ဒါဆို ဆရာပြောပုံအရ လမ်းမပေါ်ဆွဲတင်ရမယ့်လူတွေရှိနေတယ်ပေါ့ ဟုတ်လားဆရာ” “အင် အဲ့လိုပြောလည်းရတယ် ဒါပေမဲ့ အခုက ခက်ခဲမယ့်ကိန်းရှိတယ်။ ထားပါ ရွာထဲကိုရောက်မှသိရမှာပေါ့ ရွာနဲ့ကအတော်ဝေးသေးတော့ ညနေလောက်မှရောက်လောက်မယ်ထင်တယ်” သည်လိုနှင့် နှစ်ယောက်သားထွက်လာခဲ့တာအချိန်အတော်ကြာမှာတော့ ထန်းနှစ်ပင်ရွာအထိပ်ကိုရောက်လာခဲ့သည်။ ရွာထိပ်ဇရပ်ကိုတွေ့တော့ ဇရပ်ပေါ်တက်ကာ နားနေဖို့နေရာအတွက်ရပြီးဟုတွေးကာ ဇရပ်ပေါ်ရှိအမိုက်သရိုက်များကိုရှင်းလင်းလိုက်ကြသည်။ဇရပ်ပေါ်မှာတော့ မထင်ထားတဲ့အရာတစ်ခုကို သူရ,ကတွေ့လိုက်ရတော့ ဝမ်းသာသွားခဲ့သည်။ “ဆရာ ဒီဇရပ်မှာ ဘုရားကျောင်းဆောင်နဲ့ ဘုရားဆင်းတုတော်ရှိနေတာပဲဆရာ” “ဟုတ်တယ် ဒါက သာမန်ဆင်းတုတော်မဟုတ်ဘူးသူရ။ ရှေးဆရာတွေဒီရွာကိုရောက်ရင် ဖူးမျှော်ဖို့ ပူဇော်ထားခဲ့တာ။ ဒီဘုရာဆင်းတုတော်နဲ့ကျောင်းဆောင်ကို သာမန်လူတွေမမြင်ရဘူး။ သာမန်ဘဝနဲ့မြင်ရတဲ့သူကတော့ ပဌာန်းဆက်ရှိလို့ပဲသူရ” “ဟုတ်ဆရာ ဒါဆိုကျွန်တော်ဘုရားကျောင်းဆောင်ကိုသန့်ရှင်းရေးလုပ်လိုက်အုံးမယ်ဆရာ” သူရလည်း ...

ဒေါ်ဆူနားတွေး‌ေနေတဲ့အချိန် ကောင်မလေး ကပဲပြုတ်ကိုလက်နဲ့နှိုက်ပြီးအငမ်းမရစားနေခဲ့တယ်။ကောင်မလေးကလည်း ပါးစပ်ကြီးကိုဖြဲပြီး ပဲပြုတ်တွေကိုစားရင်း အရမ်းကြောက်ဖို့ကောင်းတဲ့ ပုံစံကို ပြောင်းလဲသွားခဲ့တယ်။ဒေါ်ဆူနားလည်း ကြောက်လန့်ပြီး အဲ့ဒီနေရာကနေ ပြေးလာခဲ့ကာခရေညိုရွာရဲ့ အိမ်တစ်အိမ်မှာ ဝင်ပြီး နားနေရတယ်။နေတော်တော်မြင့်မှ ခရေဒေါ်ဆူနားတစ်‌ေယောက် ရွတ်မြိုင်ရွာကိုပြန်ခဲ့တယ်။ အဲ့ဒါကတော့ ဒေါ်ဆူနားပြောပြတဲ့ သူ့ရဲ့အဖြစ်ပျက်လေးပေါ့။ဒေါ်ဆူနားလည်း အဲ့ဒီနေ့ကစပြီး ခရေညိုရွာကို ပဲပြုတ်သွားမရောင်းရဲ့တော့ဘူး။ဒီလိုအကြောင်းတွေကြောင့် ခရေညိုရွာနဲ့ ရွတ်မြိုင်ရွာကလူတွေရော ကုက္ကိုလ်ပင်ကြီးကို ကြောက်နေကြတာပေါ့။ ********** နွေရာသီကျောင်းပိတ်ရက် ဖြစ်ပေမယ့် ဆရာလေးမြတ်သာတစ်ယောက် သူ့ရဲ့ဇာတိကိုမပြန်ပဲ ကျောင်းမြေကွက်လပ်က အ‌ေဆာင်(အိမ်)မှာ နေတယ်။ဆရာလေး မြတ်သာက မိဘမဲ့ဖြစ်ပြီး သူငယ်စဥ်က ရွာဦးကျောင်းက မွေးစားပြီး ပညာသင်ပေးခဲ့လို့ ...

ကြောင့် သူရနဲ့ညီအစ်ကို တစ်ဝမ်းကွဲတော်လေ၏။ “ဟ ကိုကြီးပြည့်စုံ လာလေဗျာ ကျုပ်ကဒီမှာဗျ” ကိုကြီး ပြည့်စုံက ဝိုင်းထဲသို့ဝင်လာပြီး ဝါးခမောက်လေးကိုချွတ်လိုက်သည်။ သူရလည်း အိမ်ပေါ်သို့တက်ကာ ရေနွေးကြမ်းပန်းကန်နှင့်လက်ဖက်သုပ်ပေးလိုက်လေ၏။ “ကဲ ကို​ကြီးပြည့်စုံ အမောပြေ အကြမ်းရည်လေသောက် လက်ဖက်ကလေးစားဗျာ” ”အေးကွာ ဒီနှစ်နွေကတော့ အတော့်ကို ပူတာဟေ့” ‘”ဟုတ်ပါ့ ကိုကြီးပြည့်စုံရေ နွေဦးပိုင်းမှာကို ပူတာဗျ” “ကဲထားပါ ငါလာတာ မင်းကိုပြောစရာရှိလို့ကွ” ”နို့ ဘာကိစ္စ လဲဗျ” “ကိုကြီးရဲမာန်ကွာ အခုတလော တစ်မျိုးပဲကွ” ”ဗျာ မနက်က ကျုပ်ဆွမ့်းချိုင့်သွားပို့တုန်းကတောင် တွေ့ခဲ့သေးတယ် ...

လူးအိုင် သို့ဖြစ်သည် ထိုလူးအိုင်တွင်ဖားငါးအလွန်ပေါ၏ လူသူအရောက်အပေါက်နည်း ပြီး သရဲအလွန်ခြောက်သောနေရာဖြစ်သည်။ ကိုမြင့်ဆောင်မီးဖိုထဲသို့ထင်းချောင်းများထပ် ထည့်လိုက်သည် ထင်းတုံးကြီးနှစ်တုံးကိုလည်း ရှေ့သို့ အနည်းငယ်ထပ်တိုးလိုက်၏ မိမိဖားရိုက်ထွက်နေခိုက် နွားကြီးနှစ်ကောင်ခြင်ကိုက်သက်သာစေရန်ဖြစ်သည်။ (၂၊) နေဝင်သွားပြီဖြစ်၍အမှောင်ရိပ်များကြီးဆိုးလာ သည် လက်နှိပ်ဓာတ်မီးကိုအားပြု၍ကိုမြင့်ဆောင်တစ်ယောက် လူးအိုင်ရှိရာဘက်သို့ ထွက်ခဲ့လိုက်တော့သည် သိပ် မကြာခင်မှာပဲ လူးအိုင်ဟုခေါ်သောနေရာသို့ရောက်လာသည်။ အိုင်ကြီး၏ဘေးပတ်လည်မှာ သိုက်ဝါးရုံများ အတော်အတန်ကြီးသောသစ်ပင်ကြီးများရှိသည် လေတစ်ချက်အဝေ့တွင် ဝါးရုံပင်ထိပ်ဖြားသစ်ပင်ထိပ်ဖြားတို့သည် တရှဲရှဲမြည်ကုန်သည် တော်ရုံလူဆိုပါက ထိုလေတိုးသံကိုကြားသည်နှင့်ပင် လှည့်ပြန်ကြမည်ဖြစ်သည်။ မိုးဦးကြစအချိန်ဖြစ်၍ ဖားအော်သံများ ပုရစ် အော်သံများဆူညံနေသည် အသံသာကြားပြီးအကောင် တွေကိုတော့မမြင်ရ ကိုမြင့်ဆောင် လက်နှိပ်ဓာတ်မီးဖြင့် အိုင်စပ်တစ်လျှောက်လိုက်၍ ...

ခဲ့တာ ‌နောက်ပြီး မင်းကိုငါပေးခဲ့တဲ့ ဆေးမြစ်ကိုလည်း သူပဲပေးခဲ့တာ” “အခုရော အဲ့ဒီမှာရှိသေးလားဗျ” ကိုမြင့်ဆောင်မေးလိုက်တော့ “အခုတော့ မရှိတော့ဘူ သူသရဲဘဝကနေ ကျွတ်သွားပြီ” ဦးဖိုးခေါင် ပြန်ဖြေလိုက်တယ် “ဘာလို့ ကျုပ်ကို ဆေးမြစ်ပေးတာတုန်” ကိုမြင့်ဆောင်အမေးကို ဦးဖိုခေါင်ကြီးက ပြန်ဖြေလိုက်သည် “အေး အဲ့ဒီဆေးမြစ်မင်းဆီမှာ ရှိနေတော့ အခုလို လွယ်လွယ်ကူကူ လာလို့ရတယ် အခက်အခဲ မရှိတော့ဘူး” ဦးဖိုးခေါင်ဆက်၍ “ဒါပေမဲ့ မင်းကိုသတိပေးစရာတခုတော့ရှိတယ် အဲ့ဒီဆေးမြစ်ကို မင်းရဲ့ လက်နဲ့ဆုပ်ကိုင်ထားရင်တော့ ငါတို့လိုနာနာဘာဝ မကောင်းဆိုးဝါးတွေကို သူတို့ရဲ့ပုံပန်းသဏ္ဍန်အစစ်အမှန်အတိုင်း မြင်‌နေရလိမ့်မယ် ငါနဲ့ ငလူးကြီးကိုမင်းတွေ့ရသလိုပေါ့” ...

လက်အုပ်ချီထားတဲ့ ထွေးစိန် မျက်လုံးတွေ ပြူးဝိုင်းပြီး တကိုယ်လုံးတုန်နေတယ်။ “ အေး အခု နင့်သားကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်သေအောင် ငါတခါတည်းသေအောင် လုပ်လိုက်ရလို့နော် ” “ မလုပ်ပါနဲ့…မလုပ်ပါနဲ့ … အမေ …ဒေါ်ကျတ်ကြီးကို ပြောပါဦး ကျုပ်သားလေးကို မလုပ်ပါနဲ့လို့ ” အဘွားအိုက ဝုန်းခနဲ တခါခုန်လိုက်ပြန်တယ်။ “ ဟဲ့…ထွေးစိန်၊ နတ်ဝင်နေတာကို အဲ့လို မပြောရဘူး။ ဒီကောင်မလေးနဲ့တော့ ” ဆိုတဲ့ အထိတ်တလန့်သံတွေ ထွက်လာတယ်။ “ အမိုက်အမဲမို့ မသိလို့ပါဘုရား၊ မသိလို့ပါ…ထွေးစိန်ဟဲ့ ...

သွေးပွက်ပွက်အန်ကာ၊ လူးလှိမ့်ရင်း ဆန့်ငင် ဆန့်ငင် ဖြစ်ကာ၊ သေသွားသူကို ကြည့်ရင်းမှ ရှေးလူကြီးသူမများ၏ စကားကို ငတော ပိုသဘော ပေါက်သည်။ အချို့ မြွေက ဆေးမမီ။ အချို့မြွေက ကုသခွင့်မပေး။ အချို့မြွေက ဆေးမီသည်။ အချို့ မြွေက ကုသခွင့်ပေးသည်။ သည်အချက်ကို လက်တွေ့ မျက်မြင် ငတော သင်ခန်းစာ ရခဲ့ ၏။ သင်ခန်းစာရခဲ့သောကြောင့် ငတော မြွေမဖမ်းဘဲ နေခဲ့သလား၊ နေမရပါ။ မြွေဖမ်းသမားဟူသည်၊ ကြာကြာဝါးမှ ခါးမှန်းသိလာသူ မဟုတ်။ ခါးမှန်းသိပါလျက်နှင့် ကြိတ်မှိတ် ...

လူငယ် တစု ပျော်ပါးပြီး သီဆိုနေသည့်အသံက ရွာ၏ နေရာအတော် များတွင် လွင့်ပြန်လျက်ရှိသည်။သဘောရိုး နှင့် သီဆိုပျော်မြူး နေပေမဲ့ စိတ်တွင်တော့ ကြိတ်မနိုင် ခဲမရဖြစ်လို့ နေသည့်သူမှာ တော့ အခြားသူ မဟုတ်ပေ ဦးပေါက်စ၏ သမီး မြကေသီ ဖြစ်လေသည် ။      မြကေသီသည် အိမ်ပေါ်မှ နေ၍ ပြတင်းတံခါးကို ဖွင့်လိုက်ပြီး     “ဟဲ့ အောက်က တယောက် အပေါ်တက်ခဲ့စမ်း “     “ဟုတ်ကဲ့ပါ မမလေး “    ...

လက်မှတ်လောက်က အခုထိုးပေးတောင်ရတယ်။ သူတို့ဘက်ကသာ ကတိတည်ပါစေ။ ကျုပ်ကဘယ်နေ့သွားအိပ်ရမှာလဲ” “ ဒီညပဲငါ့ကောင်၊ အော် ငါတစ်ခုပြောဖို့မေ့သွားတာ သူတို့ကလဲ မင်းကိုခြံအပြင်မလှမ်ရမကမ်းကနေ စောင့်ကြည့်နေမှာ။ သူတို့က မင်းနာမည်ကိုခေါ်တဲ့အချိန်ကျရင်တော့ ပြူတင်းပေါက်ကနေ လက်ထွက်ပြရမယ်။ ဒါမှလဲ မင်းအထဲမှာရှိမရှိသူတို့သိမှာလေ” “ ရတယ်လေ ကျုပ်သဘောတူတယ်။ အထဲကိုတော့ ကျုပ်ကြိုက်တာယူသွားလို့ရတယ်မလား” “ မင်းဘက်ကတော့ ကြိုက်တာယူလို့ရတယ်။ ဒီညနေ အသင့်ဖြစ်ရင် နှစ်ဖက်တွေ့ပြီး စကြတာပေါ့” ———————- ညနေရောက်တော့ ပွဲစားစိန်ဟန်က မြင့်နိုင်အရှေ့မှာတင် ရွှေတစ်ကျပ်သားထည့်ထားတဲ့ဘူးကို ကိုအောင်သိန်း လက်ထဲထည့်ပြီး “ မင်းနိုင်ရင် ဒီဘူးကိုယူသွားပေတော့။ ...

များသည် ကိုဆင်၏စိတ်တွင် ပေါ်လာကြလေသည်။ ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲတယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးဈေးကျခိုက်ဖြစ်သဖြင့် ခွက်ခွက်လန်အောင် ရှုံးပါလေ၏။ နောက်တနှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှါး ဆင်းထွန်ပြန် သည်။ ထွန်သွားထိသဖြင့် ခြေသလုံးဝယ် သွေးစက်စက်နှင့် အိမ်သို့ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်လောက် ကုယူရလေသည်။ ၂။ အနာကျက်သောနေ့တွင် ကိုဆင်၏အသက် လေးဆယ့်သုံးနှစ်ပြည့်ပြီ။ အသားအနာက ကောင်းစွာကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစပြုလာပြီ။ မဖော့သည် ခါတိုင်းကဲ့သို့ပင် ဈေးသို့ထွက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားလေသည်။ ...