ပျောက်ဆေးကိုကြိတ်မှိတ်သောက်ပြီး အငယ်နှစ်ယောက်နှင့်အတူ လှည်းတန်းကျူရှင်သို့ထွက်လာခဲ့ရတော့သည်။ ကျူရှင်တွင်လည်း စာကိုသင်နေရပေမင့် မငုဝါ၏စိတ်ထဲတွင် တစ်စုံတရာကိုစိုးရွံ့နေသလိုဖြစ်နေသည်။ ထို့နောက် ကျူရှင်အမြန်ပြီး၍ အိမ်သို့အမြန်ရောက်ဖို့သာစိတ်က လောနေသည်။ အိမ်သို့ရောက်မှပဲ စိတ်အေးရလိမ့်မည်ဟုလည်းတွေးနေမိသည်။ အချိန်တွေက တဖြည်းဖြည်းကုန်လာသည်။ သို့ဖြင့် ညဆယ့်တစ်နာရီထိုးတော့ အငယ်နှစ်ယောက်နှင့်အတူ ကျူရှင်ကျောင်းမှပြန်လာခဲ့သည်။ ‘အိမ်သို့ပြန်ရောက်မှ လုံခြုံစိတ်ချရလိမ့်မည်’ဟုတွေးထားသောမငုဝါ၏ခြေလှမ်းတွေက အဆမတန်သွက်လျက်ရှိနေသည်။ ထိုအခါ အလတ်မ ကြည်ပြာက “အစ်မရယ်။ဖြေးဖြေးလျှောက်ပါ။ဒီမှာလိုက်ရတာမောနေပြီ” ယင်းသို့ပြောလိုက်သော်လည်း မငုဝါက “လာအေ။အိမ်ကိုမြန်မြန်ရောက်မှဖြစ်မယ်” “ဘာဖြစ်လို့လဲအစ်မ” “ငါမသိဘူး” ယင်းသို့ခပ်ပြတ်ပြတ်သာပြောပြီး ဆက်လျှောက်သည်။ သို့ဖြင့် ပေါက်စီဆိုင်တစ်ဆိုင်ရှေ့သို့ရောက်တော့ ဖိုးဝါက “အစ်မရေ ကျွန်တော်ဗိုက်ဆာတယ်။ပေါက်စီဝယ်စားအုံးမယ်ဗျာ။အစ်မတို့ရော မဆာဘူးလား” ယင်းသို့မေးတော့မှ ...

တဖြည်းဖြည်း ဆုတ်ခွာနေရတော့သည်။ ဂျပန်များစစ်ရှုံးပြီး ပြည်တော်ပြန်သွားပြီးနောက် ထိုနေရာဝန်းကျင်မှာ တောများဖြစ်ကာ ဂျပန် ခေတ်က ရွှေတူးခဲ့သည့်နေရာဟု မည့်သူမှ မသိကြတော့။ ခေတ်အဆက်ဆက်ပြောင်းလာသည့်အချိန် ထိုရွှေတွင်းတူးခဲ့ရာ နေရာဟောင်းနှင့်ဆယ့်ငါးမိုင် အလွန်မှာ ကားလမ်းက အစိုးရက ဖောက်လုပ်သည်။ ၁၉၉၆ခု ခရီးသွားရာသီနှစ်အလွန်ကျော်သူထွန်း နိုင်ဝင်း လှဟန် ချစ်ကိုနှင့် တင်တင်ဝင်း၊သီတာ ဝင်း၊ မိုးမိုးစံတို့ သူငယ်ချင်းတစ်စု သူတို့၏ အချစ်ဆုံးသူငယ်ချင်း စိုင်းကိုကိုနှင့် နန်းခင်ထွေးရီတို့ မင်္ဂလာပွဲချီးမြှင့်ရန် ကျောက်မဲသို့ ကျော်သူထွန်း၏ ပါရာဒို ကားကြီးနှင့် တက်လာခဲ့ကြသည်။ ကျော်သူထွန်းနှင့် တင်တင်ဝင်းတို့က မကြာခင် ...

ကျွန်မသမီးလေးကို သေချာထပ်စမ်းသပ်ပေးပါဦး မသေသေးပါဘူး ကျွန်မသမီးကိုကုပေးပါနော်ဒေါက်တာ” “ကျွန်တော်တကယ်စိတ်မကောင်းပါဘူး…” နောက်ဆုံးတွင် ဒေါ်စိန်ချယ်လည်း လက်ခံလိုက်ရသည်။သမီးဖြစ်သူ၏ နားရေးအား ပြုလုပ်ပေးရတော့သည်။ ××× “သမီး ဘယ်ရောက်နေတာလဲဟင်” “သမီးက ငရဲပြည်ရောက်လာတာကွဲ့ ဒါပေမယ့် ငရဲပြည်မှာ သမီးအတွက်နေရာမရှိဘူး နတ်ပြည်သွားစေ” “ဒါနတ်ပြည်မှာလားဟင်” “ဟုတ်တယ်ကလေး ဒီမှာလည်းမင်းအတွက်နေရာမရှိသေးဘူး မင်းဒီကိုပြန်လာချင်ရင် လူ့ပြည်ရောက်ရင် ကုသိုလ်ကောင်းမှုများများလုပ်ပါကွယ် ” “ဟိုးအပေါ်က ရွှေရောင်တလျှပ်လျှပ်နဲ့က ဘာကြီးလဲဟင်” “အဲ့တာက နိဗ္ဗာန်ဘုံလို့ခေါ်တယ် ကုသိုလ်ကောင်းမှု အများကြီးလုပ်တဲ့သူမှသာ အဲ့ဘုံကိုရောက်နိုင်တယ်ကွဲ့ ကဲ ခုတော့လူ့ပြည်ပြန်စေ” “ရေ ရေဆာတယ်…” “ဟင် သမီးလေးရေဆာတယ်တဲ့ ...

တယ်ဗျ။ အမေက ရေနွေးကြမ်း တစ်ခွက် ငှဲ့ငေါက်ပြီး ထသွားတယ်။ “စားကွ ကျောက်ခဲရ လက်ဖက်နဲ့ ပုရစ်ကျော်အားကြီးလိုက်တာကွ ငါတော့ကြိုက်တယ် ” ” ကိုကြီးတာတေဆီကိုပုရစ်လည်းပေးရင်း ရွာထဲကသတင်းလည်း ပြောရင်းလာတာဗျ ” ” ဟေ ဘာများတုံးကွ ရွာထဲမယ် ဘာဖြစ်လို့တုံး ” ” ကိုကြီးတာတေ ဒီအကြောင်းမကြားသေးဘူးထင်တယ်” “ဟေ့အေး ငါဘာမှမကြားသေးဘူး ကျောက်ခဲရ ” ” ဒီလိုဗျ အရီးမယ်ခ ဝိုင်းနဲ့ ကပ်လျက် အဝုိင်းက ဘိုးထွေးမောင်ကြည်ကို သိလား ” ” ...

ပေါ် တက်ကြတယ်၊ မာလကာသီးလေးတွေက အပင်ထိပ်မှာရှိတော့ စားရမလားဆိုပြီး တက်ခူးကြတာပေါ့ဗျာ၊ မာလကာပင်က ပေနှစ်ဆယ်နီးပါးမြင့်တာပေါ့ဗျာ၊ ကျုပ်တို့တက်နေတာကို ပေါက်တူးထမ်းပြီးတော့ လမ်းလျှောက်လာတဲ့ ဦးဘသာကြီးက တွေ့သွားတာပေါ့။ “ဟေ့ကောင်လေးတွေ ဘာလို့သစ်ပင်ပေါ်တက်နေတာလဲကွ” “မာလကာသီးလေးတွေ သီးနေလို့ တက်ခူးတာပါ ဦးဘသာကြီးရဲ့” “မင်းတို့မာလကာသီးလေးတွေက အကျစ်လေးတွေပါကွာ၊ မပွသေးပါဘူးကွ၊ တက်မနေပါနဲ့” “ကျစ်လည်း ကျစ်ကျစ်ဗျာ၊ စားမရရင်လည်း ဝါးပြီးထွေးထုတ်မယ်” ကျုပ်တို့ကလည်း အလျှော့မပေးဘဲနဲ့ ဆက်ပြီးတက်နေတာပေါ့၊ အဲဒီအချိန်မှာ ဦးဘသာကြီးက မာလကာပင်ပေါ်ကိုလက်ညှိုးထိုးလိုက်ပြီးတော့ “ကဲ၊ မင်းတို့အသီးအကျစ်လေးတွေ ပွသွားအောင်လို့ ငါလုပ်ပေးမယ်ဟေ့” လို့ပြောပြီးတော့ ဘာတွေလဲတော့မသိဘူး ရွတ်လိုက်တာ ...

ပါစေ”ဆိုက် ၂။ ကိုညိုမောင်ကို သဘောမတွေ့ကြဘူး။ ဂွစာ၊ ဘုကန့်လန့် လူမားလို့မြင်တယ်။ ဒါကြောင့် မယ်ခတို့သားအမိကို ထားချင်တာတောင် ကိုညိုမောင်ပါနေတဲ့အတွက် လက်မခံကြဘူး။ အဲဒီတော့ ဘာဖြစ်လည်း၊ ဘာမှမဖြစ်ဘူး။ “ညိုမောင်တဲ့ဟေ့ နေစရာမရှိရင် ရွာပြင်ထွက်နေမယ်” ဆိုပြီး သင်္ချိုင်းဟောင်းထဲကို မိသားစုခေါ်လာခဲ့တာ။ ကိုညိုမောင် ကလည်း ဒီလိုလူစားမျိုး။ ခုတော့ ရောက်ရောက်ခြင်း ဆောက်နှင့်ထွင်းဆိုသလို- စရောက်တဲ့ညမှာပဲ သူတို့အပိုင် နယ်မြေထဲ ကျူးကျော် `ဝင်ရောက်လာတဲ့ ကိုညိုမောင်တို့မိသားစုကို မနေရဲအောင် ခြောက်ကြ၊ လှန့်ကြတော့တာပဲ။ “တကယ်ပဲဗျို့၊ လေတွေက တဝေါဝေါတိုက်နေသလို အသံကြီးပြည်ပြီး ...

ကျက်နေတာပဲ အောင်တာမအောင်တာနောက်တော့ သိရမှာပေါ့ကွာ” “ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်က ကြိုးစားထားတော့ပိုသေချာတာပေါ့ကွာ “အေးပါ ငါတို့လည်းအောင်အောင် ကြိုးစားမှာပါကွ ” ထို့နောက်အိမ်ပေါ်ထပ်သို့တက်ပြီး သူငယ်ချင်းသုံးယောက်စာအတူကျက် နေကြသည်။ အတန်ငယ်ကြာတော့စည်သူက စာကျက်နေရာမှစကားတစ်ခွန်းပြော လိုက်သည်။ “ဟေ့ကောင်တွေ ကစားပွဲကိုစလိုက်ကြတော့မလား” “မင်းကစာရပြီလား” “ရပြီလေ ဒီလောက်ကတော့အေးဆေး” “ဒါဖြင့်ရင်ငါ့ဘက်ကလည်းReadyပဲ၊ ခန့်နောင်ရောအဆင်သင့်ပဲလား” “ငါလည်းစာရနေပြီဆိုတော့ မင်းတို့ကစားပွဲကိုဆော့ကြည့်တာပေါ့ ဒါနဲ့မင်းတို့ဆော့မယ့်ဂိမ်းကစားနည်းက ဘာလဲဆိုတာငါမသိသေးဘူး ငါ့ကိုရှင်းပြကြဦး” “ဒီမှာအင်းချထားတဲ့စာရွက်တစ်ရွက် ငါတို့သုံးယောက်က ဒီစာရွက်ပေါ်မှာ လက်ညိုးတစ်ချောင်းဆီထိထားပြီးတော့ အနားမှာရှိတဲ့ဝိညာဉ်တစ်ကောင်ကောင်ကိုဆက်သွယ်ပြီးသိချင်တာတွေမေးမှာ ဘယ်လိုလဲမင်းစိတ်ဝင်စားလား ခန့်နောင် ” “စိတ်ဝင်စားတယ်ကွာ” “ဒါဖြင့်စလိုက်ကြတာပေါ့ ဖိုးမောင်ပြတင်းပေါက်တွေဖွင့်ထားလိုက် ကစားပွဲစတော့မယ်။ “အိုကေဗျား ...

မနေ့ညကဖိုးသူတော်ကြီးကိုအိပ်မက်မက်တယ်ဟ… ြပြီးတော့သူကပြောသေးတယ်သားရှင်ဖြစ်တော့မှာမို့ပိုပြီးအလုပ်ကြိုးစားရမယ်တဲ့…..ငါ့အိပ်မက်နဲ့မင်းအိပ်မက်ကိုဆက်လိုက်ရင်.. ဟာ… ငါတို့…ငါတို့ကလေးရတော့မယ်ဟမအေးမေရ…..ဟား….ကလေး ကလေးရတော့မယ်” ထိုအခါမှမအေးမေလည်းသဘောပေါက်သွားပြီး”ဒါဆို..ကျုပ်ကိုယ်ဝန်ဆောင်ပြီပေါ့…ကလေးအမေဖြစ်ရတော့မယ်ပေါ့….ဟီး….. ယောကျာ်းရေ…ရှင့်ကိုချစ်တယ်တော့..မွမွ…” အရွယ်မငယ်တော့သော်လည်း ကလေးလေးရတော့မည်ဆိုသောစိတ်ဖြင့်မအေးမေသည် ကလေးလေးတစ်ယောက်ပမာခုန်ပေါက်ပြီး…လင်ဖြစ်သူအားရွှတ်ကနဲဖက်နမ်းလိုက်သည်။ပြီးလျှင်အပြင်သို့ထွက်သွားပြီးဆွမ်းချက်ရန်ပြင်ဆင်တော့သည်။အိပ်ခန်းထဲတွင်ကျန်ရစ်ခဲ့သော ဦးမြတင်သည်ကား မိန်းမ ကရွှတ်ခနဲနမ်းလိုက်သောကြောင့် ကြောင်တောင်တောင်ဖြစ်ကာ မိန်းမ ဖြစ်သူ နမ်းသောနေရာအားလက်ဖြင့်ပွတ်ပြီး ရင်ထဲ၌ ကလေးအဖေဖြစ်တော့မည်ဟူသော အတွေးကစိုးမိုးနေတော့သည်။ ထင်သည့်အတိုင်းပင် မအေးမေသည်အစားအသောက်ပျက်ပြီး အန်နေသည်။ ပို၍တိကျသွားစေရန် လက်သည်အမေကြီးဖွားရန်အားသွားပြကြည့်ရာ အမှန်ပက်ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းသိရလေသည်။မအေးမေကိုယ်ဝန်ရှိသောအခါ သူမသည် ဘုရားအမြဲရှိခိုးလိုသောချဉ်ခြင်းဖြစ်လေ၏။ဘုရားသောက်တော်ရေ၊ဆွမ်း၊ဆီမီးအမွှေးနံသာတိုင်အမြဲမပြတ်လှူဒါန်း၏။ကိုမြင့်တင်လည်း အလုပ်ကိုနှစ်ဆပိုလုပ်၏။ရက်စေ့လစေ့သောခါ လက်သည်ဖွားရန်၏အကူအညီဖြင့်ပင် ဖြူဖွေးတုတ်ခဲသော ရာဟုသားလေးအားအောင်မြင်စွာမွေးဖွားလေ၏။ဖိုးသူတော်၏ စကားအတိုင်းပင်သားလေးသည် လျှာတွင်အစက်သုံးစက်ပါ၏။သားလေးမွေးသည့်အချိန်မှာပင်ပတ်ဝန်းကျင်မှနောင်ဝေဝေဟူသောကြေးစည်သံအား ြကြားရလေ၏။မမေလည်း ဖိုးသူတော်ကြီးသည်မိမိ၏သားဖြသ်သူအားလာရောက်ကောင်းချီးပေးနေသည်ဖြစ်ကြောင်းမှတ်ကာစိတ်ထဲမှဖိုးသူတော်ကြီးအားရည်မှန်းကန်တော့လိုက်၏။ သားလေးတစ်လပြည့်သောအခါ ကိုမြတင့်နဲ့မအေးမေတို့သည်ဆွမ်းချိုင့်ပြင်ပြီးသားလေးကိုပွေ့ကာ ရွာဦးဘုန်းကြီးကျောင်းသို့ဦးတည်သွားလေ၏။ဘုန်းကြီးကျောင်းသို့ရောက်လျှင်ဆွမ်းချိုင့်လှယ်ပြီးဆရာနော်ဥူးမေဓာဝီသီတင်းသုံးရာ ကျောင်းအပေါ်ထပ်သို့တပ်လာခဲ့ကြ၏။ဆရာတော်ဥူးမေဓာဝီသည်သူတို့အားမြင်လျှင် ...

လမ်းလျှောက်ပြီး လာမှာ မဟုတ်ဘူးဟဲ့၊ လေထဲကနေ ဘွားကနဲ ပေါ်လာမှာ။ နင်တို့ လုပ်စရာ ရှိတာ သာ လုပ်ကြ၊ ဒီကိစ္စပြီးတာနဲ့ ငါထုံကူးတော့မှာ။ ငါထုံအောင် သွားတာနဲ့ နင်တို့လေးယောက်စလုံးကို ပညာတွေ ထပ်ပြီးမြှင့်ပေးမယ်။ အခု ဘိုးတော်ကြီး ကြွလာမှာလည်း ငါ့ကိစ္စနဲ့လာမှာ၊ သရဲမ မဖဲဝါ ထုံကူးခဲ့တဲ့ ခေါင်းကိုယူပြီး သိမ်းတော့မှာ၊ ပြီးရင် အဲဒီခေါင်းထဲဝင်ပြီး ငါက ထုံကူးရမှာ။ အဲဒီကိစ္စလုပ်ဖို့ ဘိုးတော်ကြီး ကြွလာမှာဟဲ့” “ဒါနဲ့ နေပါဦး ဆရာရဲ့၊ ဘိုးတော်ကြီးက သက်တော်ရာချီနေပြီ ဆိုတာဟုတ်လား” ...

ကွ သူ့သေတော့ အခေါင်းထဲထည့်ပေးလိုက်တဲ့ သက်ပျောက်အကျီအကွက်ကြီးနဲ့ ငါတို့ကိုကျောပေးပြီး လှေတံခါးနားမှာမတ်တပ်ရပ်ပြီး ဆေးလိပ်ခဲနေတာ မီးခိုးတစ်လူလူနဲ့ ကျောကုန်းကြီးကိုအထင်းသားတွေ့နေရတာ အရပ်ကြီး က၇ပေနီးပါးလောက်ကိုရှိနေပြီ အနီးကပ်ဆုံးပြောရရင် မင်းတို့ဝိုင်း၀က ကွမ်းသီးပင်လောက်ကိုရှိတာ ခေါင်းကြီးကလှည်းဘီးအဝိုင်းလောက်ကိုရှိတာကွ ခေါင်းဖြူကြီးနဲ့ သူ့သမီးမိသိမ့်တို့ဆို ဘိုးလူလှကြီးကို မြင်ပြီး တက်မလိုချက်မလိုကိုဖြစ်နေ တယ် သရဲမကြောက်တက်တဲ့ငါတောင် ကျောချမ်းတယ်ကွ အသား တွေပါတစ်စက်စက်တုန်တယ်ကွာ ငါလဲမိသိမ့်တို့ကိုမေးကြည့်တာ အရင် ကထဲရှိတာလားလို့ သူကငါ့ကိုပြောတယ် ပြီးခဲ့တဲ့သုံးရက်လောက်က အိမ်အောက်ကို ကြက်သွန်လှီးတဲ့ဓား ကျသွားလို့သူ့သားလေးကို သွားကောက်ခိုင်းတာ ဓားသွား ကောက်ရင်း အိမ်တိုင်ခြေမှာ ကြက် အရုပ်လေးမြေကြီးထဲက ခေါင်းလေး ...