သို့ဆင်းလာနေခဲ့၏။ “တောက်…တွေ့ကြသေးတာပေါ့ကွာ… ဟိုကဒေါသတွေဒီမှာတွေ့ပြီပေါ့…” ဦးဘိုကျော်ကလှည်းထိပ်ရှိဓားကိုလှမ်းကာယူထား၏။ အပင်ကြီးအနီးသို့ရောက်လေနွားများက နှာများမှုတ်၍ မသွားချင်သလိုဖြစ်နေကြသည်။ “ခွေးမသားတွေ…သွားကြစမ်း…” “ဖြန်း…ဖြန်း…ဖြန်း….” ဓားကိုခဏချ၍ နွားများကိုကြိမ်ဖြင့် အဆက်မပြတ်ရိုက်လေသည်။ ထိုအခုမှပေကပ်ကပ်လုပ်နေသောနွားများက ခုန်ပေါက်ကာပြေးကြတော့၏။ “ဟင်…” နွားများကအတင်းပြေးနေသော်လည်း လှည်းနောက်မြီးကို တစ်စုံတစ်ယောက်ကဆွဲထားသည့်အလားနေရာမှ မရွေ့ဖြစ်နေသည်။ အပင်ဆီသို့ကြည့်တော့လည်းစောစောက မည်းမည်းအရာကြီးကိုမတွေ့ရတော့ပေ။ “မိညွှန့်…လာ…နဖားကြိုးဆွဲထား…” အခြေအနေကိုကြည့်၍ ဦးဘိုကျော်က မိန်းမဖြစ်သူနဲ့နေရာလဲလိုက်သည်။ လှည်းနောက်ပိုင်းသို့ဥိးဘိုကျော်ပြောင်းထိုင်သည်နှင့် လက်ထဲကိုင်လာသောဓားဖြင့် ရမ်းကာခုတ်လေ၏။ “ဆွဲစမ်း…ဆွဲထားစမ်းကွာ…မင်းပဲဆွဲနိုင်မလား… ကြည့်ရသေးတာပေါ့…” ဟုပြောရင်း ဓားကိုရမ်းကာခုတ်နေချိန် နွားလှည်းကို ဆက်မဆွဲထားတော့ပဲလွှတ်ပေးလေရာ နွားများမှာရွာသို့ကဆုန်ပေါက်ပြေး၍လှည်းအထက်မှ ဦးဘိုကျော်တို့မိသားစုပင် လှည်းပေါ်မှပြုတ်မကျစေရန် မနည်းထိန်း၍ လိုက်လာခဲ့ကြရ၏။ သလွန်ရွာထိပ်၏ထနောင်းပင်ရဲ့အကြောင်းသည် ...
ဖွံ့ထွားပြီး ရွာရှိကွမ်းတောင်ကိုင်များနည်းတူ ချောလှသူဖြစ်သည်။ “အမေ…ခင်ဗျားသမီးကိုပြောထားနော်…” “ဟဲ့…ဖိုးတောက် မင်းနှမကဘာဖြစ်လို့လဲ…” “ဘာဖြစ်ရမှာလည်း ရွာလယ်ပိုင်းက စိုးကျော်ကဒင်းကိုလိုက်ပိုးနေတာလေ… ဒါကိုဒင်းကလည်း လက်ခံစကားပြောနေတော့ ကျုပ်ကြည့်မရဘူး… ကြာရင်လူသတ်မိလိမ့်မယ်ဗျာ….တောက်…” ဖိုးတောက် ညီမဖြစ်သူနွေမကို အလွန်ချစ်၏။ ကာလသားများ၏စနောက်ခြင်းကိုလည်း လုံးလုံးမှမခံနိုင်သူပင်။ ယခုလည်း ညီမဖြစ်သူကို လိုက်ပိုးနေသော စိုးကျော်ကြောင့် တရှုးရှုးတရှဲရှဲဖြင့် ဒေါသထွက်နေရှာသည်။ သားဖြစ်သူအကြောင်းသိသော ဒေါ်သန်းမှာလည်း… “သြော်…ငါ့သားရယ်…မင်းလည်း နှမအတွက်ဆိုရင် ဒေါသဖြစ်လွယ်လိုက်တာကွယ်…” “အိုဗျာ…အမေကလည်း…ကျုပ်ကသူ့အစ်ကိုပါဗျာ… ဒီလောက်တော့ရှိမှာပေါ့” “အေးလေ…အမေကလည်း မင်းဒေါသထွက်တာကိုလက်ခံပါတယ်… ဒါပေမယ်လို့…မင်းနှမက ကလေးလိုပဲ ဆော့လိုက် ကစားလိုက်နဲ့ပဲအချိန်ကုန်နေတာကို မင်းလည်းအသိ…အချစ်ရေးသူ့သွားမမေးလေနဲ့ သူ့မှာတနေ့တနေ့သူ့အဖော်တွေနဲ့ဆော့ကစားလို့တောင်ပြီးတာမဟုတ်ဘူးလေ…ဒီတော့ဘယ်သူကသူ့ကိုဘာပဲပြောပြော သူလက်ခံမှာမဟုတ်ပါဘူးငါ့သားရယ်…….” ...
တစ္ဆေဖြစ်နေပြီကွ” “ဘာ…ဘာပြောတယ်၊ ကျုပ်သေသွားပြီ ဟုတ်လား၊ ကျုပ်က ဘာကြောင့် သေရမှာတုံး” “ဟာ …ဒီတစ္ဆေတော့ တော်တော့်ကို ခက်နေတာပဲ၊ သေတာလည်း ကိုယ်မသိ၊ ကိုယ် ဘာကြောင့် သေမှန်လည်း ကိုယ်မသိ။ ကိုယ် ဘာကြောင့် သေမှန်းလည်း ကိုယ်မသိ၊ အေးလေ ဒါမျိုးက ဖြစ်တတ်ပါတယ်လေ၊ ကဲ တစ္ဆေ ပြီးတော့ မင်းကို ငါ ပြောပြမယ်၊ အခုတော့ ငါ့တာဝန်က မင်းကို နေစရာပေးဖို့ကွ၊ မင်း သရက်ပင်ကြီးကို မြင်လား၊ အကြီးကြီးပဲလေ၊ အဲဒီသစ်ကိုင်းမှာ မင်းနဲ့ငါ ...
လူသိများလေသည်။ ဓနုမှာ နစ္စဓူဝတောထဲတွင်သာအချိန်ကုန်လေ့ရှိသည်။မနက်ဝေလီဝေလင်းတွင် အိမ်မှထွက်ကာ ထောင်ထားသည့်ထောင်ချောက်များအားလိုက်၍စစ်ဆေးသည်။လက်ထဲတွင် လေးမြှားနှင့် တစ်ခုတည်းသော မိသားစုအမွေပစ္စည်းဖြစ်သည့် တူမီးသေနတ်ကို ကိုင်ဆောင်လေ့ရှိသည်။တူမီးသေနတ်မှာ ဘိုးဘွားအစဥ်အဆက်များမှ သားဦးယောက်ျားလေးများကိုလက်ဆင့်ကမ်းပေးသည့် အမွေပစ္စည်းဖြစ်သည့်တိုင် တူမီးသေနတ်အား အလေးအနက် တရိုတသေကိုင်ဆောင်ကြ၏။ဓနုသည်လည်း တူမီးသေနတ်အား မိဘအမွေသက်မဲ့ပစ္စည်းဟုသဘောမထားဘဲ မိဘကဲ့သို့ပင် သဘောထားလေ့ရှိသည်။ ဓနု၏မုဆိုးသက်တမ်းတစ်လျှောက်တွင်လည်း သားကောင်များရွေးချယ်ရာတွင် သားပေါက်ကလေး များနှင့် ကိုယ်ဝန်ရင့်မာဖြစ်နေသည့်သားကောင်များကို ဖမ်းမိသော်လည်းလွှတ်ပေးမြဲဖြစ်သည်။မုဆိုးဖြစ်သော်လည်း နှလုံးသားနုသည့်မုဆိုးဟုဆိုရပေမည်။ မနက်ဝေလီဝေလင်းမှ ထွက်လာလိုက်တာ နေမြင့်သည်အထိ ထူးခြားစွာသားကောင်တစ်ကောင်မှမရချေ။သို့သော် မုဆိုး နှာခေါင်းဖြင့် သွေးညှီနံ့ပြင်းပြင်းအားရသည်မို့ လက်ထဲရှ်ိ တူမီးသေနတ်အားအသင့်အနေအထားကိုင်ထားသည်။ “အီ..ဝေါင်” ချစ်စရာ ကျားပေါက်ကလေးတစ်ကောင်မှာ ဒဏ်ရာဖြင့်သွေးများထွက်ကာ ...
ဇတ်လမ်းတစ်ပုဒ်အနေဖြင့် ပြန်ပြီး ရေးသားလိုက်ရပါတော့သည်။ (၂) ၂၀၁၈ ခုနှစ်။ ထူးထူးခြားခြား အစိုးရရုံးပိတ်ရက်က သုံးရက်ဆက်တိုက်ဖြစ်နေသည်။ စနေ၊ တနင်္ဂနွေခံနေတော့ ငါးရက်။ ကျော်ထက်တို့ ကုမ္မဏီက အစိုးရရုံးပိတ်ရက်များ၊ ပြန်တမ်းဝင်ရုံးပိတ်ရက်များ ပိတ်သည်မို့ တရုံးလုံး ခရီးသွားရန်ပြင်ဆင်နေသည်။ ခရီးသွားအေဂျင်စီများ၊ လေယဉ်များ၊ ကားလတ်မှတ်များမှာ ကြိုမှာထားမှရသည်။ ကျော်ထက်နှင့် ကောင်းပြည့်တို့က တစ်ရုံးထဲအလုပ်လုပ်နေသည့် လုပ်ဖော်ကိုင်ဖက်တွေဖြစ်သလို၊ အချစ်ဆုံးသူငယ်ချင်းတွေဆိုလဲ မမှားပေ။ ကျောင်းပြီးကတည်းက ကျော်ထက်က ယခုကုမ္မဏီမှာ အလုပ်ဝင်ဖြစ်သည်။ ကောင်းပြည့်ကလဲ ထိုအချိန်တွင် အလုပ်စဝင်လာပြီး ထိုအချိန်မှ စတင်ခင်မင်လာခဲ့ရာ ယခု ငါးနှစ်ကျော် ...
နောက်ဆုံးတော့ သတိပြန်ရလာတော့တာပဲဗျ။ ကျုပ်တို့ရွာမှာ ကထိန်တို့ ဘုရားပွဲတို့ရှိမှ ဘိုးရာစီ လာတာဗျ။တော်ရုံတန်ရုံ အလှူအတန်းလောက်ဆိုရင် မလာဘူးဗျ။ဘန့်ဘွေးကုန်းက သူဆောက်ပြီး လှူထားတဲ့ ကျောင်းထဲမှာပဲ ပုတီးစိပ်နေတော့တာ။ သူ့လှူတဲ့ အုတ်ကျောင်းအဝင်ပေါက်မှာ သူ့အလှူကို ကမ္ပည်းထိုးထားတာ။ “မြွေအလမ္ပာယ်ဆရာ မောင်ရာစီ ကောင်းမှု” တဲ့ဗျို့။ ကထိန်ဘုရားပွဲကို ဘိုးရာစီ လာပြီဆိုလို့ကတော့ ကျုပ်တို့လူငယ်တွေဆိုတာ ဘိုးရာစီနားမှာ ဝိုင်းပြီး ဘိုးရာစီ ပြောပြတဲ့ မြွေတွေ အကြောင်းကို တအံ့တသြ နားထောင်ကြရတာပေါ့ဗျာ။ အဲဒီအထဲမှာ အင်မတန်မှ စပ်စုတဲ့ တာတေဆိုတဲ့ ကျုပ်က ဘိုးရာစီရဲ့ ရှေ့တည့်တည့်ကပေါ့ဗျာ။ ...
သော ကပ်ကျေးကို အနီးသို့ ဆွဲယူထားလိုက်သည်။ ဆိုင်ထဲဝင်လာသော ထိုလူက ဆိုင်ထဲက ပစ္စည်း များကို မကြည့်ပဲ အပြင်က လူရှိမရှိ အကဲခတ် သည်။ ဆိုင်ထဲကို အကဲခတ်ပြီး မမြင့်သူ အနီး သို့ လျှောက်လာပြန်သည်။ ခါးကြားမှ ဓားမြှောင် ကို ဆွဲထုတ်လိုက်ပြီး…. “စျေးရောင်းလို့ရတဲ့ ပိုက်ဆံ အကုန်ထုတ်” “ဘာလို့ ပေးရမှာလဲ” “မသာမ ဓားနဲ့အထိုးမခံချင်ရင် ပိုက်ဆံအသာ တကြည်ထုတ်ပေး” မမြင့်သူကို ဆောင့်တွန်းပြီး အံဆွဲကို ဆွဲဖွင့်ကာ ပိုက်ဆံများကို ဆွဲယူနေသည်။ ထိုလူ ...
ကိုလက်နဲ့ယူထည့်တယ်၊ ပြီးတော့ အရှေ့က အုပ်ကလေးကိုဖွင့်ပြီး အုပ်ထဲကနေ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းတွေထည့်တယ်၊ နောက်တော့ လျက်ဆားဘူးအကြီးကြီးကိုဖွင့်ပြီးတော့ အထဲလျက်ဆားတွေကို ဇွန်းနှစ်ဇွန်းစာလောက်ခပ်ထည့်ပြီး ခုနကထည့်ထားတဲ့ ကြက်သွန်နီတွေအပေါ်ကိုဖြူးလိုက်တယ်ဗျ၊ ပြီးတော့ သံပုရာစိတ်လေးနှစ်စိတ်ယူလာပြီး ကျုပ်တို့စားပွဲမှာလာပြန်ထိုင်တယ်။ ရေမဆေးထားတဲ့ သူ့လက်နဲ့သံပုရာရည်တွေကို ပန်းကန်ထဲကိုညှစ်ချပြီးတော့ အဲဒီလက်နဲ့ပဲ ကြက်သွန်တွေကို မွှေပြီးနယ်တယ်ဗျာ၊ ပြီးတော့ သူ့လက်တွေကိုတောင် သူလျက်နေသေးတာ၊ မကြာပါဘူး အရက်ဆိုင်က ကောင်လေးက အရက်နှစ်ပုလင်းလာချတယ်၊ ရေတစ်ပုလင်းလည်းပါသေးတယ်၊ ပြီးတော့ ဇွန်းကလေးတစ်ချောင်းလည်းပေးတယ်၊ ကိုအေးက သူ့လျက်ဆားသုပ်ပန်းကန်အရှေ့ကိုတိုးပေးပြီးတော့ “ရော့ မြည်းကြည့်ပါအုံးကွ” “ဟာဗျာ၊ အရက်နဲ့လျက်ဆားနဲ့ ဘာဆိုင်လို့လဲ သေကုန်အုံးမယ်” ...
ထားပေတော့မောင်အေးရဲ့” အဘိုးအိုကမောင်အေးကိုငှက်ပျောသီးနှစ်လုံးပေး၏။ မောင်အေးကလည်းဝမ်းသာအားရလှမ်းယူပြီး အားရပါးရစားရှာသည်။ ငှက်ပျောသီးစားနေသောမောင်အေးကိုကြည့်ရင်း… “မောင်အေး…မင်း ဘဘနောက်ကိုလိုက်ခဲ့မလား” “ဗျာ…တကယ်ပြောတာလားဘဘ… ဘဘကရောကျုပ်ကိုတကယ်ခေါ်မှာလား” ဟု…ပလုပ်ပလောင်းဖြင့်မောင်အေးကမေးသည်။ အဘိုးအိုကခေါင်းညိတ်ပြီး… “တကယ်ပြောတာ… ဘဘမင်းကိုဘဘတတ်ထားတဲ့ပညာတွေသင်ပေးမယ်… ဒါဆိုမင်းဘဝအခုလိုတွေထပ်ဖြစ်တော့မှာမဟုတ်ဘူး မောင်အေးရဲ့…” “ဒါဆို…ကျုပ်လိုက်မယ်ဘဘ” မောင်အေးစကားကြောင့်အဘိုးအိုကပြုံးသွားသည်။ “အေး…အေး…ဘဘနာမည်ကိုလဲမှတ်ထားပေါ့ကွာ… ဘဘရဲ့နာမည်က သက်ရှည်တဲ့ကွ… အများခေါ်တာကတော့ဘိုးသက်ရှည်ပေါ့ကွာ…” “ဟုတ်ကဲ့ဘဘ…” ထိုသို့ဖြင့် နောက်တစ်နေ့နံနက်ရောက်လေတော့… မောင်အေးသည် ဘိုးသက်ရှည်ခေါ်ရာသို့ အတူလိုက်ပါသွားခဲ့တော့၏။ ********************************* သရက်တောရွာလေးသည်အိမ်ခြေအနည်းငယ်သာရှိသော ရွာလေးတစ်ရွာဖြစ်၏။ သရက်တောရွာ၏မြောက်ဘက်၌ ဝက်လူးအိုင်ရွာနှင့် တောင်ဘက်၌ကျွန်းစုရွာဆိုပြီးရွာနှစ်ရွာရှိပေသည်။ “ဟဲ့ငအောင်…ကျွန်းစုရွာကိုသွားမှာဆိုရင်တော့ မိုးမချုပ်ကြနဲ့နော်…အဲ့သည်ရွာမှာအခုတလော လူသေတာတွေများနေတယ်” “လူသေတာများဘာဆန်းလို့တုန်းအရီးရဲ့” “နင်က…တောတက်နေလို့မသိတာငအောင်ရဲ့… အရင်ရက်ပိုင်းကဆိုရင် ကျွန်းစုရွာမှာ ...
ကျော၊ လ္ဘက် အကြော်စုံ၊ ရေနွေးကြမ်းတို့ဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်သည်။ အလှု့ဒါယိကာမှာ ကုန်ချင်သလောက်ကုန် … အပြုံးမပျက် လှုမည့်သူ ဖြစ်သလို ၊ အလှု့ဒါယိကာမမှာလည်း ငွေထုတ်ရလို့ တချက်ကလေးမှ မငြီးငြူချေ။ စေတနာသဒ္ဓါတရား အင်မတန် ထက်သန်ကြသော လိုက်ဖက်ညီသည့် အလှုရှင်ဇနီးမောင်နှံ ဖြစ်ကြသည်။ _________ အခန်း(၂) မြသာသည် လူရွှတ်လူနောက် ဖြစ်သည်။ သူသည် လူငယ်သဘာဝ ခပ်ရွှင်ရွှင်နေတတ်သူတဦးဖြစ်သော်လည်း ရပ်ရေးရွာရေးတွင်တော့ အင်မတန် တက်ကြွသူ ဖြစ်ပါသည်။ ယခု မြသာသည် ရွာဦးကျောင်းဖြစ်သော လယ်ပြင်ကြီး မြောက်တိုက်၌ ...