ချိုမြင့်နဲ့ချစ်ကြိုက်ကာအိမ်ထောင်ပြု လိုက်ကြပြီးညားကာစအိမ်ခွဲနေရန်အဆင်မပြေသောကြောင့်ဖခင်ကြီးအိမ်မှာပင်ဆက်နေပြီးလင်မယားနှစ်ယောက်ပုဇွန်စက်ရုံတွင်အလုပ်ဆက်လုပ်ပြီးပိုက်ဆံစုနေကြသည်။ လင်မယားနှစ်ယောက်လုံးအလုပ်ကြိုးစားမူကြောင့် နိူင်ဝင်းတို့လင်မယားကိုပုဇွန်စက်ရုံသူဌေး မှကော့သောင်းတွင်စက်ရုံအသစ်တစ်ခုဖွင့်သည့်အချိန်တွင်လင်မယားနှစ်ယောက်လုံးရာထူးတိုးလစာတိုးပေးပြီးကော့သောင်းစက်ရုံကိုရွေ့ပြောင်းခိုင်းတာကြောင့်နိူင်ဝင်းတို့လင်မယားနှစ်ယောက်မှာ ဦးဖိုးကွန်းကိုအကျိုးအကြောင်းပြောပြပြီးကော့သောင်းစက်ရုံကိုရွေ့ပြောင်းခဲ့ကြပါတော့သည် ။ တစ်ခြားသားသမီးများမှာဦးဖိုးကွန်းနဲ့ဘယ်သူမှ လာနေရန်အဆင်မပြေသောကြောင့်အိမ်ကြီးတွင်ဦးဖိုးကွန်းတစ်ယောက်သာကျန်နေရစ်ခဲ့တော့သည်။ နိူင်ဝင်းတို့လင်မယားမှာကော့သောင်းမြို့တွင် အလုပ်လုပ်ရင်းဇနီးချိုချိုမြင့်မှာသားဦးလေးတစ်ယောက်မွေးတာကြောင့်နိူင်ဝင်းတစ်ယောက်အလုပ်ကိုနဂိုကထက်ပိုပြီးကြိုးစားလုပ်ရင်းရှိနေ၏ ။ ထိုအချိန်မှာပင်.. ၊လူကြုံဖြင့်နိူင်ဝင်းထံသတင်းဆိုးတစ်ခုရောက်လာပါသည်။ ဖခင်ကြီးမှာနေမကောင်းအသည်းအသန်ဖြစ်နေ သောသတင်းပင်ဖြစ်ပါတယ်။ နိူင်ဝင်းလည်းသူတစ်ယောက်တည်း ထားဝယ်ပြန်လာပြီးဖခင်ကြီးအခြေအနေက်ုကြည့်ရာတစ်ယောက်တည်းထား၍မဖြစ်နိူင်တာမို့ တခြားညီအစ်ကိုမောင်နှမများနဲ့တိုင်ပင်ကြည့်ရာ ဘယ်သူမှဖခင်ကြီးအနားမနေနိူင်ဟုဆိုလာကြတာ ကြောင့် စက်ရုံပိုင်ရှင်သူဌေးကိုပြောပြီး ထားဝယ်ပြန်ပြောင်းလာခဲ့ကြ၏ ။ ဇနီးဖြစ်သူမှာခလေးငယ်လေးနဲ့မို့အလုပ်ထွက်ခိုင်းပြီးသူတစ်ယောက်တည်းပုဇွန်စက်ရုံမှာအလုပ်ဆင်းပါတော့တယ် ။ ဦးဖိုးကွန်းဟာတစ်ယောက်တည်းဖြစ်သလိုစားသောက်ပြီးအဟာရချို့တဲ့ကာ အိပ်ယာထဲလဲနေခြင်းပင်။ ပြုစုမယ့်သူရှိပြီးစားကောင်းသောက်ကောင်းစားး ရချိန်မှာတော့ပြန်ပြီးကျန်းမာလာပါတော့သည် ။ ...
တူသွားကြတာမျိုးတွေလည်းရှိတတ်ပေမယ့် ဒီလိုနေ့မျိုး ဆိုရင်တော့ ပိုပိုရော သူရော အိမ်မှာပဲ စာလုပ်ကြတာပါ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက် ကဆိုတော့ အခုလိုမျိုးဖုန်းတွေကလည်း မပေါ်သေးဘူးလေ။ သူဘယ်သွားမယ်၊ ဘာ လုပ်မယ်ဆိုတာကို လူကြုံနဲ့ ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ လာပြောနေကြတာမျိုးဆိုတော့ ဒီညမှာ တော့ သူဘုရားပွဲမှာ ရှိနေတာပဲ ဆိုပြီး ပိုပို စိတ်ချလက်ချရှိနေပါတယ်။ ညကိုးနာရီလောက်မှာ ပိုပိုဘုရားရှိခိုးပါတယ်။ ထူးခြားတာက ဘုရားမကန်တော့ခင် ပိုပို ရဲ့ စိတ်တွေ တအားလေးလံလွန်းလာတာပါ။ မေမေ့ကိုတောင် ပြောပြလိုက်မိတဲ့အထိပါ ပဲ။ “မေမေ ခွေးတွေက ဘာလို့ ...
ကျွန်ပ်ဖြစ်ပြီးမြန်မာပြည်အနှံံ့ကြုံတွေ့ခဲ့ရသောသည်းထိတ်ရင်ဖိုအကြောင်းအရာဇတ်လမ်းများကို ပြောပြခိုင်း၍ ပြောပြနေရခြင်းဖြစ်၏ ။ တစတစဖြင့်ခွေးအအော်သံများမှာဝေး၍ ဝေး၍သွားလျက်နောက်ဆုံးတွင်လုံးပျောက်ကွယ်သွားပါတော့၏ ။ ကျွန်ပ်မှာ မြိတ်ကျွန်းစုဖက်သို့ရောင်စဉ်ကကြုံခဲ့ရသော ပင်လယ်ရေသူရဲဇတ်လမ်းကိုနားထောင်နေစဉ် ခွေးအအော်သံတစ်ခုကိုကြားလိုက်ရသောကြောင့် ပြောလက်စ စကားကိုရပ်၍ ခနရပ်လိုက်ရင်းထိုအသံ ကိုနားစွင့်ကြည့်ရာခွေးအအော်သံမှာအော်သံနဲ့မတူပဲငိုကြွေးနေသံနဲ့တူနေသလိုစိတ်အတွင်း ထင်နေမိ၏။ အော်သံမှာပျောက်မသွားပဲဆက်တိုက်ထွက်ပေါ်နေခြင်းကြောင့်ကျွန်ပ်စိတ်အတွင်းဖော်ပြရန်ခက်သောခံစားမူနဲ့အတူလူကအလိုလိုမတ်တတ်ရပ်ပြီးသားဖြစ်သွားတော့၏။ ကျွန်ပ်ရုတ်တရက်ထရပ်လိုက်ခြင်းကြောင့်ကျန်သူများကနားမလည်နိူင်စွာကြည့်နေသလို အောင်ပွေမှ ”..ဘာဖြစ်လို့လဲ…ဖိုးတေ….” ”…ဒီခွေးအအော်သံက တစ်ခုခုအကြောင်းရှိနေသလိုပဲ ငါသွားကြည့်မလို့…” ”…မင်းတစ်ယောက်တည်း ညဖက်ကြီးအန္တရယ်များလွန်းပါတယ် ငါတို့ပါလိုက်ခဲ့မယ်…” ကျွန်ပ်စိတ်အတွင်းတခါတရံနားလည်ရခက်သောမသိစိတ်စေ့ဆော်မူကြောင့် အသက်ဘေးမှ လက်မတင်လွတ်ဖူးသော သာဓကများမကြာခနကြုံရခြင်းကြောင့် ယခုလည်းကျွန်ပ်မသိစိတ်ကတစ်ခုခုဖြစ်နေပြီဆိုသောအတွေးဝင်လာချိန်ထိုနေရာသို့သွားရန်ဆုံးဖြတ်မိခြင်းဖြစ်၏ ။ ကျွန်ပ်မှာလက်စွဲတော်သေနတ်ကိုစွဲကိုင်၍ တစ်ခြားသူများမှာလည်းဒူးလေး၊တုတ်၊ဓားကိုယ် စီကိုင်၍ လက်နှိပ်ဓတ်မီးတဝင်းဝင်းဖြင့် ခွေးအအော်သံကြားရာသို့ထွက်လာခဲ့ကြ၏ ။ …ဟို…ဟို..မှာ..ခွေးအတစ်ကောင်.. …ဘေးမှာလူတစ်ယောက်လဲနေတယ်ထင်တယ်… ...
ပြီး ငြီးတာနဲ့ ခဲနဲ့လှမ်းပေါက်မယ်မှတ်” တစ်ယောက်ကိုတစ်ယောက်စလိုက်နောက်လိုက် နဲ့ပျော်စရာအချိန်လေးကို လှလှအေးတစ်ယောက်လိုချင်နှစ်သက်တာအမှန် သူမဘ၀မှာ ငွေသော်က မရှိမဖြစ်သလို ငွေသော်အတွက်လဲ လှလှအေးက မီးအိမ်ရှင်လေးဖြစ်၏ ပိတောက်ပင်ပေါ်မှဆင်းလာတဲ့ငွေသော်က ထိပ်ဆုံးဖျားမှခူးလာတဲ့ ပိတောက်ပန်းတစ်ခက်ကို လှလှအေးဆံကေသာပေါ်မှာ တယုတယပန်ဆင်ပေးလိုက်သည် ဒီလိုတစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေရရင်သိပ်ကောင်းမှာပဲအတွေးနဲ့ ကြည်နူးနေမိ၏ ” ကိုသော် လှပြောစရာရှိတယ်” “အင်း ပြောလေ လှ ဘာပြောမို့လဲ” ” လှတို့ချစ်သူဖြစ်နေတာကို အဖေတို့သိအောင် အမှန်တိုင်းပြောရင်ကောင်းမလားလို့” “လှ ကပြောချင်လို့လား” “မပြောလဲတစ်နေ့ကျရင်သိရမှာပဲဟာ လှအဖေတို့ကိုနား၀င်အောင်ပြောကြည့်မယ်လေ” “အင်းပါ လှပြောချင်ရင်လည်းလှသဘောပါ” “ဒါဆို ကို့သဘောမပါဘူးပေါ့” “မဟုတ်ပါဘူး လှသဘောကကို့သဘော ...
ပျောက်ကွယ်သွားလေသည်။ ကြက်သေသေနေသော ဒေါ်ခင်ကြီးကို ရွာထဲမှ လူများအပါအဝင် တူဖြစ်သူ ဖိုးထူးက… “အရီးခင်…အဆင်ပြေရဲ့လားဗျ။ ကျုပ် အရီးကို အသိပေးစရာရှိလို့ လာတာဗျ။ အရီး စိတ်ခိုင်ခိုင်ထားနော်။” “မဟုတ်ပါစေနဲ့။ ကျုပ်ထင်သလို မဖြစ်ပါစေနဲ့။ ဘုရား…ဘုရား…ဘုရား” ဒေါ်ခင်ကြီးစိတ်ထဲတွင် ကြိတ်မှိတ်ကာ ဆုတောင်းလေသည်။ “ဦးလေး ထွန်းရှိန်တို့ပါတဲ့ မြို့တက်တဲ့ကား ချောက်ထဲကျပြီး ဦလေးထွန်းရှိန်အပါအဝင် ကားထဲက လူတွေအားလုံး သေပြီဗျ။” ဆို့နင့်နေသော အသံဖြင့် ဖိုးထူးမှ ဒေါ်ခင်ကြီးအား အသိပေးလေသည်။ “ဟီး…ဟီး…ဟီး” ဒေါ်ခင်ကြီးတစ်ယောက် ငိုပွဲဆင်ကာ သတိလစ်သွားလေသည်။ ဒေါ်ခင်ကြီးတွင်မူ တွယ်နှောင်စရာ ...
နေခဲ့ပါတယ်။ ထမင်းစားပြီးပန်းကန်တွေဆေးနေချိန်အနောက်ကနေ“ဖုတ်”ဆိုတဲ့အသံ ကြားလိုက်တယ်။ လှည့်ကြည့်တော့ ဘယ်သူမှလည်း မရှိဘူး။ ဒီညမှာ အိပ် ရာဝင်တဲ့အချိန်ထိ သူမရဲ့ပုံသဏ္ဌာန်က ကျွန်မ မျက်လုံးထဲမှာ စွဲလျက်ပါပဲ။ သူမရဲ့ညည်းညူသံတွေကိုလည်းအဆက်မပြတ်ကြားနေရသလိုပဲ။ သူမကို မြင်ယောင်ရင်း ကျွန်မ အိပ်ပျော်သွားတယ်။ ကျွန်မ အသက်ရှူကြပ်သလို ခံစားနေရတယ်။ ကျွန်မရဲ့မြင်ကွင်းထဲမှာ ကားအကြီးကြီးနှစ်စီး တိုက်မိတာ ကို မြင်နေရတယ်။ ကားပေါ်က လူတွေလည်း လွင့်စဉ်ထွက်ကုန်ကြတယ်။ ထိုမြင်ကွင်းကိုကြည့်ရင်း သွေးပျက်သလို ဖြစ်နေရပါတယ်။ အဖြစ်အပျက် တွေကို ရပ်ကြည့်နေရင်းက “အိမ်ထဲဝင်လေ- ဘာတွေကြည့်နေတာလဲ” အသံကြား၍ ကျွန်မလည်း အိမ်ထဲ ...
မြောက်တဲ့ နေ့မှာပဲကျွန်မတို့ ရွာအပြင်ဖက်မှာ လူသေအလောင်းတစ်လောင်းကိုတွေ့လိုက်ရတယ်။ သေတဲ့လူကကျွန်မတို့ရွာကမဟုတ်ဘူး။ ဘယ်ကမှန်းမသိအောင်ရုပ် ပျက်ဆင်းပျက်ဖြစ်နေပြီ။ အဲ့ဒီခေတ်တုန်းက လမ်းပန်းဆက်သွယ်ရေးကသိပ်ပြီးခက်ခဲတော့ မြို့ရဲစခန်းကိုအကြောင်းကြားဖို့ တစ်ညအိပ်သွားရတယ်။ ရွာတွေမှာဖုန်းမရှိဘူး။ မြို့ပေါ်မှာတောင် ဖုန်းကနေရာတိုင်းမရှိတဲ့ အချိန်ပေါ့။ ဦးအံ့မောင်က သူ့မှာတာဝန်ရှိတယ်ဆိုပြီး သူကိုယ်တိုင် မြို့တက်သွားပြီးအကြောင်းသွားကြားခဲ့တယ်။ အလောင်းကတော့ ပိုင်ရှင်ဘယ်သူမှန်းလဲမသိ၊ လူသတ်မှုဆိုသက်သေပျက်မှာစိုးလို့ မထိမကိုင်ရဆိုတော့ တွေ့တဲ့အတိုင်းပဲထားထားကြတာပေါ့။ အလောင်းကိုစောင့်ဖို့ ရွာကကာလသားတွေကိုတာဝန်ပေးတယ်။ အလောင်းစောင့်မယ့်သူက ၈ယောက်။ ရွာမှာကာလသားတွေကအလောင်းစောင့်ကြပြီ။ အဲ့ထဲမှာ ကျွန်မ ရည်းစားကိုသက်နောင်ကတော့မပါဘူး။ သူ့တာဝန်က ကင်းတဲ စောင့်ရတာ။ ရွာထိပ်မှာကင်းတဲက။ အလောင်းစောင့်တဲ့ကာလသား တွေနဲ့ သိပ်မဝေးဘူး။ ကင်းတဲမှာကိုသက်နောင်နဲ့ ...
နို့ထွက်နေခြင်းဖြစ်သည်။ သာမန်သားသည်အမေတွေ လိုပုံမှန်နို့ထွက်သည်။ နို့ကို ညှစ်ပစ်ရခြင်းမျိုးလည်း မရှိခဲ့ချေ။ ထိုအခြေအနေများကြောင့် လူခြောက်ကလေးဟု ထင်မြင်ချက်က ပို၍ ခိုင်မြဲသွားလေသည်။ အမေပြောပြောပြ၍မခင်မွှေးသည်လည်းလူခြောက်ကလေးကိုသူမ၏ သက်ရှိမောင်လေးသဖွယ်ထင်မြင်ယူဆထားခဲ့လေသည်။ အမေက သူ့သား လူခြောက်ကလေးနှင့် အိပ်မက်ထဲတွင် တွေ့ရပုံများအား ပြောပြောပြတတ် လေသည်။ သည်လိုနှင့် သာမန်လူသားတစ်ဦးကို နာမည်ပေးသလို လူခြောက် ကလေးကို နာမည်ပေးခဲ့ကြသည်။ ဗုဒ္ဓဟူးသားလေးဖြစ်၍ မောင်လူမွှေးဟုမှည့်ခေါ်ထားခဲ့လေသည်။ မခင်မွှေးတို့နေထိုင်ရာမြင်သာရွာတွင်လူခြောက်အဖြစ်မွေးဖွားလာသူ မှာမောင်လူမွှေးတစ်ယောက်သာရှိသည်။ ယခင်က ဘယ်မိခင်မှလူခြောက် မမွေးဖွားဘူးကြချေ။ လူခြောက်မမွေးဘူးသော်လည်းလူခြောက်အယူအဆ ကိုတော့ လက်ခံယုံကြည်ကြသည်။ လူခြောက်တို့သည် ညပိုင်းတွင် မိခင် ဖြစ်သူနှင့် ...
တစ်ရွာလုံးသိသွားပြီး အရီးသေးတင်ကိုလည်း သူကြီးဦးနောင်ချိုကသူ၏အိမ်သို့ခေါ်သွားလေသည်။ “ကဲ…အရီးသေးတင်….မငိုပါနဲ့တော့ဗျာ… ကျုပ်မောင်အုန်းတို့အဖွဲ့ကိုဟောသည်ရွာနီးချုပ်စပ်အကုန် လိုက်စုံစမ်းခိုင်းနေပါတယ်…ဟဲ့မိညိုတို့ညည်းတို့ကလည်း မိန်းမသားအချင်းချင်းပြောကြပါဦး” “ကျုပ်တို့လည်း ဖျောင်းဖျတာပဲသူကြီးရယ်… အရီးသေးတင်ကသူ့သမီးဇောနဲ့ဆိုတော့ကျုပ်တို့စကားက မတိုးဘူးဖြစ်နေတာတော့်” အရီးသေးတင်သည် မြေပေါ်၌ဆောင့်ကြောင့်ကြီးထိုင်၍ သူ၏ချည်တဘက်ကြီးကိုမျက်နှာအပ်ပြီးငိုနေရှာသည်။ သူကြီးဦးနောင်ချိုလည်းအရီးသေးတင်ကိုကြည့်၍… “ဟင်း…”ခနဲ သက်ပြင်းချလိုက်လေသည်။ ထိုစဥြ… “ဟာ…ဘွားရောက်လာတာပဲ…ညကြီးကို” “အေး…ရွာထဲကသတင်းကြားလို့ရောက်လာခဲ့တာပဲ မောင်နောင်ချိုရေ…” “ထိုင်ပါဘွား” ဘွားမယ်စိန်သည် တောင်ဝှေးကိုထောက်၍ သူကြီးဦးနောင်ချိုအိမ်သို့ရောက်လာခဲ့သည်။ သူကြီးဦးနောင်ချိုကလည်းအံ့သြသွား၏။ ရွာသူတို့ကလည်း ဘွားမယ်စိန်ကို ခုံ၌ထိုင်ဖို့နေရာဖယ်ပေးကြလေသည်။ ဘွားမယ်စိန်က ခုံ၌မထိုင်သေးဘဲမြေပြင်၌ဆောင့်ကြောင့်ထိုင်ကာငိုကြွေးနေသောအရီးသေးတင်ကိုကြည့်၍… “ဟဲ့…သေးတင်…” “ရှင်…ရှင်…ဘွား” “နင့်သမီးက ခုမှပျောက်ဖူးတာလား” “ရှင်…အဲ့….အဲ့တာ……..” “ငါ ဟိုးတုန်းကတည်းကမပြောဘူးလား… နင့်သမီးက သိုက်ကလာတယ်ဆိုတာ.. ...
တစ်ရွာလုံး ဝက်ဝက်ကွဲငိုလိုက်ကြတာ သူမ အသိပဲလေ။ ဒါကြောင့် ဆရာမကြီးကို ပြောပြဖို့ အစီအစဉ်ပြန်ရုပ်သိမ်းလိုက်တယ်။ သူငယ်ချင်းဆရာမသက်ထားဆွေနဲ့တိုင်ပင် ကြည့်တယ်။ သက်ထားဆွေကလည်း ငယ်သေးတော့ အကြံကောင်းဉာဏ်ကောင်းမပေးနိုင်။ ဒေါ်တင့်တင့်ထွန်း တစ်ညလုံးအိပ်မပျော်ဖြစ် နေသည်။ မိဘတွေကို မေးကြည့်ဖို့စဉ်းစားမိသော်လည်း အသက်ကြီးသူတွေကို ဒုက္ခမပေးလိုတော့ ၍ မမေးဖြစ်ပေ။ အိပ်မပျော်မယ့်အတူတူ အိမ်မှာ ရှိသမျှ စာအုပ်၊ စာစောင်များကို ဖတ်ဖြစ်သည်။ စာအုပ်များကိုဖတ်ရာမှ ဘာလုပ်သင့်သည်ကို သတိထားမိသည်။ စာတစ်ကြောင်း၊ စာတစ်ပုဒ် သည်ပင် တစ်ခါတစ်ရံ ဆရာသမားတစ်ဦးထက် ပို၍အရာရောက်ကြောင်း သဘောပေါက်မိသည်။ တစ်ညလုံး အိပ်မပျော်၍ ...