သရဲနေတဲ့အိမ်ကြီး

ကွ သူ့သေတော့ အခေါင်းထဲထည့်ပေးလိုက်တဲ့ သက်ပျောက်အကျီအကွက်ကြီးနဲ့ ငါတို့ကိုကျောပေးပြီး လှေတံခါးနားမှာမတ်တပ်ရပ်ပြီး
ဆေးလိပ်ခဲနေတာ မီးခိုးတစ်လူလူနဲ့ ကျောကုန်းကြီးကိုအထင်းသားတွေ့နေရတာ အရပ်ကြီး
က၇ပေနီးပါးလောက်ကိုရှိနေပြီ
အနီးကပ်ဆုံးပြောရရင် မင်းတို့ဝိုင်း၀က ကွမ်းသီးပင်လောက်ကိုရှိတာ ခေါင်းကြီးကလှည်းဘီးအဝိုင်းလောက်ကိုရှိတာကွ ခေါင်းဖြူကြီးနဲ့
သူ့သမီးမိသိမ့်တို့ဆို ဘိုးလူလှကြီးကို
မြင်ပြီး တက်မလိုချက်မလိုကိုဖြစ်နေ
တယ် သရဲမကြောက်တက်တဲ့ငါတောင် ကျောချမ်းတယ်ကွ အသား
တွေပါတစ်စက်စက်တုန်တယ်ကွာ
ငါလဲမိသိမ့်တို့ကိုမေးကြည့်တာ အရင်
ကထဲရှိတာလားလို့ သူကငါ့ကိုပြောတယ် ပြီးခဲ့တဲ့သုံးရက်လောက်က
အိမ်အောက်ကို ကြက်သွန်လှီးတဲ့ဓား
ကျသွားလို့သူ့သားလေးကို
သွားကောက်ခိုင်းတာ ဓားသွား
ကောက်ရင်း အိမ်တိုင်ခြေမှာ ကြက်
အရုပ်လေးမြေကြီးထဲက ခေါင်းလေး
ပေါ်နေလို့ ကလေးက ဘာလေးလဲဆို
ပြီးကောက်လာလိုက်တာ ၅၀ကျပ်သားခန့်အလေးချိန်ရှိတဲ့ရွှေကြက်အရုပ်လေးဖြစ်နေတယ် မိသိမ့်တို့လဲ
၀မ်းသာအားရပျော်နေကျတယ်
သူ့ယောက်ျားထွန်းအေး မြို့တက်ပြီး
ရောင်းစားရင်တော့ ထောပြီလို့
ပြောလိုက်တော့ ရုတ်တရက် ‌အိမ်ထုတ်တန်းကနေ နောက်ဖေးအခန်းထဲ
ကို ခုန်ချလိုက်တဲ့ ဒုန်းဆိုတဲ့အသံကြီး
ကြောင့်အိမ်ပါခါသွားတယ်
သူတို့လဲအထိန့်တလန့် နောက်ဖေး
အခန်းထဲကိုသွားကြည့်တော့ ဘာမှမရှိဘူးတဲ့ အဲ့နေ့ကနေစပြီး နေ့ခင်းလဲ
ခုန်ချတယ် ညဘက်လဲခုန်ချတယ်
သူတို့သွားကြည့်ရင် ဘာမှမရှိဘူး
ဒါကြောင့် နတ်ဗေဒင်သွားမေးတော့
ဘိုးလူလှကြီးက သရဲကြီးအဖြစ်
အဲ့ဒီအိမ်ကြီးမှာအခုချိန်ထိရှိနေတာတဲ့ သူ့ရဲ့ရွှေကြက်အရုပ်လေးကိုစိတ်စွဲပြီးနေနေတာတဲ့ သူ့မြေးက
တွေ့သွားတော့ သူ့သမက်ထွန်းလှက
ရောင်းစားမယ်လုပ်တာကို မကြိုက်လို့ သူရှိကြောင်းပြတာတဲ့ကွ
တစ်ည သူ့သမီးမိသိမ့်အိမ်သာသွားတော့ အိမ်သာဘေးမှာမတ်တပ်ရပ်ပြလို့ အိမ်‌သာတောင်မသွားရဲဘူးတဲ့
အခုလဲမနေရဲလို့ ဘုန်းကြီးပင့်ကြီး
ပရိတ်ရွက်လိုက်တာ လေးငါးရက်တော့ ငြိမ်သွားတယ် နောက်တော့
ပြန်ကြားရတာပဲတဲ့ ဒါကြောင့်ဆရာပင့်ပြီး မောင်းထုတ်ခိုင်းဖို့တဲ့ကွ
မင်းကအခုလိုကိစ္စတွေမှာ အတွေ့ကြုံရှိတော့ မိသိမ့်က ဆရာကောင်း
ကောင်းပင့်ဖို့ မင်းကိုအကူညီတောင်း
ခိုင်းလို့ ငါလာတာကွ ကျုပ်လဲ
ကိုဖိုးတုတ်မျက်နှာထောက်ပြီးကူညီ
ပေးရမှာပေါ့ ဒီလိုနဲ့ကျုပ်လဲ ‌ရှမ်းကြီး
ရွာက ကျုပ်ဆရာဦမြသာအိမ်ကို
နွားလှည်းနဲ့သွားပင့်ပြီး အကြောင်းစုံ
ပြောပြပြီး ညောင်နှစ်ပင်ရွာက မိသိမ့်
တို့အိမ်ကို တစ်ခါထဲ ပင့်သွားရတာပေါ့ဗျာ ဟိုရောက်တော့ ဆရာဦးမြသာက ရေဖလားခွက်ထဲရေအပြည့်
ထည့်ခိုင်းပြီး ဘုရားစင်အရှေ့မှာ
မန္တန်တစ်ပုဒ်ကို တီးတိုးရွတ်နေတယ်ဗျ ဟော့ရေဖလားထဲကရေတွေက
ဆောင်းရာသီက ရေတွေလို
အငွေ့ပျံလာတယ်ဗျ ထိုအခါဆရာ
ဦးမြသာက သူ့လက်နဲ့ရေဖလားကို
အုပ်လိုက်တယ်ဗျ ပြီးတာနဲ့လက်ကို
အသာဖယ်လိုက်တယ်ဗျ ‌ပြီးတော့
မောင်သိန်း ရေဖလားထဲကိုကြည့်စမ်း
ဘာ‌တွေ့လဲကွ ကျုပ်လဲဆရာဦးမြသာပြောတဲ့ အတိုင်းရေဖလားခွက်ကို
ငုံကြည့်လိုက်တော့ အမလေးဘုရား
ကျုပ်တောင်လန့်ပြီးဘုရားတရတယ်
ဗျို့ ရေဖလားခွက်ထဲမှာ ဘိုးလူလှကြီးက အိမ်ထုတ်တန်းကြီးမှာ
ဇောက်ထိုးကြီးဗျ ကိုဖိုးတုတ်ပြောတဲ့
အတိုင်း သက်ပျောက်အကျီအကွက်
ကြီးနဲ့ဗျ ကျုပ်တောင်နည်းနည်း
နောက်ကျောမလုံသလိုခံစားရတယ်ဗျ ဆရာဦးမြသာက ပြောတယ်ဗျ
မိသိမ့် နင့်အဖေ ဘိုးလူလှက နှစ်ချို့
အကောင်ကြီးအလားဖြစ်နေတာ
နည်းနည်းတော့ထူးဆန်းတယ်
ငါ့ကိုအမှန်တိုင်းပြောပြလို့ရမလားတဲ့
ထိုအခါ မိသိမ့်ကမျက်နှာငယ်လေးနဲ့
သူ့အမေဒေါ်အေးကြွယ်ကိုကြည့်လိုက် ဆရာဦးမြသာကိုကြည့်လိုက်
လုပ်နေတယ် ထိုအခါမှ အရီးအေးကြွယ်က အခုလိုဖြစ်ရတာ ကျွန်မ
အမှားတွေပါဆရာရယ် ကိုယ်လူလှကို သံယောဇဉ်ကြီးလို့ဖြစ်ရတာပါ
တမလွန်ဘ၀မှာ သူစားရမဲ့မဲ့သွားရမဲ့မဲ့ဖြစ်နေမှာစိုးလို့ သူ့လိပ်ပြာကို
သချိုင်းကအိမ်ခေါ်လာပြီး ပြန်မပို့
တော့ပဲ ဒီမှာပဲ အမဲသားကျွေးပြီး
မွေးထားခဲ့တာပါ သူနေတာကိုကလေးတွေမသိအောင်နေခိုင်းခဲ့တာပါ သူ့ကိုအမဲသားတစ်လကိုတစ်ပိသာ အိမ်သားတွေမသိအောင်
ယာတောအစပ်မှာကျွေးပြီး နေစေခဲ့
တာပါ သူမသေခင်ကအမြတ်တနိုး
ထားတဲ့ရွှေကြက်ရုပ်က သူသေပြီး
အစနပျောက်သွားပြီးမှတ်တာ
မြေးလေးကောက်ရတဲ့နေ့ကစပြီး
သောင်းကျန်းတော့တာပါ ဒါကြောင့်
ဟိုရက်ကမှ သမီးကိုဖွင့်ပြောပြလို့
သူလဲသိတာမကြာသေးပါဘူးဆရာရယ် ဆရာဦးမြသာက အရီးအေးကြွယ်ရဲ့စကားဆုံးတော့ ခဗျားမိုက်
လိုက်တာဗျာ သေသူပဲဖြစ်ဖြစ်ရှင်သူ
ပဲဖြစ်ဖြစ်သူ့ပြုတဲ့ကံအတိုင်းခံစရာရှိ
တာခံ စံစရာရှိတာစံရတာပါ အခုလို
လုပ်ထားဝောာ့ ခဗျားယောက်ျားအတွက် သံသရာခရီးကိုလိုရာမရောက်ပဲကျန့်ကြာနေတာပဲအဖတ်
တင်နေတာပေါ့ ကျုပ်လဲနှင်မထုတ်ချင်‌ပါဘူးဒါပေမဲ့ ကြာရင်အိမ်သားတွေအတွက်အသက်အန္တရယ်ရှိလာမယ် ဒါကြောင့်နတ်မင်းကြီးတွေကို
အပ်ပြီး သူ့သွားရမဲ့လမ်းကိုပြပေးခိုင်း
မယ် ပြောပြောဆိုဆိုနဲ့ဆရာဦးမြသာက လက်အုပ်ချီပြီးနတ်မင်းကြီးများ
ခဗျာ ကျုပ်ဆရာမြသာကပင့်ဖိတ်ပါတယ် ဤအိမ်၌ရှိသော မကျွတ်မလွတ်ပဲသရဲကြီးဘ၀သို့ရောက်ရှိနေသော ဘိုးလူလှအား နတ်မင်းကြီးတို့
အားအပ်နှင်းပါသည် သူ့ရဲ့သွားရမည့်
ခရီးလမ်းအားပြ‌သပေးပါခဗျာ
ဆရာ‌ဦးမြသာရဲ့စကားဆုံးတော့
ကိုယ်ရောင်ကိုယ်ဝါတစ်လျှပ်လျှပ်နဲ့
နတ်ဘီလူကြီးတစ်ကောင်ရောက်ရှိလာပြီး ဘိုးလူလှကြီးကိုလာခေါ်ကာ
ပျောက်ကွယ်သွားတယ်ဗျ
ထူးဆန်းသည်က မလိုက်ပါရစေနဲ့လို့
အသံခပ်အော်အော်ကြီးနဲ့ အော်ပြောနေတဲ့ဘိုးလူလှကြီးရဲ့အသံကို
အိမ်ထဲကရှိတဲ့သူတွေအကုန်ကြားလိုက်ရတယ်ဗျ ထိုအသံက တဖြည်းဖြည်းဝေးသွားပြီးပျောက်ကွယ်သွားပါတော့တယ် အရီးအေးကြွယ်ကို ကျွန်တော်ကြည့်လိုက်တော့
မျက်အိမ်ထဲက မျက်ရည်တွေကို
သားသမီး‌တွေမတွေ့ရအောင်အမြန်
ဖယ်ထုတ်နေတာကို စိတ်မကောင်းစွာ
တွေ့လိုက်ရပါတယ်ဗျာ။

စာဖတ်သူများအား ကျေးဇူးအထူး
တင်ရှိပါသည်။
ကျုပ်ကိုလဲအားပေးကျပါဦးဗျ
ကပ္ပိယလေးကြွက်ပုတ်။