စရာမလိုဘူးဗျ၊ ပုံမှန်ဆိုရင် ရွာသားတွေက စိုက်ချိန်ပျိုးချိန်ဆိုရင် တရုတ်ကြီးဆီက ငွေသွားချေးပြီးတော့ ဘာပေါ်ညာပေါ်၊ သီးနှံထွက်ချိန်ဆိုရင်တော့ အတိုးရော အရင်းပါပြန်ဆပ်ကြတယ်၊ တရုတ်ကြီးကလည်း အတိုးသိပ်မတောင်းပါဘူး သုံးပြားတိုး၊ ငါးပြားတိုးလောက်ပဲဆိုတော့ သူ့အရပ်နဲ့သူ့ဇတ်အဆင်ပြေနေတာပေါ့ဗျာ။ အဲ၊ ဒါပေမယ့် အဲဒီတုန်းက ကျုပ်ဦးလေးတစ်ယောက်က တစ်ရွာသူကိုယူပြီးတော့ ရွာမှာလာနေတယ်ဗျ။ ဦးလေးနာမည်က ဖိုးထွန်း၊ သူ့မိန်းမ နာမည်က မကြည်တဲ့၊ မကြည်က အောက်အကြေသူပါ၊ ဧရာဝတီတိုင်းကဆိုလားပါပဲ၊ သူတို့လင်မယားက ဘုန်းကြီးကျောင်းဘေးနားက မြေကွက်လပ်ကလေးကို ရှင်းပြီးတော့ အိမ်ကလေးဆောက်ပြီးနေကြတယ်၊ အိမ်ဆောက်ဖို့ ငွေလိုတော့ တရုတ်ကြီးဆီကနေ သွားပြီးချေးတာပေါ့၊ ဦးလေးဖိုးထွန်းဆိုတာကလည်း ပိုင်ဆိုင်မှုသိပ်မရှိဘဲ ...

ဘယ်သွားမှာလဲ ” “ကျုပ် သဖန်းပိုးရွာလူကြီး မစပါယ်ဖြူ အိမ်ပြန်သွားမယ် “     “ဟကောင်တွေ မင်းတို့မှာ ဘာအစွမ်းအစတွေ အစီအရင်တွေရှိလို့ ဒီလိုကိစ္စတွေလုပ်နေရတာလဲ ကိုယ့်ရွာကိုယ် အေးဆေး ပြန်ကြစမး်ပါ ကိုယ်နဲ့မဆိုင်တာ တွေ ဝင်မပါ ပါနဲ့ “     “ဟ ဦးကြီး  မတရားမှုတွေဖြစ်နေရင် ပါသင့်ပါရမှာပဲ ကိုယ်တဘို့ ပဲ ကြည့်တယ်ဆိုရင် နွားဖြစ်သွားမှာပေါ့ ဗျ”     ဖိုးထွေး၏ စကားကြားသောအခါ မောင်ဘိုးထင်သည် လှည်းဘေးတွင် ချည်ထားသော နွားနှစ်ကောင်အားကြည့်လိုက်သည် ထိုအခါ နွားနှစ်ကောင် ...

ပြောနေကြတယ်အဖေနဲ့ဉီးငွေတိုးကလည်းမန်းကျည်းပင်ကြီးအောက်မှာစကားတွေရေပက်မဝင်အောင်ပြောနေကြတယ်လေဒီတော့ကျုပ်တစ်ယောက်ထည်းကျန်တော့တာပေါ့ ကျုပ်လည်းပျင်းပျင်းရှိတာနဲ့ဉီးကြိးမောင်ရဲ့အိမ်ဘက်ကိုခြေဉီးလှည့်လာခဲ့တယ် “ဉီးကြီးမောင်အချစ်ဆိုတာဘယ်လိုမျိုးလည်းဗျ” ကျုပ်ရုတ်တရက်မေးလိုက်တဲ့စကားကြောင့်ရေနွေးသောက်နေတဲ့ဉီးကြီးမောင်တစ်ယောက်ရေနွေးသီးမလိုတောင်ဖြစ်သွားတယ် “ငါ့ကောင်ကအချစ်ကြောင်းတွေဘာတွေမေးလို့ပါလားဧကန္တကြိုက်နေတဲ့ကောင်မလေးရှိပြီထင်တယ်” “ကျုပ်မသိဘူးဉီးကြီးမောင် အချစ်ဆိုတာဘယ်လိုမျိုးလည်း ဘယ်လိုခံစားချက်မျိုးလည်းဆိုတာကျုပ်မသိသေးဘုး” ကျုပ်ကိုဉီးကြီးမောင်ကတစ်ချက်မျှကြည့်ရင်းရွာလမ်းမကြီးဆီကိုအကြည့်လွှဲလိုက်တယ် “အချစ်ဆိုတာအဓိပ္ပါယ်များစွာဖွင့်လို့ရတဲ့ဝေါဟာရတစ်ခုပဲ ဒါကိုလည်းလူတွေကပဲဘယ်လိုဘယ်ပုံဆိုတာသတ်မှတ်ကြတာတစ်ချို့ကြတော့လည်းသနားချစ်ချစ်တဲ့သူရှိတယ်အဲ့တာကိုတော့သနားချစ်ပေါ့ တစ်ချို့ကြရင်တော့မြင်မြင်ချင်းချစ်မိတဲ့သူရှိတယ်အဲ့တာကိုတော့မြင်မြင်ချင်းအချစ် ကိုချစ်တဲ့သူကတစ်ခြားသူကိုချစ်နေတာတောင်ကိုယ့်ဘက်ကချစ်မြဲချစ်နေတာကိုတော့တစ်ဖက်သက်အချစ်ပေါ့ကွာ” “ဒါနဲ့ဉီးကြီးမောင်မှာလည်းအချစ်ဇာတ်လမ်းတစ်ခုတော့ရှိတယ်မဟုလားမညာချင်ပါနဲ့ဗျာ” ကျုပ်ပြောလိုက်တော့ဉိီးကြီးမောင်ကကျုပ်ကိုမျက်စောင်းကြီးထိုးပြီးကြည့်တယ်ဗျ ပီးတာနဲ့ရွာလမ်းမကြီးကိုပဲပြန်ကြည့်တယ်ကျုပ်စိတ်ထည်းတော့သူချစ်တဲ့သူကရွာလမ်းမကြီးပဲလားလို့တောင်တွေးနေမိတယ် “ရှိခဲ့တာပေါ့ကွာ ငါလည်းပုထုစဉ်လူသားတစ်ယောက်ပဲအချစ်ဆိုတဲ့ခံစားချက်တော့ရှိခဲ့တာပေါ့ကွာ” ကျုပ်လည်းစိတ်ဝင်စားသွားတာနဲ့ “ရှိရင်လည်းပြောပြပါဗျာဉီးကြီးမောင်ရဲ့အချစ်ဇာတ်လမ်းလေးကိုနားထောင်ချင်လို့ပါဗျ” ကျုပ်ကသာရီရီမောမောပြောလိုက်ပေမယ့်ဉီးကြီးမောင်ရဲ့မျက်နှာမှာတော့လွမ်းစွတ်မှုတွေကတော့အထင်းသားပေါ်နေတယ် “လွန်ခဲ့တဲ့နှစ်၅၀လောက်ကပေါ့ကွာ” ဉီးကြီးမောင်ကတော့့သောက်လက်စရေနွေးခွက်ကိုအကုန်မော့လိုက်ရင်းသူ့ရဲ့အချစ်ဇာတ်လမ်းကိုစတင်ပါတော့တယ် ထိုအချိန်တွင်တော့အသက်၇၀အရွယ်ဉီးကြီးမောင်မဟုတ်ပဲ အသက်၂၀အရွယ်လွမ်းနောင်ဆိုသည့်လူငယ်လေးအသွင်ဖြစ်ပါတယ် ထိုအချိန်တွင်တော့ပေါက်လှရွာလေးကတော့ယခုပေါက်လှရွာနှင့်မတူအိမ်ခြေအားဖြင့်၇၀မျှလောက်သာဖြစ်ပါတယ် ရွာအပြင်ကုက္ကိုပင်ကြီးအောက်မှာတော့လွမ်းနောင်ဆိုသည့်လူငယ်လေးနှင့်ယုဝတီဟူသောချစ်သူနှစ်ဉီးကတော့လူကြီးများအလစ်တွင်တွေ့ဆုံနေကြသည် “အကိုယုအကို့ကိုပြောစရာရှိတယ်” “ပြောလေယုရဲ့” ယုဆိုသောမိန်းကလေးကတော့လွမ်းနောင်ရဲ့ပုခုံးပေါ်သို့ပါးလေးအပ်ရင်း “ယုကိုအိမ်ကလူကြီးတွေကညောင်လှကသူဌေးသားနဲ့အိမ်ထောင်ချပေးမယ်လို့ပြောတယ်ယုအကိုနဲ့မခွဲနိုင်ဘူး” ယုကလည်းမျက်ရည်များနှင့်ရစ်ဖွဲ့နေသည့်မျက်ဝန်းအိမ်များနှင့်ပြောခြင်းဖြစ်သည် “ယုရယ်အကိုလည်းယုကိုမခွဲနိုင်ပါဘူးယုရယ် အကုိယုကိုတစ်ခုမေးမယ်နော်” လွမ်းနောက်ကတော့ယုရဲ့လက်မောင်လေးများကိုဆုတ်ကိုင်ရင်းနဲ့ “ယုဆင်းဆင်းရဲရဲနေရမယ့်ဒဏ္ကိုခံနိုင်ရဲ့လား” လွမ်းနောင်၏စကားများကဘယ်သို့ဉီးတည်နေသည်ဆိုတာယုတစ်ယောက်သိသည် “ယုဆင်းရဲတဲ့ဒဏ္ကိုလည်းမကြောက်ဘူးယုအကိုနဲ့ဝေးရမှာကိုပဲကြောက်တယ်” “ဒါဆိုယုအကိုနဲ့လိုက်ခဲ့တော့နော်အကိုခုညယုကိုလာခိုးမယ်ယုပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားနော်” “ဟုတ်ကဲ့အကိုယုပြင်ဆင်ထားပါ့မယ်” ...

သေတ္တာလေးထည်းကပိုက်ဆံ၅၀၀သ ားယူသွားတာမလား မနေ့ကလည်းအမေစားပွဲပေါ်တင်ထားတဲ့၂၀၀လည်းယူသွားသေးတယ်မလား ” အမေကကျုပ်ကိုပြောလိုက်တော့အဖေအကြည့်ကလည်းကျုပ့်ဘက်ကိုလှည့်လာတယ်လေ “သားရယ်လိုချင်ရင်လည်းပြောပေါ့ကွာအဲ့လိုလူမသိပဲတော့မယူသင့်ဘူးကွ” “မဟုတ်ဘူးအဖေသားမယူဘူးခုရက်ပိုင်းသားပိုက်ဆံမသုံးဖြစ်ဘူးအဖေပြီးတော့လည်းသားက၅၀၀လောက်ကြီးကိုဘာအတွက်ယူရမာလည်းအဖေရဲ့” အဲ့အချိန်က၅၀၀ကခုခေတ်နဲ့ဆို၁၀၀၀၀လောက်ရှိမယ်ဗျ “သားမယူပါဘူးဆိုဗျာကျိန်ရဲပါတယ်သားမယူပါဘူး” အမေကလည်းသက်ပြင်းတစ်ချက်ချလိုက်ရင်းအိမ်ထည်းကိုပြန်ဝင်သွားတယ် “အဖေ့ကျုပ်မယူဘူးနော်” “အေးပါသားရယ်” အဖေကထွေထွေးထူးထူးတော့မပြောတော့ မနက်အချိန်အခါနေထွက်လာလေပြီ နေမင်းကြီးကလည်း တောက်ပလှတဲ့အလင်းရောင်တွေကိုကမ္ဘာမြေပေါ်သို့ဖြန့်ကျက်နေသည် “သာလှ..သားသာလှထတော့လေ” အမေ့ခေါ်သံကြောင့်ကျုပ်လည်းအိပ်ယာမှနိုးလာခဲ့သည် မနေ့ကဉီးကြီးမောင်ရဲ့လယ်မှာအလုပ်တွေဖိလုပ်မိတော့ လူကလည်းအညောင်းမိသွားတာကြောင့်လည်းဖြစ်ပါတယ် “ဟုကဲ့အမေကျုပ်နိုးပါပီ” “အေးအေးနိုးရင်လည်းမျက်နှာသစ်မနက်စာစားပြီးမင်းအဖေနောက်ကိုလိုက်သွားလိုက်အူး” “အဖေကလယ်ထည်းတောင်သွားပြီလား” “အော်ငါ့သားရယ်အချိန်လည်းကြည့်ပါအုံး” ကျုပ်လည်းမျက်နှာသစ်ပြီးမနက်စာစားကာလယ်ထည်းသို့ထွက်လာလိုက်တယ် “ငါ့သားနေမကောင်းဘူးလား” ကျုပ်ကလယ်ထည်းရောက်လာပေမယ့်လူကအညောင်းမိနေတော့လူမမာလိုဖြစ်နေတာကိုမြင်တော့အဖေကမေးခြင်းဖြစ်ပါတယ် “နေမကောင်းတာမဟုတ်ဘူးသောင်းတင်ရေမင်းသားကမနေ့ကငါ့လယ်မှာလက်စွမ်းပြသွားလို့အညောင်းမိနေတာကွ” ကျုပ်လည်းအဖေ့အမေးကိုဖြေမယ်လုပ်တုန်းဉီးကြီးမောင်ကဝင်ဖြေလိုက်တာဗျ “ကဲကဲငါ့သားလူမလန်းရင်လည်းမင်းရဲ့ဉီးကြီးမောင်လယ်တဲမှာသွားအိပ်နေအဖေ့ဘာသာလုပ်လိုက်မယ်” “ရလို့လားအဖေရဲ့” “ဟားဟားဟားဟားမင်းအဖေပါသာလှရယ်မင်းမမွေးခင်ကတည်းကလုပ်နေရတဲ့အလုပ်တွေပါကွာရပါတယ်” ကျုပ်လည်းဉိး​ကြီးမောင်ရဲ့လယ်တဲထည်းကိုဝင်လာလိုက်တယ် “ဉီးကြီးမောင်ရာညကငျုပ်သူခိုးအစွဲခံရသေးတယ်” “မင်းကခိုးလို့ဖြစ်မှာပေါ့သာလှရယ်” ဉီးကြီးမောင်ကကွမ်းတစ်ယာကိုယာရင်း ပြူံးစိစိနဲ့ဖြေတာဗျ “မခိုးပါဘူးဗျာဉီးကြီးမောင်ကပါကျုပ်ကိုသူခိုးစွဲနေတာလားဗျ” “ငါကစတာပါကွာဒါနဲ့မင်းကဘယ်လိုသူခိုးအစွဲခံရတာလည်း” “အမေပေါ့ဗျာသူ့ပိုက်ဆံ၇၀၀ပြောက်တာနဲ့ကျုပ်ကိုသူခိုးစွဲတော့တာပဲမယူဘူးပြောလည်းမယုံပါဘူးဗျာ” ...

အမေဘာဖြစ်တာလဲ မသိဘူး ” “အေး လာပြီ လာပြီ သမီးရေ ” “ဟင် မိန်းမဘယ်လိုဖြစ်တာလဲကွာ “ကျွန်မလည်းမသိပါဘူးတော် လူကနေရင်းထိုင်ရင်းနဲ့ မူးနောက်ပြီးအန်ချင်နေတာ “ငါဆရာဝန်သွားခေါ်လိုက်ဦးမယ် သမီး နင့်အမေကို ကုတင်ပေါ်လှဲနေခိုင်းလိုက်ဦး အဖေ ရွာဆေးမှူးကိုသွားခေါ်လိုက်ဦးမယ် ကြားလား” “ဟုတ်စိတ်ချပါ အဖေ မြန်မြန်တော့ခေါ်လာခဲ့နော် ဒေါ်ခင်မမတစ်ယောက် အိမ်တွင်နေရင်းထိုင်ရင်း သွေးများအန်သည့်အတွက်ကြောင့် သမီးဖြစ်သူယမုံနှင့်ခင်ပွန်းဖြစ်သူဦးစိုးမောင်တို့ ပြာယာခတ်နေကြရသည်။ မကြာခင်ရွာဆေးမှူးနှင့်ဦးစိုးမောင်တို့ အိမ်သို့ရောက်ရှိလာပြီး ဒေါ်ခင်မမ၏ ဝေဒနာအားစမ်းသပ်ရှာဖွေကြတော့သည်။ “လူနာက ဘာရောဂါလက္ခဏာမှမရှိသလို အစာအဆိပ်သင့်တာလည်းမဟုတ်ပေဘူး ကျွန်တော့်အထင်ပြောရရင် ဒါဟာ အဲ” “ဆရာပွင့်ပွင့်လင်းလင်းပြောပါခင်ဗျာ ဘာမှအားမနာပါနဲ့ဗျာ ...

အိမ်ပေါ်ကဆင်းလာတယ်။ ကျွန်တော် လည်းကြောက်တာနဲ့ခြံစည်းရိုးအပင်တွေအောက်ဝင်ပုန်းနေတာ။ အဖေကတော့တုတ်ကြီးတဝင့်ဝင့်လုပ်ပြီး “ဘယ်မှာလဲ အဲ့ဒီ ကောင်။ကျောင်းမတက်ဘဲလျှောက်သွားနေတာ။ငါဆော်မှာ။ဆော်မှရတော့မှာ” ဆိုပြီးကြိမ်းနေတာ။ တကယ်ဆော်တာစာရေးဆရာရဲ့။ အမေကတော့”စိတ်ထိန်းပါယောက်ျားရယ်။စိတ်ကိုထိန်းပါ”ဆိုပြီးဖျောင်းဖျနေတာ။ အဖေကတော့မရဘူး။ဆော်မှာချည်းလုပ်နေတာ။ ဒီတော့ ကျွန်တော်လည်း စဉ်းစာတယ်။အခုနေအိမ်ထဲ ဝင်ရင်ငါအဆော်ခံရမှာ။ငါ့သူငယ်ချင်းအိမ်ကိုပြေးမယ်ဆိုပြီးပြေးလာခဲ့တာ။ ကျွန်တော့်သူငယ်ချင်းအိမ်ကအဝေးကြီး။မြို့သစ် ကိုဆင်းတဲ့အေးသာယာအဆင်းလမ်းမှာရှိတာ။ခြံထဲမှာလည်းမွေးထားတဲ့နွားတွေ အများကြီး။ အဲ့ဒီ ခြံကအိမ်နဲ့ဝေးတယ်ဆိုပေမယ့်.အဖေရိုက်မှာကြောက်တော့ပြေးရတာပေါ့။ ပြေးရင်းပြေးရင်းနဲ့သုံးသင်္ချိုင်းအနားရောက်လာတယ်။ သုံးသင်္ချိုင်း ဆိုတာ.ကုလားသင်္ချိုင်းရယ်။ဗမာသင်္ချိုင်းရယ်။တရုတ်သချုင်္ိင်းရယ်.တစ်ဆက်တည်းပဲ။ ကျွန်တော် လည်းသင်္ချိုင်းထ​ဲစဝင်လာခဲ့တယ်။ အရင်ဦးဆုံးကကုလားသင်္ချိုင်းဗျ” ကျွန်တော် ကကြားဖြတ်မေးလိုက်သည်။ “သင်္ချိုင်းအပြင်ကမသွားဘူးလားဗျ” “အဝေးကြီးဗျ။တမျှော်တခေါ်ကြီးပတ်ရဦးမှာ။ဒါကြောင့်လူတော်တော်များများကသင်္ချိုင်းထဲကပဲဖြတ်သွားကြတာ။ အဲမှာလည်းလူသွားလမ်းသီးသန့်ရှိတယ်ဆရာရဲ့” “သြော်” “ကုလာသင်္ချိုင်းထဲကိုကျွန်တော်စဝင်လာခဲ့တယ်။အဲဒီအချိန်ထိကြောက်စိတ်ဆိုတာမရှိသေးဘူး။နောက်ပြီး ကုလားသင်္ချိုင်းကတကယ်ကိုသန့်ရှင်းနေတာပဲ။ ကုလားသင်္ချိုင်းကိုကျော်တော့ဗမာသင်္ချိုင်းထဲရောက်လာတယ်။ဗမာသင်္ချိုင်းကချုံပုတ်တွေအများကြီး။နောက်ပြီးအဲဒီတုန်းကမှောင်ခိုခေတ်ဗျ။နွားတွေကိုခိုးပေါ်ပြီးမြွေရေခွံအိတ်ထ်ဲထည့်ပြီးချုံပုတ်တွေထဲဝှက်ထားခဲ့ကြတာ။မြန်သလားမမေးနဲ့။နွားတစ်ကောင်ကိုပေါ်တာခဏလေးပဲ။ပြီးရင်ခေွးတွေမဆွဲနိုင်အောင်ချုံပုတ်ကိုဆူးတွေနဲ့ကာထားခဲ့တာ။မနက်ကြမှလာယူကြတာ။ ကျွန်တော်လည်းလျှောက်ရင်းလျှောက်ရင်းနဲ့ဇရပ်ပျက်ကြီးနားရောက်လာခဲ့တယ်။ ပြောရဦးမယ်။အဲဒီဗမာသင်္ချိုင်းမှာ’ပေါင်တိုမ’ဆိုတာရှိတယ်။တကယ့်နာမည်ကြီးပဲ။တောင်ကြီးမြို့မှာရှိတဲ့လူတွေအကုန်သိတယ်။ နွားကျောင်းသားတစ်ယောက်ကကောင်မလေးတစ်ယောက်ကိုအဲဒီသင်္ချိုင်းမှာအဓမ္မပြုကျင့်ပြီး.ပေါင်ဖြတ်ပြီးသတ်ပစ်တာ။အခုထိမကျွတ်သေးဘူး။ ကျွန်တော် လည်းလျှောက်ရင်းလျှောက်ရင်းနဲ့ဇရပ်ကိုကျော်လာတယ်။ ...

ဖြစ်လေရာဘဝဆက်ဆက်မှာလဲ အခုလိုသိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်နေတာလို့ အဲ့ဒီ့နတ်ဆရာမက ပြောတယ်။ နတ်ဆရာမပြောပြတဲ့ သံသရာတွေ ဆုတောင်းပြည့်ဘုရားတွေ ကျွန်တော်တို့ဘဟ်လို ယုံကြည်လက်ခံရမလဲ။ အကောင်အထည်ဘယ်မှာလဲ။ သက်သေအထောက်ထားကရော ဘယ်မှာလဲ။ ဒါကြောင့် ခေတ်လူငယ်တွေပီပီ နတ်ဆရာမပြောတဲ့ အကြောင်းတွေက်ို ပုံပြင်တစ်ပုဒ်လိုပဲ နားထောင်ခဲ့ဘူးတယ်။ ဒီလိုနဲ့ နေထိုင်လာခဲ့တာ ဒီနေ့ဒီဇင်ဘာတစ်ရက်နေ့ဆိုရင် ကျွန်တော်တို့ချစ်သက်တမ်း (၃)နှစ်တင်းတင်းပြည့်ခဲ့ပြီလေ။ အတိတ်ကိုငေးမောရင်း သူမလာရာလမ်းကို ကျွန်တော်ငေးကြည့်နေမိတယ်။ မကြာပါဘူး။ သူမရောက်လာတယ်။ မှောင်ရိပ်သန်းနေတဲ့ နေရာလေးကနေ သူမကျွန်တော်ရှိနေတဲ့ နေရာဆီ ခပ်သုတ်သုတ်ပြေးလာတယ်။ တစ်ဦးနဲ့တစ်ဦး အပြုံးပန်းလေးတွေ ဝေဆာနေရင်း ထွေးပွေ့ထားမိတယ်။ ချစ်သူဖြစ်လာတာ သုံးနှစ်ပြည့်တဲ့ ...

အိမ်ပေါ်မှာ ဒီအရုပ်ကြီးတွေရှိတော့ မင်းအတွက် အဖော်ရတာပေါ့ မဟုတ်ဘူးလား၊ အနီးမှာ မင်းကို စောင့်ရှောက်မယ့်လူရှိနေတယ်လို့ စိတ်ထဲက ထင်မှတ်လိုက်ရင် ဘာမှကြောက်စရာ မကောင်းတော့ဘူး” “အစ်ကိုက အစ်ကိုရဲ့အရုပ်ကြီးတွေကို တန်ဖိုးထား လို့ ပြောတာမှန်ပါတယ်။ ကျမကတော့ တန်ဖိုးထား ပြီး သိမ်းထားရမှာထက် ကြောက်လန့်မိတာပဲသိတယ်” “ငါ့မိန်းမကတော့ …မဟုတ်တာတွေ ခေါင်းထဲ ရောက်နေတော့တာပဲ” “အိမ်ထဲမှာလည်း အရုပ်တွေပြည့်နေတာပဲ မဟုတ်လား၊ ဒီအရုပ်တစ်ရုပ်မရှိလို့ ဘာဖြစ်သွားမှာလဲ၊ ခြံထဲမှာ သွားထားလိုက်ပါလား” မထွေးထွေး ဘယ်လိုပြောပြော အရာမထင်… ည…အိပ်ရာထဲမှာ မအိပ်သေးခင် မထွေးထွေးက ကိုအေးဝင်းအား… ...

ဆဲခံရတာကလား၊ စာရေးဆရာကိုလည်း ကျုပ်တို့ရွာကိုဖိတ်ချင်တယ်၊ ရွာကလူတွေနဲ့တော့ သိပ်ပြီးမခင်စေနဲ့ပေါ့ဗျာ ဟဲ ဟဲ၊ ခင်သွားရင်တော့ နောက်တစ်ခါရွာကိုလာရင် အကုန်လုံးက ဆဲပြီးနှုတ်ဆက်ကြမှာဗျ၊ ဟား၊ ဟား။ အဲဒီလို အဆဲက ဓလေ့ဖြစ်နေတဲ့ ကျုပ်တို့ရွာမှာ ရွာဦးကျောင်းဘုန်းတော်ကြီးက စပြီးတော့ ဟိုးဘောင်းဘီမပါတဲ့ကလေးအထိ ဆဲတတ်တယ်၊ စကားပြောရင်လည်း အဆဲကလေးနဲ့ပြောတတ်ကျတယ်လေ၊ ဒါပေမယ့် ဦးဘသာကြီးကတော့ ဆဲခဲတယ်ဗျ၊ တစ်ခါတစ်လေတော့ ဆဲတာပေါ့ဗျာ။ ကျုပ်တို့ရွာသားပဲကိုးဗျ။ ကျုပ်အိမ်မှာ အဖေကတော့ သိပ်ပြီးဆဲလေ့မရှိပေမယ့် အဆဲသန်တာကတော့ အမေဗျ။ မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ ကျုပ်တို့အိမ်ဝိုင်းထဲမှာ အမေ့ဆဲသံက ညံနေရောပဲ။ ဆဲလဲဆဲချင်စရာပဲဗျို့၊ ...

ဆရာတော်ကြီးဦးခေမာသီတင်းသုံးခဲ့တဲ့အခန်းထဲက သစ်သားအကာတွေကိုလက်သဲကုတ်ခြစ်နေတာတဲ့ ဗျင်းးးး ဗျင်းးးဆိုတဲ့အသံကြီးကို ကြယ်လောင်စွာကြားနေရတယ်တဲ့ကျောင်းထိုင်ဘုန်းကြီးအသစ်လဲအသည်းထန်နာမကျန်းဖြစ်ပြီး အလူးလဲခံရတယ်တဲ့ အဲ့ဒီကျောင်းက ထွက်သွားမှသိသိသာသာသက်သာသွား တော့တယ်ဒီလိုနဲ့နှစ်လအတ္ငင်းမှာအမြို့မြို့ အနယ်နယ်က ကျောင်းထိုင်ဘုန်းကြီးပင့် လာတာ ၅ပါးလောက်ရှိမယ် ဒီညနေရောက် နောက်နေ့မဖြစ်ဘူးဆိုပြီးပြန်ကြွသွားကျတယ် နောက်ဆိုနေ့ခင်းဘက်တောင်ကျောင်းပေါ်ကို အတက်မခံတော့ဘူးတဲ့ မမြင်ရတဲ့ နေရာက ‌ဒုန်း ဒုန်းးနဲ့ပြေးလာ ‌အုန်းသီးခြောက်ကြီး‌တွေ လိမ့်လာတယ် ဒါကြောင့် ရွာက လူတွေက ပယောကဆရာတွေပင့်ပြီး လုပ်ခိုင်းတာ ဆရာတွေကိုလေးဂွနဲ့ပစ်လို့တဲ့ဘုရား လူမတွေရပဲ နောက်စာလုံးတွေက လာလာထိလို့ထွက်ပြေးရတယ်ဘုရား ဘယ်လိုမှမရတဲ့အဆုံး အရှင်ဘုရားဆီက အကြံညဏ်တောင်းခံတာပါဘုရား ဘကြီးဘုန်းကြီးလဲသူ့ရဲ့သူငယ်ချင်းရဲ့ သတင်းကိုကြားပြီးစိတ်မကောင်းဖြစ်နေတယ်ဗျ ညိုးငယ်သောမျက်နှာနဲ့ မပူပါနဲ့ ကပ္ပိယကြီး ...