ဒေါ်အိုဇာနှင့်ပဲပြုတ်သယ်မိပြုံး

ဒေါ်ဆူနားတွေး‌ေနေတဲ့အချိန် ကောင်မလေး ကပဲပြုတ်ကိုလက်နဲ့နှိုက်ပြီးအငမ်းမရစားနေခဲ့တယ်။ကောင်မလေးကလည်း ပါးစပ်ကြီးကိုဖြဲပြီး ပဲပြုတ်တွေကိုစားရင်း အရမ်းကြောက်ဖို့ကောင်းတဲ့ ပုံစံကို ပြောင်းလဲသွားခဲ့တယ်။ဒေါ်ဆူနားလည်း ကြောက်လန့်ပြီး အဲ့ဒီနေရာကနေ ပြေးလာခဲ့ကာခရေညိုရွာရဲ့ အိမ်တစ်အိမ်မှာ ဝင်ပြီး နားနေရတယ်။နေတော်တော်မြင့်မှ ခရေဒေါ်ဆူနားတစ်‌ေယောက် ရွတ်မြိုင်ရွာကိုပြန်ခဲ့တယ်။ အဲ့ဒါကတော့ ဒေါ်ဆူနားပြောပြတဲ့ သူ့ရဲ့အဖြစ်ပျက်လေးပေါ့။ဒေါ်ဆူနားလည်း အဲ့ဒီနေ့ကစပြီး ခရေညိုရွာကို ပဲပြုတ်သွားမရောင်းရဲ့တော့ဘူး။ဒီလိုအကြောင်းတွေကြောင့် ခရေညိုရွာနဲ့ ရွတ်မြိုင်ရွာကလူတွေရော ကုက္ကိုလ်ပင်ကြီးကို ကြောက်နေကြတာပေါ့။
**********
နွေရာသီကျောင်းပိတ်ရက် ဖြစ်ပေမယ့် ဆရာလေးမြတ်သာတစ်ယောက် သူ့ရဲ့ဇာတိကိုမပြန်ပဲ ကျောင်းမြေကွက်လပ်က အ‌ေဆာင်(အိမ်)မှာ နေတယ်။ဆရာလေး မြတ်သာက မိဘမဲ့ဖြစ်ပြီး သူငယ်စဥ်က ရွာဦးကျောင်းက မွေးစားပြီး ပညာသင်ပေးခဲ့လို့ အခုလို‌ေကျာင်းဆရာတစ်‌ေယာက်ဖြစ်လာခဲ့ရတယ်။ဒါကြောင့် သူက ကလေးတွေကို ပညာတတ်ကြီးဖြစ်အောင် သင်ကြားပေးချင်စိတ်ရှိခဲ့တယ်။
‌ခရေညိုရွာတစ်ရွာလုံးကလည်း ဆရာ‌ေလးမြတ်သာကို ချစ်ခင်ကြတယ်။ခရေညိုရွာက ဒေါ်အိုဇာတို့ သားအမိကလည်း ဆရာလေးမြတ်သာရဲ့ ကျေးဇူးကြောင့်ပဲ ရွာသားတွေနဲ့အဆင်ပြေလာခဲ့ကြတယ်။
“အရီးရေ..အရီး”
” ဆရာလေး သမီးတို့အိမ်လာလည်တာလား”
“ဟုတ်တယ် သမီးရွှေရည် သမီးအမေရော”
“မေကြီးလား မေကြီးက ‌ ကွမ်းခြံထဲမှာကွမ်းရွက်ခူးနေလား မသိဘူးဆရာ သမီးသွားခေါ်ပေးမယ် ဆရာအိမ်ပေါ်မှာခနစောင့်နော်”
ရွှေရည်က ပြောပြီး အိမ်နောက်က ကွမ်းခြံထဲကိုဆင်းသွားတယ်။ ခနကြာတော့ ရွှေရည်နဲ့အတူ ဒေါ်အိုဇာတစ်ယောက် ကွမ်းရွက်ထည့်ထားတဲ့တောင်းနဲ့အိမ်ပေါ်တက်လာခဲ့တယ်။
“ဆရာလေး အဆောင်မှာ နေရတာပျင်းလို့ရွာထဲလျှောက်လည်နေတာလား”
“ဟုတ်ဒီလိုပါပဲ အရီးရယ် လုပ်စရာလည်းမရှိတော့ ရွာထဲလျှောက်နေတာ”
“မေကြီး သမီး ဘိုတောက်တို့ ဖိုးချိုတို့နဲ့ သွားဆော့အုံးမယ်နော်”
“အေးအေး သမီး ဂရုစိုက်ဆော့အုံးနော် ထိခိုက်ကုန်အုံးမယ်”
“ဟုတ် မေကြီး”
ရွှေရည်တစ်ယောက် ကလေးသဘာဝအတိုင်း ရွာထဲကို အပြေးထွက်သွားတယ်။မြတ်သာကတော့ ဒေါ်အိုဇာနဲ့စကားပြောကျန်နေခဲ့တယ်။
“ဆရာလေးကျေးဇူးကြောင့်ရွေရည်လည်းတော်တော် ပျော်နေရတယ်။ဆရာလေးကိုကျေးဇူးတင်ပါတယ်”
“ရပါတယ် အရီး ဒါနဲ့လေ ဒီကျောက်တုံးက တစ်မျိုးကြီးပဲနော် ထူးဆန်းနေလို့။အဲ့ဒါမို့ အရီးများ သိမလား”
မြတ်သာက ပြောပြီး ပါလာတဲ့ ကျောက်ကိုပြလိုက်တယ်။ကျောက်က လက်မရဲ့လက်သည်းခွံလောက်ရှိပြီး အပြာရောင်ဖြစ်နေတယ်။ကျောက်ကိုမြင်တော့ ဒေါ်အိုဇာက
“ဆရာလေး ဆရာလေး ဒီကျောက်ကို ဘယ်က ရတာလဲ”
“ကျွန်တော် ချောင်းထဲမှာ ရေချိုးရင်းရခဲ့တာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေါ်ရီး ”
“ဒီကျောက်ကို မဟူရာကျောက်ရှင် လို့ခေါ်တယ် ဆရာလေး ။သူက အဆိပ်မှန်သမျှအကုန်လုံးကို အဆိပ်ဖြေနိုင်တယ်။ ဥပမာ မြွေကိုက်ခံရရင် အကိုက်ခံရတဲ့ နေရာကို အဲ့ဒီကျောက်လေးနဲ့ ကပ်ပြီး ပွတ်ထားပေးလိုက်ရင် အဆိပ်တွေအကုန်လုံးကို သူက စုပ်ယူသွားလိမ့်မယ်။အဆိပ်ကိုစုပ်ယူလိုက်ပြီဆိုရင် ‌ ကျောက်ကအပြာရောင်ကနေ အညိုရောင်ပြောင်းသွားလိမ့်မယ်။ အဲ့ဒါဆိုရင် ခန္တာကိုယ်ထဲကအဆိပ်တွေကုန်ပြီ။
ပြီးရင် ‌ နွားနို့ကိုဇလုံထဲထည့်ပြီး အဆိပ်စုပ်ထားတဲ့ ဒီမဟူရာကျောက်ရှင်ကို အဲ့ဒီဇလုံထဲထည််လိုက်ရင် ကျောက်ကရေကူးသလိုဖြစ်နေလိမ့်မယ်။နွားနို့ကလည်းအဖြူရောင်ကနေ အမည်းရောင်ပြောင်းပီး အဆိပ်တွေကို မဟူရာကျောက်ရှင်က ပြန်အန်ထုတ်လိမ့်မယ်။”
“ဟုတ်လား အရီး ကျွန်တော်က ဒါတွေမသိဘူးဗျ။ကြည့်ရတာတစ်မျိုးကြီးဖြစ်နေလို့ အရီးတို့ပညာလိုင်းက သိမယ်ထင်လိို့ပါ။ ကျုပ်လည်း သုံးတတ်မယ်မထင်ပါဘူး အရီးပဲ ယူထားလိုက်ပါလား”
“မယူပါဘူးဆရာလေးရယ် ဆရာလေးနဲ့ထိုက်လို့ရတာပါ ။အရီးပြောတဲ့အတိုင်းသာလုပ် ဘာမှမှားစရာမရှိဘူး။ အရီးတို့ ကျေးလက်ဒေသအတွက် ဒီပစ္စည်းက တော်တော်အသုံးဝင်မှာ ဆရာလေးရဲ့”
“ဟုတ်ကဲ့ပါ အရီး အဲ့ဒါဆိုရင် ကျွန်တော်ပဲသိမ်းထားလိုက်ပါ့မယ်။”
” ဟုတ်ကဲ့ဆရာလေး”
မြတ်သာလည်း စကားတွေပြောပြီး အဆောင်ကိုပြန်လာခဲ့လိုက်တယ်။

***
တန်ခူးလ သင်္ကြန်ပြီးလို့ နှစ်ဆန်းတစ်ရက်နေ့သို့ရောက်‌ေနပြီ ဖြစ်တယ်။ဒေါ်အိုဇာ‌နဲ့ရွှေရည်ကတော့    ထင်းကုန်တော့ မှာမို့ထင်းကိုင်းတွေကို ဓားနဲ့ခုတ်နေခဲ့ကြတယ်။
“အရီးရေ အရီးအိုဇာ”
“ဟေ ဘယ်သူလဲကွယ် ဝင်လာခဲ့လေ…သောင်းကျော်နဲ့ ငွေပုပါလား ဆရာလေးလည်းပါတာပဲ ဘာကိစ္စများရှိကြလို့လဲ”
” ဒီလိုပါ အရီး ကျွန်တော့်သား ဖိုးချိုတစ်ယောက် နေမကောင်းဖြစ်နေတာရွာထဲက ဆေးဆရာကြီး ဦးခင်လှရဲ့ ဆေးတွေတိုက်‌ေတာ့လည်း မသက်သာဘူးဗျ ။ဒီမနက်မှ အသားစိမ်းတွေစားချင်တယ်ဆိုပြီး ကယောင်ကတမ်းတွေပြောနေတာ။
ဆရာလေး မြတ်သာကလည်း အိမ်ရှေ့က ဖြတ်သွားတာနဲ့ အသံကြားလို့ ဝင်လာပြီး အရီးအိုဇာက ကူညီပေးနိုင်မယ်ဆိုလို့ အရီိးကို လာပင့်တာပါ အရီးကူညီနိုင်ရင် ကူညီပါအုံးဗျာ ”
“အေး ဒီကိစ္စက သွေးရိုးသားရိုးမဟုတ်ရင်တော့အရီး ကူညီနိုင်မှာပါ အခုပဲ မင်းတို့အိမ်ကို သွားကြတာပေါ့ ငွေပု”
ဒေါ်အိုဇာလည်း ပုတီးကို လက်ကကိုင် ယောဂီတဘက်လေးကို ခေါင်းမှာပတ်လို့ ဆရာလေးမြတ်သာ၊ရွှေရည်တို့နဲ့အတူ ငွေပုတို့အိမ် ထွက်လာခဲ့ကြတယ်။
******
”  နင်တို့တွေ ဘယ်သူ့ကိုခေါ်လာတာလဲ ”
ဒေါ်အိုဇာတို့ အိမ်ပေါ်ရောက်တဲ့အချိန်  ဖိုးချိုက အသံကျယ်ကြီးနဲ့ ထအော်တော့တယ်။
“မိညို သားလေးကို ထိန်းထားပါအုံး ဘယ်လိုဖြစ်နေတာလဲ”
“ရတယ်ငွေပု အရီးဒီကိစ္စကိုကူညီပေးမယ်။အရင်ဆုံး ကလေးကို အိမ်ရှေ့က ကွပ်ပျစ်ဆီ ခေါ်ထုတ်ခဲ့ကြ။”
ကွပ်ပျစ်ပေါ်ရောက်တော့ ဖိုးချိုက ခါးထောက်ပြီး ဒေါ်အိုဇာကို ကြည့်နေတယ်။
” မင်းဘယ်သူလဲ ဘာကြောင့် ဒီကလေးကို နှောင့်ယှက်နေရတာလဲ”
ဒေါ်အိုဇာမေးတာကို ဖိုးချိုက မဖြေပဲ မျက်ထောင့်ကြီးနဲ့ကြည့်နေတယ်။
“မဖြေဘူးပေါ့လေ နင်က ငါ့အကြောင့်း မသိဘူးထင်တယ် အိုဇာ့အကြောင်းသိရသေးတာပေါ့”
ဒေါ်အိုဇာက ပြောပြီးလက်ကပုတီးကိုချွတ်လိုက်တယ်။ပြီးတော့ ပါးစပ်ကတစ်ခုခုကိုရွတ်ပြီး ဖိုးချိုရဲ့ခေါင်းကနေ ပုတီးကိုစွပ်ချလိုက်တယ်။
“အားး ပူ… ပူတယ် လွှတ်ပေး… ငါ့ကိုလွှတ်ပေး…”
“ငါမေးတာကို ဖြေလို့မပြီးမချင်း နင် ဒီနေရာကနေ တစ်ဖဝါးမှခွာလို့မရဘူး နင့်လည်ပင်းက ပုတီးကို မချွတ်ပဲထားလို့ အချိန်ကြာလာရင် ဘာဖြစ်သွားမလဲနင်သိပါတယ် အခုငါမေးတာဖြေစမ်း နင်ဘယ်သူလဲ ဘာလို့ ဒီကလေးကို အခုလိုလုပ်ထားရတာလဲ”
“ကျုပ်ကျုပ် မိပြုံး”
“ဘယ်ကမိပြုံးလဲ ”
“ရွတ်မြိုင်ရွာက မိပြုံးပါ လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်က ခရေညိုရွာကိုပဲပြုတ်လာရောင်းရင်း ကုက္ကိုလ်ပင်ကြီးအောက်မှာ မြွေကိုက်ခံရလို့ သေသွားတဲ့ ပဲပြုတ်သည်မိပြုံးပါ”
“ဟုတ်ပြီ မိပြုံးနင်က ဒီက‌လေးကို ဘာလို့အခုလိုလုပ်ထားရတာလဲ”
“ဒီ‌ကောင်လေးက ကျုပ်နေတဲ့ကုက္ကိုလ်ပင်ကို သေးနဲ့လာပန်းတာမကျေနပ်လို့ အခုလိုလုပ်မိတာပါ”
“ဟုတ်မယ် မေကြီး သမီးတို့ သင်္ကြန်တုန်းက ရွတ်မြိုင်ရွာမှာ ရေသွားဆော့ပြီးပြန်လာတော့ ဖိုးချိုက သေးပေါက်ချင်တယ်ဆိုပြီး ကုက္ကိုလ်ပင်ကြီးမှာသေးသွားပေါက်တာ သမီးတို့တားတာလည်းမရဘူး”
ရွှေရည်ကလည်း ‌ဝင်ပြောပြတော့မှ အကုန်လုံးက ဒီကိစ္စကို နားလည်သွားကြတယ်။
“ကလေးက မသိနားမလည်လို့လုပ်မိတာပါ မိပြုံးရယ် ခွင့်လွှတ်ပေးလိုက်ပါ”
“ဟုတ် ကျွန်မ ခွင့်လွှတ်လိုက်ပါ့မယ် အခုတော့ ကျွန်မ လည်ပင်းက ပုတီးကို ဖယ်ပေးပါတော့ ကျွန်မလည်ပင်းတွေ ပြတ်ထွက်တော့မယ်”
“ဒီပုတီးကိုဖယ်ပေးစရာမလိုပါဘူး မိပြုံးရယ်နင် ဒီကလေးကိုလုပ်ထားတာတွေ အကုန်ပြန်နုတ်သိမ်းသွားပါ နင်လုပ်ထားတာတွေ ကုန်သွားရင် နင်ခံစားနေရတာတွေက သူ့ဘာသူပျောက်သွားလမ့်မယ်”
ဒေါ်အိုဇာပြောတော့ မိပြုံးက ခန္ဓာကိုယ်ကိုလက်နဲ့သပ်ချလိုက်တယ်။ခနကြာတော့မှ
“လုပ်ထားတာတွေအကုန်ကုန်သွားပါပြီ”
“အေး နင်လည်း နှစ်တွေကြာပြီ ဒီဘဝက မကျွတ်သေးဘူး ခုလည်းအကုသိုလ်တွေထပ်လုပ်ပြန်တော့ ဒီဘဝကကျွတ်မှာမဟုတ်တော့ဘူး”
“ကျွန်မလည်း ကျွတ်လွတ်ချင်တာပေါ့ ဒါပေမယ့် ကျွန်မဒီဘဝရောက်နေတာကို ကျွန်မ မိသားစုတွေကလည်းမသိကြဘူး”
“အေး ငါရွတ်မြိုင်ရွာက နင့်မိသားစုကိုစုံစမ်းပြီးသေချာ အမျှဝေခိုင်းလိုက်မယ်။”
“ဟုတ်ကဲ့ ကျွန်မအဖေနာမည်ကဦးဒီးဒုတ်ပါ အမေကဒေါ်စံပယ်ပါ”
မိပြုံးလည်းပြောပြီး ဖိုးချိုခန္ဓာကိုယ်ထဲကနေထွက်သွားတယ်။ငွေပုနဲ့မိညိုတို့လင်မယားကတော့ ကြုံတဲ့နေရာသေးပေါက်တဲ့ ဖိုးချိုကိုဆူတော့တာပေါ့။
ဒေါ်အိုဇာကတော့ နောက်ဒီလို မဆင်မခြင်မလုပ်ဖို့ပြောပြီး အိမ်ပြန်ခဲ့တာပေါ့။ရွတ်မြိုင်ရွာက  ဦးဒီးဒုတ်တို့မိသားစုကိုလည်း စုံစမ်းပြီး အကျိုးအကြောင်းသွားပြောတာကိုတော့ ဆရာလေးမြတ်သာတို့ဝာာဝန်ယူကြတာပေါ့။
နောက်ပိုင်းကျတော့လည်း ကုက္ကိုလ်ပင်ကြီးက ခြောက်လန့်မှုတွေမရှိ‌တော့တာကြောင့် အရိပ်ရတဲ့အပင်ကြီးဖြစ်လို့ ‌လူအများနားခိုစရာနေရာကြီးတစ်ခု ဖြစ်လာခဲ့တော့တယ်။
ပြီးပါပြီ
#ဥာဏ်ထက်(ရောင်စဥ်)