နေသောမောင်အေးကိုကြည့်ရင်း… “မောင်အေး…မင်း ဘဘနောက်ကိုလိုက်ခဲ့မလား” “ဗျာ…တကယ်ပြောတာလားဘဘ… ဘဘကရောကျုပ်ကိုတကယ်ခေါ်မှာလား” ဟု…ပလုပ်ပလောင်းဖြင့်မောင်အေးကမေးသည်။ အဘိုးအိုကခေါင်းညိတ်ပြီး… “တကယ်ပြောတာ… ဘဘမင်းကိုဘဘတတ်ထားတဲ့ပညာတွေသင်ပေးမယ်… ဒါဆိုမင်းဘဝအခုလိုတွေထပ်ဖြစ်တော့မှာမဟုတ်ဘူး မောင်အေးရဲ့…” “ဒါဆို…ကျုပ်လိုက်မယ်ဘဘ” မောင်အေးစကားကြောင့်အဘိုးအိုကပြုံးသွားသည်။ “အေး…အေး…ဘဘနာမည်ကိုလဲမှတ်ထားပေါ့ကွာ… ဘဘရဲ့နာမည်က သက်ရှည်တဲ့ကွ… အများခေါ်တာက​တော့ဘိုးသက်ရှည်ပေါ့ကွာ…” “ဟုတ်ကဲ့ဘဘ…” ထိုသို့ဖြင့် နောက်တစ်နေ့နံနက်ရောက်လေတော့… မောင်အေးသည် ဘိုးသက်ရှည်ခေါ်ရာသို့ အတူလိုက်ပါသွားခဲ့တော့၏။ ********************************* သရက်တောရွာလေးသည်အိမ်ခြေအနည်းငယ်သာရှိသော ရွာလေးတစ်ရွာဖြစ်၏။ သရက်တောရွာ၏မြောက်ဘက်၌ ဝက်လူးအိုင်ရွာနှင့် တောင်ဘက်၌ကျွန်းစုရွာဆိုပြီးရွာနှစ်ရွာရှိပေသည်။ “ဟဲ့ငအောင်…ကျွန်းစုရွာကိုသွားမှာဆိုရင်တော့ မိုးမချုပ်ကြနဲ့နော်…အဲ့သည်ရွာမှာအခုတလော လူသေတာတွေများနေတယ်” “လူသေတာများဘာဆန်းလို့တုန်းအရီးရဲ့” “နင်က…တောတက်နေလို့မသိတာငအောင်ရဲ့… အရင်ရက်ပိုင်းကဆိုရင် ကျွန်းစုရွာမှာ မိုးလင်းတာနဲ့လူသေအလောင်းတွေကိုတွေ့နေရတာ… သေတာမှဓားနဲ့အပိုင်းပိုင်းခုတ်ထားတာတဲ့ဟဲ့… ဒီသတင်းတွေကြားကြားခြင်းဘယ်သူမှ ညဆိုအိမ်အပြင်မထွက်ရဲကြဘူး… ...

ဒီမှာအင်းချထားတဲ့စာရွက်တစ်ရွက် ငါတို့သုံးယောက်က ဒီစာရွက်ပေါ်မှာ လက်ညိုးတစ်ချောင်းဆီထိထားပြီးတော့ အနားမှာရှိတဲ့ဝိညာဉ်တစ်ကောင်ကောင်ကိုဆက်သွယ်ပြီးသိချင်တာတွေမေးမှာ ဘယ်လိုလဲမင်းစိတ်ဝင်စားလား ခန့်နောင် ”   “စိတ်ဝင်စားတယ်ကွာ”   “ဒါဖြင့်စလိုက်ကြတာပေါ့ ဖိုးမောင်ပြတင်းပေါက်တွေဖွင့်ထားလိုက် ကစားပွဲစတော့မယ်။   “အိုကေဗျား ခဏလေးပဲစောင့်”   ဖိုးမောင်လည်းလျင်မြန်သွက်လက်စွာ ဖြင့်အခန်းပြတင်းပေါက်များအား ဖွင့်လိုက်သည်။   “ကဲ…မင်းတို့နှစ်ယောက်က ဒီစာရွက်အပေါ်မှာလက်ညိုးလေးတွေ ထိထားကြ၊အဆင်သင့်ဖြစ်ရင် ငါစတော့မယ်။   “Readyပဲ ”   “အိုကေစတော့”   “ဤအနီးအနားပတ်ဝန်းကျင်တွင် ပရလောကသားများရှိပါသလား”   စည်သူကအသံကျယ်ကျယ်ဖြင့် ထပ်မံပြောလိုက်သည်။   “ဤအနီးအနားပတ်ဝန်းကျင်တွင် ပရလောကသားများရှိပါသလား၊ ...

“မကပ်နဲ့၊ ဒီလူရဲ့အနားကို မကပ်ကြနဲ့” ကျုပ်အော်ပြောလိုက်တော့ လူတွေအားလုံးက ကျုပ်ကိုဝိုင်းကြည့်နေကြသဗျာ၊ ဒီအချိန်မှာပဲ လူသေကောင်ကြီးက သူ့အနားထိုင်နေတဲ့ သူ့မိန်းမရဲ့လည်ပင်းကို အတင်းဖက်ကိုက်တော့တာပဲဗျာ၊ ရုတ်တရက်ဆိုတော့ ဟိုမိန်းမလည်းမရှောင်နိုင်ဘူးဗျာ၊ လူသေကောင်က တက်ခွပြီးတော့ကို ကိုက်ထည့်တာဗျာ၊ သွားတွေဆိုရင် ချွန်ထက်နေပြီးတော့ သင်တုန်းဓါးကြီးတွေအလားမှတ်ရတယ်၊ အဲဒီမိန်းမလည်း အော်လိုက်တာမှ ငယ်သံပါတယ်ဗျာ၊ လည်ပင်းက သွေးကြောမကြီးပေါက်ထွက်သွားတော့ သွေးတွေပန်းထွက်လာတာ မြင်မကောင်းဘူး။ ကျုပ်လည်း လက်ထဲကတောင်ဝှေးတဲ့ ဒီလူရဲ့ကျောကုန်းကို ဘုန်းခနဲရိုက်ထည့်လိုက်တယ်ဗျ၊ ကျုပ်ရိုက်လိုက်တော့ ဒီလူက ကျောကော့သွားပြီး အရှေ့ကိုငိုက်စိုက်ကျပြီးတော့ လဲကျသွားတယ်၊ လူတွေအားလုံးလည်း ထိတ်လန့်နေကြပြီဗျာ၊ ခုနက မိန်းမကြီးကို သူ့အိမ်သားတွေက ...

မွန်မြတ်ပါပေတယ်ကွာ” ပေါက်ကျိုင်းက မြင်းလှည်းမောင်းရင်း “ဒါနဲ့ခုနက စကားပြန်ဆက်ရရင်တော့ ရွှေစည်းခုံစေတီကြီးတည်တဲ့အချိန်က စပြောရမှာပဲဗျာ၊ အနော်ရထာမင်းကြီးက သီဟိုဠ်ကျွန်းက ဘုရင်ကအကူအညီတောင်းလို့ အကူအညီပေးခဲ့တယ်ဆိုပဲဗျ၊ အဲဒီသီဟိုဠ်မင်းကြီး ပထမဝိဇယဗာဟုက အနော်ရထာမင်းကြီးကို ကျေးဇူးတင်တဲ့အနေနဲ့ မြတ်စွာဘုရားရဲ့ စွယ်တော်ပွားတစ်ဆူကို လက်ဆောင်ပြန်ပေးခဲ့တယ်ပေါ့ဗျာ၊ အနော်ရထာမင်းကြီးက စွယ်တော်ကို နန်းတော်ရှေ့မှာ ရတနာပြဿဒ်နဲ့ကိုးကွယ်ခဲ့တယ်၊ ဒီအခါ မင်းဆရာဖြစ်တဲ့ ရှင်အရဟံက အများပြည်သူဖူးလို့ရအောင် စေတီတည်သင့်တယ်လို့ပြောတာနဲ့ စေတီတည်ဖို့အကြံရတာပဲဗျာ” ပေါက်ကျိုင်းက ကွမ်းတံတွေးတစ်ချက်ထွေးလိုက်ပြီးတော့ “ဒါနဲ့ ရတနာဆင်ဖြူတော်ပေါ်မှာ စွယ်တော်ကိုတင်ပြီး စွယ်တော်ကိန်းဝပ်လိုတဲ့နေရာမှာ ဆင်တော်ရပ်စေသတည်းလို့ အဓိဋ္ဌာန်ပြီး ဆင်တော်ကိုလွှတ်လိုက်တော့ ပုဂံမြို့ကနေထွက်ပြီး ဟောဒီမြစ်ကမ်းဘေးက သဲစည်းခုံကြီးပေါ်မှာ ...

သည်နှင့် ပညာရပ်များ မရှိတော့ဟု အရပ်သုံးစကားသည်က လွယ်ကူမနေပေ။ဆူးတချောင်း စူးနေက ထိုစူးအား ဖယ်ပစ်ဖို့ရာအတွက် လိုအပ်သည်များရှိသည်။ဆူးစူးခံရသော ကာယကံရှင်သည်လည်း ဆူး၏အတိမ်းအနက်အလိုက် ဆူးနုတ်ချိန် နာကျင်မှုသည်က ရှိပေသည်။မနှုတ်ဘဲထားက အထမ်းထက် အဆွဲလေး ဖြစ်နိုင် သည်ပင်။ထို့ကြောင့် ဦးဝင်းမြင့်သည် အခါအခွင့်သင့်သည်နှင့် ဇနီးဖြစ်သူ၏ပညာရပ်များ စွန့်လွှတ်နိုင်ရန် ဦးဖိုးဝေအား ပင့် ဆောင်လာခြင်းဖြစ်သည်။ဦးဝင်းမြင့်သည် အတွေးပေါင်းစုံနှင့် ငြိမ်သက်နေချိန် အိမ်ဝိုင်းအ၀တွင် အမျိုးသမီးတဦး ပေါ် လာလေသည်။ထိုအမျိုးသမီးသည် အသက်အားဖြင့် လေးဆယ်ကျော်အရွယ်မျှသာရှိပြီး ဆံပင်ကို ဖားလျားချထားကာ ထမိန်တိုတိုဝတ်ထားပြီး မျက်နှာသည် မာ‌ကျောခက်ထန်လှသည်။ထို့နောက် အိမ်ထဲသို့ဝင်လိုက်ချိန်တွင် ထိုင်နေသော ...

အမူအရာကို မောင်က တွေ့လိုက်ပါတယ်။ “ဘာဖြစ်တာလဲ” မောင်က ကျွန်မ လှမ်းကြည့်မိတဲ့နေရာကို လှည့်ကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာ သူမ အိမ်ပေါ်က ဆင်းသွားတာ ကျွန်မ တွေ့လိုက်တယ်။ “ဘာလဲကွာ-မကလည်း ထမင်းစားနေတာ ဟိုကြည့်ဒီကြည့်နဲ့” မောင် ပြောတာ နားထောင်ရင်း ကျွန်မ စိတ်တွေလွင့်ဝေနေခဲ့ပါတယ်။ ထမင်းစားပြီးပန်းကန်တွေဆေးနေချိန်အနောက်ကနေ“ဖုတ်”ဆိုတဲ့အသံ ကြားလိုက်တယ်။ လှည့်ကြည့်တော့ ဘယ်သူမှလည်း မရှိဘူး။ ဒီညမှာ အိပ် ရာဝင်တဲ့အချိန်ထိ သူမရဲ့ပုံသဏ္ဌာန်က ကျွန်မ မျက်လုံးထဲမှာ စွဲလျက်ပါပဲ။ သူမရဲ့ညည်းညူသံတွေကိုလည်းအဆက်မပြတ်ကြားနေရသလိုပဲ။ သူမကို မြင်ယောင်ရင်း ကျွန်မ အိပ်ပျော်သွားတယ်။ ကျွန်မ ...

ဘာဖြစ်လို့လဲဆရာရဲ့ဘယ်လိုတူးတူး ရတယ်မလား အဓိကက အလောင်းပေါ် လာဖို့ပဲမဟုတႅား “မရဘူးကွ အလောင်းဖော်တယ်ဆိုတာ ခြေရင်းကနေပဲတူးပြီးဖော်ရတယ်ကွ “သြော် ဒီလိုလား ဟုတ်ကဲ့ဆရာသိပါပြီ” ကျော်သူကဖြေလိုက်သည်။ “ဟေ့ ကောင်လှနိုင်တူးလေကွာ ဘာငေး နေတာလဲ “တူး တူး ပါ့မယ်ကွာ ကျော်သူရ” “ဒုတ် ဒုတ် ဒုတ်” ••••• …ညအချိန်တိတ်ဆိတ်နေတုန်းမှာ မြေတူးသံကတစ်ဒုတ်ဒုတ်ကြားနေရသည် လောလောလက်လက်မြေပုံဖြစ်တဲ့ အတွက်သိတ်မတူးလိုက်ရပေ ခဏအတွင်းမှာအခေါင်းပုံးပေါ်လာသည် အခေါင်းပုံးဆိုပေမယ့် အဖြစ်သာလုပ်ထားသည့် ပျဉ်ကြမ်းဖြစ်တဲ့အတွက်ကြောင့် အလွယ်တကူဖွင့်လို့ရနေသည် “ကဲ အခေါင်းပုံး ကိုဖွင့်လိုက်ကြ” “ကျီ ဗျစ် ဒုန်း” သံတူရွင်းဖြင့်ကလော်လိုက်တော့ ...

ပါလာရတာလဲ….” ” မေးမနေပါနဲ့တော့အမေရာ….သားချစ်သူစိတ်ဆင်းရဲတာမမြင်ချင်ဘူး….” ” စိတ်ဆင်းရဲစေချင်လို့အမေမေးတာမဟုတ်ဘူးသား…ဒီကောင်မလေးရဲ့မိဘတွေကကော ဒီကိစ္စကိုသဘောတူမတဲ့လား….အမေတို့ရဲ့အခြေအနေကို ကောင်မလေးမိဘတွေကသိပြီးပြီလား…. သူများသားသမီးကိုယူထားရင် သူ့မိဘအိမ်လောက်မသာရင်တောင် အဲထက်မလျော့ရဘူးသားရဲ့….ခုအမေတို့အခြေနေက….အဟင့်….” ဒေါ်မြဆင့်ကပြောရင်း ရှိုက်သံထွက်ကာပါးပြင်ပေါ်သို့မျက်ရည်များစီးကျလာခဲ့သည်။ သားဖြစ်သူအရွယ်ရောက်ပြီကို သိသော်လည်း စားဝတ်နေရေးကရှိသေးသည်။ တစ်နေ့လုပ်မှတစ်နေ့စားရသူများပေမို့ အနေအစားဆင်းရဲသည်။ ” ကဲပါအမေရယ်….သားတာဝန်ယူနိူင်လို့ခေါ်လာခဲ့တာပေါ့….အမေ့ကိုရော ချယ့်ကိုရော မပင်မပန်းဘဲ လူလည်းလှ ဝမ်းလည်းဝ ထားနိူင်အောင်သားကြိုးစားပါ့မယ်….” ” အမေရယ် မငိုပါနဲ့ ဘယ်လိုအခြေနေဘဲဖြစ်ဖြစ် မောင်ရှိရင်သမီးနေနိူင်ပါတယ်… သမီးကိုလည်း အမေ့သမီးအရင်းတစ်ယောက်လိုပြောဆိုဆုံးမပေးပါ….” ” အေးပါကွယ်….သားတို့သမီးတို့ပင်ပန်းလာကြရောပေါ့ နားလိုက်ကြပါဦး ….အမေလည်းနေမကောင်းလို့ခနနားလိုက်ဦးမယ်…” ဒေါ်မြဆင့်က ဝမ်းနည်းသည့်အမူအရာဖြင့် တဘက်သို့လှည့်ကာ အိပ်နေလိုက်၏။ ************************** ...

မစွံပါဘူးဗျာ” ဟု ကျွန်ုပ်က အားမနာတမ်းပြောလိုက်လေ၏။ ထိုအခါ ဦးမိုးက … “ခေတ်မီတဲ့ လူတော်တော်များများဟာ သူတစ်ပါးရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို အပြစ်တင်လေ့ မရှိဘူးဗျာ။ ထားပါတော့လေ။ ခင်ဗျားက ရင်းနှီးတဲ့သဘောနဲ့ ပြောတာကိုး။ ဒါပေမဲ့ ကျုပ်လုပ်ငန်းကိုတော့ ကျုပ်က အမွန်မြတ်တယ်လို့ ထင်နေတာဗျ။ လူတော်တော်များများဟာ ကိုယ့်အသက်ကို ချောင်ချောင်လေး မွေးနေကြရတယ်။ အန္တရာယ်မရှိတဲ့အလုပ်တွေ ရွေးပြီး လုပ်နေကြတယ်။ ကျုပ်က အဲဒီလို မလုပ်ချင်ဘူး။ အခက်အခဲတွေနဲ့ စွန့်စားပြီးမှ ကျုပ်ရဲ့ အသက်ကို မွေးချင်တယ်။ သူ့အသက်၊ ကိုယ့်အသက်လုပြီးရှာရတဲ့ ထမင်းကိုမှ ...

သူငယ်ချင်း” ခွန်းလှလဲ သူငယ်ချင်းဖြစ်သူကို နှုတ်ဆက်ပြီး ရဲစခန်းအရှေ့က သစ်ပင်အောက်မှာ ထိုင်စောင့်နေတဲ့ အောင်မြတ်သာတို့ရှိရာကို ထွက်လာခဲ့လိုက်တယ်။ ++++++ ဆတ်ဖလူးပင်တွေ အများအပြားပေါက်နေတဲ့ တောင်ကုန်းတစ်ခုအပေါ်မှာ နေချင့်စဖွယ် ဆောက်လုပ်ထားတဲ့ တဲအိမ်တစ်လုံးရှိနေခဲ့တယ်။ တဲအိမ်ရဲ့အပြင်ဘက်မှာတော့ ယောင်္ကျားလေးဝတ် အင်္ကျီအချို့ကိုလှမ်းထားပြီး တဲရဲ့အနောက်ဘက်မှာတော့ ကြည်လင်နေတဲ့ရေတွေအပြည့်ဖြည့်ထားတဲ့ ကျောက်စည်တစ်လုံး။ “ ဘကြီး… ဗျို့ ဘကြီး” တဲအပြင်ကနေ လှမ်းခေါ်နေတဲ့အသံကြောင့် အထဲကနေ အသက်၆၀အရွယ် လူကြီးတစ်ယောက် ထွက်လာပြီး “ မောင်သံတိုင်ပါလား… ဘာကိစ္စများရှိလို့လဲ” “ ကျွန်တော်တို့ ဒီမှာဆက်နေလို့ အဆင်မပြေတော့ဘူးထင်တယ်” “ ...