ပါစေ”ဆိုက် ၂။ ကိုညိုမောင်ကို သဘောမတွေ့ကြဘူး။ ဂွစာ၊ ဘုကန့်လန့် လူမားလို့မြင်တယ်။
ဒါကြောင့် မယ်ခတို့သားအမိကို ထားချင်တာတောင်
ကိုညိုမောင်ပါနေတဲ့အတွက် လက်မခံကြဘူး။ အဲဒီတော့ ဘာဖြစ်လည်း၊ ဘာမှမဖြစ်ဘူး။
“ညိုမောင်တဲ့ဟေ့ နေစရာမရှိရင် ရွာပြင်ထွက်နေမယ်” ဆိုပြီး သင်္ချိုင်းဟောင်းထဲကို မိသားစုခေါ်လာခဲ့တာ။ ကိုညိုမောင် ကလည်း ဒီလိုလူစားမျိုး။
ခုတော့ ရောက်ရောက်ခြင်း ဆောက်နှင့်ထွင်းဆိုသလို-
စရောက်တဲ့ညမှာပဲ သူတို့အပိုင် နယ်မြေထဲ ကျူးကျော်
`ဝင်ရောက်လာတဲ့ ကိုညိုမောင်တို့မိသားစုကို မနေရဲအောင် ခြောက်ကြ၊ လှန့်ကြတော့တာပဲ။
“တကယ်ပဲဗျို့၊ လေတွေက တဝေါဝေါတိုက်နေသလို အသံကြီးပြည်ပြီး ငါးရုံကြီးတစ်ရုံလုံး ယိမ်းထိုးလှုပ်ယမ်းနေပုံများတကယ့်ကို ချောက်ချားစရာကြီး”
ပြီးတော့ ဝါးရုံကြီးတစ်ရုံထဲ ကွက်ဖြစ်နေတာနော်၊ ဒီပြင့် အပင်တွေ ဘာမှမဖြစ်ဘူး။ သစ်ရွက်လေးတစ်ရွက်တောင် လှုပ်တာ မဟုတ်ဘူး။
ဘယ်လောက်ကြောက်ဖို့ကောင်းလဲ။
အသည်။အသန်ဖြစ်နေတဲ့ လူမဟညည်းသလို အသံကျယ် ကြီးနှင့် “တအင်းအင်း တဟင်းဟင်း”ညည်းသံကြီးကလည်း တော်ရုံလူ သွေးပျက်သွားနိုင်တယ်။
ဒီကြားထဲ ဝါးရုံတောထဲ ဆင်ဝင်သလိုမျိုး တဝုန်းဝုန်း တဖျောဖျော ဆူညံနေတယ်။
ကျုပ်လည်း မိန်းမနှင့်ကလေးတွေ လန့် မှာစိုးလို့ သူတို့ အနီးမှာပဲ .. နေနေရတယ်။
အပြင်ထွက်ပြီး မကြည့်ရဘူး။
ညတော်တော်ကြီးနက်မှ အသံဗလံတွေအားလုံး တိတ်ပြီး
ငြိမ်သက်သွားတယ်။
အဲဒီအချိန်မှာ ကလေးတွေလည်း အိပ်ပျော်နေကြပြီ။ မယ်ခကတော့ မအိပ်သေးဘူး။
့´ ကြောက်လန့်ပြီး ချွေးတွေပြန်နေတယ်။
ငါတစ်ယောက်လုံးရှိတယ်။ ဘာမှ ပစိုးရိပ်နဲ့ လို့ သူ့ကို
အားပေးရတယ်။
သရဲသစ္ဆေရှိတယ်ဆိုတာ ကျုပ်သိပါတယ်။
ဘုရားဟောထဲမှာလည်း သရဲတစ္ဆေတွေးကြောင်း၊ ဟောကြားထားတဲ့ ပေတဝတ္ထုတွေ ရှိတယ်လေး
နောက်ပြီး၊ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲကြီးတွေ နွှဲတိုင်း၊ အလောင်းတွေကြားမှာ ပုပ်စော်နံနေတဲ့ကြားမှာ စားရ အိပ်ရနေလာရတာ။
ကိုယ့်ဘက်က အလောင်းလည်း မကောက်နိုင်ဘူး။ ရန်သူ့ အလောင်းတွေကလည်း တုံးလုံးပက်လက်ဆိုတော့ သရဲကလည်း
ခြောက်သလား ပပေးနှင့်။
ဒီလိုတွေ ခဏခဏ ကြုံရလွန်းတော့ တစ္ဆေသရဲကို
မကြောက်တတ်တော့ဘူး။
သရဲဆိုတာမျိုးက ကိုယ်ကနိုင်ရင်နိုင်မှ၊ ပနိုင်ရင်လည်း မိတ်ဆွေဖြစ်အောင် ကျွေးမွေးထား၊ ဒါမှ အတူနေလို့ရတာ။ အဲဒီလိုမဟုတ်လို့ ကတော့ နေလို့ ပရအောင်ကို လုပ်တတ်
တာ။ အဲဒါ သရဲတစ္ဆေတွေရဲ့ အကျင့်ပဲ။ ကျုပ်ကတော့ ဒီကောင်တွေကို ပကျွေးမွေးဘူး။ နှိပ်ထား၊ နင်းထားဖို့ပဲ စိတ်ကူးတယ်။ နောက်တစ်နေ့ မနက်ကျ လောက်လေးကောင်းကောင်း
တစ်လက် လုပ်ထားလိုက်တယ်။ လောက်စာလုံးကတော့ စက်ဘီးကုန်းသီးတွေပေါ်။ ထင်တဲ့အတိုင်းပဲဗျို့ ၊
ညကျတော့ ဝါးရုံတောထဲက တဝေါဝေါ်၊ တဖျောဖျော ပြန်ပါရော
လုပ် *““လေတွေတိုက်လာပြန်ပြီဟေ့၊ သားတို့ သမီးတို့ အိပ်ကြ၊ အိပ်ကြ”သို့ ပြောပြီး အိပ်ရာထဲ ဝင်ခိုင်းရတယ်။
ပယ်ခကို ကလေးတွေနှင့်အတူ ထားခဲ့ပြီး ကျုပ်က တဲ
အပြင်ထွက်ခဲ့တယ်။ ဝါးရုံတောဘက် ကြည့်လိုက်တယ်။ တဝေါဝေါ်ဆူညံနေတဲ့အသံကြီးနှင့် ငါးရုံကြီးတစ်ရုံလုံး ယိမ်း
ထိုးနေတယ်။
ခဏနေတော့ ဝါးရုံကြီးထဲက မည်းမည်းအကောင်ကြီး
တစ်ကောင် ထွက်လာတယ်။
ထူးခြားတာတစ်ခု ပြောရဦးမယ်။
တစ္ဆေသရဲတွေအကြောင်း ရေးကြပြောကြရင် ခန္ဓာကိုယ် ကြီးက အိမ်လုံးလောက်၊ ပျက်လုံးကြီးက ဆန်ကောလောက်နှင့်လျှာကြီးက မြေကြီးထိအောင် တွဲလောင်းကျနေတယ်လို့ ပဲ ခဏ
ခဏ ကြားဖူးတယ်။
ကျုပ်တွေ့ တဲ့ မည်းမည်းတစ္ဆေကောင်ကြီးက အင်းကြီး
နှင့်ဗျ။
om
အဲဒီအကောင်ကြီး ဝါးရုံတောထဲက ထွက်လာတယ်။
ကျုပ်တောင် မကြောက်ပေမယ့် နည်းနည်းတော့ တုန်လှုပ်
မိတယ်ဗျ။
ဒါပေမယ့် စိတ်တင်းပြီး လောက်လေးကို အားကုန်ဆွဲပြီး ပစ်ချလိုက်တယ်။
လောက်လေးလည်းမှန်ရော အဲဒီတစ္ဆေကောင်ကြီး၊ ပျောက်
သွားတယ်ဗျ။
တစ်ညလုံး ပေါ်မလာတော့ဘူး။
တစ္ဆေတွေ လောက်လေးကြောက်တယ်ဆိုတဲ့စကား မှန်
တယ်လို့ ကျုပ်တွေးမိလိုက်တယ်။
ဒါပေမယ့်၊ ဒီသုသာန်ဟောင်းထဲမှာက သူတို့ က အိမ်ရှင်၊
ကျုပ်တို့က ဧည့်သည်လေ။
ဒါကြောင့် ထင်ပါရဲ့ ၊
ကျုပ်တို့ ထွက်မပြေး ပြေးအောင် . တစ်နေ့ တစ်မျိုး မရိုးနိုင်အောင်ကို ခြောက်တော့တာပဲဗျို့။
နာနာဘာဝဆိုတာ
အပြီးပါတဲ့ မည်းမည်းတစ္ဆေကောင်ကြီးပဲလား၊ ဒါမှမဟုတ် တခြားတစ္ဆေတစ်ကောင်လားဆိုတာတော့ မသိဘူး။ခြောက်ပုံခြောက်နည်းကတော့ တစ်မျိုးပြောင်းသွားတယ်
အရင်ညတွေတုန်းကလို လေတွေတိုက်သလို၊ ဝါးရုံတော တိုးသလို တဝုန်းဝုန်း၊ တဖျောဖျော ဆူညံသံတွေ၊ ညည်းညူသံတွေ
မပေးတော့ဘူး။
ပုံမှန်အတိုင်းပဲ ငြိမ်သက်နေတယ်။
ည(၈)နာရီလောက်ကျတော့ သုသာန်ဇရပ်ဟောင်းနေရာမှာ အလေ့ကျပေါက်နေတဲ့ တောငှက်ပျောရုံ က်မှာ လူတစ်ယောက် ထိုင်နေတာ တွေ့ရတယ်။
သာမန်လူတစ်ယောက်ပုံစံမျိုးဆိုတော့ . စိတ်မနှံ့သူများ လားလို့ ထင်မိသေးတယ်။
အသင့်ဆောင်ထားတဲ့ ဝါးရင်းတုတ်ကို ယူလိုက်တယ်။ ဓာတ်မီးနှင့်အနီး သွားကြည့်လိုက်တော့ ယောက်ျားတစ် ယောက်၊ ကိုယ်လုံးတီးနှင့်ထိုင်နေတယ်။ ဆံပင်တွေကလည်း ဟုတ် သိုက်နှင့်။
“တေ့ကောင်၊ ပင်းဘယ်ကလဲ ကျုပ်ပေးတော့လည်း ပြန်မဖြေဘူးဗျ… ဒါနှင့် နောက်တစ်ခါ ထပ်ပေးတယ်။ သူကတော့ မလှုပ်မယှက်ဘဲ။
ဒေါ်သထွက်ထွက်နှင့် ဝါးရင်းတုတ်နှင့် ရိုက်မယ့်ဟန် ပြင်
လိုက်တယ်။
ချက်ချင်းပဲဗျို့။ ဖြတ်ခနဲဆို အဲဒီ အဝတ်ဗလာနှင့်လူ ပျောက်
သွားတယ်။
သူ့နေရာမှာ ငှက်ပျောတုံးတစ်တုံး ကျန်နေခဲ့တယ်။ အဲဒီတော့မှပဲ ဒါသရဲခြောက်တာပါလားလို့ ကျုပ်သိလိုက်
တယ်။
ဒီလောက်ခြောက်တဲ့သရဲ ကျောင်းမှန်းကန်မှန်းသိအောင် ပြရသေးတာပေါ့လို့ တွေးပြီး ငှက်ပျောတုံးကို ဝါးရင်းတုတ်နှင့် စိစိ ညက်ညက်ကြေအောင် ရိုက်ပစ်လိုက်တယ်။
အဲဒီနောက် ကျုပ်တော်တော်နှင့် အိပ်လို့မ၇ဘူး။အဝတ်ဗလာနှင့်သရဲကောင်ကိုပဲ မြင်ယောင်နေမိတယ်။ မနက်လင်းတော့ အဲဒီနေရာကို ကျုပ်သွားကြည့်တယ်”
ညက ကြွေမွစုတ်ပြတ်သွားအောင် ကျုပ်ရိုက်ပစ်ခဲ့တဲ့ ငှက်ပျောတုံးက အကောင်းပကတိ ပြန်ဖြစ်နေတာ တွေ့ရတယ်။ တစ္ဆေကနေ လူယောင်ဖန်ဆင်းတယ်။ ပြီးတော့ လူကနေ ငှက်ပျောတုံး ဖြစ်သွားတယ်။ တစ်ခါ ကြေမွနေတဲ့ ငှက်ပျောတုံးကလည်း အကောင်း ပကတိ ပြန်ဖြစ်သွားတယ်။
ဒီ နာနာဘာဝ တစ္ဆေသရဲတွေဟာ ဆိုးဝါးတဲ့တုံ၊ မကောင်း၊ တဲ့ဘဝမှာ ရောက်နေပေမယ့်
သူတို့ပြုခဲ့တဲ့ ကံအလိုက်၊ အထူးအဆန်းတွေ လုပ်ပြ နိုင်တဲ့ တန်ခိုးရှိတယ်ဆိုတော့ ကျုပ်လက်တွေ့ ပဲဗျို့ …
တစ္ဆေမှာလည်း မိသားစုရှိတယ်
“8 သရက်ပင်မှာ သရဲမိသားစုံ ခုနစ်ယောက်နေတယ်
ကိုညိုမောင်ပြတဲ့ သရက်ပင်လေးကို စာရေးသူ ကြည် လိုက်တယ်။
ပေါင်လုံးလောက်ပဲ ရှိသေးတဲ့ သရက်ပင် ပါ။ “သေချာရဲ့လား ကိုညိုဟေင်ရဲ့ …”
စာရေးသူက မယုံတစ်ဝက်၊ ယုံတစ်ဝက် လေသံနှင့် ပေးလိုက်တယ်။
“သေချာပါတယ် စာရေးဆရာရယ်။ ကျုပ်ကို အိပ်မက် ပေး၊ ခွင့်တောင်းပြီးမှ လာနေကြတာပါ …”အိပ်မက်ထမှာ တွေ့တာတော့ လူတစ်ယောက်ပဲဗျ … ဒီသရက်ပင်လေးမှာ သူတို့ မိသားစု ခုနစ်ယောက် နေပါ ရစေလို့ ခွင့်လာတောင်းတာ။
ပထမတော့ နေခွင့်မပေးဘူးလို့ စဉ်းစားမိသေးတယ်။ ဘာကြောင့်လည်းဆိုတော့ ကျုပ်မှာ ကလေးငယ်လေး
တွေနှင့်လေ။
သူတို့ပြုစားမှား ပူးကပ်အနှောင့်အယှက်ပေးမှာ စိုးတယ်။ ဒါကြောင့်၊ မနေနှင့်လို့ ပြောမိတယ်။ ဒါပေမယ့်. အိပ်မက်ထဲက ပုဂ္ဂိုလ်က ““နေခွင့်ပေးပါ၊ ကျေးဇူးဆပ်ပါမယ့်”လို့ ပြောတယ်။ ကျုပ်လည်း သနားတာနှင့် “နေချင်နေပါ။ ကလေးတွေ ကိုတော့ ကြောက်အောင်လန် အောင် မလုပ်ပါနှင့်”လို့ ပြောလိုက် ဘယ်။
တစ်လလောက်ကြာတော့ အဲဒီလူပဲဗျ၊ အိပ်မက်ထဲမှာ ထပ်လာတယ်။
“ကျုပ်အိမ်ထဲကို မြွေတစ်ကောင်ဝင်လာလိမ့်မယ်၊ ရိုက် လိုက်ပါ၊ ရွှေချောင်းရမယ်”လို့ ပြောသွားတယ်။
အိပ်မက်ထဲက လူပြောတဲ့အတိုင်းပဲဗျ။ နောက်နေ့ မနက်ခင်းမှာ အိမ်ထဲကို မြွေတစ်ကောင် ဝင်
လာတယ်။
ပြွေက ပြွေဖြူလေးဗျ။ ကျုပ်တို့ နိုင်ငံမှာ ပြင်ခဲ့ တွေ့ခဲ့တဲ့ အဖြူရောင်မြွေလေး။
လက်မအလုံးလောက်ပဲတုတ်ပြီး တစ်ပေကျော်ကျော် လောက်ရှည်မယ်။
ပြွေဖြူလေးဆိုတော့ အံ့လည်းအံ့ဩ၊ လှလည်း လှတာနှင့် ပဲရိုက်မိလိုက်ဘူး။ ပင်တက်မိနေတုန်းမှာ ပြွေက အိမ်ထဲကနေ ထွက်ပြီး
ပျောက်သွားတယ်။
ကျုပ်နောင်တရလို့ မဆုံးဘူးဗျာ။အဲဒီမြွေကိုသာ ရိုက်မိလိုက်ရင် ကျုပ်တို ့ ဒီလို ပေ ယာမဲ့ဘဝနှင့် ပနေရတော့ဘူးလေ။
“အဲဒီ တစ္ဆေမိသားစုနှင့် ကိုညိုမောင် တွေ့ရသေးလား” “ကျုပ်တော့ မတွေ့ဘူးဗျ။ ဒါပေမယ့် ကျုပ်ရဲ့ကလေး တွေနှင့်တစ္ဆေကလေးလေးတွေနှင့်ကျ ကစားဖော် ကစားဖက်တွေဗျ။ အဲဒီအကြောင်း . ပြောပြဦးမယ်။ ကျုပ်က ပနက်လင်းတာနှင့် အလုပ်သွားရတယ်၊ မိုးချုပ်မှ
ပြန်လာရတယ်။
ပယ်ခကလည်း ကုန်စိမ်းလေးတွေ လည်ရောင်းတယ်။ ဒိတော့၊ မယ်ခပြန်မလာမချင်း အိပ်မှာ ကလေးတွေချည်း
ကျန်ခဲ့တယ်။ အဲဒီအချိန်မှာ တစ္ဆေကလေးလေးတွေက လာကစား ကြတယ်။
“တစ္ဆေကလေးလေးတွေ လာကစားတာကို ဘယ်လို သိရတာလဲ
ဒီလိုဗျ၊ ညနေအလုပ်သိမ်းလို့ ကျုပ်တို့ပြန်လာရင်၊ နေတ်က ချန်ထားခဲ့တဲ့ ဟင်းတွေ မရှိတော့ဘူး၊ ဟင်းတွေကို ကလေးတွေ ယူပစားနိုင်အောင် အမြင့်ပ
ဝင်ထားခဲ့တာ၊
ဟင်းတွေ ပျောက်လို့ ပေးကြည့်တော့- သားတို့နှင့်အတူ လာကစားတဲ့ကလေးတွေထဲက တစ် ယောက်က ယူစားတာလို့ ပြောတယ်။ ´အဲဒီကလေးက ဗိုက်ဆာလို့ `ထမင်းကျွေးပါလို့ တောင်းတယ်တဲ့၊ကလေးတွေက သူတို့ ထမင်းစားပြီးလို့ ကုန်သွားပြီလို့ ပြောတော့
တစ္ဆေကလေးက “ဟိုဟာက ဘာတွေလဲ”လို့ အမြင့်မှာ သိမ်းထားတဲ့ဟင်းတွေကိုပြပြီး ပေးတယ်။
ကလေးတွေက “အဖေ အမေတို့ သိမ်းထားတဲ့ဟင်းတွေ လို့ပြောတော့ …
“ဗိုက်ဆာလို့ နည်းနည်းစားဦးမယ်”လို့ ပြောပြီး တင်း ခွက်ကို လှမ်းနှိုက်တာတဲ့။
အဖြင့်မှာ တပ်ထားတဲ့ဟင်းခွက်ကို လှမ်းနှိုက်တော့ လက်က အရှည်ကြီး ထွက်လာတာတဲ့။
ကျုပ်က အဲဒိကလေးတွေက ဘမှာ နေက ပေးကြည့်တော့
သရက်ပင်မှာ´ ` နေတယ်လို့ ပြောတယ်တဲ့လေ။
ကျုပ်သိလိုက်တာပေါ့။ ဒီကလေးတွေတာ အိပ်မက်ထဲမှာ လာပြီး နေဖို့ခွင့်တောင်းတဲ့ တစ္ဆေမိသားစုဆိုတာ။ ကျုပ်လည်း သရက်ပင်ကိုသွားပြီး၊ ဟင်းခိုးစားတဲ့ အကြောင်း ပြောတာပေါ့။
ညကျတော့ အိပ်မက်ပြန်ပေးတယ်ဗျ။ “နောင် ဒီလို မဖြစ်စေရပါဘူး”တဲ့။ ဒီလိုနှင့်ကြာလာတော့ ကျုပ်တို့လည်း သုသာန်ဟောင်း နေသားကျလာတယ်ဗျ …။
တကယ်တော့ နာနာဘာဝဆိုတဲ့ . ပြိတ္တာဘုံသားတွေရဲ့ ဘဝဟာ သနားဖို့ကောင်းပါတယ်။
ထိတ်လန့်ရွံရှာစရာ ရုပ်ပျက်ဆင်းပျက် ခန္ဓာကိုယ်ကြီး တွေကြောင့်လည်း ပပြင်အပ်တဲ့သတ္တဝါအဖြစ်နှင့် နေကြရတယ်။
“တိုညိုမောင်ရေ၊ အဲဒီတစ္ဆေမိသားစု အခုရော ရှိသေး လားဗျ
စာရေးသူက သရက်ပင်ကိုကြည့်ရင်း ပေးလိုက်ပါတယ်။
“ပရှိတော့ဘူးဗျ”ပြောင်းသွားကြပြီ။ဟိုဘက်ကျောင်းက ကိုရင်လေးတွေက အဲဒီ သရက်ပင်
ပေါ် တက်ဆော့ကြတယ်။
အကိုင်း၊တွေကို ဓားနှင့်ခုတ်ကြတယ်။
တစ်ခါမှာ သူ့ ကလေးတစ်ယောက်ကို ထိခိုက်မိသွား
တယ်တဲ့။
အဲဒါကြောင့် သူတို့မိသားစု : ပြောင်းသွားတော့မယ်လို့
အိပ်မက်လာပေးတယ်။
နောက်နေ့ ပနက် ဝေလီဝေလင်းကျ တောင်ပေါ်ဝါးခုတ် သွားမယ့် လှည်းတန်းကြီး ကားလမ်းဘေးမှာ ဆူညံနေတယ်။ ကျုပ်သွားပြီး ပေးကြည့်တော့ နွားတွေ ဘယ်လိုမှ မောင်းလို့ ပရလို့ တဲ့။
ညက အိပ်မက်ကို ကျုပ်သတိရလိုက်တယ်။ နွားတွေသွားလို့မရအောင် တစ္ဆေပိသားစုက လုပ်ထား
တာဖြစ်မယ်။
သူတို့မိသားစု ပြောင်းရွှေ့ရာမှာ ဒီလှည်းတွေနှင့် လိုက်သွား မှာမို့ လှည်းတွေကို တားထားတာ။
လှည်းသမားတွေကို ကျုပ်ပြောလိုက်တယ်။
“နွားတွေကို ရိုက်ပြီး ဟေင်းပနေနှင့်၊ သူတို့မိသားစုတက်ပြီးရင် နွားတွေသူ့ အလိုလို သွားလိမ့်
ကျုပ်ပြောတာကို လှည်းသမားတွေက နားမလည်ကြဘူး။
မယ်။
အူကြောင်ကြောင်နှင့် ကြည့်နေကြတယ်။ ခဏနေတော့ ဘယ်လို ရိုက်မောင်း၊ ရိုက်မောင်း မသွားတဲ့ နွားတွေက သူ့အလိုလို ထွက်သွားတာ တွေ့လိုက်ရတယ်ဗျ” “ကိုညိုမောင်ရေ၊ ဝါးရုံတောကြီးထဲမှာ အမြီးပါတဲ့ တစ္ဆေ
ကြီးရော ရှိသေးလား …”
“သူကတော့ ရှိသေးတယ်ဗျ၊
ဒါပေမယ့် ကျုပ်တို့နှင့် နှစ်ဦးသဘောတူ နားလည်မှု ယူပြီး စစ်ပြေငြိမ်းလိုက်ပြီ။ကျုပ်တို့ မိသားစုကို ကြောက်အောင်၊ လန့်အောင်
ဘာမှ · မလုပ်တော့ပါဘူး။
ကျုပ်တို့ကလည်း ငါးအသုံးလိုရင်တောင် တစ်ခြားက ဝယ်သုံးတယ်။ သူနေတဲ့ ဝါးရုံကို ပခုတ်ဘူး။ ထမင်းဟင်း ပိုရင်၊ ကျန်ရင်လည်း ငါးရုံမှာ သွား´
တယ်။
အမှန်တော့ သုံးဆယ့်တစ်ဘုံသား အချင်းချင်းတွေဗျ။ လူရယ်၊ နတ်ရယ်၊ တိရစ္ဆာန်ရယ်၊ နာနာဘာဝရယ်ဆိုပြီး ည့် မေတ္တာတရားကတော့ ဘုံတိုင်းမှာ ရှိတဲ့အရာပဲ။ ကွဲပြားနေပေမယ့် မေတ္တ ့မေတ္တာထားရင် အတူယှဉ်တွဲနေလို့ ရပါတယ်။ သူနှင့်ကျူပ်လည်း မိတ်ဆွေဖြစ်သွားခဲ့တယ်ဆိုပါတော့ဗျာ။ ထိုနေ့က ကိုညိုမောင်အလုပ်နားရက်ဖြစ်လို့ စာရေးသူနှင့် တစ်နေကုန် စကားပြောဖြစ်ခဲ့ပါတယ်။ ညနေစောင်းမှ သူ့အိပ်က ပြန်လာခဲ့ပါတယ်။
ဒီစာကို ရေးနေတဲ့အခ
နတဲ့အချိန်မှာတော့
ကိုညိုမောင်ရော၊ သူ့ မိတ်ဆွေ နာနာဘာဝတစ္ဆေကြီးေရာ
သုသာန်တောင်းထဲမှာ ပရှိကြတော့ပါဘူး။
သာန်ဟောင်းပြေကို အကွက်ရိုက်ပြီး
တာဝန်ရှိသူတွေက သုသာန်ပေ
လူနေခြံမြေ ချထားပေးခဲ့တယ်။ ဒီပိုင်ရှင်တစ်ဦးရဲ့ လက်ချက်နှင့်ဝါးရုံတောကြီးလည်း ၊ အပြစ်ပ လှန်ခံလိုက်ရပါတယ်။ ပကျန် မြေလှန်
ညိုမောင်ကတော့ လုပ်ငန်းကိုင်ငန်းလေး အဆင်ပြေသာ နှင့်၊ အိမ်ခြံဝယ်ပြီး ရပ်ကွက်ထဲပြောင်းရွှေ
သူ့မိတ်ဆွေ နာနာဘာဝတစ္ဆေကြီးကတော့ ဘယ်ဆီသွား။သူ့ မိတ်ဆွေ နာနာဘာဝတစ္ဆေကြီးကတော့ ဘယ်ဆီသွား။ လို့၊ ဘယ်ဆီမှာ ခိုနားနေတယ်ဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး
#မောင်မှိုင်းညို့(ချောင်းဦး)အားလေးစားလျက်
Leave a Reply