုပ်မသိတာက ခပ်များ များရယ်ဗျို့။ ...

သဗျာ၊ ဒါနဲ့ သူနဲ့နီးလိုနီးငြား လာခဲ့တာပေါ့။ ခင်ဝိုင်းက အသက်က ဆယ့်ရှစ်လောက်ဝန်းကျင်ဗျ၊ ကျုပ်တို့နဲ့ဆို ဆွေမျိုးမကင်းပဲတော်တာ၊ အမျိုးဝေးတယ်ပေါ့ဗျာ၊ အသားအရည်ကတော့ ခပ်လတ်လတ်ပဲဗျ၊ မပိန်မ၀လေးပေါ့ဗျာ၊ အရပ်ကတော့ နည်းနည်းပုတယ်ဗျ။ နောက်ပြီးတော့ ကိုယ်လုံးကိုယ်ပေါက်ကလည်း တော်တော်ကြည့်ကောင်းတယ်၊ ကျောလယ်လောက်ရှိတဲ့ဆံပင်ကို ကျစ်ဆံမြီးလေးကျစ်ထားရင် သိပ်ယဉ်တာပါဗျ၊ ကျုပ်ကလည်း သူ့ကိုငေးတာပေါ့ဗျာ၊ သူနဲ့ကျုပ်အကြည့်ချင်းဆုံရင် ကျုပ်ကိုပြုံးပြပြိးတော့ ခေါင်းကြီးငုံ့သွားတာဗျ၊ ကျုပ်ကလည်း အဲဒါကိုကြည့်ပြီး လွှတ်ကြွေတာပေါ့ဗျာ။ ထားပါတော့၊ ဒါနဲ့ပဲ ကလေးတွေကို အဖော်လိုက်ပေးတဲ့ ခင်ဝိုင်းနဲ့နီးအောင် ကျုပ်လည်း အိမ်က မျောက်တစ်သိုက်ကို ရွာထိပ်ကိုမောင်းလာခဲ့တာပေါ့၊ ကလေးတွေက အတိုင်အဖောက်ညီပါတယ်၊ ...

ဘာတွေ သောက်နေတုန်း ရေနဲ့ ဝေါခနဲ လှမ်းပက်တာတဲ့ဗျ” “ဟေ…ဟုတ်လား၊ ဒီလိုခြောက်တာ တစ်ခါ မှ မကြားဖူးပါလား” “ဒါတင်နကသေးဘူးဗျ။ ညဘက် ခေါင်မိုးပေါ် ကို အုန်းခနဲ ခုန်ချတာတဲ့။ ပြီးတော့ အိမ်ပေါ် ထပ်က ပစ္စည်းတွေကို ဂွမ်းခနဲနေအောင် တွန်းချ၊ တွန်းလှဲတဲ့ ကိုကြီးတာတေရေ” “ဟင်…ဒါဆိုရင် ဒီသရဲက ဘာကိုလိုချင် လို့တုံး” “ဘာလိုချင်ရမှာတုံးဗျ၊ စားချင်တာလေ။ အဲ ဒီလို အခြောက်ခံရတဲ့အိမ်က အမဲသားဝယ် ပြီး ကျွေးရတယ်တဲ့။ အမဲသားကလည်း နည်း နည်းကျွေးလို့ မရဘူးတဲ့ဗျို့၊ ...

တောင်မရှိဘူးဗျို့၊ ဘေးကိုကြည့်လိုက်တော့လည်း ခြံစည်းရိုးတွေကာရံထားတဲ့ အိမ်တွေက တိတ်ဆိတ်လို့ဗျ၊ တစ်ချို့အိမ်တွေကတော့ မီးခွက်အလင်းရောင်လေးတွေ မြင်နေရသားပဲ၊ ကျုပ်တို့လည်း ရွာလယ်အတိုင်းလျှောက်လာရင်း ရွာလယ်မှာ ရွာသားတစ်သိုက်နဲ့တွေ့ကြပါရောဗျာ၊ ဒီရွာသားတွေလည်း ဓါးတွေလှံတွေနဲ့ကို စောင့်နေတာဗျ။ ဦးဘသာက အနားကိုကပ်သွားပြီးတော့ “လူလေးတို့၊ ဒီရွာမှာ ဦးလူလှအိမ်က ဘယ်အိမ်များလဲ” ဒီလူတွေက ကျုပ်တို့ကိုစိမ်းစိမ်းကြီးစိုက်ကြည့်တယ်ဗျ။ “ခင်ဗျားတို့ကို မမြင်ဖူးပါလား၊ ခင်ဗျားတို့ ဘယ်ကလာတာလဲ” “ဇီးကုန်းရွာကနေ လာခဲ့ကြတာပါ” ဒီတော့ အခြားလူတစ်ယောက်က “ဦးလူလှဆီလာတာဆိုတော့ ဆိုင်းလာငှားတဲ့ပုံပဲ” သူတို့အချင်းချင်းပြောရင်း ခေါင်းညိတ်လိုက်ပြီး “မြောက်ဘက်ကိုကွေ့သွားလိုက်ဗျာ၊ အဲဒီမှာ ဦးလူလှအိမ်ရှိတယ်၊ ခင်ဗျားတို့မြင်ရင်တွေ့လိမ့်မယ်၊ မှားစရာမရှိပါဘူး” ...

ပါ၊အရွယ်နဲ့မလိုက်အောင်လည်း မိဘအပေါ် သိတတ် ဘယ်၊ အကူအညီပေးတယ်။ ကျော်တင့် မောင်မင်းနိုင်ကို ကြည့်မရဘူး၊ အလိုလို မုန်းတီးနေတယ်…..။တစ်ဦးတည်းသော သားအဖြစ်ကနေ မောင်မင်းနိုင်ဆိုတဲ့ ပြိုင်ဖက်နောက်တစ်ဦး ပေါ်လာတာရယ်….၊ သူ၊ အိမ်က ပစ္စည်းပစ္စယတွေ အလစ်သုတ်ခိုးယူတဲ့အ ခါ မောင်မင်းနိုင်ကို ဂရုတစိုက်၊ သတိထားနေရတာတွေကြောင့် ဖြစ်တယ်။ မောင်မင်းနိုင်ကလည်း ကျော်တင့်ရဲ့ မကောင်းတဲ့အ ကျင့်စရိုက်ကို သိတယ်၊ဂရုတစိုက် စောင့်ကြည့်တယ်၊ ကျော်တင့်ရဲ့မသမာမှုတွေ တွေ့တာနဲ့ မိဘတွေဆီ ချက် ခြင်းပြန်တိုင်လေ့ရှိတယ်။ ဒါတွေကြောင့်လည်း ကျော်တင့်ရဲအမုန်းတွေ မောင်မင်း နိုင်ဆီ စုပြုံရောက်နေတာဖြစ်တယ်၊. ဒီနေ့ ...

ပေါ့။ လှယဉ်ကလည်း ကျုပ်လိုပဲဗျ။ လူအလစ်မှာ ကျုပ်ကို မသိ မသာ ခိုးကြည့်တယ်။ တိုတိုပြောကြပါစို့ဗျာ။ ဘိုးအောင်စိန်ရဲ့ အလှူအပြီးမှာ သူ့သမီး လှယဉ်နဲ့ ကျုပ်နဲ့ သမီးရည်းစားတွေ ဖြစ် ကြတာပေါ့ဗျာ။ လူသတင်း လူချင်းဆောင် ဆိုတဲ့အတိုင်းပေါ့ဗျာ။ လှယဉ်နဲ့ ကျုပ်နဲ့ ကြိုက်နေကြတဲ့သတင်းကို လူချင်းဆောင် ကြရင်းနဲ့ ဘန့်ဘွေးကုန်းရော၊ ထနောင်း ကုန်းရော သိကုန်ကြတာပေါ့။ ကျုပ်တို့ရွာဦးဘုရားလေးမှာ လှယဉ်နဲ့ ကျုပ်နဲ့ တစ်ခါတလေ ချိန်းတွေ့ကြတယ်။ ထူးတော့ ထူးသားဗျ ။ အဲဒီလိုတွေ့တဲ့ အခါတိုင်း လှယဉ်က ...