လိုက်သကဲ့သို့ နောက်ဖက် လွင့်သွားသည်။ “ဟီး ဟီး ဟီး” သရဲမကြီးလည်း ကလေးကို ကိုင်ချင်၍ မရသဖြင့် အခန်းထဲ လှည့်ပတ်အော်ဟစ်နေသည်။ “ဟီး ဟီး ငါ့ကလေး…ငါ့ကလေး” ကလေးကလည်း အငိုတိတ်သွားသည်။ သရဲမကြီး လည်း ကလေးကိုခေါ်ရန် လက်လျော့သွားသည်လား မသိ အိပ်ခန်းပတ်ပတ်လည် လှည့်ပတ်သွားနေရာက နေ ပျောက်သွားသည်။ “တော်သေးရဲ့ ကလေးအပေါ်မှာ ပုတီး တင်ပေးလိုက်မိလို့ နို့မို့ဆို သရဲမလက်ထဲ ကလေးပါသွားလောက်ပြီ” “ဒို့ရွာမှာလည်း မွေးကင်းစနဲ့ တစ်နှစ်သားအရွယ် ငါးယောက်လောက်ရှိမယ်ထင်တယ် အားလုံးကို သတင်းစုံစမ်းပြီး သတိလိုက်ပေးမှ ...
မွေးပြီး ကျုပ်ကို ရန်ရှာကြလိမ့်မယ်” “အဲဒါ ဘယ်လိုလုပ်ကြမလဲ ကိုနှင်းမောင်” “ဟောဒီ ရွှေအိုးကလေး ပို့လိုက်တဲ့ ကောင်ကို ရော၊ သူရဲ့တပည့် တွေကိုရော တစ်နေရာတည်းမှာမိအောင် ဖမ်းပြီး မျက်နှာကို ဒူးနဲ့ ခပ်ပြင်းပြင်း ကလေးတိုက်ပြီး ဆုံးမ ထားရမှာပေါ့၊ ခွေးဆိုးကို နှုတ်ပိတ်ရိုက်ပြီး ယဉ်ကျေး အောင် လုပ်ထားရသလိုပေါ့” “ကျုပ်တို့ကို အိုးကလေး ပို့လိုက်တဲ့သူဟာ ဘယ်သူ ဘယ်ဝါဖြစ်နိုင် တယ်ဆိုတာ သိမှမသိဘဲ၊ ဘယ်လိုလုပ်ပြီး ဖမ်းမှာလဲ ကိုနှင်းမောင်” “ဒီအတွက်တော့ မပူပါနဲ့ အိုင်ပီ၊ ဝှက်ထားတာကို ...
ပြောပြနေတာ ကြားလို့၊ ကျုပ်က လာပြောတာဗျ၊ ကဲ…ကိုကြီး တာတေ မျက်နှာမြန်မြန်သစ်ဗျာ၊သမုန်း တောယာကို မြန်မြန်သွားကြည့်ရအောင်” ကျောက်ခဲနဲ့ ကျုပ် ယာထဲကို ရောက် တော့ ဘိုးစံကွန့်ပြောတဲ့ ခြေရာကြီး တွေကို လိုက်ရှာကြတယ်။ ကျောက် ခဲက တစ်ဖက်၊ ကျုပ်ကတစ်ဖက် လူခွဲပြီး ရှာတာဗျ။ သမုန်းပင်တွေ ခြောက်ပင်၊ ခုနှစ်ပင် ပြုံပေါက်နေတဲ့ ယာကွက်မို့လို့ သမုန်းတောယာလို့ ခေါ်နေကြတာဗျ။ “ဟာ…တွေ့ပြီဗျို့၊ ကိုကြီးတာတေရေ၊ ဟောဒီမှာဗျို့ အကြီးကြီးတွေပဲဗျ” ကျုပ်က ကျောက်ခဲဆီကို ပြေးသွားပြီး ငုံ့ကြည့်လိုက်တယ်။ ဟုတ်ပါ့ဗျာ၊ ...
.ကလေးတွေပျောက်တာကို မနက်မှပဲလူတွေ သိကြတာခင်ဗျ” “အင်း…ဒါဆိုရင်ပျောက်တဲ့ ကလေးအရေအတွက်ကရော ဘယ်နယောက်ရှိနေပြီလဲကွဲ့…” ဟုဘွားမယ်စိန်ကမေးတော့မောင်ဖေကနှုတ်မှ တတွတ်တွတ်ရွှတ်လိုက်လက်ချိုးလိုက်ဖြင့် ရေတွက်နေခဲ့သည်။ ပြီးလေမှ… “ကိုး…ကိုးယောက်ရှိပြီခင်ဗျ…” “ကိုးယောက်…” “ဟုတ်တယ်ခင်ဗျ…ကိုးယောက်ပါ” မောင်ဖေက ကိုးယောက်ဟုပြော၍ ဘွားမယ်စိန်စဥ်းစားနေခဲ့သည်။ ပြီးနောက်သူ၏မျက်လုံးကိုမှိတ်၍ ခဏငြိမ်သွားလေသည်။ မောင်ဖေကလည်း ဘွားမယ်စိန်ကို ငြိမ်၍ ကြည့်နေခဲ့သည်။ ဘွားမယ်စိန်မျက်လုံးပြန်ပွင့်လာခဲ့ပြီးမောင်ဖေကိုကြည့်၍… “မိန်းမတစ်ယောက်ပဲကွဲ့… မိန်းမတစ်ယောက်ရွာထဲကိုဝင်လာပြီးကလေးတွေကို ခေါ်နေတာ…” ဟု..ဘွားမယ်စိန်ကပြောတော့ မောင်ဖေမျက်လုံးပြူးသွားသည်။ “ဗျာ…မိန်းမ…ဟုတ်လားအမေကြီး” “အေးကွဲ့” “အဲ့သည်မိန်းမက ရွာထဲဝင်ပြီး အိမ်တွေထဲက ကလေးတွေကို ဘယ်လိုများ ခေါ်သွားတာလဲအမေကြီးရဲ့” “ဟဲ့မောင်ဖေရဲ့… အဲ့သည်မိန်းမက နင်တို့လိုသာမာန်မိန်းမ မဟုတ်ဘူး… ...
ဘယ်ရက်သွားရမယ်ဆိုတာကို စဉ်းစားခန်းဖွင့်နေသေးတယ်၊ ကျုပ်တုတ်နဲ့လိုက်ရိုက်တာ လွန်သလားဗျာ။ အကိုကြီးနဲ့ မခင်နှောင်းယူမယ့်ကိစ္စကို တစ်ရွာလုံးကသိပေမယ့် သာမန်ကိစ္စပဲဆိုပြီး အေးအေးလူလူပဲပေါ့ဗျာ၊ မခင်နှောင်းကိုချိန်နေတဲ့ ကာလသားတွေသာ အကိုကြီးအပေါ်ကို နည်းနည်းနှာပွနေကြတာ၊ ယုတ်စွအဆုံး မရီးဘက်က ဆွေမျိုးတွေ၊ မိဘတွေကတောင်မှ အေးအေးဆေးဆေးပဲ၊ အဲဒီတုန်းကတော့ ယောက်ျားတစ်ယောက် မိန်းမနှစ်ယောက်ယူတာ ဆန်းမှမဆန်းကိုးဗျ။ ဒါပေမယ့်လည်း မိန်းမတွေစိတ်ကအဆန်းသား၊ မုန့်ကိုသာခွဲဝေစားမယ်၊ အချစ်ကိုတော့ ခွဲဝေမစားနိုင်ဘူးဆိုတဲ့ စိတ်ကလည်းရှိသေးတာကိုး၊ ဒါကြောင့်် ကျုပ်က မိန်းကလေးတွေက အချစ်နဲ့ပတ်သက်လာရင် အမြင်ကျဉ်းတယ်လို့ပြောတာ၊ အခုလည်းကြည့်ဗျာ၊ ကျုပ်အိမ်ရောက်တော့ အမေနဲ့ မရီးနဲ့က တကြိတ်ကြိတ်နဲ့ဗျ။ အဖေကတော့ ဘယ်ထွက်သွားတယ်မသိပါဘူး၊ ...
တာပေါ့ဗျာ၊ ခရီးသည်တွေအချင်းချင်းဆိုတော့လည်း ကူညီကြပါတယ်၊ ခရီးသွားလေ့သွားထရှိသူကတော့ ဒီလိုမျိုးလမ်းခရီးမှာ ကြန့်ကြာတတ်တာသိလို့ သေချာပြင်ဆင်ပြီး သယ်ခဲ့ပုံပဲဗျ။ ခရီးသည်တစ်ယောက်ပေးတဲ့ ကောက်ညှင်းထုပ်ကို ကျုပ်နဲ့ဦးဘသာတစ်ယောက်တစ်ဝက်စားလိုက်တယ်ဗျ၊ ဆာနေတာဆိုတော့ ကောက်ညှင်းထုပ်တစ်ဝက်က တစ်လုပ်ပါပဲဗျာ၊ ကျုပ်ဖြင့် အဲဒီအချိန်ကစပြီး ကောက်ညှင်းထုပ်ကို ကြိုက်သွားတာပဲဗျ၊ ဆာနေတဲ့အချိန်ဆိုတော့ စားလို့ကောင်းချက်ဗျာ၊ ဒါပေမယ့်လည်း သူများဟာဆိုတော့ ဆာတိုင်းလည်း တောင်းစားလို့မကောင်းဘူးမဟုတ်လား၊ ဒီတော့ အဲဒီကောက်ညှင်းထုပ်တစ်ဝက်နဲ့ပဲ ဗိုက်ဖြည့်လိုက်ရတာပေါ့ဗျာ။ ဒါနဲ့ပဲဇရပ်ကြမ်းပေါ်မှာ လွယ်အိတ်ကိုခေါင်းအုံးပြီး ကျောခင်းလိုက်ရတာပေါ့၊ ဦးဘသာကြီးကတော့ မအိပ်ဘဲ ငုတ်တုတ်ထိုင်နေတယ်ဗျ။ “ဦးဘသာကြီး မအိပ်သေးဘူးလားဗျ” “အေးကွ၊ ငါကွမ်းတအားစားချင်နေတာကွ” “နေအုံး၊ ခရီးသည်တွေဆီကနေ ကျုပ်လိုက်တောင်းကြည့်မယ်” ...
ပဲခေါ်ကြတယ်မဟုတ်လား” “ဒါဆိုရင် ကိုယ့်ဖာသာကိုယ် နာမည်ပြောင်းလို့ရတယ်ဆိုတာကရောဗျာ” “အသက်ကြီးလာလို့ ကိုယ့်နာမည်ကိုယ်မကြိုက်တော့လည်း နာမည်အသစ်ပြောင်းပြီးတော့ အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ်လောက်ကို လက်ဖက်ထုပ်ပေး၊ မုန့်ကျွေးပြီး ဒီနေ့ကစပြီးတော့ ဒီနာမည်ပဲခေါ်ပါလို့ ပြောင်းလိုက်ရင် ပြီးတာပါပဲကွာ၊ တို့ ဗိုလ်ချုပ်အောင်ဆန်းတောင်မှ သူ့နာမည် ထိန်လင်း ကိုမကြိုက်လို့ အောင်ဆန်းဆိုပြီး ပြောင်းလိုက်တယ်မဟုတ်လား” ကျုပ်လည်းခေါင်းညိတ်လိုက်ရင်း လက်ကလည်း ပေါင်းပင်တွေကို နှုတ်လိုက်၊ တစ်နေရာမှာ ပေါင်းရှင်းသွားရင်း တစ်နေရာကိုအသာကလေး ရွေ့သွားလိုက်နဲ့ ဆက်လုပ်နေတာပေါ့ဗျာ။ “ဒါပေမယ့် နာမည်ဆိုတာကလည်း ကိုယ်ပေးချင်တိုင်းဖြစ်တာမဟုတ်ဘူး၊ အများက ခေါ်တဲ့နာမည်က တွင်နေတာမျိုးကွ၊ ငါ့ကိုပဲကြည့်လေကွာ၊ ငါ့အမေပေးတာ သာစံ၊ ...
နည်းနည်းနှာပွနေကြတာ၊ ယုတ်စွအဆုံး မရီးဘက်က ဆွေမျိုးတွေ၊ မိဘတွေကတောင်မှ အေးအေးဆေးဆေးပဲ၊ အဲဒီတုန်းကတော့ ယောက်ျားတစ်ယောက် မိန်းမနှစ်ယောက်ယူတာ ဆန်းမှမဆန်းကိုးဗျ။ ဒါပေမယ့်လည်း မိန်းမတွေစိတ်ကအဆန်းသား၊ မုန့်ကိုသာခွဲဝေစားမယ်၊ အချစ်ကိုတော့ ခွဲဝေမစားနိုင်ဘူးဆိုတဲ့ စိတ်ကလည်းရှိသေးတာကိုး၊ ဒါကြောင့်် ကျုပ်က မိန်းကလေးတွေက အချစ်နဲ့ပတ်သက်လာရင် အမြင်ကျဉ်းတယ်လို့ပြောတာ၊ အခုလည်းကြည့်ဗျာ၊ ကျုပ်အိမ်ရောက်တော့ အမေနဲ့ မရီးနဲ့က တကြိတ်ကြိတ်နဲ့ဗျ။ အဖေကတော့ ဘယ်ထွက်သွားတယ်မသိပါဘူး၊ ကျုပ်လည်း မောမောနဲ့ရေနွေးတစ်ခွက်ငှဲ့တော့ အမေက ကျုပ်အနားကိုကပ်လာတယ်။ “ဟဲ့အလတ်ကောင်၊ နင့်အကိုနဲ့ခင်နှောင်းကိစ္စကိုနင်ဘယ်လိုမြင်သလဲ၊ နင်ရော နင့်အကိုကို အဲဒီဟာမနဲ့ သဘောတူသလား” ကျုပ်ကတော့ ရေနွေးခွက်ကိုင်ပြီး ...
နေခဲ့တာလို့ အမေဖြစ်သူပြောပြ၍သူရသိရသည်။ သူရတို့လှည်းအဖွားဖြစ်သူခြံထဲဝင်လိုက်တော့ လူတော်တော်များများကိုတွေ့လိုက်ရတယ်။ သူရလည်း အိမ်ပေါ်သို့တက်ကာအဖွားဖြစ်သူအခန်းထဲဝင်သွားလိုက်တယ်။ အဖွားက မျက်လုံးလေးမှိတ်ပြီးကုတင်ပေါ်မှာပုတီးစိပ်နေလေတယ်။ သူရကအဖွားဖြစ်သူဘေးမှာထိုင်လိုက်ပြီး အဖွားလက်ကလေးကိုကိုင်လိုက်တယ်။ “အဖွား မြေးလေးရောက်ပြီနော်” အဖွားကမျက်လုံးဖွင့်ပြီးသူရကိုပြုံးပြလေတယ်။ အဲ့ဒီနောက်အခန်းထဲမှာရှိနေတဲ့သူတွေဘက်လှည့်ပြီး…။ “ငါ့မြေးနဲ့ ငါနှစ်ယောက်တည်းစကားပြောစရာရှိတယ် သားတို့သမီးတို့အပြင်ထွက်နေပေးပါ” အခန်းအတွင်းကလူတွေလည်းအဖွားစကားကြောင့်အခန်းထဲကအကုန်ထွက်သွားခဲ့တယ်။ သူရနဲ့ အဖွားဖြစ်သူပဲကျန်ခဲ့တယ်။ “မြေးလေး ” ”ဗျာအဖွားပြောလေ” ”အဖွားက သေနေ့စေ့နေပြီကွဲ့ အဖွားမသေခင်လေးမှာငါ့မြေးကို အမွေပေးခဲ့ချင်တာလေးရှိတယ်” ”ဟုတ်အဖွား” ” လာပါဦးအဖွားနားတိုးပါအုံး” အဖွားဖြစ်သူက သူ့လက်နှစ်ဖက်လုံးနဲ့သူရမျက်လုံးကိုအုပ်လိုက်လေတယ်။ ပြီးတော့ ပါးစပ်ကနေဥုံခံကာတစ်စုံတစ်ခုရွတ်ဖတ်နေတယ်။ သူရမှာ အဖွားဖြစ်သူလက်နဲ့အုပ်ထားတဲ့မျက်လုံးနှစ်ဖက်လုံးကပူရှိန်းရှိန်းဖြစ်လာတာကိုသတိထားမိလိုက်တယ်။ စိတ်ထဲမှာလည်း အဖွားဆေးလိမ်းပြီးလက်မဆေးဘူးနဲ့တူတယ်လို့ထင်နေခဲ့တယ်။ အဖွားဖြစ်သူက သူရမျက်လုံးကိုအုပ်ထားတဲ့လက်တွေဖယ်လိုက်ပြီး ...
ဆက်သွယ်ခဲ့သည်။ စာပို့ခဲ့သည်။ လူအများကို အသိပေးထားသည့် ကိစ္စဖြစ်သည့်အတွက် ယခုကဲ့သို့ဖြစ်သွားသည့်အတွက် သူမအရှက်ကွဲရုံမျှအပ ဘာတစ်ခုမှမတတ်နိုင်။ ထိုည၌အခန်းကျဉ်းလေးထဲ၌ သူမအားရအောင်ငိုပစ်သည်။ အသံများပင်မထွက်နိုင်သည်အထိငိုသည်။ မိဘနှင့်အပေါင်းအဖော်တို့ကအားပေးချော့မော့သည့်တိုင် သူမအငိုမရပ်နိုင်သေး။ နာနာကျဉ်းကျဉ်း သူမှမုန်းပစ်လိုက်ချင်သည်။ သို့သော် ဘယ်လိုမှမမုန်းခဲ့နိုင်။ မနာကျည်းခဲ့နိုင်။ သူ့အပေါ် ချစ်သည့်အချစ်တို့ တစက်ကလေးမှ မလျော့ခဲ့နိုင်။ အဆက်အသွယ်မလုပ်သည့်တိုင် သူမအားလို့နေမှာ ဟုသာ သူမဖြေသိမ့်ခဲ့သည်။ ညစဉ်ညတိုင်း သူ့ဆီမှ စာတစ်လေးတစ်စောင်များပို့လေမလား၊ဖုန်းလေးတစ်ကောများခေါ်လေမလားဆိုပြီး အိပ်မရအောင်မျှော်နေခဲ့မိသည်။ တရေးလန့်နိုးတိုင်း စာများပို့ထားလေမလား ဟူသောအတွေးကြောင့် ဖုန်းစရင်ကိုဖွင့်ဖွင့်ကြည့်နေခဲ့မိသည်။ ညပေါင်းများစွာ အလွမ်းစခန်းဖွင့်ခဲ့ရသည်။ ဖုန်းစခရင်ထက်မှ သူ့ပုံလေးကိုကြည့်ပြီး ပါးပြင်မှပူနွေးသောမျက်ရည်စတို့ လှိမ့်ကျခဲ့ဖူးသည်။ ...