တာ၊ နေတာတောင်မှ တစ်ပါးတည်း ကျောင်းသင်္ခန်းလေးနဲ့ နေတဲ့သူနော်” ဦးဘသာက ရယ်တယ်ဗျ။ “ဟား၊ ဟား ဘာသာရေးတွေအကြောင်းတော့ ငါ့ထက်မင်းအဖေက ပိုသိမှာပေါ့ကွာ၊ ရသေ့တွေကောင်းမကောင်းဆိုတာ မင်းအဖေကိုသွားမေးပေါ့ကွာ၊ ကဲ . . . သွားပြီဟေ့” ဦးဘသာက ကွမ်းအစ်ပိုက်ပြီးတော့ ကျုပ်တို့လယ်စောင့်တဲထဲကနေထွက်သွားတယ်၊ ကျုပ်လည်း တစ်ယောက်တည်း အတွေးနယ်ချဲ့ရင်း ကျန်ခဲ့တာပေါ့ဗျာ။ (၂) ညနေရောက်တော့ နွားတွေသိမ်းပြီး အိမ်ပြန်လာကြတယ်၊ မိုးကမှန်နေပြီဆိုတော့ စပါးစိုက်တဲ့လယ်သမားတွေက မအားမလပ်ဖြစ်နေကြပြီပေါ့ဗျာ။ အိမ်ရောက်တော့ အဖေက အိမ်ရှေ့ခုံတန်းမှာထိုင်နေတာနဲ့ ကျုပ်လည်း အဖေ့ဘေးနားသွားထိုင်လိုက်တယ်။ “အဖေ၊ ရသေ့တွေက ...
ဝင်ခဲ့လိုက်ပါသည်။ “အိမ်ရှင်တို့ “ “အိမ်ရှင်တို့ “ “ဘယ်သူလဲဟေ့ အိမ်အောက်က တန်းလျားမှာ ခဏ ထိုင်ဦး ရေနွေးခပ်လိုက်ဦးမယ် “ အိမ်ပေါ်မှ အသံနှင့်သာ စကားဆိုလိုက်ရာ စပါးပွဲစားသည်လည်း အိမ်အောက်ရှိ စားပွဲတန်းလျားတွင် ၀င်ထိုင်လိုက်လေသည်။မကြာသောအချိန်တွင် ရေနွေးအိုးကို လက်ကဆွဲပြီး ရွာလူကြီး ဦးထွန်းရောက်လာလေသည်။ ဦးထွန်းသည် လွတ်နေသော တန်းလျားတွင် ၀င်ထိုင်လိုက်ပြီး ရေနွေးအိုးထဲမှ ရေနွေး ကြမ်းအား ရေနွေးပန်းကန်လုံးထဲ ငှဲ့ထည့်ပေးရင်း “ကဲ ရေနွေးလေးသောက်ဦးဗျာ လာရင်းကိစ္စလေးပြောပါဦး ...
ပွဲ၃ညကဖို့ရန် မြို့မှ နာမည်ကြီး ဇာတ်အဖွဲ့အားငှားရမ်းထားကြလေသည်။ ထိုဇာတ်အဖွဲ့သည်ယခုညမှ စတင်ကာ ကပြဖျော်ဖြေပေးကြမည်ဖြစ်၏။ ပွဲခင်း၌လူများပြည့်နေသကဲ့သို့ စကားသံများကလည်းဆူညံလို့နေလေသည်။ ဘွားမယ်စိန်တို့အိမ်၌ မောင်တိုးနှင့်ဘွားမယ်စိန်တို့စကားပြောနေကြ၏။ “ကျုပ်ဖြင့် အဲ့တုန်းက တကယ်ဘာမှကိုမသိတာဘွားရဲ့” မောင်တိုးသည် သရဲငမိုးကြီးပူးကပ်စဥ်က သူ့အကြောင်းအားပြောပြလေရာ… “ဒါပေါ့ သရဲပူးတဲ့အချိန်မှာ ကိုယ့်လိပ်ပြာကခဏခွာသွားခဲ့တော့ မောင်ရင့်ရဲ့အဖြစ်အပျက်ကို မသိရဘူးလေ” “သြော်…အဲ့သလိုလားဗျ” ဘွားမယ်စိန်အား မောင်တိုးကသိလိုသမျှမေးမြန်းနေ၏။ ရွာထဲ၌လည်း ဇာတ်ပွဲကကောင်းနေလေပြီ။ “ဘွား…ကျုပ်ဖြင့် ဘွားနဲ့ပရောဂကုလိုက်တိုင်း အရမ်းစိတ်ဝင်စားတာပဲဗျ…” “မောင်ရင်စိတ်ဝင်စားရင်ဖြင့် နောက်လည်းခေါ်မှာပေါ့ကွယ်” “အဟား…ဒါဆိုကျုပ်ကတော့ ပျော်ပြီးရင်းပျော်ပေါ့ဗျာ…” အချိန်သည် ည ကိုးချက်တီးမျှရောက်ရှိနေလေပြီ။ မောင်တိုးတစ်ယောက် ဘွားမယ်စိန်အိမ်မှ ပြန်သွားတော့၏။ ...
ကွ…ဟင်း…” ရွာသူကြီးဦးနောင်ချိုဒေါသထွက်နေလေပြီ။ ဒေါ်ဘုမကလည်း စိတ်ပျက်လက်ပျက်ပင်မြေပေါ်ထိုင်နေရှာ၏။ “သူကြီး…သူကြီး…ကိုရွှေဝင်းကို ညနေတုန်းက ရွာပြင်ဇရပ်ဘက်ကိုထွက်သွားတာမြင်တဲ့သူရှိတယ်တဲ့ဗျ” ဟု…ရွာသားတစ်ယောက်ကအပြေးလာပြောသည်။ “ဟေ…ဟုတ်လား…ရွာအပြင်ဇရပ်ဆိုတော့ ဒီကောင် အင်တိုင်းရွာဘက်ကိုများထွက်သွားသလားမသိဘူး” “အင်တိုင်းရွာကပြန်လာတဲ့ကြီးတော်တွေပြောတာတော့ ဇရပ်ပေါ်မှာလူတစ်ယောက်အိပ်နေတယ်တဲ့ဗျ… အဲ့တာ ကိုရွှေဝင်းများဖြစ်နေမလားမသိဘူး” “ဒါဆိုလည်းလာကြကွာ… သွားကြည့်ကြတာပေါ့…” ရွာသူကြီးတို့လူစုလည်း မီးတုတ်တွေကိုင်ပြီး ရွာပြင်ဇရပ်ဆီထွက်သွားလေသည်။ ဘွားမယ်စိန်တောင်ဝှေးပျောက်၍ တစ်ရွာလုံးလည်း စိတ်မချမ်းသာကြပေ။ တောင်ဝှေးပြန်တွေ့ဖို့ရန်သာ စိတ်လောနေခဲ့ကြ၏။ ရွာပြင်ဇရပ်ဆီသို့ရောက်တော့ပုဆိုးကိုခြုံကာအိပ်နေသော လူတစ်ယောက်ကိုတွေ့လိုက်ကြသည်။ မီးတုတ်များဖြင့်သေချာထိုးကြည့်လိုက်တော့… “ဟာ…ဒါရွှေဝင်းပဲကွ…. ခွေးမသားကြည့်စမ်း…အရက်ပုလင်းတွေနဲ့ ဒီမှာလာဇိမ်ယူနေတာကိုးကွ…” “ဒီအကောင့်ကိုမပြီး ခေါ်ခဲ့ကြစမ်း… ငါ့အိမ်ရောက်မှအမူးပြေအောင်လုပ်ပေးစမ်းမယ်” ရွာသူကြီးစကားအတိုင်းရွာသားတွေက ကိုရွှေဝင်းကိုဆွဲထူကာခေါ်လာခဲ့ကြသည်။ ရွာသူကြီးအိမ်၌လူများကဝိုင်းအုံကာကြည့်နေကြသည်။ ကိုရွှေဝင်းကတော့မြေပေါ်၌ပက်လက်ကြီးအိပ်နေခဲ့၏။ “ရေပုံးယူခဲ့ဟေ့…ဒီခွေးမသားကိုရေနဲ့ပတ်ကြစမ်း” ရွာသားတစ်ဦးကရေပုံးယူလာပြီး ...
တော့ သူ့ရင်ဘတ်ကိုသူ ထိုးပြတယ်ဗျ။ “မင်းတို့မရဖူးပေမယ့် မကပ်စေးက ငါ့ကိုတော့ အကြွေးလည်းရောင်းတယ်၊ ငါငွေလိုရင်လည်း သူ့ဆီသွားသွားဆွဲနေကျကွ” “ဗျာ၊ ဟုတ်ရော ဟုတ်ရဲ့လားဗျာ” “ဒါပေါ့ကွ၊ အဲဒါ ဘာကြောင့်လဲဆိုတော့ မကပ်စေးဆီ ဈေးဝယ်သွားရင် ငါက ဟောဒီအိမ်မြှောင်အမြှီးနှစ်ခွကလေးကို အိတ်ထဲထည့်သွားတယ်၊ ပြီးတော့ သူ့ဆိုင်ရှေ့ရောက်တာနဲ့ အဲဒီအိမ်မြှောင်ကလေးကို ပုတ်ပုတ်ပြီးတော့ မျက်နှာဖွင့်တာကွ။ မကပ်စေးက သူများကိုဆိုရင် အစစ်ပေးဖို့မပြောနဲ့ အလေးတောင်မှ သိပ်ပြီး ပြည့်ပြည့်ချိန်ချင်တာမဟုတ်ဘူး၊ အေး . . . ဒါပေမယ့် ငါဒီလိုလုပ်သွားရင်တော့ ပိုပိုသာသာချိန်ပေးတဲ့အပြင် တစ်ခါတလေ အဆစ်တောင်ထည့်ပေးသေးသဗျာ” ...
ထက် ပိုမိုကြိုးစား အလုပ်ကိုင်ခဲ့တယ်။ ပြီးတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ အမဲရလာရင် ဦးလေးဆီကို သုံးပုံ၊ တစ်ပုံပို့ပေးတယ်။ ကျန်တဲ့နှစ်ပုံကိုက သူတို့သားအမိယူတယ်။ အသားတွေကို ရောင်းချပြီး သူတို့ရဲ့ စား၀တ်နေရေးကို ဖြေရှင်းကြတယ်။ အချိန် နှစ်နှစ်လောက်ကြာလာခဲ့တယ်။ တစ်ခုသောနေ့မှာတော့ မောင်မှတ်တောလည်ရင်း ကံအားလျော် စောစီးစွာပဲ ဂျေတစ်ကောင်ရလို့ ပြန်လာခဲ့တုန်း လမ်းမှာ မျောက်တစ်အုပ်ရဲ့ အထိတ်တလန့်နဲ့ ကွိကွိကွကွ အော်ဟစ်သံတွေကို တစ်တောလုံး ညံနေအောင်ကြားလိုက်ရတယ်။ ” ဘာဖြစ်တာပါလိမ့်…” မောင်မှတ် စိတ်၀င်စားမိသွားရတယ်။ မုဆိုးဆိုတာက တောအလုပ်၊ တောအထာ၊ တောကောင်တို့ရဲ့ အလေ့အထကို ...
တောင်မနေရဲဘူးအစ်မရဲ့…” “ဟဲ့…လင်မယားရန်ဖြစ်တာပဲဟယ်…ဒါငါ့အမေနဲ့ ဘာဆိုင်လို့တုန်း….” “မိဝင်းရယ် ညည်းလည်း မောင်ဘစီပြောတာဆုံးအောင်နားထောင်စမ်းပါအေ…” ဘွားမယ်စိန်က သမီးဖြစ်သူအား ပြောလိုက်လေတော့ ဦးဘစီကဆက်ပြီး… “လင်မယားရန်ဖြစ်တာလို့ကျုပ်တို့လည်း အစပိုင်းကထင်ခဲ့တာ…ခက်တာကဗျာ ဒီကောင်ကညဘက်ဆိုမအိပ်ဘူးဗျ….ငုပ်တုတ်ကြီးထိုင်ပြီး ပါးစပ်ကတဟီးဟီးနဲ့ကိုရယ်မောနေတာ…။နေ့ဘက်များကျတော့ အိပ်လိုက်တာများ နိုးလို့ကိုမရပါဘူးဗျာ…” “ဟယ်…ဘယ်လိုကြီးတုန်း…” “အဲ့လိုတွေဖြစ်နေလို့ ဘွားနဲ့ကျုပ်တို့ လာတိုင်ပင်တာပါ။သူ့မိန်းမမိဇယ်လည်း တငိုငိုတရီရီနဲ့ကိုဖြစ်နေလို့ပါ ဘွားရယ်…” ဦးဘစီက ဘွားမယ်စိန်ကိုပြောလိုက်လေတော့… ဘွားမယ်စိန်က … “အင်း…ဒီကောင်လေး တောတက်တာဘာအမှားများလုပ်ခဲ့တာလဲမသိဘူး” “ဒီတစ်ခေါက်သူတောတက်တာ…ရွာနောက်ပိုင်းက မုဆိုးဦးခိုလည်းပါတယ်ဘွားရဲ့” ” သူကောလိုက်သွားတာဆိုတော့ အခုသူရောဘယ်လိုအခြေအနေရှိလဲ မောင်ဘစီရဲ့” “အင်း…သူကတော့ဘာမှမဖြစ်ဘူးဘွားရဲ့…။သူကတော့အကောင်းတိုင်းပါပဲ” “အင်း…အနာသိမှဆေး ဖော်ရမှာမောင်ဘစီ…အဲ့မုဆိုးဦးခိုကိုဘွားဆီကိုခေါ်ခဲ့… သူလာမှအကြောင်းစုံသိရမှ ဇော်လတ်ကိစ္စကိုဘွားစီစဥ်ပေးလို့ရမယ်ကွဲ့” “သြော်…ဟုတ်ဘွား…။ဒါဆို ...
တည်းသာ ရှိသည်။ “တောက် . . . မိုးကလဲကွာ” ထိုသို့ရေရွတ်လိုက်ပြီးတော့ လမ်းလျှောက်နေသည့် ခြေလှမ်းကို အရှိန်မြှင့်လိုက်တော့သည်။ မိုးသားများက တရိပ်ရိပ်နီးကပ်လာပြီဖြစ်သည်။ မောင်ကင်းကလဲ အပြေးတစ်ပိုင်းလမ်းလျှောက်လာလေရာ မြို့အထွက် သုသန်ကလေးကို ကျော်လွန်ပြီးသည့်အခါတွင်တော့ ကားလမ်းမကြီးတွင် လူပြတ်သွားပြီဖြစ်သည်။ ကားလမ်းနံဘေးတွင် ကွင်းပြင်များ၊ မြေရိုင်းများ၊ တောအုပ်ငယ်ကလေးများသာရှိတော့သည်။ ထိုတာလမ်းမကြီးက ကျေးရွာချင်းဆက်လမ်းဖြစ်ပြီး ကားလမ်းမကြီးတစ်ဖက်တစ်ချက်ဟိုးဝေးဝေးတွင် ကျေးရွာကလေးများကို မီးတလက်လက်နှင့် လှမ်းမြင်နေရလေသည်။ “ဝေါ . . .ဝေါ”” လမ်းလျှောက်နေရင်း တိမ်သားလိပ်က သူ့ကိုဖုံးအုပ်သွားလေသည်။ ထို့အတူ မိုးကလဲ အော်သံကြီးပေးကာ ...
တွေမနှိမ့်ရဲအောင် လုပ်ပေးရတယ်။ သူတို့တောင်းတဲ့ငွေ ကျုပ်ကဘယ်ကရမလဲ။ အိမ်ပေါင်တဲ့အထဲက ထပ်ယူရတာပေါ့။ ကျုပ်သားရဲ့မင်္ဂလာပွဲက ခမ်းခမ်းနားနားဖြစ်သွားတယ်။ ကျုပ်ကတော့ အတိုးမသတ်နိူင်မရွေးနိူင်တဲ့ အိမ်ကို ပြန်အမ်းငွေလေးယူပြီးထိုးအပ်လိုက်ရတယ်လေ။ ယောက္ခမအိမ်ကိုပါသွားတဲ့သားက ကျုပ်အတွက် မယ်မယ်ရရထောက်ပံ့ပေးခဲ့တာမဟုတ်ဘူး။ ကျုပ် ကြည်ရှုဆောင်မခဲ့ တဲ့ တူတော်မောင် က သူနေတဲ့ တွံ့တေးကိုလာနေဖို့နဲ့ သေသည်အထိပြုစုလုပ်ကျွေးပါ့မယ်ဆိုပြီးလာခေါ်ရှာတယ်။ ကျုပ်မလိုက်နိူင်ခဲ့ဘူးလေ။ အဲ့အချိန်မှာကျုပ်ချွေးမက ကိုယ့်လေးလက်ဝန် ရှိနေပြီ။ ကျုပ်သားထွန်းလူ ကို ကျုပ်က အသက်သုံးဆယ်ကျော်မှမွေးထားတာ။ ကျုပ်သားကမွေးမယ့် ကျုပ်မြေးကို ကျုပ်ထိန်းကြောင်းချီပိုးချင်တယ်။ ကျုပ်တူနောက်ကိုမလိုက်ပဲ အိမ်ဖိုးငွေပိုလေးတွေကို သားနဲ့ချွေးမကိုအပ်လို့ သားအိမ်ကိုတက်ခဲ့တယ်။ ချွေးမမိဘတွေက တောင်သာကြတယ်။ ...
အချိန်မှ မိခင်ဖြစ်သူ…ဒေါ်မြင့်ဆုံးပါးသွားတာကြောင့် စိတ်ဓာတ်တွေကြဆင်းလျက် ရှိ့နေသည် ။ဒေါ်မြင့် မသေခင်က သူမလက်ကိုကိုင်၍ တိုးတိုးလေး မှာသွားခဲ့သည်။သမီး…အမေမရှိ့တော့တဲ့အချိန်မှာအားငယ်မနေပါနဲ့…အမေဘေးမှာရှိ့နေတယ်လို့ ယုံကြည်ပေးထားပါ ။ နေထိုင်မကောင်းဖြစ်တဲ့အခါ အန္တာရယ်တစ်ခုခုနဲ့ကြုံတဲ့အခါမျိုးတွေဆို အမေ့ကိုတလိုက် သမီး ။ အမေလာစောင့်ရှောက်မယ် သိလား “ုထိုသို့ကားများကို မသေခင် နေ့စဉ်မှာပြီး ဒေါ်မြင့်ဆုံးသွားခဲ့ရသည် ။ တော်ရုံ.အပျိုဗိုက်ဆို.လက်သည် ဒေါ်အေးကြည် မီးဖွားပေးပါက ကြာလှနာရီဝက်ဖြစ်၏။အခု တစ်နာရီကျော် နှစ်နာရီခန့်ရှိ့ပြီ ။ ဒီအချိန်မှာပဲ မီးနေခန်းထဲမှ လက်သည် ဒေါ်အေးကြည် ချွေးသံချွဲချွဲနှင့် မျက်စေ့မျက်နှာပျက်နှင့် ထွက်လာသည်။ ” ဒေါ်အေးကြည် …ဒေါ်အေးကြည်…ကျုပ်သမီး…လေး…အခြေအနေ…ဘယ်…ဘယ်လိုရှိ့လဲ…ဟင်…ဟင်…’ ...