အကျိုးပေးသောလူခြောက်

နှင့်ဦးဖိုးထူးသားချစ်နိုင်ကအိပ်မက်ပေး၍ ခဏခဏချဲပေါက်၊ထီပေါက်လာသည်။

” ကိုဖိုးထူး ညကအိပ်မက်ထဲမှာကျွန်မနားကို တစ်နှစ်အရွယ်ဖြူဖြူတုတ်တုတ်ပါးဖောင်းဖောင်းလေးနဲ့ယောကျာ်းလေးတစ်ယောက်လာတယ်။သူကကျွန်မကိုလည်း အမေလို့ခေါ်တယ်။အမေ ၁၂၃ထိုးနော်တဲ့ပြောပြီးပြုံးပြနေတယ်”

”ဟုတ်သည်ရှိ၊မဟုတ်သည်ရှိ တစ်ထောင်ဖိုးလောက် စမ်းထိုးကြည့်ရမယ်ကံပွင့်…မင်းအစ်မဟေမာပြောတဲ့လူခြောက်ကလေးကလည်းတို့တွေကိုအခုချိန်ထိအကျိုးမပေးသေးဘူး…၊တကယ်ကောအသက်ရှိပါ့မလားမသိဘူး မွေးတာမွေးထားရတာ”

”ဟုတ်တယ် ကျွန်မလည်းအဲ့ဒါပဲပြောချင်နေတာ ၊ဒီအတိုင်းကြီးထားမဲ့အစားသူ့ကိုမြေမြုပ်ပေး လိုက်ရမလားစဥ်းစားနေတာ”
”တစ်လနှစ်လလောက်စောင့်ကြည့်ပြီး အခြေနေမထူးလာရင်သူ့အတွက်လုပ် ပေးသင့်တာလုပ်ပေးကြတာပေါ့”နေခင်းဘက်တွင် လင်မယားနှစ်ယောက်သားချစ်နိုင်ကို အကြောင်းတွေပြောခဲ့ကြသည်။

”သားမြင့်နိုင်အိပ်သွားပြီလား မိန်းမ
”အင်းအိပ်သွားပြီအခုမှနို့ဝလို့အိပ်သွားတာ ။အိပ်ချင်နေတာကိုမအိပ်ပဲဂျီကျနေတာပေပြီး”
”အင်းပါသားအိပ်တုန်း မိန်းမလည်းအိပ်ရတာ အိပ်တော့အိပ်တော့မိန်းမ ”ဘေးတွင်သမီးရှင်းသန့်ကလည်းအိပ်ပျော်နေပြီမို့ ဦးဖိုးထူးကလေးတွေခြင်ကိုက်မှာစိုး၍ခြင်ထောင်ကိုသေချာထောင်လိုက်၏။
ဒေါ်ကံပွင့် နေ့ခင်းဘက်လည်းသားသည် အမေမို့ကောင်းကောင်းမနားရပေ။ထိုကြောင့်ကလေးတွေ အိပ်သည်နှင့်တခါတည်းအတူလိုက်အိပ်သည်။

”အမေ အဖေကသားကို ကျတော့ဂရုမစိုက်ဘူး၊မမနဲ့အစ်ကိုကိုပဲဂရုစိုက်ပြီးခြင်တောင်ထောင်ပေးတယ်။သားတစ်ကိုယ်လုံးခြင် ကိုက်ရာတွေချည်းပဲ၊သားကိုမြေမြုပ်ဖို့လဲနေ့လည်က အဖေနဲ့အမေပြောနေသံသားကြားတယ်။ သားကအမေနဲ့အဖေတို့ရဲ့သားချစ်နိုင်ပါ…. ။သားအသက်ရှိနေသေးတယ်၊သားကိုမြေမမြုပ်ပစ်ပါနဲ့နော်.။..သားအမေနဲ့အဖေကိုလုပ်ကျွေးချင်သေးတယ်။အစ်ကိုမြင့်နိုင်လိုသားကိုလည်းအဝတ်အစားတွေ ဝယ်ပေးပါဦး။သားအဝတ်တွေကသေးကုန်ပြီ လူကတဖြည်းဖြည်းကြီးလာတော့”

”အင်းပါသားရယ် အမေမနက်ဖြန်တော့ သားအတွက်အဝတ်အစားတွေဝယ်ပေးမယ်..။သားကချစ်စရာကောင်းလိုက်တာ”အိပ်မက်ထဲတွင်ဒေါ်ကံပွင့်ထိုကလေးကို ဖက်ပြီးပါးပြင်နုနုလေးကို ဘယ်ပြန်ညာပြန်နမ်းနေမိသည်။ နံနက်မိုးလင်းတော့ ညကအိပ်မက်အကြောင်းကို ယောကျာ်းဖြစ်သူကိုပြောပြလိုက်၏။

”မိန်းမ လာသူ့တစ်ကိုယ်လုံးခြင်ကိုက်ရာ တွေချည်းပဲလို့အိပ်မက်ထဲကပြောသလိုဟုတ်မဟုတ် မှန်ဘောင်ထဲသွားကြည့်ရအောင်”ဦးဖိုးထူးမိန်းမလုပ်သူ၏လက်ကိုဆွဲ၍ လူခြောက်လေးထားသည့်အခန်းထဲသို့ဝင်လာသည်။မှန်ဘောင်ထဲတွင်ရှိနေတဲ့ လူခြောက်ကလေးကိုဦးဖိုးထူးတစ်ယောက်ဂွမ်းကလေးခံကာယူလိုက်၏။သားခြောက်လေး၏ကိုယ်လုံးတွင်အနီစက်ကလေးတွေကို ပါတွေ့လိုက်ရ၍ ဦးဖိုးထူးမျက်လုံးပြူးသွားသည်။

”ဟယ်ကိုဖိုးထူး မှန်ဘောင်ထဲမှာခြင်တွေ ဝင်နေတယ်ကြည့်စမ်းပါဦး”ဒေါ်ကံပွင့်ပြောလည်းပြော မှန်ဘောင်ထဲကခြင်တွေကို လက်နှစ်ဘက်နှင့်ရိုက်ပြီးအပြင်သို့ ယူလွှတ်ပစ်လိုက်၏။

”မိန်းမ တို့သားလေးချစ်နိုင်က အသက်ရှိနေသေးတယ်ကွ၊သူကရုပ်မရှိပေမဲ့နာမ်ဝဉာဥ်ရှိနေသလိုပဲ ၊ဒါကြောင့်လည်းတို့လင်မယားပြောတဲ့စကားတွေကို သူအကုန်သိနေတာနေမယ်”

”စိတ်မကောင်း လိုက်တာကိုဖိုးထူးရယ် သားကသူကိုကျဂရုမစိုက်ဘဲသူ့အစ်မနဲ့အစ်ကိုပဲဂရုစိုက်နေလို့ အိပ်မက်ထဲမှာမျက်နှာငယ်လေးနဲ့ပြောနေရှာတယ်၊ပြီးတော့ သူ့အတွက်အဝတ်အစားတွေ ဝယ်ပေးဦးတဲ့ ပြောတယ်”

ဒေါ်ကံပွင့်နေ့လည်တော့စျေးသို့ သွားကာတစ်နှစ်အရွယ်ဝတ်တဲ့အဝတ်အစားအချို့ နှင့်ကြိုးသိမ်းဖိနပ်အပြာလေးကိုဝယ်ပြီး မှန်ဘောင်ပေါ်က စားပွဲမှာ တင်ထားပေးလိုက်သည်။ ယောကျာ်းလုပ်သူက တောင်သူလုပ်သောကြောင့် မိုးလင်းမိုးချုပ်တောင်ယာမှာ သာအချိန်ကုန်နေတတ်သည်။အရမ်းဆင်းရဲတဲ့အထဲတွင် လည်းမပါဝင်သလိုအရမ်းချမ်းသာတဲ့စာရင်းထဲလည်း သူတို့လင်မယားမပါဝင်ပေ။သားချစ်နိုင်က အမေကိုသာအိပ်မက်ပေးပြီး သူ့အဖေဖြစ်သူကိုတခါမှအိပ်မက်မပေးဖူးချေ။

”ကိုဖိုးထူး….ရေ….ကိုဖိုးထူး….ခင်ဗျားချဲတထောင်ဖိုးပေါက်တယ်”အိမ်အောက်ကနေချဲရောင်းတဲ့ ဦးသာမောင်ကအော်ပြောလာသည်။
”ကိုဖိုးထူးက ယာတောသွားတယ်၊ကိုသာမောင် ချဲကဘာထွက်တာလဲ”
”၁၂၃တဲ့ မကံပွင့်ရေ တစ်ရွာလုံးမှာကိုဖိုးထူး တစ်ယောက်ပဲတစ်ထောင်ဖိုးပေါက်တယ်”ဒေါ်ကံပွင့် ကိုသာမောင်စကားကြောင့်ခေါင်းကြီးသွားသည်။တခါမှငယ်ငယ်ကတည်းက ချဲမပေါက်ဖူး​၍၊အခုချဲပေါက်သည်ဆိုတော့ အရမ်းပျော်သွားသည်။

”မိန်းမ တို့လင်မယားကို တို့သားချစ်နိုင်ကအခု ချိန်ကစပြီးအကျိုးပေးနပြီ၊မင်းလိုပဲသားကိုငါလည်း အိပ်မက်ထဲမှာတွေ့ဖူးချင် လိုက်တာကွာ.. ”ကိုဖိုးထူး မှန်ဘောင်လေးထဲကိုကြည့်၍ ပြောလိုက်၏။

”တနေ့နေ့တော့ရှင်ကို လည်းသားကအိပ်မက်ပေးမှာပေါ့ ဆန္ဒတွေမစောပါနဲ့”သားချစ်နိုင်ကသူ့တစ်ကိုယ်လုံးခြင်ကိုက်ရာတွေချည်းပဲဟူ၍အိပ်မက်ပေးပြီးကတည်းက ညရောက်ပြီဆိုဦးဖိုးထူးမှန်ဘောင်လေးထဲခြင်တွေမဝင် နိုင်အောင်သေချာလေး ကလေးအိပ်ခြင်ထောင်ဆန်ကာလေးကို ဝယ်ပြီးညစဥ်ညတိုင်းခြင်မ ကိုက်အောင်ခြင်ထောင်ပေးသည်။

တဖြည်းဖြည်း ချဲပေါက်လိုက်၊ထီပေါက်လိုက်မို့ ဦးဖိုးထူးနှင့်ဒေါ်ကံပွင့်တို့တောရွာကလေးတွင် အချမ်းသာဆုံးစာရင်းဝင်လာသည်။သားမြင့်နိုင်က်ို ငါးနှစ်သားအရွယ်တွင် ကျောင်းအပ်ပေးရသည်။
”သားမြင့်နိုင်ကျောင်းမှာ ဆရာမစကားနားထောင်နော်၊သူငယ်ချင်းတွေနဲ့လည်းရန်မဖြစ်နဲ့၊ သမီးရှင်းသန့်ကျောင်းမှာ သမီးမောင်လေးကိုဂရုစိုက်နော်”

”ဟုတ်ကဲ့ပါအမေ လာမောင်လေးမမတို့ ကျောင်းသွားမယ်”သမီးကြီးရှင်းသန့်ကလက်တစ်ဖက်က ဆွဲခြင်းလေးဆွဲ၍ကျန်လက်တ ဖက်ကသူ့မောင်ဖြစ်သူ၏လက်ကလေးကိုဆွဲ၍ ကျောင်းသို့ခေါ်သွားခဲ့သည်။ဦးဖိုးထူးသမီးနှင့်သားကျောင်း သွားခဲ့သည်ကိုမျက်စိတစ်ဆုံးကြည့်နေမိသည်။

”သားလေးချစ်နိုင်လည်း အသက်ငါးနှစ်ပြည့်ပြီဆိုတော့ သာမန်လူသာဆိုသူလည်းအခုချိန်ဆို သူ့အစ်မ၊အစ်ကိုနဲ့အတူကျောင်းအတူသွားရမှာ”
”ဟုတ်ပါ့ ကိုဖိုးထူးရယ် ကျွန်မသားလေး ချစ်နိုင်သနားပါတယ်”လင်မယားနှစ်ယောက် သားချစ်နိုင်အတွက် စိတ်မကောင်းဖြစ်နေကြသည်။

ညရောက်သောအခါတွင် ဒေါ်ကံပွင့်အိပ်မက်ထဲသို့ သားချစ်နိုင်ရောက်လာသည်။
”အမေသားလည်း အစ်မနဲ့အစ်ကိုလို့ ကျောင်းတက်ချင် လိုက်တာဒါပေမဲ့သား ကျောင်းတက် လည်းသားကို ဘယ်သူမှမြင်မှာမဟုတ်ဘူး”ညိုးငယ်သောမျက်နှာလေးနှင့် ပြောလာတဲ့သားချစ်နိုင်ကို ဒေါ်ကံပွင့်အနားသို့ သွားကာကိုယ်လုံးလေးကို ဖက်ထားလိုက်၏။

”သားရယ်အမေနဲ့အဖေလည်း သားအတွက်စိတ်မကောင်းပါဘူး၊သားကကျောင်းနေချင်လို့လား”ဒေါ်ကံပွင့်အမေးကို သားကပါးစပ်နှင့်မဖြေဘဲခေါင်းသာညိတ်ပြသည်။ သားပုံစံကသူ့အစ်မနှင့်အစ်ကိုကျောင်းသွားသောကြောင့်သူတစ်ယောက် တည်းအိမ်မှာကျန်နေခဲ့ရသည် အတွက်စိတ်ထိခိုက်နေပုံရသည်။

”သားဘာလိုချင်လည်း အမေဘာဝယ်ပေးရမလဲ”
”သားအဖော်တွေနဲ့ကစားဖိုး ဘောလုံးဝယ်ပေးအမေ၊ပြီးရင်ဘောလုံးကန်ဖိနပ်လည်းဝယ်ပေးပါ ”
”အေးပါအမေမနက်ဖြန်တော့ သားလိုချင်တာဝယ်ပေးမယ်”

”ဒါဆိုသားသွားကစားတော့မယ်နော်အမေ ”ဒေါ်ကံပွင့်ဝယ်ထားပေးတဲ့သားချစ်နိုင်ကအဝါ ရောင်တီရှပ်လေးရယ်၊ပြောက်ကျားဘောင်ဘီလေးကိုဝတ်ဆင်ထားသည်။သားကတစ်နေ့တခြားအသားတွေပိုဖြူပြီးဝတုတ်တုတ်လေးပိုဖြစ်လာသည်။ အိပ်မက်ထဲတွင်သားချစ်နိုင်ကသူလိုချင်တဲ့အရာကိုလည်း ဝယ်ပေးဖို့ပူဆာတတ်သည်။

”ကိုဖိုးထူး ကျွန်မနဲ့ရှင်ထင်တဲ့ အတိုင်းပဲသားချစ်နိုင်က သူ့အစ်မနဲ့အစ်ကိုကျောင်းတက် သလိုသူကျောင်းမတက်ရလို့တဲ့ ပြောနေတယ်၊သားကမျက်နှာလည်းမကောင်းဘူး”

”သားကိုအကျိုးအကြောင်း မပြောပြလိုက်ဘူးလားမိန်းမရယ်”
”ပြောပြလိုက်ပါတယ်၊သားကအခုသလောပိုပြီး ဝလာတယ်အသားတွေလည်းပိုဖြူလာတယ်။ပြီးတော့လည်းသားက သူ့အဖော်တွေနဲ့ဘောလုံးကန်ချင်လို့တဲ့ဘောလုံးကန် ဖိနပ်နဲ့ဘောလုံးကို ဝယ်ပေးဖို့ပူဆာတယ်”

”သားချစ်နိုင်လိုချင်တာ ဝယ်ပေးလိုက်မိန်းမ၊တို့သားလေးကသနားစရာလေးပါ။သားကလည်းဘာလို့ များငါးနှစ်တောင်ရှိနေပြီငါ့ကိုအိပ်မက်မပေးတာလဲမသိဘူး၊တခါလောက်တော့ သားကိုအိပ်မက်ထဲမှာတွေးဖူးချင်လိုက်တာ”

”သားကပြောတယ် သူတို့လိုခူခြောက်တွေက မိခင်တစ်ဦးကိုပဲအိပ်မက်ထဲကနေကိုယ်ထင်ပြပြီး စကားပြောပြီးဆက်သွယ်လို့ရတာတဲ့၊ကျန်တဲ့လူတွေနဲ့ဆို အိပ်မက်ကနေလည်း ကိုယ်ထင်ပြလို့မရဘူးတဲ့၊သူပြောချင်တဲ့စကားကို မိခင်နဲ့ပဲပြောခွင့်ရှိတယ်လို့ပြောတယ် အဖေကိုလည်းသူအိပ်မက်ထဲလာ မတွေ့လို့စိတ်မကောင်းမဖြစ်နဲ့တဲ့ ”မိန်းမဖြစ်သူစကားကြောင့် ကိုဖိုးထူးသားချစ်နိုင်နှင့် အိပ်မက်ထဲတွေ့ဖို့ဆိုတာမဖြစ်နိုင်တော့ပေ။ အေးလေ သူတို့ကမ္ဘာလောကသားတွေ ချမှတ်ထားတဲ့စည်းမျဥ်းဆိုတော့ လည်းဘယ်တတ်နိုင်ပါ့မလဲ။

”အမေသားအတွက်လား အဲ့ဘောလုံးနဲ့ဖိနပ်က”မြင့်နိုင်ကျောင်းကပြန်လာလာချင်းဖိနပ်နှင့် ဘောလုံးလေးကိုတွေ့၍မေးလိုက်၏။
”မဟုတ်ဘူးသား ညီချစ်နိုင်အတွက်။ သားလိုချင်ရင်နောက်နေ့မှအမေဝယ်ပေးမယ်”
”အမေသူကဘောလုံးမှ မကစားတတ်တာ ၊မှန်ဘောင်ထဲကနေတောင်မထွက်တတ်ပဲနဲ့များ”မြင့်နိုင်ပြောပြီးလွယ်အိတ်ကို ယူ၍အခန်းထဲဝင်လာခဲ့သည်။ဒေါ်ကံပွင့် ဘောလုံးနှင့်ဖိနပ်ကို ချစ်နိုင်၏သီးသန့်ခန်းကစားပွဲပေါ်တင်ထားပေး ခဲ့ပြီးထမင်းဟင်းချက်ရန်မီး ဖိုထဲဝင်လာသည်။

ထမင်းချက်ပြီးသည်နှင့် ကြက်သားကြော်လိုက်၏။သားချစ်နိုင်ကအိပ်မက်ထဲတွင်သူ့ကြိုက်တဲ့ ဟင်းများကိုလည်းပြောပြထားသည်။ သည်နေ့လည်းကြက်သားကြော်နှင့် ထမင်းစားချင်သည်ဟုပြောထားသည်။ ကြက်သားကြော်ပြီးနောက်တစ်ဘက်ရွာကအမျိုးတွေလာကြ၍စကားပြောနေရသည်။ထိုကြောင့်သမီးကြီးရှင်းသန့်ကို သူ့မောင်ချစ်နိုင်ကိုထမင်းကျွေးခိုင်းထားလိုက်၏။

ဒေါ်ကံပွင့်ခါတိုင်နေ့လို ညဆယ်နာရီတော့ အိပ်ရာဝင်ခဲ့သည်။
”အမေ..အစ်ကိုမြင့်နိုင်ကအကျင့်မကောင်းဘူး သားအတွက်ဝေစုကြက်သားဟင်းကိုသူယူစားသွားတယ်။ သားညနေစာ ဟင်းမရှိလို့ထမင်းမစားရဘူး၊အခုဗိုက်ဆာနေတယ်။နောက်တခါ အဲ့လိုမလုပ်ဖို့အစ်ကို မြင့်နိုင်ကိုအမေပြောပေးပါ”သည်နေ့သားက ဘောလုံးကန်ဖိနပ်လေးစီးပြီး ၊လက်မှာလည်းသူ့အတွက်ဝယ်ထားပေးသော ဘောလုံးလေးကိုလက်နှင့်ပိုက်ထားသည်။

”အေးပါနောက်တခါအဲ့လိုမလုပ်ဖို့ သားအစ်ကို ကို အမေပြောထားလိုက်မယ်နော်။ ဒါနဲ့အမေဒီနေ့ဝယ်လာပေးတဲ့ ဖိနပ်ကသားခြေထောက်နဲ့တန်ရဲ့လား”
”တန်တယ်ကွက်တိပဲအမေ ။သားအဖော်တွေက ဘောလုံးဝယ်ပေးတဲ့အမေကိုကျေးဇူးတင် တယ်လို့ပြောခိုင်းလိုက်တယ်။အမေ အဖေယာတောထဲမျာ သရက်ပင်ကြီးတစ်ပင်ရှိတယ်။အဲ့သရက်ပင်ခြေရင်းအောက်ကို မနက်ဖြန်သွားတူးလိုက်နော်”

”အေးပါအမေတို့သွားတူးလိုက်မယ်။ …မနက်ကြမှအမေ အစောသားအတွက်ကြက်သား ကြော်ပေးမယ်သားစားလိုက်နော် ”
”အမေ သားအတွက်ပုန်းရည်ကြီးလေးကောသုတ်ပေးနော်၊သားသွားတော့မယ်”စကားပြောနေရင်းလှစ်ခနဲဆိုသားချစ်နိုင်ကအမှောင်ရိပ်ထဲပြေးဝင်သွားသည်။ ဒေါ်ကံပွင့်သားပြောတဲ့စကားတွေကို မနက်ရောက်တော့ကိုဖိုးထူးကိုပြောပြလိုက်၏။

”သမီးရှင်းသန့်နဲ့သားမြင့်နိုင် ဒီနားခဏလာဦးအဖေမေးစရာရှိလို့”ဖခင်ခေါ်နေသောကြောင့်မြင့်နိုင်နှင့် ရှင်းသန့်တို့နှစ်ဦးလုံးအနားသို့ လာကြသည်။
”မနေ့ကသမီးအမေက သမီးကိုမောင်လေး ချစ်နိုင်ကိုထမင်းကျွေးခိုင်းတာ ၊သမီးသေချာသွားကျွေးလား။အဖေသမီးနဲ့သားဘာလုပ်ထားလဲဆိုတာသိတယ်နော် အရိုက်မခံချင်ရင်အမှန်တိုင်းပြော၊လိမ်ပြောရင်အဖေကရိုက်မှာ ”ဟုဖခင်ကပြောလာသောကြောင့် ရှင်းသန့်ကြောက်သွားသည်။

”ဟိုလေအဖေ မနေ့ကသမီးချစ်နိုင်ကို ထမင်းနဲ့ကြက်သားကြော်ကျွေးဖို့ပန်းကန်ထဲခူးပြီးစားပွဲ ပေါ်တင်ပေးနေတုန်း ၊မောင်လေးမြင့်နိုင်က ကြက်သားကြော်ပန်းကန်ကို ယူပြီးသူစားပစ်တယ်။ ချစ်နိုင်ကစားမှမစားတတ်တာ ၊ကျွေးနေလဲအပိုပဲလို့ပြောပြီးကြက်သားကြော်ပန်းကန်ကိုယူသွားတယ်အဖေ”အစ်မလုပ်သူကအမှန်တိုင်း အဖေကိုပြောလိုက်သောကြောင့်မြင့်နိုင်မျက်စောင်းနှင့် အစ်မလုပ်သူကိုကြည့်နေသည်။

”မြင့်နိုင်သားကိုကောအမေနဲ့အဖေကမကျွေးဘဲ ၊ချစ်နိုင်ကိုပဲသီးသန့်ကျွေးလားပြောစမ်း…သားကိုအငတ်ထားလို့လား”
”အငတ်မထားပါဘူးကျွေးပါတယ်အဖေ….”ဖခင်ဒေါသထွက်နေမှန်းသိ၍မြင့်နိုင် ခေါင်းလေးကိုငုံ့ပြီးဖြေလိုက်၏။

”ချစ်နိုင်ကသားရဲ့ အမွှာညီလေးနော်။ သူကရုပ်မရှိပေမဲ့သူ့မှာနမ်ဝဉာဥ်ရှိတယ်။သားတို့ ဘာလုပ်လုပ်သူကသိတယ်၊အမေ့ကိုညဆိုသားတို့ဘာလုပ်လုပ်တိုင်ပြောတယ်။ သားကသူကိုခဏခဏ လက်သည်းနဲ့လာထိုးတယ်၊ရိုက်တယ်လို့ လည်းတိုင်တယ်။ သားနောက်တခါ ညီလေးကိုအဲ့လိုမလုပ်ရဘူးနော်၊နောက် တခါလုပ်ရင်အမေကသားကိုရိုက်မှာ ။ ဒီလိုလုပ်တာဒါနောက်ဆုံးဖြစ်ပါစေ”

”ဟုတ်ကဲ့အမေ ”မြင့်နိုင်အဖေနှင့် အမေမရှိလျှင်ထိုအခန်းထဲသို့ သွားပြီးမှန်ဘောက်ထဲ ကိုလက်နှိုက်၍လူခြောက် လေးကိုဆွဲဆိတ်ကြည့်သည်။တုတ်ကလေးသေး သေးလေးနှင့်ထိုးစွကြည့်ခဲ့သည်။အခုတော့အမေထံကို သူလုပ်တဲ့အရာမှန်သမျှကို ပြန်အတိုင်ခံရလေသည်။

ဦးဖိုးထူးနှင့်ဒေါ်ကံပွင့် သားချစ်နိုင်ပြောသလိုယာတောကသရက်ပင်ကြီးအောက်သို့ နှစ်ယောက်သားသွားတူးသည်။သရက်ပင်ခြေရင်းတွင်ရွှေအိုးတစ်လုံးကိုတူးဖော်ရရှိသည်။ထိုရွှေအိုးကြီးကိုရပြီးနောက် ရွာတွင်မီးခိုးတိုက် အလှုကြီးကိုလှူခဲ့သည်။သားချစ်နိုင်နှင့်သူ့အပေါင်းအပါတွေအတွက်ပါရည်စူးပြီးကုသိုလ်တွေလုပ်ပေးသည်။လူခြောက်လေးကအကျိုးပေးသောကြောင့် ဦးဖိုးထူးနှင့်ဒါ်ကံပွင့် ချမ်းသာကြွယ်ဝမူတွေကသုံးလေးသက်စားမကုန်နိုင်တော့ပေ။

ရက်မှလ၊လမှနှစ်သို့ နွေ၊မိုး၊ဆောင်းရာသီဥတု တွေအလီလီပြောင်းလွှဲလာခဲ့သည်။
”အမေအစ်ကိုကသား အဝတ်စားတွေခိုးခိုးဝတ်နေတယ် ၊သားဖိနပ်ဖွေးဖွေးလေးကိုလည်းရွံတွေ ထဲစီးပစ်တာပေတူးနေတာပဲ။သားချစ်သူနဲ့သွားတွေ့ရင်အဝတ်အစားတွေ ကဝတ်စရာမရှိဘူး။အစ်ကိုကခိုးခိုးယူဝတ်နေတော့”

”ဟယ်သားကကောင်မလေးတောင်ရှိနေပြီလား ၊ဘယ်ကမိန်းကလေးလဲသားကောင်မလေးက”
”သားကောင်မလေးက ဟိုဘက်နှစ်ရွာကျော်ကပါအဖေ ၊သူ့နာမည်ကမနှင်းဖွေးပါ ၊သားကအခုမှသူ့ကိုပိုးပန်းနေတုန်း….”သားချစ်နိုင်ကရှက်ကိုးရှက်ကန်းအမူအရာနှင့် ဒေါ်ကံပွင့်ကိုပြောပြနေသည်။

”အေးပါအမေသားအတွက် အဝတ်အစားတွေ အသစ်ထပ်ဝယ်ပေးမယ်နော် ၊သားအစ်ကိုကိုလည်းနောက်အဝတ်အစားတွေခိုးမဝတ်ဖို့ပြောပေးမယ်”သားဖြစ်သူကတဖြည်းဖြည်းနှင့်မြူတွေကြားမှာ စကားပြောပြီးပျောက်သွားသည်။

ဒေါ်ကံပွင့်နောက်နေ့နံနက်အိပ်ရာနိုးတော့ အိမ်ပေါ်ထပ်ကနေအိမ်အောက်သို့မျက်နှာသစ်ရန်ဆင်းလာခဲ့သည်။ဖိနပ်ချွတ်တဲ့နေရာကိုကြည့်လိုက်တော့ သားချစ်နိုင်အတွက် ဝယ်ထားပေးသော ဆင်ကြယ်ဖိနစ်သံကြိုးအပြာရောင် လေးကရွံတွေနှင့်ပေတူးနေသည်။

ထုံးစံအတိုင်းသားမြင့်နိုင်ကသူ့ညီချစ်နိုင်ရဲ့ဖိနပ်ကိုခိုးစီးပြန်ပြီ။
သားချစ်နိုင်က အသန့်ကြိုက်သည်။သူအသုံးအဆောင်ပစ္စည်းတွေ ကိုသီးသန့်ထားခိုင်းထားသည်။ ဒါကိုသားမြင့်နိုင်ကအိမ်မှာ အဖေနှင့်အမေမရှိလျှင်မရှိသလို သူညီပစ္စည်းတွေခိုးခိုးသုံးသည်။

”သားမြင့်နိုင်မင်းညီကသူ့အဝတ်တွေ ခိုးခိုးဝတ်နေတယ်တဲ့ အမေကိုတိုင်နေတယ်၊သားညီက အသန့်ကြိုက်တယ်၊သူပစ္စည်းတွေကိုသူများယူသုံးတာမကြိုက်ဘူးဆိုတာသားလဲသိရက်နဲ့ကွယ်၊နောက်မလုပ်ပါနဲ့သားညီလေးကမကြိုက်ဘူး”

”ဟီးဟီး ဒီကောင်အတော်အတိုင် အတောထူတဲ့ကောင်ပဲအမေ”မြင့်နိုင်တစ်ယောက်မိခင်နှင့် ဖခင်ဘယ်လို ပြောပြောညီဖြစ်သူ၏ပစ္စည်းများကိုလူလှစ်သည်နှင့်ခိုးဝတ်မြဲ ၊ခိုးစီးမြဲ။

”သားချစ်နိုင်ကသူ့မှာ ကောင်မလေးရှိနေပြီလို့ ပြောတယ်ဲ့ကိုဖိုးထူး”
”ဟေ ဟုတ်လား သူတို့လောကမှာလည်းဒါမျိုးကရှိလားကံပွင့်ရာ”
”ရှိလို့ပဲသားကပြောတာပေါ့၊သူကြိုက်နေတဲ့ကောင်မလေးကဟိုဘက်နှစ်ရွာကျော်မှာရှိတယ်တဲ့ နာမည်ကမနှင်းဖွေးလို့ပြောတယ်”

”ဟုတ်လားမဟုတ်လား စုံးစမ်းကြည့်ဦးမယ်ကံပွင့်ရာ”ဦးဖိုးထူးသားပြောတဲ့လူခြောက်မလေးမနှင်းဖွေးရှိမရှိကို နှစ်ရွာကျော်မှာစုံစမ်းလိုက်၏။ အမှန်တကယ်လည်း သားချစ်နိုင်လိုလူခြောက်မိန်းကလေးမနှင်းဖွေးကနှစ်ရွာတွင်ရှိနေသည်။သားချစ်နိုင်က အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားပြီမို့ သူ့တို့လောကသား ချင်းချင်းချစ်သူရှာဖွေထားပုံရသည်။

”အမေသားကောင်မလေးက သားကိုအဖြေပြန်ပေးပြီးပြီ၊သားတို့လက်ထပ်ချင်တယ်အမေ၊အဖေနဲ့ အမေကသူကိုသွားတောင်းပေးပါ။မနှင်းဖွေးကလည်းသူ့အမေကို သားလာတောင်းမယ်လို့ အိပ်မက်ပေးထားလိုက်မယ်၊အဆင်မပြေမှာမပူနဲ့အမေ ၊သူ့မိဘတွေကိုလည်းသူအာလုံးပြောထားပြီးပြီတဲ့၊လာမဲ့လဆန်းသုံးရက်ကိုအမေတို့မနှင်းဖွေးကိုသွားတောင်းလိုက်ပါ ”

”အေးပါသားပြောတဲ့အတိုင်း အမေတို့သွားတောင်းလိုက်ပါ့မယ်၊သားအခုသလောပိန်သွားသလိုပဲနေကောကောင်းရဲ့လား”
”သားနေသိပ်မကောင်းဘူးအမေ ၊စိတ်တော့မပူပါနဲ့၊သားဘာဆေးကုနေပါတယ်”
”အမေဘာလုပ်ပေးရမလဲသားရယ်။ သားနေမကောင်းတာကို အမေကဘာမှလုပ်ပေးလို့မရဘူးလား”

”သားတစ်ရက်နှစ်ရက်ဆို နေပြန်ကောင်းသွားမှာပါအမေရယ်၊ဒါပဲနော်လဆန်းသုံးရက်ကိုမေ့မနေနဲ့”ဟုပြော၍သားကအနားကနေပျောက်သွားသည်။ဒေါ်ကံပွင့်သားဖြစ်သူပိန်သွားသည်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေမိသည်။လူလိုလည်းဆရာဝန်ခေါ်ပြီးနေကောင်းဖြစ်နေသည်ကိုပြပေး၍မရပေ။

”ကိုဖိုးထူးသားကသူ့ကောင်မလေးကို လဆန်းသုံးရက်နေ့သွားတောင်းပေးပါတဲ့၊သူ့ကောင်မလေးကလည်းသူတို့မိဘတွေကို အိပ်မက်ပေးထားပြီးသားတဲ့အကုန် ပြင်ဆင်ထားလိုက်မယ်တဲ့ သားကပြောတယ်”
”အေးပေါ့သူတို့အချင်းချင်း ပြောဆိုထားပြီးသားဆို လည်းတို့တွေကမိဘဝတ္တရား အတိုင်းသွားတောင်းပေးရုံပေါ့”

”သားချစ်နိုင်က နေမကောင်းဘူးလို့ပြောတယ်၊အရမ်းလည်းပိန်သွားတယ်၊ဘာလုပ်ပေးရမလဲလို့မေးတော့လည်း သူ့ဘာသာဆေးကုနေတယ်လို့ပြောတယ်”
”ခက်တာပဲလူမဟုတ်တော့ ဆရာဝန်ခေါ်ပြပေးလို့ကမလည်းမရဘူး”ဦးဖိုးထူးသားဖြစ်သူကနေမကောင်းဟုပြောသောကြောင့်စိတ်ပူမိသည်။

လဆန်းတရက်နေ့တွင် ဒေါ်ကံပွင့်သားဖြစ်သူကို ထည့်ထားတဲ့မှန်ဘောင်လေးကို သန့်ရှင်းရေးလုပ်ပေးနေမိသည်။ခါတိုင်းလည်း တစ်နေ့ကိုငါးခါထပ်မနည်းမှန်ဘောင် ထဲသို့ကြည့်နေကြဖြစ်သည်။ မွေးစတည်းကအခုချိန်ထိလက်မခန့်အရွယ် သာသာရှိတဲ့လူခြောက်လေး ကလုံးဝအခြောက်ကြီးလည်းမဖြစ်သွားပါ။စိုထမ့်ထမ့်ပုံစံလေးအဖြစ်သာရှိနေသည်။

”ကိုဖိုးထူးရေး အခန်းထဲကိုခဏလာကြည့်ပါဦး”ယောကျားလုပ်သူကိုအော်ခေါ်ပြီးဂွမ်းကလေးနှင့်လူ ခြောက်လေးကိုကိုင်လိုက်၏။
”မိန်းမဘာဖြစ်လို့လဲ”
”ဒီမှာသားချစ်နိုင်ရဲ့အသားတွေ ကခြောက်ခြောက်ကြီးနဲ့ ကြွေကျနေလို့ကိုဖိုးထူးရဲ့၊ဘာဖြစ်တာလဲမသိဘူး။ကျွန်မသားအတွက်စိတ်ပူလိုက်တာ”ဦးဖိုးထူးမိန်းမလုပ်သူလက်ထဲကနေ လူခြောက်လေးကိုယူကြည့်လိုက်တော့မိန်းမပြောသလို အသားတွေကကြွေနေသည်။

”ညကသားချစ်နိုင်အိပ်မက်ထဲလာသေးလားမိန်းမ”
”မလာတာသုံးလေး ရက်ရှိပြီးကိုဖိုးထူးရယ်။ကျွန်မသားလေးတော့တခုခုဖြစ်ပြီထင်တယ် ကျွန်မရင်တွေပူလိုက်တာ”ဒေါ်ကံပွင့်မျက်ရည်တွေချက်ချင်းဝဲလာသည်။ သားချစ်နိုင်ကနေလည်း မကောင်းဘူးဟုပြော၍ပိုပြီးစိတ်ပူသည်။

မိသားစုလေးယောက်လုံးလူခြောက်လေးရဲ့ကိုယ်ခန္ဓာကအရင်လိုမဟုတ်သောကြောင့် ချစ်နိုင်အတွက်စိတ်ပူနေကြသည်။အတူနေခဲ့တဲ့အချိန်ကဆယ့်ရှစ်နှစ်လုံးလုံးမို့ မိသားစုဝင်တစ်ဦးလို အားလုံးကသဘောထားခဲ့ကြသည်။

လဆန်းနှစ်ရက်ညတွင်
”အမေ…သားသေသွားပြီ။သားနောက် ခန္ဓာအသစ်ကိုပြောင်းရတော့မယ်၊သားကောင်မလေးကို မနက်ဖြန်အမေတို့ သားသေသွားကြောင်းသွားပြောလိုက်ပါ။အမေနဲ့အဖေလည်းကျန်းမာရေးဂရုစိုက်ပါ။ အစ်မနဲ့အစ်ကိုကိုလည်း သားနှုတ်ဆက် တယ်လို့ပြောပေးပါ။သားသွားတော့မယ်….”ဖြတ်ခနဲဆို ဒေါ်ကံပွင့်အိပ်မက်ကလန့်နှိုးသွားသည်။

”အဟင့်…..အဟင့်အီးဟီး…..,အဟင့်”မိန်းမလုပ်သူကအိပ်ပျော်နေရာမှထထိုင်၍ ငိုနေသည်။
”မိန်းမဘာဖြစ်လို့လဲ….. ဘာဖြစ်တာလဲ”
”သားချစ်နိုင်က သူသေသွားပြီတဲ့လာပြောသွားတယ်။ကိုဖိုးထူး..သူသေတဲ့အကြောင်းကို သူကောင်မလေးအိမ်ကိုလည်းသွားပြောပေးပါတဲ့ ၊အဖေနဲ့အမေလည်းကျန်းမာရေးဂရစိုက်တဲ့၊ အစ်မနဲ့အစ်ကိုကိုလည်းသူနှုတ်ဆက် တယ်လို့ပြောပေးပါတဲ့အဟင့်အဟင့်ကျွန်မသားလေးချစ်နိုင် သေသွားပြီး….. ”

”မိန်းမရယ်ငိုမနေနဲ့ တို့တွေသားချစ်နိုင်အတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးကြမယ်…မနက်ဖြန်သူ့ကောင်မလေးကတို့ လာတောင်းမယ်ဆိုပြီးမျှော်နေမှာသနားပါတယ်ဟာ ”နောက်တနေ့နံနက်ခင်း၌လူခြောက်မလေးမနှင်းဖွေးအိမ်သို့ ဦးဖိုးထူးနှင့်ဒေါ်ကံပွင့် သားဖြစ်သူအကြောင်းကိုသွားပြောပြလိုက်သည်။

မနှင်းဖွေ၏မိဘများက လည်းသူ့သမီးအိပ်မက် ပေးထားတဲ့အတိုင်းအိမ်ရှေ့တွင်မဂ်လာမဏ္ဍပ်ထ်ိုးပြီး စောင့်နေကြသည်။
”ကျွန်မတို့သားချစ်နိုင်ကမနေ့ညက ဆုံးသွားပြီလို့အိပ်မက်ပေးတယ်၊ဒီကမိန်းကလေးကိုလည်း သူဆုံးသွားတဲ့အကြောင်း ပြောခိုင်းလိုက်ပါတယ်”ဒေါ်ကံပွင့်မျက်ရည်အဝဲသားနှင့် သမီးရှင့်မိဘနှစ်ပါးကိုပြောလိုက်၏။

”အေးဗျာ ကံတရားကဒီလိုဆိုတော့ ကျုပ်တို့သမီးလေးအတွက်စိတ်ဆင်းရဲစရာပေါ့ဗျာ။ဘယ်တတ်နိုင်မလဲကံစီမံရပေါ့”မနှင်းဖွေးအဖေက ပြောပြီးမျက်ရည်တွေဝဲနေသည်။သားဖြစ်သူ ကောင်မလေးအိမ်ကိုအကြောင်းကြားပြီး နောက်သားဖြစ်သူချစ်နိုင်အတွက်နေအိမ်တွင်းဘုန်းကြီးငါးပါးပင့်၍ဆွမ်းပြင်ဆင်ပေးပြီးအမျှ အတန်းပေးဝေခဲ့ကြသည်။

ဖူးပွင့်နွယ်
သားညနေစာ ဟင်းမရှိလို့ထမင်းမစားရဘူး၊အခုဗိုက်ဆာနေတယ်။နောက်တခါ အဲ့လိုမလုပ်ဖို့အစ်ကို မြင့်နိုင်ကိုအမေပြောပေးပါ”သည်နေ့သားက ဘောလုံးကန်ဖိနပ်လေးစီးပြီး ၊လက်မှာလည်းသူ့အတွက်ဝယ်ထားပေးသော ဘောလုံးလေးကိုလက်နှင့်ပိုက်ထားသည်။

”အေးဗျာ ကံတရားကဒီလိုဆိုတော့ ကျုပ်တို့သမီးလေးအတွက်စိတ်ဆင်းရဲစရာပေါ့ဗျာ။ဘယ်တတ်နိုင်မလဲကံစီမံရပေါ့”မနှင်းဖွေးအဖေက ပြောပြီးမျက်ရည်တွေဝဲနေသည်။သားဖြစ်သူ ကောင်မလေးအိမ်ကိုအကြောင်းကြားပြီး နောက်သားဖြစ်သူချစ်နိုင်အတွက်နေအိမ်တွင်းဘုန်းကြီးငါးပါးပင့်ဖိတ်၍ဆွမ်းပြင်ဆင်ပေးပြီးအမျှ အတန်းပေးဝေခဲ့ကြသည်။

ဖူးပွင့်နွယ်
စာဖတ်သူများကိုအစဥ်ထာဝရလေးစားလျက်