နားမှာ မှောက်နေတတ်တယ်။ ကိုအောင်ဇော်ရဲ့ရုပ်ရည်က အသက်နှစ်ဆယ့်ငါးနှစ်ဆိုပေမယ့် အရက်နာကျပြီး လူကဖောယောင်နေတော့ အသက်လေးဆယ်လောက်လို့ကိုထင်ရတယ်၊ ဆံပင်ကြီးက ညည်းသိုးသိုး ဘုတ်သိုက်သိုက်ကြီးနဲ့ အဝတ်အစားဆိုရင်လည်း ချေးညှော်တွေကပ်နေပြီးတော့ ဝတ်ထားတဲ့ပုဆိုးဆိုရင် အကွက်တောင်မပေါ်တော့ဘူး၊ အရင်က အိမ်ပြန်ရင် သူ့အဖေနဲ့အမြဲရန်ဖြစ်နေကျပဲ၊ နောက်ပိုင်းတော့ အိမ်ကိုတောင်မပြန်တော့ဘူး၊ တစ်ခါတလေစိတ်ကူးရမှ ပြန်တော့တာ၊ ဦးညီဇော်လည်း သားဖြစ်သူကိုအစက ဆုံးမသေးတယ်၊ အနုနည်း အကြမ်းနည်း နည်းပေါင်းစုံနဲ့ဆုံးမပေမယ့် မနိုင်တော့လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လွှတ်ပေးထားလိုက်တော့တယ်။ လူကြီးတွေက အောင်ဇော်လို့ခေါ်ပေမယ့် ကျုပ်တို့တွေကတော့ ကိုဇော်ကြီးလို့ပဲခေါ်တယ်၊ တစ်ရက်တော့ ကျုပ်နဲ့အကိုကြီးနဲ့ ရွာဦးကျောင်းဘက်ထွက်လာတုန်း ရွာဦးကျောင်းအနောက်ဘက်ထောင့်နားက ညောင်ပင်ကြီးအောက်မှာ ကိုဇော်ကြီးက ...

ဗျာ၊ အခုလည်း မိန်းကလေးတစ်ယောက် ယူလိုက်ပြန်ပြီဗျ၊ နာမည်ကလည်း ဘိုမတဲ့၊ နာမည်နဲ့လိုက်အောင် ဖြူဖြူချောချောပါဗျာ၊ မိတ်ကပ်တွေ၊ ပါးနီတွေ၊ နှုတ်ခမ်းနီတွေပြင်ထားတော့ ပိုလှနေတာပေါ့၊ ဆံပင်ကလည်း အဲဒီတုန်းက ခေတ်စားတဲ့စတိုင် တစ်ခေါင်းလုံးကို အကောက်လုပ်ပြီးချထားသေးသဗျာ၊ ထမီတိုတိုကလေးဝတ်၊ လေဒီရှူးနဲ့ဆိုတော့ တကယ့်ကိုဘိုမရုပ်နဲ့ တူပါတယ်ဗျာ။ “အဲဒါအသာထားပါဆိုနီရာ ဒီတစ်ခါရွာလာတာ ဘာကိစ္စရှိလို့တုန်းကွ” “အိုဗျာ၊ ကိုယ့်အကိုကြီးဆီလာတာ၊ ပြီးတော့ ကိုယ့်မွေးရပ်မြေကိုလာတာ အကြောင်းကိစ္စရှိမှ လာရမှာလား သူကြီးမင်းရ” အဖေကပြုံးရင်း “အေးပါကွာ၊ ငါက မင်းအလုပ်မအားမှာစိုးလို့ပြောတာပါ၊ အေးကွာ၊ ရောက်တုန်းရောက်ခိုက်ဆိုတော့ နားနားနေနေ နေပေါ့ကွ၊ ဒါနဲ့ ...

ကြောင်သွားတာပေါ့ “သာလှ….လက်တွန်းပေါက်ဆိုတာ..ခြံတံခါးကိုပြောတာကွ..မောင်းခယ်မကလူတွေကဒီအတိုင်းပဲသုံးကြတာ” “အော်မသိပါဘူးဗျာလက်တွန်းပေါက်ဆိုတော့ကျုပ်မှာဘာကိုပြောမှန်းမသိဖြစ်သွားတာ” “နောက်တော့သိသွားမှာပါကွာ….. ကဲကဲအထဲဝင်ကြရအောင်” ကျုပ်တို့ကလည်း အိမ်ထည်းဝင်လခဲ့ကြတာပေါ့ “ငါထင်သားပဲ…မင်းတို့ခုအပတ်ထဲလာလိမ့်မယ်လို့” လူးလောင် ဆိုသူ ဉီးလေးကလည်း အိမ်ထဲရောက်တော့ ဉီးလေးငွေပုကိုနှုတ်ဆက်တယ်ဗျ “အေးလေကွာ..ပဲစို်က်ဖို့ကလည်းနီးနေပီဆိုတော့ မြန်မြန်လာယူလိုက်တာ” “အေးပါကွာဒါနဲ့ငါသူ့ကိုမြင်ဖူးသလိုပဲ” ဉီးလေးလူးလောင်ကလည်းဉီးကြီးမောင်ကိုကြည့်ရင်းပြောတယ်ဗျ “မြင်ဖူးမှာပေါ့ကွာအဲ့တာလွန်းနီလေကွာ…လွန်ခဲ့နှစ်၂၀လောက်ကတောင်ရင်းနှီးဖူးကြတာကိုမင်းကလည်းမေ့တတ်လိုက်တာ” “ဟေလွန်းနီဆိုတာသူလား….အောင်မလေးကွာငါ့မှာအ့တာကြောင့်မြင်ဖူးတယ်ထင်နေတာလက်စသတ်တော့လွန်းနီဖြစ်နေတာပဲ…ဒါနဲ့လွန်းနီမင်းအလည်ပဲလာတာလားကိစ္စနဲ့မို့လာတာလား” “အလည်သတ်သတ်ပါပဲလူးလောင်ရာငါလည်းအစကမင်းဆီလာမလို့ပဲ…နောက်မှပဲငွေပုနဲ့အတူလာခဲ့တော့တာ…မင်းကောကျန်းမာရေးတေကောင်းရဲ့လားကွ” “ကျန်းမာရေးကတော့…ကောင်းလိုက်မကောင်းလိုက်ပေါ့ကွာ….မင်းတို့ခနနေကြအုံးကွငါကြံသကာတွေယူလာပေးမယ်” ဉီးလေးလူးလောင်ကလည်း မီးဖိုချောင်ထဲကိုဝင်သွားတယ်ဗျ ပြန်ထွက်လာတော့လည်း ကြံသကာခဲတွေထည့်ထားတဲ့ပန်ကန်ကိုလည်းကိုင်လာတာပေါ့ ကျုပ်ကလည်း ဉီးလေးငွေပုဉီးကြီးမောင်နဲ့ဉီးလေးလူးလောင်ပြောတာတွေကိုလည်းနားထောင်နေမိတာပေါ့ “သူကြီးလူးရေ..သူကြီးလူး” ခေါ်သံတစ်ခုနဲ့အတူလည်း ခြ​ံထဲကိုလည်း လူတစ်ယောက်ဝင်လာတာပေါ့ “ဝက်မလွတ်ပါလား…ဘာကိစ္စဖြစ်ပြန်ပီလည်း” ရောက်လာတဲ့သူရဲ့အရပ်ကလည်း ဝက်မလွတ်ငှက်ပျော်ပင်တွေလောက်ပဲရှိတာမို့ ဝက်မလွယ်ဆိုတဲ့နာမည်ပြောင်နဲ့ခေါ်ကြတာလို့လည်းကျုပ်အတွေးထဲဝင်မိတာပေါ့ “ရွာထဲမှာ ဒေါ်လေး စန်းရီနဲ့ ဉီးလေး ကိုစိန်တို့အမွေကိစ္စနဲ့ရန်တွေဖြစ်နေကြတယ်ဗျ” ...

မှာမဟုတ်ဘူး…ဒီတော့မမြင်နိုင်တဲ့ကံကြမ္မာကိုအံတုနိုင်ဖို့….သိသင့်တာတွေကိုလည်းသင်ပေးနေရတာ” “အော်ဒါဆို…မှော်ကိုညရောက်မှသုံးမှာပဲမလားဗျ” “မင်းကဘယ်လိုသိတုန်းသာလှရဲ့” “ရွာမှာဉီးကြီးမောင်မှော်နဲ့စပါးစိုက်တုန်းက ကျုပ်ကြုံခဲ့လို့လေဗျာဟဲဟဲ” “အော်အ့တာကြောင့်သိနေတာပေါ့အေးပါကွာ…ဒါနဲ့ဟိုကောင်တွေရှေ့ရောက်သွားပီကွ..လိုက်ကြရအောင်” စိုင်းလောင်တို့ကလည်းကျုပ်တို့နဲ့အတော်တောင်ဝေးနေပြီဗျ သိပ်မကြာပါဘူး ဉိီးလေးငွေပုရဲ့လယ်ကိုလည်းရောက်လာခဲတယ် ကျုပ်ကလည်းတစ်ခုခုလိုနေပြီဆိုပြီးတွေးနေမိတယ် ဒါပေမယ့်လည်းစဉ်းစားလို့ကမရဖြစ်နေတာဗျ “သာလှ….ဘာတွေဘဝင်မကျဖြစ်နေတာလည်းမင်းကြည့်ရတာ..တစ်ခုခုတွေးနေသလိုပဲ” မှုန်တုံတုံနဲ့တွေးနေတဲ့ကျုပ်ကိုလည်း ဉီးလေးငွေပုကမေးတယ်ဗျ ကျုပ်ကလည်းဉီးလေးငွေပုအနားတိုးကပ်သွားပီးတော့ “တစ်ခုခုလိုတယ်လို့ထင်နေလို့…ဘာလိုနေတာလည်းတွေးကြည့်နေတာဉီးလေးငွေပုရဲ့….ဉီးလေးငွေပုကောတစ်ခုခုလိုနေတယ်လို့မထင်ဘူးလား” ကျုပ်ပြောလိုက်တော့လည်း ဉီးလေးငွေပုကပြုံးတယ်ဗျ “လိုဆို….နွားနဲ့ထယ်မှမပါတာပဲကွာ…လိုသလိုခံစားရမှာပေါ့” “ဟာဟုတ်သားဗျ….အဲ့ကြောင့်တစ်ခုခုလိုပါတယ်လို့တွေးနေတာ….ဒါနဲ့နွားကောထယ်ကောမပါပဲနဲ့ဘယ်လိုထယ်ထိုးမှာလည်းဗျ” “အဲ့အတွက်ကအဆင်ပြေပါတယ်…နွားတစ်ရှဉ်းနဲ့ ထယ်တစ်လုံး..မှော်နဲ့ ဖန်တီးလိုက်မယ်…အဲ့တာနဲ့စို်င်းလော့ဖန်တို့ကိုသင်ပေးရမာပေါ့ကွာ” “အော်…ဒါဆိုလည်းနေမမြင့်ခင်စလိုက်တော့လေဗျာ…စိုင်လော့ဖန်တို့ကငယ်သေးတော့…ပင်ပန်းပြီးဖျားနေမှာဆိုးလို့” “အေးအေး…ဒီမှာခနစောင့်အုံး” ဉီးလေးငွေပုကလည်းကျုပ်ကိုနေခဲ့ရန်ပြောပီး တောထဲကိုလည်းဝင်သွားတယ်ဗျ “ဉီးကြီးမောင်…ဉီးလေးငွေပုကတောထဲဘာသွားလုပ်တာလည်းဗျ…အလေးအပေါ့သွားတာများလား” “ဘယ်ကသာ သာလှရာ…နွားနဲ့ထယ်ကိုသွားဖန်တီးတာ..” “ဒါများဗျာ…ဒီမှာဖန်တီးလိုက်ပီးကော…တောထဲကိုပဲသွားရတယ်လို့” “ဟာကွာ….သာလှကတော့..နားလည်ပီထင်တာ…ခရေ​ေစ့တွင်းကျ​ပြောပြနေရတယ်…ဒီမှာလုပ်ရင်စိုင်းလော့ဖန်တို့မြင်သွားမာပေါ့ကွ…စိုင်းလော့ဖန်တို့ကိုမမြင်စေမသိစေချင်လို့တောထဲကိုခနဝင်သွားတာပေါ့ကွာ….” “ဟဲဟဲသိမှမသိတာဗျာဉီးကြီးမောင်ကလည်း” “အေးပါမသိဘူးမသိဘူးလုပ်နေ…ဘယ်တော့များမှသိမှာလည်းမင်းအတွေးက…ငါမပြောလိုက်ချင်ဘူး” ကျုပ်တို့စကားပြောနေတုန်း ဉီးလေးငွေပုကလည်းပြန်ရောက်လာတယ်ဗျ နောက်မှာကလည်းနွားဖြူကြီးနှစ်ကောင်ဗျ ပုခုံးပေါ်မှာကလည်း ထယ်တုန်းကြီးထမ်းလို်က်သေးတယ် ဉီးလေးငွေပုအရွယ်နဲ့ ...

လာရတယ်။ ဘယ်သွားရမှန်းမသိဘူး။ “ဟေ့ကောင် ဘိုကြီး၊ ဘယ်သွားမှာလဲ၊ အဘတို့ လယ်တွေဆီပဲ သွားမလား။” “အဘတို့ လယ်တွေက မလွယ်ဘူးကွ။ ဒီခြံကြီးကိုဖြတ်ပြီး သွားရမှာ။ မနက်ပိုင်းက ကိစ္စမရှိပေမယ့် ညပိုင်းဆို မလွယ်ဘူးဟ။ ခြံကြီးက တောအုပ်လေးဖြစ်နေပြီဟ။ မြွေစိမ်းမြီးချောက်တွေက တောထနေတာ။ ဖားမရပဲ မြွေကိုက်လို့သေနေမယ်။” “ဒါဆို…….?” “ရွာထိပ်က လယ်ကွင်းတွေဆီသွားမယ်” “ဘယ်ဘက်ထိပ်လဲ” “သင်္ချိုင်းရှိတဲ့ဘက်လေ” “လခွမ်း” “ဘာလဲဟ” “သရဲကြောက်ပါတယ်ဆိုမှ” “ရန်ကုန်သားရယ် ငါတို့က ရှစ်ယောက်လေကွာ” “ဟိုဘက်ထိပ်က ချောင်းပဲရှိတယ်” “ကျောင်းအနောက်ဘက်က လယ်ကွင်းတွေကရော” “ကျောင်းထဲက ဖြတ်ရမှာကွ ...

ကြသူမဟုတ်တဲ့အတိုင်းပဲ ဆော့နေလိုက်တာ။ “လေထိုးလေအောင့်တာနေမှာပါ ဆရာဝန်ပေးတဲ့ဆေးနဲ့ရောဂါနဲ့ ကွက်တိဖြစ်သွားလို့နေမှာပါ” “ဟုတ်မှာပါလေ” ထိုနေ့ကတနေကုန်ဘာမှမဖြစ်ပဲ ဆော့လိုက်စားလိုက်နဲ့ကုန်ဆုံးသွား ခဲ့သည်။ ညနေစောင်းရောက်တော့ “သားရေ ထမင်းစားရအောင် အဲဒီမှာထိုင်ပြီးဘာလုပ်နေတာလဲ” “သားမစားချင်ဘူး ဗိုက်ထဲမှာဘယ်လိုကြီးဖြစ်နေမှန်း မသိဘူးအမေ။ “ဟင်,သားလေးဗိုက်ကနာပြန်ပြီလား” “အခုတော့နည်းနည်းအောင့်နေတယ် အား,ပြောရင်းဆိုရင်းတော်တော်နာလာပြီအမေ။ “အ,ကျွတ်ကျွတ်ကျွတ်” “သားလေး သားလေး ” “ယောကျာ်းရေ ယောကျာ်း လာပါဦး သားလေးဗိုက်တွေနာနေပြန်ပြီ “ဟမ်,သားဗိုက်တွေနာပြန်ပြီဟုတ်လား “သားကိုအိမ်ထဲခေါ်ခဲ့မယ် မင်းဆရာဝန်ကြီးကိုဖုန်းဆက်ခေါ်လိုက် “ဟုတ်ဟုတ် ကျွန်မဖုန်းဆက်လိုက်မယ် မသီတာလည်းအိမ်ထဲပြေးဝင်လာပြီး ဆရာဝန်ထံသို့ဖုန်းဆက်လိုက်တော့ သည်။ မကြာခင်ဆရာဝန်ကြီးရောက်လာပြီး မောင်ဟိန်းခန့်အားစမ်းသပ်ကြည့်ရှု လေသည်။ ဘာရောဂါလက္ခဏာမှမတွေ့သဖြင့် ဆရာဝန်ကြီးလည်းခေါင်းရှုပ်နေရသည်။ ...

ဖြစ်ကြလေ၏။   ဦးကြီးမိုးတို့အဖွဲ့သည် နေကုန်နေခမ်းသည်အထိ လျှောက်လာ၍ အပြီး၌ တောင်တစ်လုံးခြေကိုရောက်လာကြ၏။ “ကဲ ငါ့တူတို့.. ဟောဟဲ.. ဘာ…ဘာမှ… စိတ်.. စိတ်ဓာတ်မကျ…မကျနဲ့..တော့.. ဒီ..ဒီ.တောင်ကို.ဟောဟဲ။”    ခါးကြီးကုန်းကာ အမောတကောနှင့် စကားပြောနေသော ဦးကြီးမိုးကိုကြည့်ကာ ငဝက မနေသာတော့ပေ။   “‌ဒီတောင်ကိုကျော်ရင် ကျွန်တော်တို့‌ရွာ‌ေရာက်ပြီပြောတာမဟုတ်လားဦးကြီးမိုး…. ကျွန်ဝောာ်တို့အကုန်သိတယ်… ဦးကြီးမိုးအရမ်းမောနေပြီ ခဏနားလိုက်ကြ‌ရအောင်။” ဦးကြီးမိုးက ခါးကိုမနည်းပြန်မတ်ကာ “ငါ.. ငါ..မမောသေးဘူး ..ဆက်”ဟု ပြောသည့်အခါ၌ မြင့်နိုင်မှ”ကဲပါဦးကြီးမိုးရယ် ဦးကြီးမိုးမမောသေးလည်း ကျုပ်တို့မောပြီ… ခဏနားကြမယ်ဟေ့။”ဟု အော်ပြောလိုက်လေ၏။ ဒါကိုပင်ဦးကြီးမိုးက ခြေပစ်လက်ပစ်ထိုင်ချကာ ...

ပါးစပ်မှ ဗျစ်တောက်ဗျစ်တောက် ပြောနေပါလေတော့ငည် ။     ◾အခန်း (၂)      ဖိုးထွေးသည် သူ၏ မိခင် ပြုတ်ပေးထားသော ဆန်ပြုတ်လေးကို သောက်နေ၏။သူ၏ စိတ်ထဲ တွင်တော့ စားချင်နေသည်က ကြက်ကြော် ဖြစ်သည်။မိခင်ကြီးအား ကြက်‌ကြော် စားချင်သည် ဟုပြောသော အခါ နေမကောင်းသေးဘူး အစာမာမာမစားရ ဘူးဟုသော အကြောင်းပြချက်ဖြင့် ဆန်ပြုတ်ဆက် တိုက်လေ၏။ထိုဆန်ပြုတ်အား ဖိုးထွေးကြည့်တောင် မကြည့်ချင်တော့ ပါ သူ၏ စိတ်ထဲတွင်တော့ ကြက်ကြော် အတော်စားချင် စိတ်သာ ဖြစ်နေမိ၏။တောသူမ မိခင်ကြီးသည်က သားတော်မောင်အား ...

ပြင်ပြီးစောင့်နေမယ်၊ တာတေ တို့ရွာကို တစ်ခါတလေရောက်တုန်း ဧည့်ဝတ်ပြုကြရမှာပေါ့ကွာ၊ ဟုတ်ဘူးလား ချက်ဖောင်း” “ဒါပေါ့ ချစ်ညိုရာ၊ တာတေလာတုန်းလေး ပြုစုကြရမှာပေါ့ကွာ” ချစ်ညိုစီစဉ်တဲ့အတိုင်း ဝင်းမြင့်နဲ့ အောင်ဗလက ကျုပ်လှည်းပေါ်ကို တက်ကြတယ်။ ချစ်ညိုနဲ့ ချက်ဖောင်းက ရွာတောင်ဘက်က ကိုကြွက် ထန်းတောကို သွားကြရောဗျို့။ ဘိုးငွေတိုးတို့ဝိုင်းကိုရောက်တော့ … ““ဟဲ့ တာတေပါလား၊ အေး နင့်ဘိုးကတော့ ပြောသား၊ ဒီရက်ထဲ တာတေ လာလိမ့်မယ်တဲ့၊ နှမ်းမျိုးလာသယ်မှာဆို” “ဟုတ်တယ် အရီးရဲ့၊ အဘခိုင်းလို့ နှမ်းမျိုးလာသယ်တာဗျ” “အေး အေး၊ လာ ...

သူလည်း ကျေနပ်မိသည် သို့သော် အထက်မှရေထိုးကျသည့် နေရာများမှာတော့ ကန်သင်းများကျိုးနေပြီး ထိုနေရာများကိုလည်း သူ အသင့်ယူလာသော ပေါက်တူးဖြင့် ပြန်လည်ဆည်ဖို့လိုက်သည်။ ထိုသို့ သူကန်သင်းကျိုးများကို ဆည်ဖို့ပြုပြင်နေရင်း ညနေအချိန်သည်လည်း နေပင်အတော်စောင်းလာ‌ေနပြီဖြစ်သည် ဒါပေမဲ့ သူပြန်ဖို့စိတ်မကူးသေးပဲ ရောက်မိလက်စနဲ့ ကန်သင်းကျိုးများကိုပြီးစီးအောင် ဆည်ဖို့သွားရန် ဆုံးဖြတ်ထားပြီး အလုပ်ကိုသာ ဆက်လုပ်နေသည်။ ထိုသို့ဖြစ် တဖြည်းဖြည်း မှောင်စပျိုးသည့် အချိန်သိုပင်ရောက်ခဲ့ပြီဖြစ်သည် ထိုအချိန်ရောက်မှ သူလည်း ကန်သင်းကျိုးများကို ဆည်ဖို့တာ ပြီးသွာပြီဖြစ်၍ တဲပေါ်သို့တက်ပြီး ခဏတဖြုတ် ထိုင်နားလိုက်သည်။ ဖိုးခေါင်ကြီးကတော့ ဒီအချိန်ထိ ပြန်ရောက်လာသေးသည့် ပုံမပေါ် ...