စကားဆိုနေလေသည်။ “အဘ ဦးသာဗျောက အတော် စေတနာကောင်းတာပဲဗျ” “စေတနာကောင်းလို့လည်း သူ့အတွက် အထောက်အပံ့ ကောင်းတွေ ရခဲ့တယ်လေ “ “အင်း သူက အဲ့သူဌေးတွေဆီက ဘာမျှော်လင့်ချက်မှ မပါဘဲ ကူညီခဲ့တယ်ဆိုတာ ကျနော်သိတယ် “ “အင်း လူလေးရေ စကားမစပ် အဘအာရုံထဲမှာတော့ အဘတို့ကို သတ်ချင်နေတဲ့ အမှောင်ပညာသည်တွေ အနားကို ရောက်နေကြပြီ “ ဦးဖိုးဝေသည် ထိုသို့ပြောနေချိန်မှာပင် သူ၏ နဖူးတည့်တည့်ဆီသို့ မြှားတံတချောင်းတိုးဝင်လာသည်။သို့ပေမဲ့ နဖူးနှင့် ...
တွေ့စေချင်သလားပဲ …. ဟုတ်လား …. ကျမသိတာက ဂုဏ်သရေရှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦးလှည့်မှာသိပ်ကြောက်ကြတယ်လေ …။ ★ ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူဋ္ဌေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားတော်ကို … သက်၀င်ယုံကြည်မှုမရှိကြသေးဖူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံသေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာ၀နာကို အားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ...
တယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျွန်းချောင်းရွာလေးက ခုလိုမဟုတ် အေးချမ်းသာယာကာ စီးပွားရေး လူမူရေး များနဲ့ အစစအရာရာအဆင်ပြေကြတယ်။ ဒေါ်ဖွားစိန်သည် ကျွန်းချောင်းရွာသူ ရွာသားများထဲမှ ပညာသည်အဖြစ်ရပ်တည်နေသည် ရွာတည်ကတဲက ဒေါ်ဖွားစိန်တို့မျိုးရိုးသည် အပါအ၀င်ဖြစ်ခဲ့တယ် ရွာတည်ရင် ရွာသူများသည် မပါမဖြစ်ပါရလေသည်။ မြေဆီလွှာကိုသိသော ရွာသူ၊ မိုးလေ၀သကိုသိသောရွာသူ၊ ရွာကိုဘေးမရောက်အောင် စောင့်ရှောက်သော ရွာသူ၊ ရွာကို ဦးဆောင်တည်သောရွာသူ၊ မြေအနေအထားနဲ့ စိုက်ပျိုးရေးကို သိသောရွာသူ ၊ လမ်းပမ်းဆက်သွယ်ရေးသိသောရွာသူ၊ ရန်သူမျိုးငါးပါးမှကာကွယ်ပေးသော ရွာသူ ဒီရွာသူများဟာ ရွာတည်ရာတွင် မပါမဖြစ်ပါ၀င်ရသော ရွာသူများဖြစ်ကြတယ် သူတို့မရှိဘဲရွာတည်လို့မရဘူး။ ...
သူမတွင် ပန်းနာရင်ကျပ်ရောဂါက ရှိနေပြန်သည်။ ထိုရောဂါအတွက် ဆေးဘူးကလည်းအမြဲဆောင်ထားရသည်။ နောက်ပိုင်းတွင်တော့ ထိုရောဂါအတွက် ဆေးဘူးကိုပင်ပုံမှန်မဝယ်နိုင်တော့ချေ။ တစ်ရက်တွင်တော့ မသက်နှင်း၏အိမ်သို့ယောက္ခမဖြစ်သူ ဒေါ်တင့်ရောက်လာသဖြင့် နှစ်ယောက်သားစကားစမြည်ပြောဆိုကြသည်။ ယင်းသို့ပြောကြရင်းဖြင့် ဒေါ်တင့်က မသက်နှင်း၏ဗိုက်ကိုကြည့်လေရင်း “ဟဲ့ နင်မွေးတော့မယ်မဟုတ်လား။အိမ်ထဲမှာပဲကုပ်မနေနဲ့။လမ်းလေးဘာလေးထွက်လျှောက်။အားရှိမယ့်အစားအစာလေးဘာလေးလည်းစားအုံး။ “ဪ။စားချင်တာပေါ့အမေရယ်။အဆင်မှမပြေတာ” ထိုစကားကြောင့် ဒေါ်တင့်လည်းစိတ်မကောင်းဖြစ်သွားရသည်။ စင်စစ်သော်လည်း အားရှိမည့်အစားအစာကိုစားခိုင်းရသည်မှာလည်း စေတနာဖြင့်စကားအဖြစ်သာပြောရခြင်းဖြစ်လေပြီး အဆင်မပြေဖြစ်နေသည်ကို ဒေါ်တင့်ကိုယ်တိုင်လည်း သိရှိထားလေသည်။ သို့သော်လည်း စိတ်မကောင်းဖြစ်ရုံမှအပ မည်သို့မှ မတတ်နိုင်ချေ။ ဒေါ်တင့်က “အေးဟယ်။ငါတို့လည်းအဆင်ကမပြေဘူး။မဟုတ်ရင် ကလေးအတွက်ကျွေးတာ မွေးတာကအစအကုန်တာဝန်ယူပါတယ်ဟယ်” “ဟုတ်။အမေ့စေတနာတွေကို သမီးသိပါတယ်” ဟုတ်သည်။မသက်နှင်း သားကြီးနှင့် သမီးငယ်လေးကိုမွေးတော့ ဒေါ်တင့်၏အိမ်တွင်သာမွေးခဲ့သည်။ ...
ဟင်းအကျန်များသာ စားရလေသည်။ ဒေါ်မြတို့က အမျိုးတောင့်သည်။ အကုန် အိမ်အောက်မှ ထွက်လာကြပြီး အိမ်ရှေ့မြေကွက်လပ်တွင် ဒူးထောက် ထိုင်လိုက်ကြသည်။ ဓါးပြများက သေနတ်ဖြင့် ချိန်ထားသည့်သူက ချိန်ထားသည်။ မောင်စိန်လဲ နောက်ဆုံးတွင် ဝင်ထိုင်လိုက်လေသည်။ “ကဲ ဒေါ်မြ ရှည်ရှည်ဝေးဝေးမပြောချင်ဘူး၊ ကျုပ်တို့ကို ငွေတွေနဲ့ စားဖို့ရိက္ခာတွေလိုချင်တယ်” ဓါးပြ ဗိုလ်ကပြောလိုက်သည်။ ဒေါ်မြကတော့ မျက်ရည် စမ်းစမ်းဖြင့် “ရိက္ခာတွေ လိုတယ်ဆို စပါးတွေသာ ယူသွားပါ။ ငွေတွေလဲ ပေးပါ့မယ် လူကိုတော့ ချမ်းသာပေးပါ” ဒါ်မြက ပြောလိုက်လေသည်။ ထို့နောက် ချွေးခံအကျီအိတ်ထဲမှ ...
လမ်းလျှောက်ပြန်ရတော့မယ်မဟုတ်လား” ကိုပေါက်ချွန်းက ပြောပြီးတော့ ကျုပ်တို့ဆီကို ခေါက်ထားတဲ့ငါးဆယ်တန်တစ်ရွက်လှမ်းပစ်ပေးပြီး ရယ်ပါရောဗျာ၊ သူရယ်တော့ ကျန်တဲ့ဖဲဝိုင်းထဲက လူတွေကလည်း ကျုပ်တို့ကိုလှမ်းကြည့်ပြီး ရယ်ပါရောဗျ၊ ကျုပ်တို့လည်း မတတ်နိုင်တော့ဘူးလေဗျာ၊ သူပေးတဲ့ငါးဆယ်တန်ကို ဘတ်ခနဲကောက်ပြီးတော့ ဝိုင်းထဲကနေ ညီအကိုနှစ်ယောက်ထွက်လာခဲ့တာပေါ့ကွာ။ “တောက်၊ ဒီကောင်တွေ ဒါသက်သက်လူပါးဝတာကွ” အကိုကြီးကတော့ မကျေနပ်ဘူးပေါ့ဗျာ၊ ကျုပ်က အကိုကြီးပုခုံးကိုဖက်ရင်း “အကိုကြီးရာ၊ သူတို့ပြောတာလည်းဟုတ်နေတာပဲလေဗျာ၊ ကျုပ်တို့ကိုက လဘ်ကီးမကောင်းတဲ့ ဘူကောင်တွေဖြစ်နေလို့နေမှာပါ၊ သူတို့မှာ မသင်္ကာစရာ ဘာမှမတွေ့ဘူးမဟုတ်လား” “မဟုတ်ဘူး၊ ငါသိတယ်အလတ်ကောင်၊ ဒီကောင်တွေတမင်တို့ကိုညစ်တာကွ” “ညစ်တာတွေ ဖျစ်တာတွေထားပါတော့ဗျာ၊ အခု အဖေပေးလိုက်တဲ့ မြေဆီဖိုး ...
တောင်ကို ကင်းစောင့်ဖို့တာဝန်ချပေးလိုက်ကွာ” “ဟုတ်ကဲ့သူကြီး ကျုပ်စီစဥ်ပေးပါ့မယ်” “အေးကွာ…ဘယ်ကကျားကရောက်လာသလဲမသိပါဘူး” “ဒါတော့စိတ်ချပါ သူကြီး…။ကျုပ်လို မုဆိုးလည်းရှိနေတာကိုဗျာ…ဒီည ကျုပ်…မောင်အုန်းတို့ကင်းနဲ့ပေါင်းပြီးနေပါ့မယ်။ အခါသင့်ရင် ဒီတောကောင်ကို ကျုပ်ရှင်းပေးမှာပါ” မုဆိုးကြီးဦးခို၏စကားကြောင့်ရွာသူကြီးဦးနောင်ချို ဝမ်းသာသွားလေသည်။ “ဒါပေါ့ဗျာ…မုဆိုးကြီးကို ကျုပ်ကမေ့နေတာဗျ…လုပ်ဗျာ…။ မောင်အုန်းတို့ကလည်း မုဆိုးကြီးကို ကူညီကြပေါ့” “ဟုတ်ကဲ့သူကြီး” ထိုသို့ဖြင့်အစည်းအဝေးပွဲသည် ပြီးဆုံးသွားခဲ့တော့သည်။ ******************************* “အမေ…ညက ကျားဟိန်းသံကြောင့် ကျုပ်တို့ရွာသားတွေတော့အလုပ်များနေကြပြီ” “အင်း…ဟုတ်မှာပေါ့…ကျားသတ္တဝါရွာထဲဝင်လာမှာ စိုးရိမ်ကြတာကိုးအေ့” “ဟုတ်ပါ့အမေရယ်…ဒီညသာ ဒီကျားရွာထဲဝင်ရင် ခက်ရချည့်ရဲ့တော်” “ရွာထဲတော့မဝင်ပါဘူးအေ…ဒီကျားက လူကျားအေ့ လူကျား…ဒင်း ရွာပြင်ကပဲ ဟောင်နိုင်လိမ့်မယ်” “ဘယ်လိုအမေ…လူကျား ေ” “အေး…လူကျား…ဒီအရေးကို ပြောဖို့ ...
တိုးကပ်လာကာ ” ဟေ့ မင်းက ငါတို့အကွက်ထဲ ဘာလာလုပ်တာလဲ” “ကျတ်လယ်ကိုပိုင်တာ ငါတို့ရွာက ဒေါ်အေးမိကွ အခုပြောနေတဲ့ ကောင်ကဘယ်ကလဲ” “ငါကဒီအကွက်ပိုင်ရှင်အစစ်ကွ မင်းတို့ကောင်တွေ ငါ့ကိုခွင့်မတောင်းပဲဘာလို့လာတာလဲမင်းကိုခွင့်တောင်းစရာမလိုဘူး ငါတို့ရွာသားတွေလယ်ကို ငါတို့ငါးရှဉ့် ထောင်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ” “ဟားဟား ဟားဟား ဟားဟား မင်းကလည်း တော်တော်သတ္တိကောင်းပါလား” “ငါကြောက်တာအိမ်ကမိန်းမပဲရှိတယ်” “အေး မင်းကတော်တော် သတ္တိကောင်းတော့ ငါလာရတာ ပေါ့ကွာ” သာနိုးသည်အသံလာရာဘက်သို့ ဂရုတစိုက် ကြည့်နေသည်။ သူ၏စိတ်ထဲတွင်တော့ သူ့လိုငါးရှဉ့်ထောင်သော တခြားရွာသားတစ်ယောက်မှ စနောက်နေသည်ဟု ထင်ထားမိသည်။ထို့ကြောင့် ...
” “ရပါတယ်ကွာ” သီတာ မည်သို့မှ မပြောတော့ဘဲ သူ၏ရှေ့တွင်ထိုင်လိုက်ရင်း “အလုပ်သွားလျှောက်တာ အဆင်ပြေလား” သူခေါင်းခါပြလိုက်ရင်း “မပြေဘူး။ဂိတ်စောင့်တဲ့ လုံခြုံရေးတွေက ပြောတယ်။အကောင်ကြီးကြီး အမြီးရှည်ရှည်တစ်ယောက်ယောက်ရဲ့ထောက်ခံချက်ပါမှတဲ့” သီတာ နှာခေါင်းရှုံ့သွားသည်။ “ကြီးကျယ်လိုက်တာ” ယင်းသို့ရေရွတ်ပြီးနောက် “ဒါဆိုယောက်ျားဘာဆက်လုပ်မယ်စိတ်ကူးထားလဲ။လက်ရှိကုမ္ပဏီကလည်း ထွက်ထားပြီးပြီ။အခုအလုပ်အသစ်ကလည်း မရဘူးဆိုတော့ မျောက်သစ်ကိုင်းလွတ်ဖြစ်နေပြီပေါ့။လုံခြုံရေးကုမ္ပဏီတစ်ခုခုမှာ အလုပ်ဆက်လျှောက်ပါလား” “ဟာကွာ။အဲဒီလိုကုမ္ပဏီတွေကနယ်တွေအထိ လနဲ့ချီပြီး ခရီးထွက်ရတာပဲကွ။တစ်ခါတလေ နှစ်တောင်ပေါက်တယ်။အဲဒါကြောင့် မလုပ်ချင်တာ” “ဪ ယောက်ျားရယ်။လောလောဆယ် အလုပ်မရှိသေးတာနဲ့စာရင် တော်သေးတယ်လေ” “နေပါအုံးကွာ။ငါစဉ်းစားပါအုံးမယ်” “သဘောပဲတော်ရေ” ပြောပြီး သီတာလည်း ကြမ်းခင်းပေါ်ချထားသည့် ခြင်းတောင်းကိုယူကာ မီးဖိုချောင်ထဲသို့ဝင်သွားသည်။ မြတ်မင်းလွင်လည်း သူ၏ဘေးတွင်ထိုင်လျက်ရှိနေသည့် ...
*ဖိုးထွားနှင့် ကတက်ချဉ်*📖📖📖 ****************************** လယ်တွင်းသားစောချစ် တနင်္ဂနွေရုံးပိတ်ရက် မိသားစု မနက်စာစားနေကြစဉ် ‘ကတက်ချဉ်’ လမ်းပေါ်မှ ဈေးသည်၏အသံ ‘ဟ. . . ကတက်ချဉ်တဲ့’ ကျွန်တော်စိတ်ဝင်တစား ပြောလိုက်မိသော ကြောင့်…. ‘စားချင်လို့လား . ကတက်ချဉ်သည်လာဦး’ ကျွန်တော့်ဇနီးက ကျွန်တော့်ကိုမေးရင်း တစ် ဆက်တည်း ကတက်ချဉ်သည်ကို လှမ်းခေါ်လိုက် သည်။ ကတက်ချဉ်သည်ရောက်လာ၍ ကတက်ချဉ်ဇလုံကြီးကို ခေါင်းပေါ်မှချသည်။ မြင်လိုက်ရုံနှင့် သိ ပါသည်။ ညိုညိုဖားဖားအပြားကြီးကြီး ရာဘာရွက် ကြီးများ. . . . . ...