ချိုးပြီးအဝတ်အစားလဲမှာ ။ကျုပ်လာရင်းကိစ္စသာပြောတော့မယ်” “အေးပါကွယ်…။ဒါဆိုလည်း ပြောပြော” ဘွားမယ်စိန်ပေးသော တဘက်ကိုမောင်အုန်းက ငြင်းဆန်လိုက်သည်။ ထဘက်အားဘွားမယ်စိန်က နံဘေးတွင်ထိုင်နေသောသမီးဖြစ်သူဒေါ်ဝင်းဆီပြန်ပေးပြီး သည်နှင့် မောင်အုန်းပြောမည့်အကြောင်းအရာအား နားထောင်နေလိုက်တော့သည်။ “သူကြီးအိမ်မှာ ဧည့်သည်တွေရောက်နေတယ်ဘွား…။အခုကျုပ်ကိုလွှတ်လိုက်တာကလည်း အဲ့ဧည့်သည်တွေကိစ္စပဲဗျ” “ဘယ်ကဧည့်သည်လည်းမောင်အုန်း” “သူကြီးနဲ့ဆွေမကင်းမျိုးမကင်းထဲကပဲဗျ…။မြို့ကလို့တော့ပြောတယ်..ပိုက်ဆံတော့ရှိမယ့်ပုံပဲ” “အမ်း…။အခုလာတာကဘာကြောင့်လဲ” “အဲ့ဧည့်သည်တွေရဲ့သမီးကအရမ်းချော အရမ်းလှတယ်ဗျ…။ရယ်လိုက်ရင်ကို သွားတက်လေးနဲ့…ဟီး… ကျုပ်ဖြင့်ကြည့်တောင်မဝဘူးဗျာ” “ဒေါက်…” “အမလေးဗျ…။အား…လား…လား…နာလိုက်တာဗျာ” ဘွားမယ်စိန် ပြောင်စပ်စပ်မျက်နှာပေးဖြစ်နေသော မောင်အုန်း၏ခေါင်းအား ရေနွေးကြမ်းပန်းကန်လုံးဖြင့်အသာထု့လိုက်လေတော့ မောင်အုန်းခမျာ မျက်နှာကြီးရှုံ့ကာမဲ့ကာဖြစ်သွားရလေသည်။ ဘွားမယ်စိန် နှင့် မောင်အုန်း၏အဖြစ်ကိုဒေါ်ဝင်းကြည့်ရင်း တဟားဟားရယ်မောလို့နေလေ၏။ “ကဲ…လာရင်းကိစ္စပဲပြော…။ဘယ့်နဲ့မဟုတ်တာပတ်ပြောနေရင် မောင်ရင်အအေးမိပြီး နောက်ရက်အလောင်းပြင်နေရတော့မယ်” “အာ…ဘွားကလည်း….ကျုပ်ပြောပါ့မယ်ဗျ။ ဒီလိုဘွားရဲ့အဲ့ဧည့်သည်တွေရဲ့သမီးလေးက ပြောရရင်အသက်နှစ်ဆယ်ကျော်လေး…။အယ်..အဲ့ကလေးမလေးက ...

မီးဖိုခန်းထဲမှထွက်လာခဲ့ကြ၏။ “အမေ…ကျုပ်တို့အဝေရာရွက်လေးသွားခူးဦးမယ်… နေ့လယ်စာကိုခရမ်းချဥ်သီးငါးပိချက်လေးချက်မှာမလို့လေ…” “အေး…အေး…သွားကြလေ” “ဟုတ်…ဒါဆိုရင်သွားပြီအမေရေ… အမေ့မြေးမကလည်းလိုက်ချင်တာနဲ့ ကျုပ်ခေါ်သွားပြီ” ဟုဒေါ်ဝင်းကပြောလိုက်သည်။ “ဟဲ့…နေဦး မိဝင်း…” “ဘာလဲအမေ…ကျုပ်ကိုဘာခိုင်းချင်လို့လဲ” “ဘာမှမခိုင်းဘူး… ညည်းရဲ့တူ …မောင်တိုးနဲ့မောင်အုန်းတွေ့ရင်သာ အိမ်ကိုလာခိုင်းလိုက်ဦး… အမေပြောစရာရှိတယ်လို့ပြောလိုက်…ကြားလားမိဝင်း” “ဟုတ်ကျုပ်ဝင်ပြောခဲ့မယ်အမေ…” ဟုပြောကာဒေါ်ဝင်းနဲ့နန်းကြိုင်တို့အိမ်ဝိုင်းထဲမှ ထွက်လာခဲ့ကြသည်။ “အမေ…ဘွားက ကျုပ်တို့ကိုကျစကားမပြောဘဲ ကိုကြီးတိုးတို့ကိုကျဘာများပြောမလို့တုန်း” “သြော်…ညည်းအဘွားအကြောင်းလည်းသိရဲ့သားနဲ့… ဟိုနှစ်ကောင်ကိုခေါ်ကတည်းက ခရီးသွားတော့မယ်ဆိုတာ သိသာနေပြီပဲသမီးရဲ့” “အင်းနော်…အမေပြောတာလည်းဟုတ်တာပဲ…” “မမဝင်း…ဘယ်တုန်း” “မောင်တိုးတို့အိမ်ဘက်ကိုအမေခိုင်းလိုက်လို့ပါအေ” လမ်း၌ဆုံသောရွာသူတစ်ယောက်၏အမေးကို ဒေါ်ဝင်းဖြေလိုက်ပြီး ဆက်လျှောက်လာခဲ့တော့သည်။ မောင်တိုးရဲ့အိမ်ဆီကိုရောက်တော့… “ဟိုကောင်လေး…စောစောစီးစီးရေတွေချိုးလို့ပါလား” ရေချိုးနေသောမောင်တိုးကိုမြင်တော့ဒေါ်ဝင်းက ပြောလိုက်သည်။ “ဟာ..အရီးနဲ့နန်းကြိုင်တို့ပါလား… ကျုပ်ကကောက်ရိုးတွေသယ်ထားလို့ရေချိုး​နေတာပါအရီးရဲ့ ဒါနဲ့…အရီးတို့သားအမိကဘယ်သွားကြမလို့တုန်း” “သွားမှာကတော့အဝေရာရွက်ခူးမလို့ပဲမောင်တိုးရဲ့… ...

ခါပေးလေတော့… “ကျုပ်…ရွာထဲပြန်တော့မယ်…………” ဟု…မိသဲကပြောလေရာ… “နေပါဦးသမီးရဲ့…တော်နေဆို နေစောင်းတော့မှာ အဖေတို့နဲ့မှအတူတူပြန်ကြတာပေါ့…” “ကျုပ်ပြန်ချင်ပြီ…ပြန်တော့မယ်………” ကိုဘသာ၏စကားကိုမိသဲနားမထောင်ခဲ့။ ပြောချင်ရာပြောပြီး ရွာဘက်ကိုထွက်သွားတော့၏။ “ဟဲ့..မိသဲ….ဒါကဘယ်လဲ…ကိုဘသာတော့်သမီး ဘယ်သွားတာလဲ” မမြင့်စိန် မိသဲကိုအော်ခေါ်ပါသော်လည်း မိသဲက ပြန်မဖြေ၍ ကိုဘသာကို မမြင့်စိန်မေးလေတော့သည်။ “နင့်သမီးရွာပြန်ချင်တယ်ဆိုပြီးပြန်သွားတာပဲ… ထားလိုက်ပါ…တော်နေဆို တို့တွေလည်းအလုပ်နားတော့မှာပဲဟာ” ကိုဘသာစကားကြောင့် မမြင့်စိန်၏မျက်စောင်းသည် ကိုဘသာထံကျရောက်လာခဲ့တော့၏။ အချိန်အတော်ကြာလေတော့ သောင်ထွန်းရွာထဲဆီမှ မောင်တိုးတယောက် အပြေးတပိုင်းဖြင့် ကိုဘသာတို့ထံရောက်ချလာလေသည်။ “ကိုဘသာ…ကိုဘသာ………” “ဟေ……..မောင်တိုး မင်းဘာလို့ပြေးလာရတာလဲ… ရွာမှာဘာဖြစ်လို့လဲဟ” “ရွာထဲက ကိုသောင်းညွှန့်အိမ်မှာ ကိုဘသာသမီးသောင်းကျန်းနေလို့ဗျ… သောင်းကျန်းနေလို့……..” “ဟေ……….ငါ့သမီးက” “ဟုတ်တယ်ဗျ..တော်တော်ထိန်းရခက်နေတာ…။ အဲ့တာကြောင့်… ...

နေတုန်း တစ်ခုံကျော်က သူငယ်ချင်းကောင်မလေးတစ်ယောက်က ကြားသွားပြီး ဝင်ပြောလိုက်သေးတယ် “ ဆရာမ ခင်မာကြည်တစ်ယောက် သနားပါတယ်နော် သူ့ခမျာ… မိသားစုကလည်း ပြည့်စုံ… ၊အရာရာအဆင်ပြေနေတုန်း ၊ အသက်ကလည်းအရွယ်တင်နုပျိုနေတဲ့အချိန်အခုလို မမျှော်လင့်တဲ့ အဖြစ်ဆိုးကြီး ကြုံလိုက်ရမယ်လို့ ထင်ထားမှာတောင်မဟုတ်ဘူး ၊ ဆိုးလိုက်တဲ့ ကားသမားတွေ ၊အတင်းလုမောင်းနေကျ အခုတော့ လူပါသေရပြီ ” “ ကားသမားတွေ ကြမ်းတာလည်းကြမ်းတာပေါ့ ဆရာမလည်း ဆိုင်ကယ်ဖြည်းဖြည်းမှ မစီးတာ… ပြီးတော့ ဦးထုပ်မပါ ဘာမပါဆိုတော့အကာအကွယ်မဲ့ပြီး ကားအောက်ထဲချိတ်ပါသွားရှာတာ…. ” “ မင်းတို့တော့မသိဘူး အဲ့နေ့က ...

၊ ညိုညိုချောချော မိန်းမ တစ်ယောက်ပဲဗျ” “ဟုတ်ပါတယ် ဆရာ” “အဖေက တရားရုံးက ဘီလစ်စာရေးကြီးပဲ၊ အမေက အိမ်မှာ ဆိုင်ဖွင့်ပြီး စျေးရောင်းကြ တယ်၊ သားသမီးဆိုလို့ မမြရီတစ်ယောက်ပဲ ထွန်းကားတာကလား” “ဟုတ်ပါတယ် ဆရာ” “မမြရီကလည်း မိဘအပေါ် အလွန်သိတတ် တဲ့ သမီးလိမ္မာလေးပါပဲ၊ ဒါပေမဲ့ ခုတလော မမြရီမှာခေါင်းခြောက်စရာလေးတွေ ရှိနေ သဗျ၊အဲဒါကဘာလဲဆိုတော့ကိုဘလှဆိုတဲ့ သူငယ်တစ်ယောက်က မမြရီကို လက်ထပ် လိုတဲ့အကြောင်း ခွင့်တောင်းလာတာကိုဗျ။ ဒါပေမဲ့ ခက်နေတာက ကိုအောင်ဒွန်းဆိုတဲ့ သူဋ္ဌေးသားတစ်ယောက်ကလည်း မမြရီကို လက်ထပ်ခွင့်တောင်းနေပြန်ရောဗျ၊ ...

အင်းကနေငါးဖမ်းပြီးတော့ ရွာကို မနက်စောစောလာရောင်းကြတာပေါ့၊ ငါးဘတ်၊ ငါးကြင်းလို ငါးကြီးငါးကောင်းတွေတောင် ရတတ်တယ် ငါ့တူရ” ကျုပ်လည်း ခေါင်းမဖော်တမ်းစားတာပေါ့ဗျာ၊ ရွှေမိက တက်လာပြီးတော့ ကျုပ်တို့ဘေးနားမှာလာထိုင်တယ်၊ ပြီးတော့ ကျုပ်တို့စားတာကို ပြံုံးစိစိနဲ့ကြည်နေလေရဲ့ဗျာ၊ ဟိုကောင်ချိုတူးဆို သိပ်စားနိုင်တာဗျ၊ သူ့ပန်းကန်ထဲကိုမုန့်ဖတ်ငါးဆယ်သားလောက်ထည့်ပြီးတော့ ဟင်းရည်ဆမ်းပြီး လက်နဲ့နယ်ဖတ်ပြီးစားတာပဲဗျာ၊ ငညိုကလည်း လူကောင်သာသေးတာ စားနိုင်သဗျ။ ကျုပ်တို့လူတစ်သိုက်စားလိုက်တာ စားပွဲပေါ်မှာ ပြင်ထားတဲမုန့်ဟင်းခါးတွေ အကုန်ပြောင်ပါရောဗျာ။ ကျုပ်လည်းစားပြီးတော့မှ “အားနာစရာကြီးဗျာ၊ မုန့်တွေစားလို့ကုန်သွားပြီ ဟီး ဟီး” “စားပါ၊ စားပါ ဧည့်သည်တွေအကြောင်းသိလို့ ကျွန်မက ကိုယ်စားဖို့ဖယ်ထားပြီးသား၊ စားတုန်းကတော့ အားမနာပဲနဲ့” ...

အချိန်ကာလ အထိတိုင်အောင် လာရောက်ငှားရမ်းသူများနှင့် ရှိနေခဲ့လေ သည်။ တန်ခိုးလ၏ နောက်ဆုံးရက်သတ္တပတ်ပင်ဖြစ်ပြီး အလွန်ပင်ပူပြင်းလှသော ရာသီဥတု အခြေနေမျိုးပင်ဖြစ်သည်။ ဇာတ်အဖွဲ့သားများသည်လည်း ဇာတ်ပွဲလိုက်ခြင်း ကိုပင် ခေတ္တရပ်နားထားခဲ့သော နေ့ရက်ကလေးများပင် ဖြစ်သည်ကြောင့် ရန်ကုန်မြို့ ကြီးတွင်သာ အားလုံးစုရုံးစွာ ရှိနေခဲ့ကြသည်။ တစ်နေ့ည(၇)နာရီခွဲ့ခန့်တွင် ဇာတ်အဖွဲ့ခေါင်းဆောင် ဦးအောင်တင်၏ နေအိမ် ထံသို့ လူတစ်စု ရောက်ရှိလာခဲ့ကြလေ၏။ ယောက်ျားကြီးသုံးဦးနှင့် လူပျိုပေါက်အရွယ် ကောင်လေးတစ်ဦးတို့ပင် ဖြစ်လေသည်။ လူပုံစံများမှာ တောသူတောင်သားများသာ ဖြစ်လိမ့်မည့် ဟန်ပေါ်သည်။ ရန်ကုန်မြို့ရှိ ဦးတင်အောင်၏ နေအိမ်ထံသို့ ရောက်ရှိလာ ကြသော ...

ထိမ်းသိမ်းစောင့် ရှောက်ခိုင်းတာ ကို‌ထွန်းမောင်တို့အဖွဲ့ကျ ဧည့်ခံကြို ဆိုရေးနဲ့ ထမင်းကျွေးတဲ့ရုံတွေမှာ ထမင်းကျွေးရမဲ့တာ၀န်ဗျ ဘုရားပွဲရပ်ဆိုတာ ရွာကသူဌေး သူကြွယ်တွေ ရွာရဲ့မျက်နှာဖုံးတွေ စုပေါင်းပြီး ထမင်းရုံကြီးနှစ်ရုံ ဆောက်ပြီး အရပ်လေးမျက်နှာက လာသမျှလူတွေကို ထမင်းကို ဆာတဲ့အချိန်၀င်စား ပျက်သွားတယ် လို့ကိုမရှိဘူး အချိန်ပြည့်ကျွေးတာ ဒီ‌‌ေန့ကြက်သားနဲ့ဆို နောက်နေ့၀က်သား အလျှံပယ်ကိုကျွေးတာ ကျုပ်တို့လဲ အဲ့ရက်တွေကျ ပင်ပန်း ကျတယ် တစ်ရွာလုံးပဲ ဒါပေမဲ့ ပင်ပန်းတာကို သတိမရကျဘူး အပျော်တွေစုနေတဲ့အချိန် ဘုရားပွဲ ရက်လုံးလုံးပြီးမှသာ လူတွေက ပင်ပန်းတယ်လို့ငြီးကျတာ အခုလဲ ဘုရားပွဲရက်ဆိုတော့ ကိုယ့်တာ၀န် ...

ချိုကခြံတံခါးကိုဖွင့်ပေးရင်း ငိုယိုနေသောလင်မယားကိုပြောလိုက်သည်။ မောင်တိုး…မောင်အုန်းနဲ့သူကြီးဦးနောင်ချိုတို့က ထိုလင်မယားအနောက်မှဘွားမယ်စိန်တို့ ခြံဝိုင်းထဲသို့ဝင်လာခဲ့ကြသည်။ ငိုယိုနေသာလင်မယားမှာ ဘွားမယ်စိန်ရှိသော ကွပ်ပျစ်ခင်းဆီသို့သွား၍ လက်အုပ်များကိုချီကာ… “အမေကြီး…ကျုပ်သမီးလေး… ကျုပ်သမီးလေးကိုကယ်ပေးပါ…” “ဟုတ်ပါတယ်ဗျာ…ကျုပ်တို့သမီးလေးကိုကယ်ပေးနိုင်ရင်ကယ်ပေးပါအမေရယ်…” ဟုမျက်နှာအထက်၌မျက်ရည်များ…နှပ်များပေပွနေရင်းမှ ပြောနေကြသည်။ ဘွားမယ်စိန်ကထိုသူတို့ကိုကြည့်ရင်း… “မောင်ရင်တို့ကဘယ်သူတွေလဲ” ဟု…မေးလေတော့ “ဘွား သူတို့ကအင်တိုင်းရွာကပါ… ပြောရရင်ဗျာ…ရေတွင်းထဲကျပြီး သေနေတဲ့ ကလေးမလေးရဲ့မိဘတွေပါပဲဗျာ…” “အလို…” သူကြီးဦးနောင်ချို၏စကားကြောင့်ဘွားမယ်စိန် အံ့သြသွားသည်။ “မြေကြီးပေါ်မထိုင်ကြပါနဲ့… လာပါကွပ်ပျစ်ခင်းပေါ်ဝင်ထိုင်ကြပါကွယ်…” ဘွားမယ်စိန်ကသနားစိတ်ဖြင့်ကွပ်ပျစ်ခင်းပေါ်သို့ ဝင်ထိုင်ခိုင်းလေသည်။ သူတို့ကလည်းဘွားမယ်စိန်စကားအတိုင်း ကွပ်ပျစ်ခင်း၌ဝင်ထိုင်ကြရှာသည်။ သူကြီးဦးနောင်ချိုကထန်းလက်ခုံ၌ထိုင်ပြီး မောင်တိုးနဲ့မောင်အုန်းကတော့ ကွပ်ပျစ်ခင်းနံဘေးတွင် မတ်တပ်ရပ်ကြည့်နေကြသည်။ သူတို့နည်းတူ.. ဒေါ်ဝင်းနဲ့နန်းကြိုင်တို့မှာလည်း ကွပ်ပျစ်ခင်းမှဆင်း၍ထန်းလက်ခုံ၌ ဝင်ထိုင်နေကြတော့၏။ “မောင်ရင်တို့လင်မယားကဘွားဆီကိုဘာကြောင့်များ ...

က ပေးလိုက်သော ဆေးခွင့် တစ်ပတ်ထပ်ရပါသည်။ သားအိမ်ခြစ်သည် ဆိုသော်လည်း စူးခြင်း၊ နာခြင်း အောင့်ခြင်း လုံးဝ မခံစားရပါ။ သုံးပတ် ပြည့်၍ ကျွန်မ အလုပ်ဆင်းသောအခါ စင်္ကာပူနိုင်ငံသူ အလုပ်သမား အမျိုး သမီးများကျွန်မနားဝိုင်းလာကြပါသည်။ တစ်ယောက်တစ်ပေါက်မေးကြပြီး မကျေမနပ်ပြောနေသည်များကို ကျွန်မနားထောင်ကြည့်သောအခါ သူတို့ ကိုယ်ဝန်ပျက်ကျပါက ခွင့်တစ်ပတ်သာရသည်။ ကျွန်မကမူ ခွင့်သုံးပတ် ရလိုက်သည်တဲ့လေ။ ကျွန်မရောခင်ပွန်းသည်ပါအလုပ်အကိုင်အဆင်ပြေပါလျက်နှစ်ဖက် မိဘများအသက်ကြီးရင့်ကြပြီမို့၁၉၉၇ ခုနှစ်တွင်မြန်မာပြည်သို့အပြီးပြန်လာ ခဲ့ကြပါသည်။ မြန်မာပြည်ပြန်ရောက်ပြီးမကြာမီကျွန်မကိုယ်ဝန်ရှိပါသည်။ သားကြီးမှာအသက်(၁၁)နှစ်ရှိပါပြီ။ကျွန်မအသက်က(၃၈)နှစ်ကလေးမရ နိုင်တော့ဟု ထင်ထားရာမှ ကိုယ်ဝန်ရှိလာသဖြင့် အလွန်ဝမ်းသာမိပါသည်။ ကိုယ်ဝန် (၆)လခန့်ရသောအခါ ...