တွေ့အောင်ရှာမည်ဟု စိတ်ထဲမှနေ၍ ဆုံးဖြတ်ချက်ချလိုက်ပါတော့သည် ။ ◾အခန်း (၂) ပေပင်ရွာအဝင်ရှိ ခြံကျယ်ကြီးအား မောင်ဘိုးထင် ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။ဦးအုန်းသည် သူ အလုပ် လုပ်၍ရသမျှနှင့် သစ်စိမ့် ရွာမှ မောင်ဘိုးထင်၏ နေအိမ်ရောင်းချ၍ရသော ငွေများဖြင့် ယခု ခြံကြီးကို ဝယ်ပေးခဲ့ခြင်းဖြစ်သည်။ခြံဝမှ အိမ်ဆီသို့ မီနစ် အနည်းငယ်မျှ လမ်းလျှောက်ရသည့်အတွက် ခြံကြီး၏ အကျယ်အဝန်းမှာ မသေးလှပေ။မရမ်းပင်များ၊သရက်၊အုန်း၊မန်ကျည်းနှင့် အခြားသီးပင်စားပင်များစွာ ပေါက်ရောက်နေသော ဤခြံကြီးသည် အုံ့ဆိုင်းနေလေသည်။ယခု ထိုခြံကြီးထဲတွင် မောင်ဘိုးထင်အပါအဝင် ဖိုးထွေး၊သာရ တို့အပြင် သာအေး၊ပေတူးတို့ပါ ရောက်နေကြသည်။သူတို့သည် ...
ပြုတ်ကျမှာစိုးလို့ ဖက်လိုက်မိတာပေါ့” “သမီးက ဒါကို ပြန်ရှင်းမပြဘူးလား” “သူတို့ မြင်းလှည်းကိုမြင်လို့ ကိုလူမောင်ကို ဆဲဆိုပြီး ပြန်လိုက်ပို့ခိုင်းပါတယ် သမီး သူတို့ မြင်းလှည်းနားရောက်တော့ ပေတူးက မရှိတော့ဘူး သူ့ကို လိုက်ရှင်းပြဖို့ ကြိုးစားတော့ ဦးငြိမ်းမောင်က ပေတူးက ဘိုးတော်ဖြစ်အောင် ကျင့်ကြံနေတဲ့သူမို့ ဒီအတိုင်းပဲ လွှတ်ထားပေးပါတဲ့ “ ဦးသောင်းသည် သမီးဖြစ်သူ ပြောသည့်စကားကို နားထောင်ပြီး မည်သို့အကြံပေးရမည်မှန်းမသိ ဖြစ်လို့နေ၏။ထိုစဉ် မိကြွယ်သည် “မမ “ “အင်း ...
လှမ်းမြင်ေနရ၏။ “ဟာ … သန်းမြ … ဖိုးသား ချော်လဲသွားပြီ … လာထူပါအုံး ဟ” “လာပါပြီတော် …” သန်းမြလည်း မောင်၀င်း အသံကြောင့် ချက်ပြုတ်နေရာမှ အပြေးတပိုင်းဖြင့် ထွက်လာလေတော့၏။ ဖိုးသားလေးမှာတော့ လဲကျသွားရာ မှ ချက်ချင်းမထနိုင်ပေ။ မသန်းမြလည်း ကလေး အား လဲကျနေရာမှ ထူလိုက်သော်လည်း ကလေးမှာ ပျော့ခွေသတိလစ်လို့နေလေ၏။ “အမလေး … ကိုမောင်၀င်းရေ … လာပါအုံး … တော့်သား … ခေါ်မရတော့ဘူး ” “ဟေ ...
နေ၍ အိမ်ဝိုင်းအဝထိ လိုက်လာကာ “ဟဲ့ သာအေး ကြံခင်းထဲမှာ ဘာဖြစ်တာလဲ အဲ့မသာက ဘာပြောတာလဲ ပြောစမ်း “ “မပြောချင်ဘူးဗျာ ဒီလူ သိပ်ရက်စက်တယ် ကျုပ်တောင် ပြောမထွက်တဲ့ ဟာကို သူမို့ ပြောရက်တယ် ဒါပဲဗျာ “ သာအေးမှာ ထိုမျှသာပြောပြီး အိမ်ဝိုင်းအပြင်သို့ထွက်သွား၏။ကျန်ခဲ့သော မိကျော့သည်က ဖိုးထွေးအား ကြံခင်းထဲဆိုသော စကားကို အဖန်ဖန်အလဲလဲတွေးတောရင်း ဒေါသများဖြင့်သာ ကျန်ခဲ့ပါလေတော့သည် ။ ◾အခန်း (၂) “ဟေ့ကောင်သာအေး ကိုဖိုးထွေးက ...
ဖြစ်လို့နေ၏။ထိုစဉ် မိကြွယ်သည် “မမ “ “အင်း “ “မမ ပြောတာ မိကြွယ် အကုန်ကြားတယ် မမ ကိုပေတူးကို တကယ်ချစ်လား” မိကြွယ်၏ တုတ်ထိုးအိုးပေါက်အမေးကြောင့် ဦးသောင်း အနည်းငယ် မျက်နှာပူနေဟန်ရှိ၏။မေသူသည် ခေါင်းကို ညိတ်ပြီး ဖြေလိုက်ရာ မိကြွယ်မှ စကားဆက်လေသည် ။ “ဟို မြင်းလှည်းဆရာကြီး စကားကို ဘာလို့ နားထောင်မှာလဲ ကိုပေတူးကလည်း အမကို ချစ်တယ်ဆိုတာ မိကြွယ် သိတယ် မထူးဘူး ...
ကလေးလဲရှိတာပေါ့ဗျာ။ “ဆေးရုံဆိုတာ ပရလောကသားတွေအများကြီးရှိတဲ့နေရာကွ၊ ပြီးတော့ ဒီဆေးရုံပေါ်မှာ သေသွားတဲ့လူတွေကလည်းမနည်းဘူးဆိုပဲ၊ သူများပြောတာကတော့ ဒီမြစ်ကြီးနားဆေးရုံက သရဲသိပ်ခြောက်တယ်ဆိုပဲကွာ၊ အဆိုးဆုံးကတော့ ရင်ခွဲရုံနားမှာပဲတဲ့ကွ” ကျုပ်ကပြုံးလိုက်ရင်း “ကိုယောလေး၊ ခင်ဗျားက ကျုပ်ကိုကြောက်တတ်တယ်ထင်ပြီး လာစနောက်နေတာလား၊ ဒါဆိုရင်တော့ ခင်ဗျားအာညောင်းတာပဲရှိမယ်၊ ကျုပ်က သရဲကိုလုံးဝကိုမကြောက်တတ်တာ၊ သရဲဆိုတာ တကယ်တော့ သနားဖို့တောင်ကောင်းပါတယ်ဗျာ၊ သူတို့ကိုယ်ထင်ပြတယ်ဆိုတာကလည်း အမျှအတန်းလိုချင်လို့ပါ” “ဟ၊ မင်းကတော့ တကယ့်ကောင်ပဲကွရဲလေးရ” “ဟုတ်တယ်၊ အခုအချိန်အထိလဲ ကျုပ်သရဲကို အသံနဲ့ခြောက်တာ၊ အနံ့နဲ့ခြောက်တာလောက်ပဲ မြင်ရသေးတယ်၊ သရဲဆိုပြီး ထင်ထင်ပေါ်ပေါ်လည်းမြင်ဖူးတာမဟုတ်သေးဘူး” “အေး၊ မင်းမမြင်ဖူးဘူးဆိုရင်တော့၊ ညနက်သန်းခေါင်ကျရင် ရင်ခွဲရုံဘက်ကိုသွားကြည့်ကြည့်ဟေ့၊ ...
မည်သူမျှမသနား ထမင်းဆန်ဆေးဖို့ရာအတွက် ခိုင်းလိုက်ကြပါလေသည် ။ ◾အခန်း (၂) သီတင်းကျွတ်လပြည့်ညသည် ရောက်ရှိလာပြီဖြစ်သည်။ ပေပင်ရွာလေး၏ သီတင်းကျွတ်လပြည့်ညလေးသည် စည်ကားလျက်ရှိပြီး အိမ်ရှေ့နှင့် အိမ်တွင်းအိမ်ပြင်၌ ဆီမီးခွက်များ ထွန်းထားသည်။လူပျိုအရွယ် ဖိုးထွေးတို့ကာလသားများမှ ဦးဆောင်ပြီး ဩကာသဖြင့် ရွာမှ ကလေးသာသာအရွယ်များနှင့်အတူ အုပ်စုဖွဲ့၍ ရွာလုံးကျွတ် လိုက်ကန်တော့နေကြသည်။ဖိုးထွေးတို့ အဖွဲ့တွင် မောင်ဘိုးထင်၊သာအေးနှင့် တခြားသော ကလေးသာသာ မိန်းကလေး၊ယောကျာ်းလေးများပါ၀င်ပြီး သာရတို့သည်လည်း တဖွဲ့ဖြစ်သည်။သူတို့သည် အဖွဲ့ခွဲပြီး လိုက်၍ ကန်တော့နေရာ တခြားအဖွဲ့များနှင့် ဆုံသော် “ချိုးသိမ်း မင်းတို့ကောင်တွေ ဘယ်ဘက်အပိုင်းကိုသွားပြီးပြီလဲ” ...
မျက်ရည်တွေကျပြီး ငိုနေတာကို ငါ မြင် လိုက်ရတော့တယ်။ မြင်တာနဲ့ ငါ သိလိုက်ပြီလေ .. ။ ငါ့တပည့်မ ခံလိုက်ရပြီ..။ ဒါ – ခြေစုန်းတွေ ပြုစားလိုက်တဲ့ လက်ရာပဲ .. ငါတို့လောကမှာခြေစုန်း၊ ကိုယ်စုန်း၊ ခေါင်းစုန်း၊ မောက်စုန်း၊ မောက်ပြား၊ အိမ့်တလိမ့်စုန်းနဲ့ ကဝေမြောက်စုန်းဆိုတာ အသီးသီးရှိတယ်ကွယ်။ ပညာကြီးတာက အိမ့်တလိမ့်စုန်းနဲ့ ကဝေမြောက်ပဲ။ ကဝေမြောက်ဆိုတာ အဆင့်မြင့်တယ်။ ဒီစုန်းနှစ်မျိုးစလုံးက ကတော် ကြီးတွေကို အားကိုးအားထားပြုတယ်။ အိမ့်တလိမ့်စုန်းနဲ့ ကဝေမြောက်စုန်းကြီးတို့ဟာ အဲဒီကတော် (မယ် တော်ကြီး)များနဲ့ ...
တာမဟုတ်လားဗျာ။ “ဒါဆိုအဲဒီအချိန်ကတည်းက ဆရာကြီးက ကျုပ်ကိုယ်ခဲ့တာပေါ့နော်” “မင်းပဲ အထက်ဝိဇ္ဇာတွေကယ်တင်ကြပါဆိုပြီးတော့ အကူအညီတောင်းခဲ့တယ်မဟုတ်လားကွ၊ ဒါကြောင့်ငါလာရတာပေါ့” “ကျေးဇူးကြီးပါတယ်ဆရာကြီးရာ” “နောက်ဆုံး မင်းဆီကို ဘုရားပျံရသေ့ကြီးကို လွှတ်လိုက်တာငါပဲကွ” “ဗျာ၊ အဲဒါတကယ်ပဲလား” “ဝိဇ္ဇာဖျက်သံလျက်အစွမ်းကို ဖျက်နိုင်တဲ့လူက ဘုရားပျံရသေ့ကြီးပဲရှိတယ်ကွ၊ ဘုရားပျံရသေ့ကြီးက အဲဒီအချိန်တုန်းက မဟာမြိုင်တောကြီးထဲမှာရောက်နေခဲ့တာ၊ ငါက သူ့ကိုစေလွှတ်ပြီးအကူအညီတောင်းလို့သာ ပြည်မြို့ကိုဆင်းလာတာပဲကွ” “မဟာမြိုင်တောကြီးနဲ့ ပြည်မြို့နဲ့ဆိုတာ အဝေးကြီးမဟုတ်လားဗျာ” “ဒါကတော့ သူ့နည်းသူ့ဟန်နဲ့ရောက်အောင်လာတာပေါ့ကွာ၊ ကဲ ကဲ ပြီးတာတွေကို ပြောမနေနဲ့တော့၊ အခုမင်းဆီကိုလာရတာက မင်းကိုလမ်းညွှန်ပေးဖို့ပဲကွ” ကျုပ်လည်း လက်အုပ်ချီလိုက်ပြီး “လမ်းညွန်ပြသပေးတော်မူပါ ဆရာကြီး” ဆရာကြီးအောင်က ...
သစ်ပင်ကိုင်းခက်လက်ရှိ ရိုးတံတို့အကြိုအကြားမှာ နေရောင်ခြည် တန်းများကား တစ်တောလုံး တစ်တောင်လုံးကို ဖြန့်ကြက်ထားလေပြီ။ ငှက်ကလေးများ နှင့် တောကြက်တို့၏ တွန်သံမှာလည်း အရပ်ရှစ် မျက်နှာ၌ ညံစီနေလေပြီ။ တောငှက်တိရစ္ဆာန်တို့၏ တွန်သံ မြည်သံကြားတွင် ဗိုစိန်၏ ခလောက်သံကို ကြားရသောအခါ အိုက်သောလူ ဆက်လိုက်လာသည်။ သခင်လိုက်လာပြီဆိုသည်ကို ဗိုစိန်သိအောင်ဟု အိုက်လောလူက သီချင်းတစ်ပုဒ်ကို ဟစ်ဆို၍ အသံပေးလိုက်၏။ “ဘာမပိုတာ ဝေငှလိုက်တော့ – ရာဇဂြိုဟ်သာကေတရယ်နဲ့ ဗာရာဏရယ်တဲ့ တက္ကသိုလ် … အညီထွေးလိုက်တော့ … ဤ လေးပြည်အလယ်ဗဟိုရ်ထင့် … ...