တိုးကပ်သွားသည်။ အထုပ်အနားရောက်တော့ သူအတော်အံ့သြသွားရသည်။ “ဟန်…” အကြောင်းမှာ ထိုအမျိုးသမီး ချသွားခဲ့တဲ့အထုပ်က အမိုက်မဟုတ်ပဲ ကလေးတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။ “ကလေးလေးပါလား” သူကပြောရင်းဆိုရင်းနဲ့ ကလေးငယ်လေးကို ကောက်ချီလိုက်ပြီး။ ” တောက်…! ခလေးတစ်ယောက်ကို အဲ့တိုင်းပစ်သွားရသလား။ အေးပေါ့လေ ဒီလိုမိခင်မျိုးတွေရှိလို့လည်း အပစ်မရှိတဲ့ခလေးတွေ ဒုက္ခရောက်ကုန်ကြတာပေါ့။  “ ခလေးငယ်လေးရဲ့ မျက်နှာကို သေချာကြည့်မိတော့ ချစ်စရာကောင်းလွန်းလှသည်။ ထို့ကြောင့် စွန့်ပစ်ခံ သနားစရာကောင်းတဲ့ ကလေးငယ်လေးကို ဂရုဏာသက်စွာဖြင့်..။ “ကဲ့ကလေးလေးရေ မင်းနဲ့ငါတော့ အရင်ဘဝက ရေစက်ကြောင့်ထင်ပါရဲ့…. အခုတော့ ငါကမင်းရဲ့မွေးစားအဖေ မင်းရဲ့အဖေ ဖြစ်ရပြီပေါ့ကွာ” ...

ရှေ့ဆက်ပြီး သိပ်မခက်ခဲတော့ပါဘူးကွာ” “ဒါပေမယ့် ဦးလူနီမရှိတော့ ကျုပ်ဘယ်လိုလုပ်ရမလဲဗျာ၊ အရင်က ကျုပ်ယုံကြည်ခဲ့တဲ့ ဦးဖိုးထူးဆိုတဲ့လူက အခုတော့ ကျုပ်နောက်ကျောကို ဓါးနဲ့ထိုးတဲ့လူတစ်ယောက်ဖြစ်နေပြီမဟုတ်လား၊ ဦးလူနီမရှိတော့ရင် ကျုပ်ကိုဘယ်သူကများ သွန်သင်ဆုံးမနိုင်အုံးမလဲဗျာ” ဦးလူနီက ပြုံးရင်း “ရေငုံရသေ့ကြီးပြောခဲ့တဲ့ တတိယမြောက်အတားအဆီးဆိုတာကို မင်းမှတ်မိသေးလား မောင်ရှိန်” “မှတ်မိတာပေါ့ဗျာ၊ တတိယမြောက်အတားအဆီးက မိတ်ဆွေဆိုတာပဲ” “မှန်တယ်မောင်ရှိန်၊ မင်းက မိတ်ဆွေတွေထားလို့ရပေမယ့် အဲဒီမိတ်ဆွေတွေအပေါ်မှာ သိပ်ပြီးမမှီခိုသင့်ဘူး၊ သိပ်ပြီးတော့ မတွယ်တာသင့်ဘူး၊ အခုမင်းဒီလိုဖြစ်ရတာလည်း ဘာကြောင့်လဲဆိုတာ မင်းသိမှာပါ” ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီး “ကျုပ်တွယ်တာတာ မဟုတ်ပါဘူးဗျာ၊ ကျုပ်က ဦးဖိုးထူးလမ်းမှာရောက်သွားမှာကိုစိုးလို့ပါ၊ ဒါကြောင့် ...

တဲ့ အတိုင်း ဟန်ပဲရှိတာ မဟုတ်လား “ “အေး အဲ့တာတော့ ငါလက်ခံတယ် ၊ ဘိုးထင်   ကြာတယ်ကွာ သတ္တိရှိရင် ဒီနေ့ နွားတိုက်မယ် လို့ပြောလိုက်ကွာ အဲ့ကောင်ဖိုးထွေးကို “ “ပြောလိုက်မယ် ဗျာ …ကိုသာရ ခင်ဗျားကောင်တွေကိုလည်းပြောဦး လောက်စလုံး နဲ့ လောင်းလို့ရတယ် လို့ ပြီးတော့ စိမ်းစားဥ လည်း လောင်းလို့ရတယ် နော် “ “အေးအေး ပြောလိုက်မယ် ဟိုကောင်တွေလည်း ထွန်ဖြုတ်ကုန်းမှာ စိမ်းစားဥ တူးနေကြတယ် အတော်ပဲ “ သာအေးသည် ...

ကျွန်တော် ဘုရားတမိရတယ်။ မနေ့ကမှ အိမ်ထောင်ပြောင်းလာတာ ဒီနေ့ ဇနီးက ကလေးမီးဖွားရမယ်ဆိုလေတော့ လူက ထူပူနေပြီ။ မဖြစ်သာတော့လည်း မွေးလေပေါ့။ အဲ့ဒီ့နေ့ ညနေ ၆ နာရီမှာတော့ သားသားကို မီးဖွားခဲ့ပါလေရော။ အဲ့ဒီ့မှာ ပြဿနာထပ်တက်ပြန်တာက လူနာစောင့်ကိစ္စ။ အမျိုးသမီးဆောင်မှာ အမျိုးသားမစောင့်ရ စည်းကမ်းရှိတယ်။ အခြားစောင့်ပေးမယ့်သူကတည်း မရှိတော့ သမီးလေးလက်ကို ဆွဲရင်း ကျွန်တော် တိုင်ပတ်ရပြီ။ ဒါနဲ့ နောက်ဆုံးတော့ ကူညီတတ်တဲ့ အစ်မတစ်ယောက်က အဲ့ဒီ့ညကို စောင့်ပေးလာတယ်။ ဒီလိုနဲ့ မွေးပြီးပြီးချင်း တစ်ညတာ အဆင်ပြေခဲ့ရတယ်။ ဒါပေမယ့် ...

ဝလင်လင် စားရသည်ချည်း။ တစ်ခါတစ်ရံ ပူစူးမက အိမ်စောင့်၊ အငယ်နှစ်ယောက်က အမေအဝတ်လျှော်ရာ လိုက်သွားလျှင် အိမ်ရှင်များကကျွေးသည့် သရေစာ များကို စားရတတ်သေးသည်။ အလုပ်က ပြန်လာလျှင် ဒေါ်အေးမိမှာ ဘယ်လောက်မောမော သူ့သားသမီးလေးတွေ အားတတ်နိုင်သမျှ ကောင်းရာကောင်းကြောင်း ချက်ပြုတ် ကျွေးမွေးတတ်သည်။ ကလေးများ နေထိုင်မကောင်းက ဂရုတစိုက် ခြေဆုပ်လက်နယ်ပြုစုသည်။ ယုယသည်။ သို့ဖြစ်လျက် “ဪ… ဒီနေ့တော့ ဒီအသိုက်ထဲက ငှက်ငယ် ကလေးတစ်ကောင် လျော့တော့မှာလား”ဟု ဒေါ်အေးမိက အမျှင်မပြတ် တွေးနေမိစဉ် ပူစူးမက… “အမေ သမီး ရှင်မီးအင်္ကျီနှစ်ထည် ...

ထားမှ မဟုတ်ဘူး ငါ ပိုက်ဆံ ပို ရှာမယ်ဟာ အကြီးအကျယ် မဟုတ်တောင် ထိုက်သင့်တဲ့ အလှူလေးပေး ပြီး ငါတို့ ကိုယ်တိုင်း ရှင်ပြုပေးကြတာ‌ေပါ့”     “ကျမလည်း အဲ့လိုပဲ စဉ်းစားထားပါတယ် ကျမ ပဲနုတ် ကောက်ရိတ် ကောက်စိုက်  လိုက်လို့ရတဲ့ ငွေလေး နဲ့ ရှင် အပ်တဲ့ ငွေလေးတွေ ပေါင်းရင်တော့ နည်းနည်း‌ေတာ့ စုမိနေပါပြီ “     သန်းရင်သည် ကျော်ဆန်း အားမငယ်အောင်သာ ပြောရချင်းဖြစ်သည် ၊ အမှန်တကယ်တော့ စုဆောင်းမိသည်ဆိုတာ ...

ချက် ကြည့်ကာ     “ဦးကြီးတို့ လိုက်မယ် ဆိုရင် တော့ ကျုပ် ခေါ်လို့ရပါတယ် ဒါပေမဲ့ အစားတော့ ဆင်းရဲမယ်ဗျ”     “ရပါတယ်ကွယ် ဦးကြီး‌တို့ကို လက်ခံတာနဲ့ တင် ကေျနပ်ပါတယ် “     “အဲ့တာ ဆို လည်း စောင့် ဦးဗျာ ဒီကျင်းလေး ပြီးအောင် တူးလိုက်ဦးမယ် ‌ေတာ်ကြာ ကလေးတ‌‌ေယာက် သင်္ဂြိုလ် ‌တော့မှဗျ “     “အေးအေး  ငါတူတို့   ဦးကြီး တို့ ဟိုက  လှည်းနား ...

လေသည်။ ထိုနောက် မနှင်းလှအား အခေါင်းထဲသို့ထည့်ကာ အိမ်ရှေ့ ၌ ထုတ်ထားလိုက်ကြတော့သည်။ “…ဟေ့ကောင်တွေ…အရမ်းမူးအောင်… မသောက်ကြနဲ့နော်…မင်းတို့ဒီည…အလောင်းစောင့်ရမှာ…” ရွာထဲမှ ကာလသားခေါင်း “ကိုမြင့်အေး”က အရက်သောက်နေကြသော ကာလသားများကို ပြောလိုက်ခြင်းပင် ဖြစ်၏။ “…ဟုတ်ကဲ့ပါ…ကိုကြီးမြင်အေးရယ်…ကျုပ်တို့ …စောင့်နေကြပါဗျ…စိတ်ချသာထားခဲ့…” ကိုမြင့်အေး အခေါင်းအား မရဲတရဲဖြင့် ကြည့်လိုက်ပြီးနောက်။ “..အေး…ဒါဆိုရင်လဲ…ငါပြန်တော့မယ်…စိတ်ချမယ်နော်…” “စိတ်သာချ..စိတ်သာချဗျို့…အေ့..” ကိုမြင့်အေး နာရေးအိမ်အား ကျောခိုင်းကာ ပြန်ခဲ့ပါတော့သည်။ ညသည် လဆုတ်ရက်ဖြစ်သည်မို့ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကြီးစိုးလျှက် နာရေးအိမ်မှာတော့ အောက်လင်းမီး​အိမ်ကြောင့် အလင်းရောင် ကောင်းကောင်း ရနေပါသည်။တစ်ဖြေးဖြေး ညဥ့်နက်လာသည်နှင့် ကာလသားများလဲ တောအရက်တန်ခိုးဖြင့် ...

မြေကြီးပေါ်သို့ချလိုက်ပြီး “အဒေါ်သွားချင်ရင်သွား။ကျွန်မတော့ အဲဒီတဲကိုမလိုက်ရဲဘူး။ဒီမှာပဲထိုင်နားတော့မယ်”ဟုဆိုကာ ခေါင်းခုလုပ်ထားသည့်ပုဆိုးကို ပခုံးပေါ်သို့တင်ကာ လက်အုပ်ချီလိုက်ပြီး “မြတ်စွာဘုရား ကယ်တော်မူပါ။အဘကိုးမြို့ရှင်ကယ်တော်မူပါ” ထိုသို့အသနားခံ အကူအညီတောင်းပြီး ခေတ္တအကြာ၌ မှောင်နေသည့်အင်းတစ်ခုလုံးတွင် အလင်းရောင်က ခပ်ပါးပါးလေးရောက်လာပါသည်။ ထိုအခါ ကျွန်မလည်း အားတက်သွားပြီး “ကိုကြီးကျော်ရှင့်။ကျွန်မတို့နှောင့်ယှက်ခံနေရပါတယ်။ရှင်းပေးပါရှင့်”ဟုထပ်မံအကူအညီတောင်းလိုက်ပါသည်။ (ကျွန်မတို့ဒေသသည် ကိုးမြို့ရှင်၊ကိုကြီးကျော် စသည်တို့ကို ဆည်းကပ်ကိုးကွယ်ကြပါသည်။တစ်ဖန်။ကိုကြီးကျော်ပွဲကိုလည်း တပေါင်းလရောက်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပပေးကြပါသည်။) ယင်းအခိုက်မှာပင် အလင်းရောင်သည်တဖြည်းဖြည်း ပိုမိုလင်းထိန်လာကာ ပတ်ဝန်းကျင်တစ်ခွင်လုံးကိုလည်းရှင်းလင်းစွာမြင်တွေ့လိုက်ရပါသည်။ ထို့အတူ ကျွန်မတို့၏ရှေ့မှ မီးလင်းနေသည့် ဦးစံမြင့်၏တဲကလေးကိုလည်း မတွေ့ရတော့ဘဲ အဲ့ဒီတဲနေရာတွင်သစ်ငုတ်တိုကြီးတစ်ခုသာရှိနေသည်ကို အံ့သြဖွယ်ရာတွေ့လိုက်ကြရပါသည်။ သို့သော် နှစ်ယောက်သားကြာကြာမအံ့သြနိုင်ဘဲ တာတိုင် ရွာသို့သွားရာလမ်းကိုလှမ်းမျှော်ကြည့်ရာ၌ အဝေးမှညောင်ပင်ကြီးတစ်ပင်ကိုခပ်မှုန်မှုန်သာမြင်တွေ့လိုက်ရပါသည်။ အဲ့ဒီညောင်ပင်ကြီးသည် ...

သိရပေ။ ဧပရယ် ပြောပုံ အရ တော့ အိပ်မက်ထဲမှာ မိန်းမတစ်ယောက်က သူ့ကို သတ်မယ် သတ်မယ် နဲ့ လာလာပြီး ပြောနေသည်။ ပြီးတော့ ထိုမိန်းမပုံစံက မျက်လုံးက ပြူးပြူး လျှာကြီးတွေက ရှည်ထွက်နေကာ လက်သည်း တွေကလည်း အရှည် ကြီးတွေ ဟု ပြောပြခဲ့ဖူးသည်။ အိပ်မက်ထဲမှာတော့ အဲ့ဒီမိန်းမက လက်နှစ်ဖက်ကို ဆန့်တန်းပြီး အသံဩဩကြီးဖြင့် ဧပရယ့်ဆီကို နင့်ကို သတ်မယ် … နင့်ကိုသတ်မယ် … လို့အော်ကာ လာနေသောကြောင့် ဧပရယ်လည်း ကြောက်လန့်ပြီး ...