ရမည်မသိကြတော့ပေ။ နောက်ရက်များ၌လည်း ဒေါ်ရွှေကြည်၏ သားနှစ်ယောက်ရန်ဖြစ်ကြသည်။ ဒေါ်ရွှေကြည်တို့လင်မယားမှာ သားနှစ်ယောက်ကို ဖျန်ဖြေကြရ၏။ “ကိုမောင်မြ…ကျုပ်တို့အိမ် ဘာဖြစ်နေတယ်မသိဘူးနော်…” “ဟ…ဘာဖြစ်လို့လဲကွ…သာမန်ပါပဲ…” “အို…တော်မသိဘူးနော်… တစ်နေ့စံပယ်ကိုသရဲပူးသလိုလို… ဘာလိုလိုဖြစ်သေးတယ်… နောက်ပြီး တစ်ခါမှခွန်းကြီးခွန်းငယ်မများဖူးတဲ့ ညီအစ်ကိုတွေလည်းရန်တွေဖြစ်ကြတယ်… အခုဆိုချွေးမနှစ်ယောက်ကလည်း မသင့်မြတ်ကြတော့သလိုပဲတော့်…” “လူပဲ ရွှေကြည်ရဲ့…ရန်ဖြစ်စကားများတာကတော့ အနည်းအကျဥ်းရှိမှာပေါ့…” “တော်မသိဘူးနော် ကိုမောင်မြ… ညဆိုလည်း ခွေးတွေက ကျုပ်တို့အိမ်ကိုပဲဝိုင်းဟောင်… ဝိုင်းအူနေကြသလိုပဲ…. ကျုပ်စိတ်ထဲမသန့်ဘူးတော့်…” “မင်းကလည်းကွာ…” “မင်းကလည်းမကွာနဲ့ကိုမောင်မြ… ကျုပ်တော့သောင်ထွန်းရွာကဘွားမယ်စိန်ကို အကျိုးအကြောင်းပြောပြီးပင့်ခဲ့ချင်တယ်… ဒါမှကျုပ်စိတ်ရှင်းမှာတော့်…” “အေးကွာ…မင်းသဘောပဲမရွှေကြည်… မင်းစိတ်ရှင်းချင်တယ်ဆိုလည်း ပင့်ပေါ့ကွာ…” *********************************** ထိုသို့ဖြင့် ဘွားမယ်စိန်နဲ့မောင်တိုးတို့ ရွာသစ်ရွာသို့ရောက်ရှိနေကြသည်။ ...
ဟူသောအကြည့်ဖြင့်ကြည့်ရှုတတ်ကြသည်။ မယားငယ် နှင့်နောက်အိမ်ထောင်မတူကြောင်းကို သဲသဲကွဲကွဲသိကြမည့်ပုံမရကြချေ။ ကိုပြည့်ဖြိုးအောင်ကွာရှင်းပြီး ၂နှစ်ကြာမှကျွန်မနှင့်ဆုံဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်သူဖြစ်နေ ၍ကျွန်မလက်ခံခဲ့ကြောင်း လူတော်တော်များများကို လိုက်ရှင်းပြနေရခြင်းအားကျွန်မစိတ်ပျက်ခဲ့မိသည်။ ခင်ပွန်းသည်နှင့် မမိုးစံအကြောင်းသိရှိထားသည့်လူရင်းများက ပိုဆိုးသည်။ သူတို့၏မျက်လုံးထဲတွင်ကျွန်မကို မသတီစရာကောင်းနေသလိုလို ကြည့်နေသည်အားမြင်မြင်နေရသည်။ ထို့ကြောင့်လည်း သူတို့နှင့်မဆုံချင်သဖြင့် ကျွန်မကပင်အရင်ရှောင်ထွက်ခဲ့သည်။ “” ကိုကို… “” ကိုပြည့်ဖြိုးအောင်က ကားသော့ကိုင်ရင်းအခန်းထဲမှထွက်လာသဖြင့်မမိုးစံဆီသွားမည်မှန်းမပြောဘဲကျွန်မသိနေခဲ့ပြီ။ “” ကိုကိုမကြာဘူး…ပြန်လာမယ်နော် “” ကျွန်မခေါင်းငြိမ့်ပြရုံကလွဲ၍ မတားဆီးလိုက်နိုင်ပါ။ ခင်ပွန်းသည်ထွက်သွားရာသို့ငေးမောကြည့်ရင်း အိမ်တံခါးလိုက်ပိတ်လိုက်သည်။ အချိန်က ညနေ ငါးနာရီခန့်ရှိနေလေပြီ။ ခင်ပွန်းသည်အပြန်နောက်ကျမည် ဖြစ်ပြီး ညစာပင်စားချင်မှပြန်စားပေလိမ့်မည်။ ထိုစဉ်ကျွန်မနှာခေါင်းထဲအနံ့အသက်တမျိုးကိုရလိုက်မိ၏။ ဆေးရုံနံ့လိုလို အနံ့မျိုးဖြစ်သည်။အိမ်တွင်လည်း ...
မြင့်တာပေါ့ဗျာ၊ ကျုပ်တို့တက်နေတာကို ပေါက်တူးထမ်းပြီးတော့ လမ်းလျှောက်လာတဲ့ ဦးဘသာကြီးက တွေ့သွားတာပေါ့။ “ဟေ့ကောင်လေးတွေ ဘာလို့သစ်ပင်ပေါ်တက်နေတာလဲကွ” “မာလကာသီးလေးတွေ သီးနေလို့ တက်ခူးတာပါ ဦးဘသာကြီးရဲ့” “မင်းတို့မာလကာသီးလေးတွေက အကျစ်လေးတွေပါကွာ၊ မပွသေးပါဘူးကွ၊ တက်မနေပါနဲ့” “ကျစ်လည်း ကျစ်ကျစ်ဗျာ၊ စားမရရင်လည်း ဝါးပြီးထွေးထုတ်မယ်” ကျုပ်တို့ကလည်း အလျှော့မပေးဘဲနဲ့ ဆက်ပြီးတက်နေတာပေါ့၊ အဲဒီအချိန်မှာ ဦးဘသာကြီးက မာလကာပင်ပေါ်ကိုလက်ညှိုးထိုးလိုက်ပြီးတော့ “ကဲ၊ မင်းတို့အသီးအကျစ်လေးတွေ ပွသွားအောင်လို့ ငါလုပ်ပေးမယ်ဟေ့” လို့ပြောပြီးတော့ ဘာတွေလဲတော့မသိဘူး ရွတ်လိုက်တာ ကျုပ်တို့မျက်စိရှေ့မှာတင်ပဲ မာလကာသီးတွေက တဖြည်းဖြည်းကြီးလာပြီးတော့ အရောင်ကလည်း ဝင်းလာတာဗျာ၊ ကျုပ်တို့ဖြင့် အံ့သြလို့မဆုံးဘူး၊ ...
ပေါများသည်။ အထူးသဖြင့် သူတို့ကိုင်ဆောင်သည့် လုပ်သေနတ်များမှာ အထူးပေါများသည်။ သူကိုင်သည့်သေနတ်မှာ တစ်လုံးထိုး ဘို့အက်ရှင် ရိုင်ဖယ်သေနတ်ဖြစ်ပြီး မှန်ပြောင်းကလေးတစ်ခုတပ်ဆင်ထားလေရာ အနီးကပ်ချိန်ရွယ်ရန်အတွက် အလွန်အဆင်ပြေလှသည်။ သေနတ်ကျည်အိမ်အတွင်း ကျည်ဆန်တစ်တောင့်ထည့်ပြီးသားဖြစ်သည်မို့ သေနတ်မောင်းကိုအသာဆွဲတင်လိုက်သည်။ အမဲဆီများဖြင့်ချောမွေ့နေအောင်ပွတ်ထားသည်မို့ သေနတ်amမာင်းတက်သွားသော်လည်း အသံမထွက်ဘဲတိတ်ဆိတ်နေသည်။ ထို့နောက် တောဝက်အုပ်ကိုသေနတ်ဖြင့်ထိုးချိန်လိုက်ပြီး သေနတ်အပေါ်တွင်တပ်ထားသည့် မှန်ပြောင်းကလေးမှတဆင့် မိမိပစ်မည့်သားကောင်ကို သေသေချာချာ ရွေးချယ်လိုက်သည်။ တောဝက်အုပ်က မျှစ်များ၊ ဝါးများကို ချိုးဖဲ့နေသဖြင့် တဖြောင်းဖြောင်းအသံမြည်ကာ ဆူညံနေသည်။ ကဲဒိုက ပစ်ခတ်မည့်အကောင်ကို အသေအချာချိန်ရွယ်ရင်း လိုက်ရှာရာ နောက်ဆုံးတွင် ဝက်တောင်းကြီးတစ်ကကောင်ကို အသေအချာချိန်လိုက်သည်။ “ဟာ၊ ဝက်စွယ်ကွင်းပိတ်ကြီးပါလား” ...
ငါးကျက်၊ အစိမ်းကြော်၊ ခေါက်ဆွဲကြော်ထုပ်များပါလာလျှင် ကားမလွယ်ရေးချမလွယ်….။ လိုက်၍ ဆွဲချနေလေတော့သည်။ ဤမျှ ကြောက်စရာကောင်းလောက် အောင် ဆို၊ ဆိုးဝါးဝါးကြီး ဖြစ်နေပါ တော့သည်။ သင်္ချိုင်းစောင့်မဖဲဝါကိုတော့ကြား ဗူးကောင်းကြားဖူးကြပါလိမ့်မည်၊ ယခု သူသည်ကား မဖဲဝါမဟုတ်။ထိုသရဲကြီး ကား တာတီးပင် ဖြစ်တော့၏။ သင်္ချိုင်း စောင့်၊တာတိ။ တာတိုးတစ်ယောက် သင်္ချိုင်းစောင့်၊ ဖြစ်နေပြီဟု၊ ရွာနှစ်ရွာ လုံးမှ သိနေကြပြီဖြစ်ပါတော့သည်။ တာတီးသည်အစားကြီးသည်။ အစားအသောက်ပက်စက်သည်။ မြွေ၊ ရှဉ့်၊ လိပ် အကုန်စားသည်။ ကင်၊ လိပ်လျှောကြီးကြီးဆိုလျှင်အရှင်မထား။ အလွတ်မပေ။ ဖွတ်၊ ပုတတ်ပါမချန် ...
ကြီးဗျာ၊ နှာခေါင်းပွပွကြီးက အပေါ်ကိုလန်ပြီးကောက်နေသေးတယ်။ ပါးစပ်ပြဲပြဲကြီးနဲ့ နှုတ်ခမ်းလန်လန်ကြီးတွေကြားထဲမှာ အစွယ်ကြီးနှစ်ချောင်းက အောက်မေးရိုးကနေတိုးထွက်နေပြီးတော့ ပါးပင်မှာ တင်လို့ဗျ၊ ရုပ်ကြီးက ဘီလူးရုပ်ကြီးဆိုတော့ ကျုပ်လည်း လန့်သွားပြီးတော့ ဦးဘသာအနောက်ကိုပြေးကပ်လိုက်တာပေါ့ဗျာ။ ဦးသဘာက စုန်းမကျင်ရီကို အသေအချာကြည့်ရင်း “ဒါကြောင့် ညည်းမသေတော့တာကိုး၊ ညည်းက ဘီလူးနဲ့ထုံကူးထားတာပဲ” ကျုပ်လည်း ဘီလူးမကြီးကို လက်ညှိုးထိုးလိုက်ပြီး “ခင်ဗျားပြောတော့ ကုဋ္ဌနူနာ စွဲနေတာဆိုဗျ၊ အခုတော့ ဘီလူးခေါင်းကြီးနဲ့ပါလား” “ဟုတ်တယ်လေ၊ နူနာစွဲနေတယ်လို့ပြောမှ မင်းက မကြည့်မှာပေါ့၊ ကဲ အဘိုးကြီး လျာရှည်မနေနဲ့ ကျုပ်အစွမ်းကိုကြည့်ဟဲ့” စုန်းမကျင်ရီက ဦးဘသာကြီးဆီကိုပြေးလာတာဗျ၊ ပြေးလာတာလည်း ...
ဓားပြအဖွဲ့တစ်ခုကလည်း ခွန်းဆောင်အိမ်ကိုဓားပြဝင်တိုက်ပြီးတော့လည်း ရှိသမျှအကုန်ယူသွားကြတယ်လေ ဒီထက်ဆိုးတာကလည်း ငွေချေးထားတဲ့ငွေရှင်များကလည်းငွေလာတောင်းကြတော့ပေစရာမရှိတာနဲ့ ကြာလာတော့ သူတို့နေတဲ့အိမ်ကို ေပးပြီး ညောင်လှကိုပြောင်းသွားကြတယ်ဗျ ညောင်လှမှာကလည်း ခွန်းဆောင်အမေရဲ့အမအိမ်ရှိတယ်လို့ပြောတယ်ဗျ မပြောင်းခင်တုန်းကတော့ခွန်းဆောင်နဲ့ကျုပ်နဲ့ကကစားဖော်ကစားဖက်တွေဗျ ကျုပ်ကတော့ခွန်းဆောင်ထက်တော့အသက်ကြီးတယ်ဗျ ကျုပ်ကိုလည်းအကိုကြီးအကိုကြီးခေါ်ကျုပ်ကလည်းညီလေးညီလေးနဲ့အရမ်းတည့်ကြတဲ့သွေးမတော်ညီကိုတွေပေါ့ဗျာ မှတ်မှတ်ရရပြောရမယ်ဆို ကျုပ်တို့အိမ်ကိုမယ်သီလရှင်တစ်ပါးရောက်လာတုန်းကလည်း ဖြစ်ချင်တော့ ကျုပ်နဲ့ ခွန်းဆောင်ဆော့နေတဲ့အချိန်နဲ့လာတိုးတာဗျ မယ်သီလရှင်နဲ့ကျုပ်တို့နဲ့ကလည်းသိပ်မဝေးဘူးဗျ ခွန်းဆောင်ကလည်းသနပ်ခါးတုန်းကြီးကိုင်ပြီးဘာမပြောညာမပြောနဲ့မယ်သီလရှင်ဘက်ကိုပြစ်ထည့်လိုက်တာဗျ သနပ်ခါးတုံးကြီးကလည်းမယ်သီလရှင်ရဲ့နဖူးကိုတည့်တည့်မှန်တာပေါ့ မယ်သီလရှင်ကလည်း နဖူးကွဲသွားတာဗျ အဲ့အချိန်ကစပြီးတော့လည်း ကျုပ်တို့နှစ်ယောက်ကိုမျောက်မူးလဲနဲ့မျောက်ဖင်နီဆိုပြီးတော့လည်းနာမည်ပေးတော့တာပဲ ကျုပ်တို့ကလည်း ၂လ ကျော်လောက်ပဲတွေ့လိုက်ရပါတယ် စိတ်မကောင်းစရာကိစ္စတွေဖြစ်သွားပြီးတော့လည်း ခွန်းဆောင်တို့သားအမိကညောင်လှကိုပြောင်းသွားကြတယ်လေ ကျုပ်ကလည်းမြို့ကိုရောက်သွားတယ်ဗျ အဲ့အချိန်ကတည်းကမတွေ့ဖြစ်တော့တာကလည်းအခုမှပဲပြန်တွေ့ရတာပေါ့ “ညီလေးခွန်းဆောင်မင်းကခုဘယ်မှာအလုပ်လုပ်တာလည်း” ကျုပ်ကလည်း ခွန်းဆောင်ကိုမေးလိုက်တော့ “မြိတ်မှာလေကိုကြီးသာလှ၂နှစ်တစ်ခါလောက်တော့ညောင်လှကိုပြန်ရောက်ဖြစ်ပါတယ်ဟိုးအရင်နှစ်တွေကအလုပ်ပိတ်ရက်နည်းတော့လည်းပေါက်လှကိုမရောက်ဖြစ်တာ” “မြိတ်ဆိုတော့တော်တော်ဝေးတာပဲကွအေးပါဒါနဲ့မင်းတို့ကောအဆင်ပြေကြလား” “ပြေပါတယ်ကိုကြီးအလုပ်ကပင်ပန်းတယ်ဆိုပေမယ့်လည်းဝင်ငွေကတော့ကောင်းတယ်ဗျခုဆိုလယ်၇ဧကလောက်တော့စုမိထားပြီ” “ဒါများကွာမြိတ်ကိုသွားမနေပါနဲ့တော့ ...
ထွက်ပြေးလာခဲ့တော့သည်။ ပြေးရင်း နောက်ဘက်ဆီသို့ ပြန်ကြည့်ရာ၌ ထိုလူ့အား မတွေ့ရတော့။ ချက်ချင်းကြီးပျောက်ကွယ်သွားသောကြောင့် ဆက်မပြေးတော့ဘဲ တွေ့နိုးနိုးဖြင့်ရှာလေသည်။ သို့သော် ထိုလူသည် ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားလေသည်။ ခင်ချို စိတ်ထဲ အတွေးတစစဖြင့် အိမ်သို့ပြန်လာခဲ့ရသည်။ အိမ်ရောက်တော့… “သမီး…ညည်းလည်းကြာတာအေ… အမေကစိုးရိမ်နေတာအေ့…။ အဖော်လေးဘာလေးခေါ်သွားဦးမှပေါ့” “အဖော်တွေက လယ်ထဲပျိုးနုတ်လိုက်သွားကြတယ်အမေရဲ့… ဒါမို့ ကျုပ်တစ်ယောက်ထဲသွားလိုက်တာ…” “အေးပါအေ…” “ကဲ…အမေ ဒါဆို ကျုပ် အဝေရာရွက်တွေရေဆေးလိုက်ဦးမယ်။ပြီးရင် ငါးပိချက် ချက်မယ်…ငပိချက်ပြီးမှ အေဝရာကို ပြုတ်လိုက်မယ်နော်…” “ကောင်းသလိုသာလုပ်အေ…။အမေကတော့ ခါးနာလို့ မီးဖိုမဝင်နိုင်ဘူး …ငါ့သမီးပဲပင်ပန်းရဦးမှာ” “သားအမိချင်းပဲအမေရယ်…ကျုပ်ဘာများပင်ပန်းရတုန်း။ သူများတွေလို ...
ပြန်လည်မြင်ယောင်လာလေသည်။ ဦးလှငွေနှင့် ဒေါ်အုန်းမြင့်တွင် သား၊ သမီးလေးယောက်ရှိသည်။ သူမ၊မစန်းဌေး ကတတိယမြောက်သားသမီးဖြစ်သည်။ ပထမသားကြီး၊ဒုတိယသားလတ် အိမ်ထောင်ကျပြီးနောက်ပိုင်းကိုယ်စီ ကိုယ်ငကိုယ့်အိမ်ထောင်နှင့်ကိုယ့်မိဘ များကို ထားရစ်ကာ ခွဲထွက်သွားကြ လေသည်၊ ဦးလှငွေမှာအငြိမ်၊စားဝန် ထမ်းတစ်ဦးဖြစ်ကာ အငြိမ်စားပင်စင် လစာလေးမှာလည်းအနည်းငယ်မျှပင် ဖြစ်သောကြောင့်ဦးလှငွေတို့မိသားစု၏ စားဝတ်နေရေးမှာ အကြပ်အထည်၊တွေ့ခဲ့ရလေသည်၊ သမီးမစန်းဌေးမှာ လိမ္မာရေးခြားရှိသူဖြစ်သည်။ မိဘအပေါ်သိတတ်သည်။ ညီအစ်ကိုမောင်နှမ များပေါ်တွင်လည်းကြင်နာသနားတတ်သူ ကိုယ်ချင်းစာ တတ်သူဖြစ်သည်။ အသက်ပင်ငယ် သော်လည်း ရတနာမြတ်သုံးပါးကိုအမြဲ ပပြတ်ဆည်းကပ်ကာရိုသေကိုင်းရှိုင်းသူဖြစ်သည်။ တကယ်ဆိုပါလျှင် ထိုစဉ်က မစန်၊ ဌေး၏အသက်မှာ နှစ်ဆယ်မျှ မပြည့် သေးပေ။ ဆယ်တန်၊ကျောင်းသူဘဝမှ ...
လား’ဟု ချိုချိုသာသာ ပြန်ပြောကာ တယောက်တည်း လှုပ်ရှားနေသည်။ ကိုတင်အေးလည်း စောင်ခေါင်းမြီးခြုံကာ ပြန်အိပ်ပျော်ဖို့ ကြိုးစားရသည်။ သည်အခိုက်အတန့်မှာပင် ရိုးသားသော ဇနီးမယားအကြောင်းကို တွေးနေမိသည်။ မစန်းမြင့်သည် အထက်တန်းလွှာမှ ဆင်းသက်လာသူ မဟုတ်။ မိခင်နှင့်အတူ နယ်မှ ရန်ကုန်ပြောင်းလာပြီး တာမွေမှာ အိမ်လေးတလုံး ငှားကာ အမေကြီးက ဈေးရောင်းသည်။ မစန်းမြင့်က အပ်ချုပ်သင်တန်း တက်သည်။ ကိုတင်အေးလည်း နယ်မှ ကျောင်းလာတက်ပြီး ရန်ကုန်မှာ ခြေချဖို့ ကြိုးစားခဲ့ရသူတယောက်ပါပဲ။ သို့သော် ကိုတင်အေးကတော့ ခေတ်နောက်မကျလှသော မြို့လေးတမြို့မှ အသင့်အတင့် ...