အင်းခရိုင်နယ်အနီးဆယ်ရွာ တစ်ခွင်တွင် မုဆိုးဓနုဟုလူသိများလေသည်။ ဓနုမှာ နစ္စဓူဝတောထဲတွင်သာအချိန်ကုန်လေ့ရှိသည်။မနက်ဝေလီဝေလင်းတွင် အိမ်မှထွက်ကာ ထောင်ထားသည့်ထောင်ချောက်များအားလိုက်၍စစ်ဆေးသည်။လက်ထဲတွင် လေးမြှားနှင့် တစ်ခုတည်းသော မိသားစုအမွေပစ္စည်းဖြစ်သည့် တူမီးသေနတ်ကို ကိုင်ဆောင်လေ့ရှိသည်။တူမီးသေနတ်မှာ ဘိုးဘွားအစဥ်အဆက်များမှ သားဦးယောက်ျားလေးများကိုလက်ဆင့်ကမ်းပေးသည့် အမွေပစ္စည်းဖြစ်သည့်တိုင် တူမီးသေနတ်အား အလေးအနက် တရိုတသေကိုင်ဆောင်ကြ၏။ဓနုသည်လည်း တူမီးသေနတ်အား မိဘအမွေသက်မဲ့ပစ္စည်းဟုသဘောမထားဘဲ မိဘကဲ့သို့ပင် သဘောထားလေ့ရှိသည်။ ဓနု၏မုဆိုးသက်တမ်းတစ်လျှောက်တွင်လည်း သားကောင်များရွေးချယ်ရာတွင် သားပေါက်ကလေး များနှင့် ကိုယ်ဝန်ရင့်မာဖြစ်နေသည့်သားကောင်များကို ဖမ်းမိသော်လည်းလွှတ်ပေးမြဲဖြစ်သည်။မုဆိုးဖြစ်သော်လည်း နှလုံးသားနုသည့်မုဆိုးဟုဆိုရပေမည်။ မနက်ဝေလီဝေလင်းမှ ထွက်လာလိုက်တာ နေမြင့်သည်အထိ ထူးခြားစွာသားကောင်တစ်ကောင်မှမရချေ။သို့သော် မုဆိုး နှာခေါင်းဖြင့် သွေးညှီနံ့ပြင်းပြင်းအားရသည်မို့ လက်ထဲရှ်ိ ...
မြောင်းလျှောက်လို့ ခေါ်တာလည်း မမှားဘူး။ ခက်တာက သည်အလုပ်က မိုးတွင်းမှာမှ ခဏကလေး ခန့်တာ။ နွေမှာ အလုပ်မရှိဘူး။ကိုယ့်ဟာကိုယ် ရှာလုပ်ပဲ။ ရှာစားပဲ။ ရှာသောက်ပဲ။ လက်ပဒေါကို ခရီးကြုံ မှာရင်လည်း ရတယ်။ “လက်ပဒေါက မြောင်းဆောက် ဗုံတီးကို ပြောလိုက်စမ်းပါကွာ။ နက်ဖျင်ညှ အဆေ့ကျောင်းကို လာပါလို့။…မြစ်လောင်းက စံထွန်းအလှူ မတိုင်ခင် မြေညှိချင်လို့လို့ …နှော”လို့ မှာလိုက်ရုံပဲ။ မြောင်းဆောက်ဆိုတာ မြောင်းလျှောက်လို့ ပြောတာပါ။နက်ဖျင် ဆိုတာ မနက်ဖြန်၊ညှဆိုတာ ည၊ အဆေ့ကျောင်းဆိုတာ အရှေ့ကျောင်း၊နှော…ဆိုတာက နော…ကို ပြော တာပါ။သူတို့ချင်းကတော့ ...
မဟုတ်ဘူးဗျာ၊ စ ကောတစ်ချပ်စာလောက် ရှိမယ်ဗျ။ဒါ ပေမဲ့ အဝိုင်းမဟုတ်ဘူး။ လူခြေရာလို ပဲဗျ။ ခြေချောင်းရာတွေပါ ပါတယ်။ ခြေချောင်းရာကလည်း ငါးချောင်းပဲ။ ခြေမနေရာကလည်း အကြီးကြီးဗျ။ အုန်းမှုတ်ခွက်တစ်ခွက်စာလောက် ရှိတယ်။ ပြီးတော့ ခြေရာက မြေကြီး ပေါ်မှာ ပါးပါးလေးပဲ ထင်နေတာဗျ။ ဒီလောက်ကြီးတဲ့ ခြေရာကြီးဆိုရင် အ ကောင်ကလည်း အကြီးကြီး ဖြစ်မှာပေါ့ ဗျ။ မြေကြီးထဲမှာ ခြေရာက နက်နက် ကြီး ထင်နေရမှာပေါ့။ အခု အဲဒီလို မ ဟုတ်ဘူးဗျ။ သဲမြေပေါ်မှာ ပါးပါးလေး ...
ဖြူတို့ဘဝနှင့် ကွာခြားနေ၏။ဖြူတို့မိသားစုက ဘဝကိုကျရာမှနေ၍ မတုန်မလှုပ်ရင်ဆိုင်တတ်သည့် နေရာတွင် အသွင်တူကြလေသည်။ လွန်ခဲ့သည့် တနင်္ဂနွေနှစ်နေ့လုံး လူနာစောင့်ခဲ့ရသဖြင့် မောင်နှင့်မတွေ့ခဲ့ရချေ။သည်တနင်္ဂနွေမှာ နားခွင့်ရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း မနားရပြန်။မနက်ကတော့ မောင်နှင့်တွေ့စဉ်ကတော့ မတင်မကျ ပြောဖြစ်ခဲ့သည်။မိန်းခလေးသိက္ခာကို ရှည်ရှည်ဝေးဝေး မတွေးနိုင်ဘဲ မောင့်ရုံးကို သွားတွေ့ခဲ့ရသည်။အားပြည့်လန်းဆန်းသော အပြုံးမျက်နှာဖြင့် မောင့်ဆီရောက်ခဲ့၏။ဆေးရုံနှင့်ကင်း၍ စက္ကူနံ့လှိုင်နေသော မောင့်ရှေ့ကစားပွဲမှာ ထိုင်ရသည်က ကြောင်စီစီတော့နိုင်သား။စာရေးမလေးတွေက သိပြီးသားဖြစ်နေသော်လည်း မသိမသာ ချောင်းကြည့်ကြသေးသည်။မောင်က ခဏကလေးစောင့်နေနော် ဖြူဟုဆိုကာ သူ့စားပွဲပေါ်မှ စာရွက်တစ်ထပ်ကြီးကို ဖတ်မကြည့်ဘဲ လက်မှတ်ထိုးနေ၏။ကောင်လေးတစ်ယောက် လက်ဖက်ရည်တစ်ခွက် လာချပေးသည်။ဖြူ သောက်နော်ဟု မောင်က ပြော၏။ဖြူ ...
ဗျာ။ဆရာကြီးက တော်တော်ကို ပါးနပ်တာဗျို့။ကျုပ်ကို တစ်ချက်ငဲ့ကြည့်ပြီး… “ဟာ မောင်တာတေ စိတ်ထဲသိချင်တာရှိ မေးလေကွာ မေးပါ ဒါမှ ဗဟုသုတ တိုးလာမှာပေါ့” ဆရာကြီးက ပြောတော့ ကျုပ် အားတက်သွားပြီး… “ဒီလိုပါ ဆရာကြီး။ ဟိုကပ္ပလီမကြီး ကိစ္စတုန်းက ကပ္ပလီမကြီးက လက်ထဲမှာ တစ်ခုခုကို ဆုပ်ထားသလိုလုပ်ပြီး ပါးစပ်က မန္တန်ရွတ်လိုက်တဲ့အခါ လက်ထဲမှာ ဝင်းဝင်း ဝင်းဝင်း ဖြစ်သွားပြီး ဆရာကြီးကို လှမ်းပစ်လိုက်တယ်။ အဲဒီမှာတင် ကပ္ပလီမကြီးရဲ့ လက်ထဲကနေ အလင်းလုံးကလေးတစ်ခု ထွက်လာတာကို ကျုပ်တွေ့လိုက်တယ်။ ကွမ်းသီးလုံးလောက်တော့ ရှိမယ်ဗျ။ ...
သစ္စာဆိုလိုက်တဲ့အခါ မြောင်းကျယ်ကြီးကို လွှားကနဲခုန်ကာ တဖက်ကမ်းရောက်သွားပါတော့တယ်.. ထိုအခါ ဒီလောက်ကျယ်တဲ့မြောင်းကျယ်ကြီးကို တခါတည်းခုန်လိုက်တဲ့အတွက် မကောင်းဆိုးဝါးတကယ်ဖြစ်နေပီလို့ မှတ်ယူတဲ့အိမ်ရှေ့စံဟာ သူမကို ဆက်မခြောက်လှန့်ဖို့နဲ့ ထွက်သွားဖို့ပြောပါတော့တယ်..မယ်ကာကလဲ ဝမ်းနည်းကြေကွဲမှုနဲ့အတူ ထွက်ခွာခဲ့ပီး မြောင်းကျဉ်းငယ်တခုအရောက်မှာတော့ မခုန်နိုင်တော့ဘဲ မြောင်းထဲကျကာ သေဆုံးသွားခဲ့ပါတော့တယ်.. ဘယ်လိုပဲဖြစ်ဖြစ်တူညီနေတယ့် ခြေကလိမ်မရဲ့အချက်အလက်ဟာ အိမ်သာမှာ ခြောက်လှန့်တာများပီး ကလေးနဲ့ အမျိုးသမီးများကို အဓိကသားကောင်အဖြစ်ထားတတ်တယ်လို့ဆိုပါတယ်..ခြေကလိမ်မဟာ လမိုက်ညတွေမှာ ထွက်တတ်ပီး သူမအလိုက်ခံရရင် လွတ်မြောက်ဖို့မဖြစ်နိုင်ပါဘူးတဲ့.. ဘာကြောင့်လဲဆိုရင် ခြေထောက်လိမ်နေပေမယ့် ပြေးတာအရမ်းမြန်တယ့်အတွက်ဖြစ်ပါတယ်.. ခြေကလိမ်မဟာ တွေ့ရင် မြောင်းကျဉ်းလား မြောင်းကျယ်လားမေးတတ်ပါတယ်..မဖြေမချင်းကို မေးနေတတ်ပီး အဖြေတခုခု ရတာနဲ့ တရှိန်ထိုးလိုက်ပါတော့တယ်.. ...
ကျုပ်ရဲ့ ဗီဇအတိုင်းသိချင် လာတာပေါ့ဗျာ။ ” ဒီလိုကွတလော ဝါဆိုလကွယ်ည ၉ နာရီလောက်မှာ ငါတို့ကာလသားတွေ သက်ကြီး ဦးပုတို့အိမ်မှာစကား လက်စုံကြနေတာပေါ့ ” ” အဲ့ဒီချိန် ရွာတောင်ပိုင်ဒေါ်ညိုတို့အိမ်ကနေကြောက် လန့်တကြားအော်သံကြားလိုက်တယ်ကွ ” ” ငါတို့ကာလသားတွေလည်း အသံကြားတာနဲ့ ဝုန်းဆို ပြီးဒေါ်ညိုတို့ဝိုင်းကိုပြေးသွားကြတာပေါ့ ” ” လက်ထဲမှာကလည်း ဝါးချွန် ၊ တုတ်၊ ဓားစံလို့ပေါ့ကွာ ...
၊ လ္ဘက် အကြော်စုံ၊ ရေနွေးကြမ်းတို့ဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်သည်။ အလှု့ဒါယိကာမှာ ကုန်ချင်သလောက်ကုန် … အပြုံးမပျက် လှုမည့်သူ ဖြစ်သလို ၊ အလှု့ဒါယိကာမမှာလည်း ငွေထုတ်ရလို့ တချက်ကလေးမှ မငြီးငြူချေ။ စေတနာသဒ္ဓါတရား အင်မတန် ထက်သန်ကြသော လိုက်ဖက်ညီသည့် အလှုရှင်ဇနီးမောင်နှံ ဖြစ်ကြသည်။ _________ အခန်း(၂) မြသာသည် လူရွှတ်လူနောက် ဖြစ်သည်။ သူသည် လူငယ်သဘာဝ ခပ်ရွှင်ရွှင်နေတတ်သူတဦးဖြစ်သော်လည်း ရပ်ရေးရွာရေးတွင်တော့ အင်မတန် တက်ကြွသူ ဖြစ်ပါသည်။ ယခု မြသာသည် ရွာဦးကျောင်းဖြစ်သော လယ်ပြင်ကြီး မြောက်တိုက်၌ ...
သမီးလေးတစ် ယောက်မွေးဖွါးခဲ့တယ်။ “သည် သမီးမျက်နှာနဲ့ အုန်းမြင့် လိမ္မာလာလေမလား ဆိုတဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာပြန် တယ်။ဒါပေမဲ့ သမီးလေးသာ တဖြည်းဖြည်း ချစ်စဖွယ်ကြီးပြင်း သာတယ်……တောက်ဆတ်၊ တောက်ဆတ် လမ်းလျှောက်တတ်လာတယ်…။မပီကလာ ပီကလာ၊ ကွတ်တီးတွတ်တာစကားလေး တွေ ပြောတတ်လာတယ်…..။ အုန်းမြင့်ကတော့ လူမိုက်ကလူမိုက်ပါပဲ။မိုက်တဲ့အပြင် ဆိုးလာတယ်လို့တောင် ပြောရမယ်။ အခြားရွာက မိန်းမတစ်ယောက်ကို မယားငယ်ယူထားဘယ်ဆိုတဲ့သတင်း ထွက်လာတယ်။ အချိန်တွေကြာလာတာနဲ့အမျှ တိုးတိုးတိတ်တိတ် သ တင်းက ကျယ်လောင်လာတယ်။ ကျယ်လောင်ရာကနေ ထင်ရှားလာတယ်။နောက်ဆုံးမှာ မယားငယ်မစန်းကို အိမ်ပေါ်ခေါ်လာတဲ့ အထိ တိတိလင်းလင်းဖြစ်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ...
အောင်၊ မကောင်းတဲ့သစ်တွေနဲ့ ဆောက်လုပ်ပေးလို့ရတယ်မဟုတ်ဘူးလား” ကျုပ်လည်းခေါင်းညိတ်လိုက်တာပေါ့ဗျာ။ “အေးပေါ့၊ ဒီလိုပဲ ဘယ်ပညာမဆို ကောင်းအောင်လုပ်လို့လည်းရတယ်၊ ဆိုးအောင်လုပ်လို့လဲရတယ်၊ စုန်းကဝေပညာလည်း အဲဒီလိုပဲပေါ့ကွာ” “ဒါပေမယ့် ကျုပ်ကြားဖူးတာက စုန်းတွေအကုန်လုံးလိုလိုက လူဆိုးတွေချည်းမဟုတ်လား၊ ကောင်းတဲ့စုန်းဆိုတာ ရှိမှမရှိတာ” “ဒါကတော့ကွာ၊ ရှေးဘုရင်လက်ထက်ကတည်းက စုန်းတွေကိုမှားယွင်းပြီး ယူဆခဲ့ကြတာပေါ့ကွာ၊ မင်းသိအောင်လို့ ပြောပြရအုံးမယ်၊ မင်းတုန်းမင်းကြီးလက်ထက်က မညှာဆိုတဲံ စုန်းမကြီးတစ်ဦးနဲ့ စုန်းတွေကို မင်းကြီးက နန်းတွင်းမှာ တစ်လကိုဆယ့်ငါးကျပ်ပေးပြီးတော့ ခန့်ထားသတဲ့ကွ၊ နောက်ပြီးတော့ အထက်လမ်းဆရာတွေ ဆရာဟိန်း ၊ မြွေဆရာ ဆရာသက်ကြီး တို့ကိုလည်း နန်းတွင်းထဲခန့်ထားသေးတယ်တဲ့ကွ၊ စုန်းတွေ ...