လူးအိုင် သို့ဖြစ်သည် ထိုလူးအိုင်တွင်ဖားငါးအလွန်ပေါ၏ လူသူအရောက်အပေါက်နည်း
ပြီး သရဲအလွန်ခြောက်သောနေရာဖြစ်သည်။
ကိုမြင့်ဆောင်မီးဖိုထဲသို့ထင်းချောင်းများထပ်
ထည့်လိုက်သည် ထင်းတုံးကြီးနှစ်တုံးကိုလည်း ရှေ့သို့
အနည်းငယ်ထပ်တိုးလိုက်၏ မိမိဖားရိုက်ထွက်နေခိုက်
နွားကြီးနှစ်ကောင်ခြင်ကိုက်သက်သာစေရန်ဖြစ်သည်။
(၂၊)
နေဝင်သွားပြီဖြစ်၍အမှောင်ရိပ်များကြီးဆိုးလာ
သည် လက်နှိပ်ဓာတ်မီးကိုအားပြု၍ကိုမြင့်ဆောင်တစ်ယောက် လူးအိုင်ရှိရာဘက်သို့ ထွက်ခဲ့လိုက်တော့သည် သိပ် မကြာခင်မှာပဲ လူးအိုင်ဟုခေါ်သောနေရာသို့ရောက်လာသည်။
အိုင်ကြီး၏ဘေးပတ်လည်မှာ သိုက်ဝါးရုံများ အတော်အတန်ကြီးသောသစ်ပင်ကြီးများရှိသည်
လေတစ်ချက်အဝေ့တွင် ဝါးရုံပင်ထိပ်ဖြားသစ်ပင်ထိပ်ဖြားတို့သည် တရှဲရှဲမြည်ကုန်သည် တော်ရုံလူဆိုပါက ထိုလေတိုးသံကိုကြားသည်နှင့်ပင် လှည့်ပြန်ကြမည်ဖြစ်သည်။
မိုးဦးကြစအချိန်ဖြစ်၍ ဖားအော်သံများ ပုရစ်
အော်သံများဆူညံနေသည် အသံသာကြားပြီးအကောင်
တွေကိုတော့မမြင်ရ ကိုမြင့်ဆောင် လက်နှိပ်ဓာတ်မီးဖြင့်
အိုင်စပ်တစ်လျှောက်လိုက်၍ ရှာကြည့်သည်
ဟော ဟိုမှာ ဓာတ်မီးရောင်အောက်တွင်တွေ့ရသော
ဖားပေါင်စင်းကြီးတစ်ကောင် လက်လေးလုံးခန့်ရှိသည်
ကိုမြင့်ဆောင် လက်မှအသင့်ကိုင်လာသော ဖားရိုက်ကြိမ်
လုံးဖြင့် ဖြန်းကနဲရိုက်ထည့်လိုက်သည် ဖါးပေါင်စင်းကြီး
ခါးကော့လျှက်ညိမ်သွားသည် ထိုအခါကြမှ အသာကောက်၍ နောက်ကျော၌လွယ်ထားသော ပလိုင်းထဲသို့ လှည့်မကြည်ပဲထည့်လိုက်သည် သူ၏မျက်လုံးတွေကဖားအော်သံကြားသည့်နေရာတွေကိုသာလိုက်၍ကြည့်နေသည်။
ကိုမြင့်ဆောင်တစ်ယောက် ဖားများများရဖို့သာ
အာရုံရောက်နေပြီး ပတ်ဝန်းကျင်ကိုမေ့လျော့နေသည်
သူ၏နောက်မှာမည်းမည်းအကောင်ကြီးတစ်ကောင်ရောက်နေသည်ကိုသူမသိ ထိုအကောင်ကြီးသည် သူဖား
ပေါင်းစင်းကြီးစရိုက်လိုက်တဲ့အချိန်ထဲကပင်သူ့နောက်၌ရပ်နေလေသည်။နောက်ပြီးကိုမြင့်ေဆာင်ပလိုင်းထဲထည့်လိုက်သည့် ဖားပေါင်စင်းကြီးကို သူ၏လက်မဲမဲကြီးဖြင့်အသာနှိုက်၍စားပြစ်လိုက်သည်။
ဒီလိုနဲ့ ကိုမြင့်ဆောင်က ရှေ့ကဖားရိုက်ပြီးကောက်
ထည့်လိုက် သူ့နောက်က အကောင်မည်းမည်းကြီးက နှိုက်စားလိုက်ဖြင့်ကိုမြင့်ဆောင်နောက်ကို တကောက်ကောက်လိုက်နေသည်။
အတန်ကြာတော့မှကိုမြင့်ဆောင် တစ်ခုခုကို
သတိထားမိလိုက်သည် ခဏရပ်လိုက်ပြီး သူကျောဘက်
မှာလွယ်ထားသည့်ဖားထည့်သည့်ပလိုင်းကို ရှေ့သိုယူ၍
လက်ဖြင့်လှုပ်ကြည့်လိုက်သည် ထို့နောက်ပလိုင်းထဲသို့
ဓာတ်မီးဖြင့်ထိုးကြည့်လိုက်သည် ဖားတစ်ကောင်မျှရှိမနေတော့။သူရှာထားသည်မှာဖားအကောင်တော်တော်
များနေပြီဖြစ်သော်လည်းယခုတစ်ကောင်မှမရှိတော့
“လူးအိုင်ထဲကိုတော့ ဖားငါးသွာရှာမနေနဲ့ ရတဲ့ဖားသရဲစားလို့ကုန်မှာပဲ ဆိုပြီးပြောတတ်ကြတဲ့လူကြီး
တွေရဲ့ပြောစကားကို ကိုမြင့်ဆောင် သတိရလိုက်မိသည်
အခု ထိုပြောစကားကိုလက်တွေ့ကြုံနေရပြီဖြစ်သည်။
အနီးအနားပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လည်း ဘာမ မရှိဘာကောင်မှမတွေ့ရ သစ်ပင် တွေပေါ်
ကိုလည်းဓာတ်မီးဖြင့်ထိုးကြည့်သည် သစ်ရွက် လေတိုး
သံ တဖျောဖျော မှလွဲ၍ဘာမျှမထူးခြား သိုက်ဝါးရုံတောဘက်ကိုကြည့်လိုက်သည် ဝါးရွက်လေတိုးသံတရှဲရှဲနှင့်
ဝါးရုံပင်အဖျားများကလူးလွန့်နေသည်။
ကိုမြင့်ဆောင် ပလိုင်းအား ကျောဘက်တွင်
မလွယ်တော့ဘဲရင်ဘတ်ရှေ့တွင်ထားလိုက်သည်ထို့နောက် ဘာဖြစ်ဖြစ် ဒီညတနပ်စာတော့ရအောင်
ရှာသွားမှဖြစ်မည်ဟုတွေးရင်းမပြန်သေးဘဲဆက်ရှာနေလိုက်သည်
သိပ်မကြာလိုက်ပါ ဖား အကောင်ခပ်ကြီးကြီး
လေးကောင်ရလိုက်သည် ဒီလောက်ဆိုသူ့အတွက် ည
စာလုံလောက်သည် ဒါကြောင့် ကိုမြင်ဆောင့် တဲသို့ပြန်
ရန် လူးအိုင်အထက်တောင်ကျောပေါ်သို့တက်ခဲ့လိုက်သည်။ ထိုတောင်ကျောလေးပေါ်မှ တဖက်အိုင့်လေးထဲသို့
ဆင်းထိုအိုင့်လေးထဲမှနောက်တောင်ကုန်းလေးပေါ်သို့တက်လိုက်ပါကသူ၏တဲသို့ရောက်မည်ဖြစ်သည် ခရီးက
သိပ်မဝေးလှ
ကိုမြင့်ဆောင်လူးအိုင်အထက်တောင်ကျောလေးပေါ်သို့အရောက်လူးအိုင်ဘက်မှ တဝေါဝေါ အသံကြီးကိုကြားလိုက်ရသည် သူနောက်လည့်ကြည့်လိုက်တော့ အိုင်ဘေးမှာပေါက်နေသည့် သစ်ပင် သိုက်ဝါးရုံပင်
တွေဟာလေပြင်းတိုက်သလိုလှုပ်ရမ်းနေတာကိုတွေ့လိုက်
ရသည် ထိုအခိုက်မှာပဲ ကိုမြင့်ဆောင်ရောက်နေသည့်
တောင်ကုန်းလေးပေါ် သို့မည်းမည်းအကောင်ကြီးတစ်ကောင်ပြေးတက်လာတာကိုမြင်လိုက်ရတယ် သူလည်း
လွယ်အိပ်ထည်းမှလေးခွကိုထုတ်ကိုင်ကာ သူ့ဆီလာပါက
လေးခွဖြစ်ပစ်ရန်အသင်ပြင်ထားလိုက်သည်။
သို့သော်ထိုမည်းမည်းအကောင်ကြီးက လမ်းခု
လပ်မှာတင်ေပျာက်သွားသည်ကိုမြင်လိုက်ရပြန်သည်
ကိုမြင့်ဆောင်လည်းတဖက်အိုင့်လေးထည်းသို့ဆင်းခဲ့လိုက်တယ် နောက်ထိုအိုင့်လေးထဲမှတစ်ဘက်တောင်ကုန်းလေးပေါ်သိုဆက်တက်လာခဲ့လိုက်ပြန်သည်။
(၃)
တောင်ကုန်းလေးတစ်ဝက်လောက်အရောက် ကုန်းထိပ်ပေါ်မှ လူတစ်ယောက်ကသူ့ကို ခါးထောက်၍ကြည့်နေသည်ကိုလှမ်းမြင်လိုက်ရသည် ထိုသူရပ်နေသောနေရာသည် ဦးဘိုးခင်ယာခင်ခရိုးအစပ်
မှာဖြစ်ပြီး သူဆောက်ထားသည့်တဲလေး၏ အနောက်ဘက်ခပ်လှမ်းလှမ်းနေရာဖြစ်သည်။
ကိုမြင့်ဆောင်တက်လာသည့်ကုန်းငယ်သည်
နှမ်းကြဲရန်ထယ်ထိုးထားသည့် ထယ်ရေးပြင်ဖြစ်၍
ထိုသူရပ်နေသည်ကို ကောင်းကောင်းမြင်နေရသည်
ထိုသူသည် မည်သူများလဲ ဦးဘိုးခင်တော့ မဖြစ်နိုင်
ဤကဲ့သို့ညအချိန်ကြီးရောက်မှ ဦးဘိုခင်သည် ဤတော
ထဲသို့မလာနိုင် နေ့လယ်နေ့ခင်း ပင်လျှင်သူသည်မလာ
သူရင်းငှားနှင့်သာ ဤကျတ်တက်လျှို လယ်များကိုလွှတ်
ထားသူဖြစ်သည်။
ဤအနီးအနားပတ်ဝန်းကျင်မှာလည်း သူ့လို
တဲထိုး၍နေထိုင်သူ တစ်ယောက်မျှမရှိ ဒါမမဟုတ် ထိန်ပင်ရွာသို့သွားမည့်သူလား ထိန်ပင်ရွာသည် သလဲကုန်းရွာ
၏နောက်ဘက်အရပ်မှာရှိသောရွာတစ်ရွာဖြစ်သည်။ခရီး
သွားရင်းမိုးချုပ်လာ၍သူ့တဲသို့ဝင်နေချင်းများလား ဒါလဲ
မဖြစ်နိုင် ဤကျတ်တက်လျှိုနှင့် ထိန်ပင်ရွာသို့သွားသော
လမ်းသည်အတော်ဝေး၏ လမ်းခရီမသင့် အမျိုးမျိုးစဉ်း
စားနေမိသည်။
“ပြန်လာပြီလားကွ”
ထိုသူသည် ခြောက်ကပ်အက်ကွဲနေတဲ့ အသံကြီးဖြင့်ကိုမြင့်ဆောင်ကိုလှမ်းမေးသည်
“ဦးကြီးက ဘယ်သူတုန်း ဒီကိုဘာလာလုပ်တာတုန်း”
ကိုမြင့်ဆောင် စေ့စေ့ကြည့်၍ ထိုသူ၏အမေးကို မဖြေပဲ
ပြန်မေးလိုက်သည်။အသက်ခြောက်ဆယ်ကျော် အရွယ်မျှရှိနေပြီး တောင့်တင်းခိုင်မာသော ကိုယ်လုံးကိုယ်ထည်
ရှိသူဖြစ်သည်။ထိုသူသည်သူ၏အမေးကိုမဖြေ ဖားထည့်
ထားသည့်ပလိုင်းကိုသာစူးစိုက်ကြည့်နေပြီ။
“ဖားတွေ ဘယ်မှာတုန်း ပြစမ်း”
အက်ကွဲခြောက်ကပ်နေသည့် အသံကြီးနှင့် ထပ်းမေးပြန်သည် ကိုမြင့်ဆောင်ကိုမကြည့် သူ၏အကြည့်က
ဖားထည့်ထားသည့် ပလိုင်းပေါ်မှာသာရှိနေ၏။
“လေးငါးကောင်လောက်ပဲရခဲ့တယ်ဗျာ့ ပလိုင်း
ထဲမှာထည့်လာတယ်”
ထိုသို့ကိုမြင့်ဆောင် ပြန်ဖြေလိုက်တော့ ထိုလူကြီး
သည် တဝါးဝါးတဟားဟား ရယ်လေသည် ။ထိုရယ်
သံကြီးက တတောလုံးဟိန်းထွက်သွားပြီ အိပ်တန်းဝင်
ငှက်တွေတောင်လန့်ပြန်ကုန်သည်။ထိုလူကြီးကဆက်
ပြောလိုက်တယ်
“ဒါကြောင့် ဒီကောင် ဒီအထိလိုက်လာတာကိုး ”
ထိုလူကြီး၏ပြောစကားကြောင့် ကိုမြင့်ဆောင်
နောက်လှည့်ကြညိ့လိုက်တယ် ဘာမှမတွေ့ရ ဟိုဟိုဒီ
ဝေ့ကြည့်လိုက်ပြန်တော့လည်းအနီးပတ်ဝန်းကျင်မှာ ခွေး
တစ်ကောင်ကြောင်တမြီးမှမတွေ့ရ။
“ဦးကြီး ဘယ်သူ့ကိုပြောနေတာတုန်းဗျ ”
ကိုမြင့်ဆောင်မေးလိုက်တယ် ထိုလူကြီးက
“မင်းနောက်ကလိုက်လာတဲ့ကောင်လေကွာ”
ကိုမြင့်ဆောင်
“ဖားသွားရိုက်တာ ကျွန်တော်တစ်ယေက်ထည်းပါ
ဘယ်သူမှမပါပါဘူး” ထိုလူကြီးက
“သွားတုန်းကတော့ မင်းတစ်ယောက်ထည်းပေါ့ကွ
အပြန်ကြမှဒီကောင်လိုက်လာတာ ”
ထိုလူကြီးပြောပြီးရယ်နေပြန်သည် ကိုမြင့်ဆောင်
ထပ်၍နောက်လှည့်ကြည့်လိုက်ပြန်သည်။
“မင်းမမြင်ရပါဘူးကွာ ကြည့်မနေနဲ့ သွား တဲသွား
ပြီးဟင်းသွားချက်လိုက်တော့ ငါလဲဗိုက်ဆာနေပြီ”
ကိုမြင့်ဆောင်က
“ဒါပေမဲ့ ဦးကြီးက ဘယ်သူ ဘယ်ဝါဆိုတာ ကျွန်တော်”
ကိုမြင့်ဆောင့်၏မေးခွန်းပင်မဆုံးလိုက် ထိုလူကြီးက
“ဒါတွေနောက်တော့ သိရမှာပေါ့ကွာ ဟင်းသာမြန်မြန်
သွားချက်စမ်းပါ ငါဒီကောင်နဲ့ စကားပြောလိုက်ဦးမယ်”
ကိုမြင့်ဆောင် တစ်ခုခုကို သိလိုက်သည် ဤလူကြီး
သည်ဘယ်နည်းနဲ့မှလူစင်စစ် မဖြစ်နိုင် တစ္စေ သရဲ တစ်
ကောင်သာ ဖြစ်လိမ့်မည် ကြောက်စိတ်တော့ သိပ်မဖြစ်မိ
ဒါပေမဲ့သတိတော့ထားနေရသည်။ ကိုမြင့်ဆောင် ထိုလူ
ကြီးနံဘေး လက်တစ်လံကျော်အကွာလောက်မှကပ်၍
တဲရှိရာဘက်သို့ လျှောက်လာ၏။သူခြေဆယ်လှမ်းလောက်အရောက်မှာ ထိုလူကြီး တစ်စုံတစ်ယောက်အား
လှမ်းပြီးစကားပြောနေသံကိုကြားလိုက်ရသည်။
“ဟေ့ကောင် ငလူး ရောက်လာပြီးမှတော့ တစ်ပွဲတစ်
လမ်းနွှဲလိုက်ကြသေးတာပေါ့ ”
ကိုမြင့်ဆောင် ခြေလှမ်းကိုရပ်ပြီးနောက်လှည့်ကြည့်လိုက်တယ် ထိုလူကြီးက ခါးကြီးထောက်လျှက်
မိမိတက်လာသော ထယ်ရေးပြင်ကုန်းလေး၏ ခြေရင်း
သို့စိုက်ကြည့်ပြီးပြောနေတာကို တွေ့လိုက်ရတယ်
ထိုလူကြီးပြောသည့် ငလူးဆိုသူသည်မှာ ဘယ်
သူလဲ ရွာထဲမှာလည်း ထိုနာမည်နှင့်လူတစ်ယောက်မှမရှိ
တစ်ခြားရွာသား တစ်ယောက်များဖားငါးရှာ ရင်း ဒီလျှို
ထဲသို့ရောက်နေချင်းလား ကိုမြင့်ဆောင် မသွားသေးဘဲ
ရပ်၍နားထောင်နေလိုက်သည်။
“ဟား ဟား ဟား…မကျေနပ်ရင် လာပြန်ယူလေကွာ”
တစ်ဖက်မှဘာပြောလိုက်သည် မသိလိုက်ပေမဲ့ ထိုလူ
ကြီး၏ပြန်ဖြေသံကိုတော့ကြားရသည်။
“မင်း ညံ့လို့မင်းခံရတာ ဘာမကျေမနပ် ဖြစ်နေတာတုန်း”
“ငါ့နယ်ထဲ ဝင်လာရင်တော့ ငါနဲ့တွေ့ မှာပဲ”
“ဟား ဟား ဟား ဟား ”
“ဖိုးခေါင်ဆိုတဲ့ ငါကလည်း ဒါမျိုးမှကြိုက်တာကွ”
ထိုတော့မှထိုလူကြီး၏ နာမည်မှာ ဖိုးခေါင်ဖြစ်မှန်း
သိလိုက်ရတယ် ဒါပေမဲ့ ရွာထည်းမှာတော့ ငလူး ဆိုတဲ့
နာမည်နှင့်လူမရှိသလို ဖိုးခေါင်ဆိုသူလည်းမကြားဘူး
“အေးငါပြန်လာခဲ့မယ် မင်းသာပြန်မသွားနဲ့”
ထိုသို့ပြောပြီးထိုလူကြီး တဲဘက်သို့ ပြန်လာသည်
ကိုမြင့်ဆောငိကိုလည်း
“မင်း အခုထက်ထိ မသွားသေးဘူးလား ငလူး ဂုတ်လာ
ချိုးမှာကိုစောင့်နေတာထင်တယ် ဟား ဟား ဟား”
အော်ရယ်ပြီး တဲဘက်သို့ ထွက်သွားသည် ကိုမြင့်ဆောင်လည်း နောက်မှလိုက်သွားသည်။
(၄)
ဖိုးခေါင်ဆိုသူ ထိုလူကြီးသည် တဲတံစက်မြိတ်အောက်မှငုံ့၍ တဲအတွင်းထဲဝင်ကာ တဲစင်ပေါ်၌ ထိုင်လိုက်သည် ကိုမြင့်ဆောင် အတော်အံဩသွားသည်
ဘာလို့လဲဆိုတော့ သူထင်ထားသည်မှာ ထိုလူကြီးသည်
တစ္စေ သရဲ တစ်ကောင် ဖြစ်သည်ဟုပင် အိမ်မွေး တိရစ္ဆန် တွေဟာ သရဲ တစ္စေ တွေကို မြင်ရပါက အလွန်ပင်
ကြောက်လန့်တတ်ကြသည် မဟုတ်ပါလား အခုတော့အဲ့
လိုမဟုတ် တဲထဲမှာချည်ထားတဲ နွားကြီးနှစ်ကောင်က
ထိုလူကြီးဝင်လာသည်ကို လန့်ဖြတ်၍မသွား အေးအေး
စေးစေးပင် တွေ့နေမြင်နေကြ သခင်တစ်ဦးလိုဖြစ်နေသည်မှာ ထူးဆန်းလွန်းလှသည် သူများအထင်လွဲနေရော့သလား။
“မြင့်ဆောင့် မြန်မြန် ချက်ကွာ စားသောက်ပြီးရင်
သွားစရာရှိသေးတယ်”
ထိုစကားကြားလိုက်တော့ ကိုမြင့်ဆောင် ပို၍ပင်
အံဩသွားရပြန်တယ် ဒီလူကြီး သူ့ရဲနာမည်ကို သိနေပါလား နောက်ပြီးဦးဖိုးခေါင်၏ပုံမှာ ဒီနေရာကို သူအရင်ပင်
လာရောက်နေထိုင်ဘူးသည်ပုံစံမျိုး ဦးဘိုးခင်၏ အရင်
လယ်သူရင်းငှား တစ်ယောက်ယောက် ဖြစ်နေမလားဟုပင် တွေးလိုက်မိသည်။
“ချက်စရာ ရှိတာသာချက်စမ်းပါကွာ ဒါတွေနောက်တော့ သိလာပါလိမ့်မယ်”
ဦးဖိုးခေါင် သူ့ရဲအတွေးကိုပင် သိနေရော့သလား
ခန့်မှန်းပြီးပဲပြောတာလား ကိုမြင့်ဆောင်လည်းဘာမှ
စဉ်းစားမနေတော့ ဗိုက်လည်းဆာလာပြီမို့ ဟင်းချက်ရန်
သူရလာတဲ့ဖားတွေကို အူထုတ် ဗိုက်ခွဲ ဆေးကြောရန် ရေ
အိုးနားသို့ သွားသည်။
“ငါ့အတွက် ဖားကို အူတွေဘာတွေထုတ်မနေနဲ့ကွာအကောင်လိုက်သာ ချက်လိုက် အစိမ်းစားရင် ပိုတောင်ကောင်းသေး မင်းရှိနေလို့ ”
သူရလာတဲ့ဖားကြီးတွေကိုလှမ်းကြည့်ရင်းပြော
လိုက်တော့ ကိုမြင့်ဆောင်ဦးဖိုးခေါင်ကို ငဲ့ကြည့်လိုက်တယ် ဦးဖိုးခေါင် သူ့ရဲ့နှုတ်ခမ်းကို လျှာကြီးဖြင့် သပ်နေ
တာတွေ့လိုက်ရတယ် မျက်လုံးကြီးတွေကလည်း တွေ့စ
ထက်ကပင်ပြူးကျယ်ပြီး နီကျင်ကျင် အရောင်ကြီး ဦးဖိုးခေါင်ဟာ သူထင်ထားသလိုပင် သရဲ တစ်ကောင်ဖြစ်သည်ဆိုတာ စိတ်ကအလိုလိုသိနေသည် ဒါပေမဲ့ သူ့ကိုေတာ့အန္တရာယ် ပြုမဲ့ပုံမပေါ် ဘာပဲဖြစ်ဖြစ်ပေါ့ပေါ့စစ နေလို့တော့မဖြစ်မှန်း ကိုမြင့်ဆောင် သိလိုက်သည်။
ဦးဖိုးခေါင် မီးဖိုပေါ်ကဟင်းအိုးကို ခဏခဏ ကြည့် နေတယ် နှုတ်ခမ်း တပြင်ပြင်နဲ့ ပါးစပ်ကလည်း
ကြာလိုက်တာကွာ ကြက်သေးဘူးလား ထိုစကားကို
မကြာမကြာ ပြောနေတယ် ကိုမြင့်ဆောင်ကတော့ မီးဖို
နားမှာထိုင်ပြီး ဟင်အိုးကို ကြည့်နေတယ် ထိုအခိုက်မှာပဲ
ဦးဖိုးခေါင်တဲပေါ်ကဆင်းလာပြီးထမင်းအိုးကိုလှပ်ကြည့်နေသည်
“ထမင်းကလည်းနည်းလိုက်တာကွာ ဘယ်လိုလုပ်ဝမှာလဲ”
ပြောပြောဆိုဆို ဆန်နို့ဆီ နှစ်လုံးချက်ထားတဲ ထမင်းအိုး
ကို ယူပြီး တဲစင်ပေါ်တက်ကာ ဆောင့်ဆောင့်ကြီး
ထိုင်ထမင်းအိုကိုရှေ့မှာချလိုက်တယ် နောက်
“မြင့်ဆောင် ယူခဲ့တော့ကွာ ”
တိုတိုတုတ်တုတ်ကြီးပြောပြီး ဟင်းအိုးကိုသာ လှမ်း၍းကြည့်နေတယ် ဖားတွေရဲ့
အသားက ကျက်ဖို့ အတော်ပင် လိုသေးသည် ချက်တာ
ပင်သိပ်မကြာတတ်သေး အပွက်ညီရုံပဲ ရှိသေးသည်။
ကိုမြင့်ဆောင်ဘာမှပြောမနေတော့ ပြော၍လည်း
ရမည်မဟုတ် ဟင်းအိုးကိုသာ လက်ခုစုတ်ဖြင့်မပြီး
ဦးဖိုးခေါင်ရှေ့ချပေးလိုက်တယ် မီးဖိုနားရပ်ကာကြည့်နေ
လိုက်သည် မီးဖိုပေါ်က အခုမှချခါစဟင်းအိုးပူပူလောင်လောင်ကြီးထဲကို လက်ကြီးတဖက်ဖြင့်နှိုက်၍အကောင်လိုက် ထည့်ထားတဲ့ဖားတကောင်ကို ယူလိုက်ပြီး ပါးစပ်ထဲထိုးထည့်ကာ အငမ်းမရစားလိုက်တော့သည်။
ထမင်းကိုလည်းလက်ကြီးတဖက်ဖြင့်ကုပ်ပြီးအားရပါးရစားလိုက်တယ် ဖားဟင်းတွေကိုဝါးလိုက်တဲ့
အသံကလည်း တဂျိုးဂျိုး တဂျွတ်ဂျွတ် သိပ်မကြာပါ
ထမင်းနှင့်ဟင်းအားလုံးအကုန် ကုန်သွားသည်။
“မြင့်ဆောင် မင်းစားဖို့ ထပ်မချက်တော့ဘူးလား”
ဦးဖိုးခေါင် အာလုပ်သံကြီးဖြင့်မေးသည် ကိုမြင့်ဆောင်
ပြန်မဖြေ သူစားနေတာကိုမြင်နေရတာနဲ့တင် ဗိုက်ဆာနေ
တာတွေပါ ပျောက်ကုန်သည် ထမင်းစားချင်စိတ်ပင် မရှိ
တော့
“ငါကတော့ဗိုက်ဝနေမှဖြစ်မယ်ကွ တော်ကြာ ငလူး
နဲ့ နပန်းလုံးရဦးမှာ မင်းကြည့်ရဲရင် လိုက်ခဲ့လေကွာ”
ဦးဖိုးခေါင် စကားကို ကိုမြင့်ဆောင် နားမလည်
ဒါကြောင့်
“ဦးကြီးတို့က ဘာကြောင့် နပန်းလုံးကြမှာတုံးဗျ
ငလူးဆိုတာကရော ဘယ်သူတုန်း ”
” ငလူး ဆိုတာ မင်းအနောက် ကပါလာတဲ့ အကောင်လူးအိုင် ထဲကနေလိုက်လာတာ မင်းကိုလည်း မကျေနပ်ဘူး”
ကိုမြင့်ဆောင်မေးတာကို ဦးဖိုးခေါင် ပြန်ဖြေလိုက်တယ်
“ကျုပ်ကို ဘာလို့မကျေနပ် ရတာလဲဗျ ”
ကိုမြင့်ဆောင်ထပ်ေမးလိုက်တော့
“သူ့အိုင်ထဲက ဖားတွေကို မင်း ယူခဲ့လို့ပေါ့ကွ ဒီကောင်က သူ့ဖားတွေငါးတွေကို တစ်ယောက်မှကို မပေးချင်ဘူး မတော်လို့ ယူလာခဲ့မိရင်တော့ နောက်ကလိုက်ပြီး ဂုတ်ချိုး သတ်တဲ့ကောင် မင်းနောက်ကိုလိုက်လာတာလဲ အဲ့လိုလုပ်ဖို့ပဲ ဒါပေမဲ့ ဒီကောင်ကြီး မင်းအနားကို ကပ်လို့မရဘူးဖြစ်နေတယ် ဒီလိုမှမဟုတ်ရင်တော့ အဲဒီအိုင်နားမှာတင် မင်းသေနေလောက်ပြီ”
ဦးဖိုးခေါင်ပြောပြမှ ကိုမြင့်ဆောင် သိလိုက်ရသည်
လူးအိုင်အထက်ဘက်ကုန်းလေးပေါ်ကနေလှမ်းမြင်
လိုက်ရတဲ့နောက်ကမဲမဲ အရိပ်ကြီးက သရဲကြီး ငလူး
သူ့နောက်လိုက်လာခြင်းပင် ဖြစ်ပေလိမ့်မည်။
(၅)
ကိုမြင့်ဆောင်တဲအပြင်ဘက်ကိုကြည့်လိုက်သည်
လရောင်ခပ်ရေးရေးအောက်မှာ သစ်ပင်ကြီးငယ်နှင့်ချုံဘုတ်ပင်များသည်ညိမ်သက်လျှက်ရှိနေသည် ထိုအချိန်
တဲအနောက်ဘက် ခပ်ဝေးဝေးဆီမှတဂီးဂီးနှင့်ငှက်ဆိုး
ထိုးသံကြားလိုက်ရသည်။
“ငလူတော့ လာပြီဟေ့”
ဦးဖိူးခေါင်ပြောပြောဆိုဆို ထိုင်နေရာမှထရပ်လိုက်ပြီး ပုဆိုးကွက်တုန်းကြီးကိုခပ်တိုတိုပြင်ဝတ်လိုက်သည်
“ကဲ မောင်မြင့်ဆောင် ကြည့်ချင်ရင်တော့ လိုက်ခဲ့ပေ
တော့”
ဦးဖိုးခေါင်ကိုကြည့်ရသည်မှာ အတော့်ကိုပင်စိတ်အားထက်သန်နေပုံရသည် ကိုမြင့်ဆောင်ဘာမှပြန်မပြောသေးပဲ တဲအနောက်ဘက် ငှက်းဆိုးထိုးသံ ကြားရာသို့
လှမ်းကြည့်လိုက်တော့ လေမတိုက်ပါဘဲနှင့် ယာကွက်
ခရိုးအစပ်မှာပေါက်နေတဲ့တမာပင်ဟာ ယိမ်းထိုးလှုပ်ရမ်း
နေတာကိုတွေ့လိုက်ရသည် သစ်ပင်လှုပ်ခတ်နေသည့်အသံကိုလည်း တဝေါဝေါကြားနေရသည် ကိုမြင့်ဆောင်
တခြားအပင်များကို ကြည့်လိုက်တော့ သစ်ပင်အားလုံးဟာညိမ်သက်လျှက်သာရှိနေတယ် ထိုတမာပင်တပင်
တည်းသာ ထူးထူးဆန်းဆန်း လှုပ်ရမ်းနေပြီး တဝေါဝေါ
အသံတွေထွက်ပေါ်နေခြင်းဖြစ်သည်။
တချိန်လုံးညိမ်သက်နေတဲ့ နွားကြီးနှစ်ကောင်က
လည်း ထူးထူးဆန်းဆန်းပင် နှာတရှူးရှူးမှုတ် ခွါတွေတဖြောင်းဖြောင်းလျှက်ပြီး ဂနာမညိမ်ကြတော့ နားရွက်
ကြီးတွေကိုစွင့်ကားလျှက် တဲနောက်ဘက်ကိုသာ ကြည့်
နေကြသည်။
နွားကြီးနှစ်ကောင်ဂနာမညိမ်တာကိုမြင်တော့တဲနဲ့သိပ်မဝေးတဲ့နေရာမှာ နာနာဘာဝ မကောင်းဆိုးဝါးတစ်ကောင်ကောင်ရောက်နေပြီဆိုတာ ကိုမြင့်ဆောင် သဘောပေါက်လိုက်သည်။
ထိုအချိန်ဦးဖိုးခေါင်တဲအပြင်သို့ ထွက်သွားပြီး
မိုးပေါ်ကိုခါးကြီထောက်လျှက်မော့ကြည်နေသည်
နောက် တဲအနောက်ဘက်ကိုကြည့်ကာ
“ဒီကောင် တကယ် ပြန်လာ သားပဲ”
“ကဲ မြင့်ဆောင် ငလူး ဆိုတာဘာကောင်လဲ သိချင်ရင်နောက်ကလိုက်ခဲ့ပေတော့ ဒီအတိုင်း လိုက်လာရင်တော့မင်းဘာမှမြင်ရမှာမဟုတ်ဘူး တဲစင် ပေါ်မှာ ငါထားခဲ့တဲ့ဆေးမြစ်ရှိတယ် အဲ့ဒါကို မင်းလက်နဲ့ ဆုပ်ထား ဒါဆိုအကုန်မြင်ရလိမ့်မယ်”
ဦးဖိုးခေါင်ပြောပြီး ခြေလှမ်းကျဲကြီးများဖြင့်ထွက်သွားသည် ကိုမြင့်ဆောင် တဲစင်ပေါ်သို့ ကြည့်လိုက်တော့ ဟုတ်တယ် လက်ညှိုးလုံးခန့်ရှိတဲ့ အမြစ်ကလေးတမြစ် ကောက်ယူကြည့်လိုက်တယ် ထူးခြားမှုတော့ဘာမှမရှိ ရိုးရိုးသာမန် သစ်ပင်ရဲ့ အမြစ်လိုပင် ကိုမြင့်ဆောင် ထိုဆေးမြစ်ဆိုသည့် အရာလေးကို လက်နဲ့ဆုပ်ကိုင်လိုက်ပြီး တဲအပြင်ကိုထွက်ကာ ဦးဖိုးခေါင်နောက်သို့လိုက်ခဲ့သည် ရှေ့မှသွားနေသောဦးဖိုးခေါင်က်ုလှမ်းကြည့်လိုက်တော့ သူတော်တော်အံဩသွားပြီး
ပါးစပ်အဟောင်းသားပင်ဖြစ်သွားတယ် သူ့ရှေ့ခပ်လှမ်း
လှမ်းမှာမြင်ေနရတဲ့ ဦးဖိုးခေါင်ဟာ စောစောကလိုမဟုတ်တော့ အရပ်ကြီးက ရှစ်ပေလောက်မြင့်ပြီး လက်ပြင်ကုန်းကုန်းကြီနှင့် ဆံပင်တွေကလည်း ခါးလယ်
လောက်ထိရှည်ကာ ဖွာလန်ကျဲနေသည်။တကယ်ပင်သူထင်သည့်အတိုင်းသရဲတစ်ကောင်ဖြစ်နေပါလား သရဲကြီးဖိုးခေါင် သူနောက်ကလိုက်လာသည်ကိုသိနေတယ်
“မြင့်ဆောင် ငါနဲ့ခပ်ဝေးဝေးမှာနေ အနားမကပ်နဲ့”
သူပြောလိုက်တဲ့ အသံကြီးက သရဲတစ္စေ မကြောက်တတ်
တဲ့ ကိုမြင့်ဆောင်ပင် ကြက်သီးထသွားသည် သရဲဖိုးခေါင်ကြီးက နောက်လှည့်မကြည့် ရှေ့သို့စူးစူးစိုက်စိုက်ကြည့်ပြီး ခြေလှမ်းကြဲကြီးများနှင့် သွားနေသည်။
ကိုမြင့်ဆောင် ဖိုးခေါင်ကြီးနောက် ခပ်လှမ်းလှမ်း
ကလိုက်လာရင်း ရှေ့ကိုလှမ်းကြည့်လိုက်တော့ စောစော
က လေမတိုက်ပဲ ယိမ်းထိုးနေတဲ့ တမာပင်နားမှာ မည်းမည်း အကောင်ကြီးတစ်ကောင် တမာပင်ရဲ့ ပင်စည်ကို
ကိုင်ပြီးလှုပ်ရမ်းနေတာကို တွေ့ရတယ် သရဲ ငလူး
ဖိုးခေါင်ကြီးကို သူရောက်လာပြီဆိုတာ အသိပေးတာပင်
ဖြစ်မယ်
ဟော ငလူး သရဲကြီး ဖိုးခေါင်ကြီး သူ့ဆီလာနေတာကို မြင်သွားပြီ လှုပ်ယမ်းနေတာကိုရပ်ပြီး ဖိုးခေါင်ကြီးကိုစူစူးရဲရဲကြီးကြည့်နေသည် နည်းတဲ့အရပ်ကြီးမဟုတ်ဘူးသရဲ ဖိုးခေါင်ကြီး ထက်ပင် ပိုရှည်သလို တစ်ကိုယ်လုံးအမွှေးရှည်ကြီးတွေနဲ့ မျက်လုံးကြီးနှစ်လုံးက နီရဲနေတယ်
ဖိုခေါင်ကြီး ဝူးဝူးဝါးဝါး အသံကြီးနဲ့ အော်ရင်း င
လူး သရဲကြီး ဆီကိုပြေးသွားသည် ဖိုးခေါင်ကြီးသူ့နား
ေရာက်ကာနီးမှာ ငလူးကြီးက နောက်ခပ်လှန်းလှန်းကိုပြန်ဆုတ်သွားတယ် တစ်ကောင်နဲ့တကောင်စူးစူရဲရဲကြီး
စိုက်ကြည့်နေသည်။
ကိုမြင့်ဆောင် လူးအိုင်မှဖားရိုက်ပြီးအပြန် သရဲကြီးဖိုးခေါင်နဲ့ စတွေ့သောနေရာမှာဖြစ်သည် ဖိုးခေါင်ကြီးကယာခင်းခရိုးအစပ်မှာခါးကြီးထောက်လျှက်ရပ်နေသည်ငလူးကြီးက ကိုမြင့်ဆောင် တက်လာသည့် ထယ်ရေးပြင်ကုန်းလေး၏ အလယ်မှာ ကိုမြင့်ဆောင်ကလည်း ဖိုးခေါင်ကြီးနဲ့ အတော်ဝေးဝေး သစ်ငုတ်တိုတစ်ခု ဘေးမှာ ကိုယ်ကိုကွယ်ရင်းကြည့်နေတယ်
တစ္စေသရဲ မကြောက်တတ်တဲ့ ကိုမြင့်ဆောင် ဒီတခါတော့ ရင်တွေတဒုန်းဒုန်း ထင်ထင်ရှားရှား မြင်နေရတဲ့သူတို့ရဲ ပုံပန်းသဏ္ဍန်တွေ ကိုတွေ့လိုက်တော့ ကြက်သီးတွေတဖြန်းဖြန်း ဒါပေမဲ့ ဖိုးခေါင်ကြီးပြောလို့ ငလူးကြီးသူအနားကပ်လို့မရဘူးဆိုတာ သိထားတော့ စိတ်နည်းနည်းပြန်ညိမ်လာသည်။ ဖိုးခေါင်ကြီးပေးခဲ့တဲ့ ဆေးမြစ်ကို လက်စွဲတော်လေးခွနဲ့ ရောပြီးဆုပ်ကိုင်လိုက်တယ်
လက်တစ်ဖက်မှာတော့ လောက်စာလုံးသုံးလုံးကို ကိုင်ထားပြီး ပစ်နိုင်ရန်အသင့်ပြင်ထားသည်။
သရဲကြီးငလူး နီရဲနေတဲ့ မျက်လုံးကြီးတွေနဲ့ ဟိုကြည့်ဒီကြည့်ကြည့်ပြီးတစ်ခုခုကိုရှာနေတယ် ဖိုးခေါင်ကြီးကတော့ ငလူးကြီးကိုသာ မျက်လုံးနီနီကြီးတွေနဲ့ အလွတ်အပေးဘဲစိုက်ကြည့်နေတယ် မကြာခင် မှာပဲ
ငလူးကြီး ကိုမြင့်ဆောင်ကို မြင်သွားတယ် ကိုမြင့်ဆောင်ကိုသေခြာကြီးစိုက်ကြည့်နေပြီ ဝူးဝူးဝါးဝါးအော်ရင်း ဒေါသတကြီးပြေးလာတာကိုမြင်လိုက်တယ် သရဲကြီးငလူး ဖိုခေါင်ကြီးထက် မိမိကိုပို၍ ဒေါသ ဖြစ်နေမှန်း ကိုမြင့်ဆောင် သိလိုက်တယ် ရုတ်တရက်ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ မှင်သက်ပြီးကြည့်နေမိတယ်
ထိုအချိန်မှာ ငလူးကြီးကို အလွတ်မပေးပဲကြည့်နေတဲ့ သရဲကြီးဖိုးခေါင် ပြေးလာပြီး သူရဲ့လက်းဝါးကြီးတွေနဲ့ ငလူးကြီးကိုရိုက်လိုက်တယ် ဝုန်း ဆိုတဲ့လက်ဝါးရိုက်သံကြီးနဲ့အတူ ငလူးကြီးရဲ့ နာနာကျင်ကျင်အော်သံ ထိုအသံကြီးက တတောလုံးဟိန်းထွက်သွားပြီး အိပ်တန်းဝင်နေတဲ့ငှက်တွေဝေါဝေါနဲ့ ထပြန်ကုန်တယ် အရိုက်ခံလိုက်ရတဲ့ ငလူးကြီး ဒေါသအင်မတန် ထွက်သွားတယ် သူ့အမွေးအမြှင်ထူထပ်နေတဲ့ လက်ကြီးနဲ့ ဖိုးခေါင်ကြီးကိုပြန်ရိုက်လိုက်တယ် ဖိုးခေါင်ကြီး နောက်သို့ပင်လန်ကြလုမတတ်
ယိုင်သွားတယ် နာကျင်လွန်း၍အော်လိုက်တဲ့ အသံကြီးကကြောက်စရာ သရဲကြီးနှစ်ကောင် တဘုန်းဘုန်း လက်
ဝါးကြီးတွေနဲ့ တပြန်တလှ့ည်ရိုက်နေတာကို ကိုမြင့်ဆောင်ကြည့်နေစဉ် ရုတ်တရက် ငလူးကြီးက ဖိုးခေါင်
ကြီးကိုယ်ပေါ်ကိုထိုးအုပ်လိုက်တယ် ဖိုးခေါင်ကြီး နောက်သို့လန်ပြီး လဲကြသွားတယ် လဲကြသွားတဲ့ ဖိုးခေါင်ကြီးကို ခွ၍တဘုန်းဘုန်း အဆက်မပြတ်ရိုက်
တော့သည် ဖိုးခေါင်ကြီးအလူးအလဲ ခံနေရပြီတဝူးဝူး
အော်ပြီး အပေါ်မှငလူးကြီးကိုလက်ဖြစ်တွန်းသည် ငလူးကြီးနောက်သို့လန်ထွက်သွားတော့မှ ဖိုးခေါင်ကြီကုန်းရုံး
ထလာသည် နှစ်ကောင်လုံးရပ်လျှက်ဖြစ်သွားတော့ ဖိုးခေါင်ကြီးကငလူးကြီးကို ထိုးလုံးလိုက်တော့သည်
သရဲနှစ်ကြီးနှစ်ကောင် တစ်ကောင်နဲ့တစ်ကောင် အပေါ်ရောက်လိုက် အောက်ရောက်လိုက်ဖြင့် ထယ်ရေးပြင်ထဲတွင် နပန်းလုံးနေသည်။
ကိုမြင့်ဆောင်ရပ်ကြည့်မနေတော့ ဖိုးခေါင်ကြီးကို
ကူညီရန်ဆုံးဖြတ်လိုက်ပြီး ငလူးကြီးအပေါ်ကရောက်ချိန်တွင် လေးခွဖြင့်အဆက်မပြတ်လိုက်၍ပစ်သည် ကြောက်စိတ်လည်းမရှိတော့
အချိန်အတော်ကြာတော့ ငလူးကြီး ထ၍ လူးအိုင်ရှိရာဘက်ကို ထွက်ပြေးသွားတယ် ဖိုးခေါင်ကြီး
ကနောက်ကကြည့်နေတယ် အင်မတန်မောဟိုက်နေတာ
တွေ့လိုက်ရတယ် ကိုမြင့်ဆောင်ခပ်လှမ်းလှမ်းမှမြင်နေရသည်။
“မြင့်ဆောင် ဆေးမြစ်ကို မင်းအသားနဲ့မထိအောင် ထားလိုက်”
ဖိုးခေါင်ကြီးပြောတော့မှ ကိုမြင့်ဆောင် လေးခွနဲ့ရောပြီးဆုပ်ကိုင်ထားတဲ့ဆေးမြစ်ကို လွယ်အိပ်ထောင့်စွန်လေးနားကပ် ပြီးအထုံးလေးထုံးလိုက်တယ် ထိုနောက်
ဖိုးခေါင်ကြီးကိုပြန်ကြည့်လိုက်တော့ ကိုမြင့်ဆောင်မျက်
လုံးပင်ပြူးမတတ်အံဩသွားရတယ် ဘာလို့လဲဆိုတော့
ယခုသူမြင်လိုက်ရသည်က သရဲကြီးဖိုးခေါင်မဟုတ်တော့ဘဲ လူတစ်ယောက်၏ပုံပန်းသဏ္ဍန်နှင့်ဦးဖိုးခေါင် သူစတွေ့တုန်းကလိုပင်ဖြစ်နေပြန်တော့သည်။
ဦးဖိုးခေါင် ကိုမြင့်ဆောင်နားခပ်နီးနီးအထိလာပြီး
“မြင့်ဆောင် မင်းငလူးကိုတွေ့လိုက်တယ်မဟုတ်လား
ငလူးဘာကောင်ဆိုတာကိုရောသိပြီမဟုတ်လား”
“ဟုတ် ဦးရီး ကျုပ် မြင်လိုက်ပါတယ်”
ကိုမြင့်ဆောင်ပြန်ဖြေလိုက်သည်။
“အေး ဒီညတော့ ငါလည်း တော်တော်ပင်ပန်းသွားတယ် မင်းလည်းထမင်းမစားရသေးဘူ တဲပြန်ပြီးနားတော့ ငါလည်း ပြန်လိုက်ဦးမယ်”
“ဦးကြီးကဘယ်ပြန်မှာတုန်း ”
ကိုမြင့်ဆောင်မေးလိုက်တော့
“ငါ့နေရာငါပြန်မှာပေါ့ကွ နောက်နေ့တွေလည်း ငါမင်းဆီလာခဲ့အုံးမှာပါ ”
ပြောပြီး ဦးဖိုးခေါင်ထွက်သွားသည် ကိုမြင့်ဆောင်လည်းနောက်ကနေကြည့်နေတယ် ဦးဖိုးခေါင်
တဲဘက်သို့မသွားတော့ပဲ တဲခေါင်းရင်း အထက်ဆုံးလယ်ကွက်ဘေးနားမှာရှိတဲ ဥနှဲပင်ကြီးရှိရာကိုသာတန်းတန်းမတ်မတ် သွားနေသည် ထိုဥနှဲပင်ကြီးအောက်အရောက်မှာတော့ ဦးဖိုးခေါင်သည်ရုတ်တရက်
ပျောက်ကွယ်သွားလေသည်။
ကိုမြင့်ဆောင်တဲကိုရောက်တော့ တော်တော်နှင့်အိပ်မပျော် စဉ်းစားနေမိသည် ဦးဖိုးခေါင်ဟာ ဒီကျတ်တက်လျှိုနှင့်ဘယ်လိုများပတ်သက်နေတာလဲ သူ့နေရာဆိုတာတဲခေါင်းရင်းဘက်မှာရှိနေတဲ့ ဥနှဲပင်ကြီးများလား
ကိုမြင့်ဆောင်တုံးလုံးလှဲနေရာမှထ၍ ခေါင်းရင်းတဲတောင်ဘက်လယ်ကွက်ငါးကွက်အကွာမှရှိနေတဲ့ဥနှဲပင်ကြီးကိုကြည့်လိုက်မိသည် လရောင်ရေးရေးအောက်တွင် တစ်ပင်တည်းထီထီးကြီးတည်ရှိနေတဲ့
သစ်ပင်ကြီးတစ်ပင်က အသဲငယ်သူများအဖို့ မြင်ယုံနှင့်ပင်ထိတ်လန့်ချင်စရာ ကိုမြင့်ဆောင်ထိုဥနှဲပင်ကြီးကိုကြည့်နေရင်း ဦးဖိုးခေါင် ပြောလိုက်တဲ့
“နောက်နေ့တွေလည်း မင်းဆီငါလာဦးမှာပါ”
ဆိုတဲစကားကို ကိုမြင့်ဆောင်ပြန်ကြားရောင်လာမိသည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။
Leave a Reply