သူကြီးတို့တတွေ ဘယ်လိုလုပ်ပေးနိုင်ကြမလဲသာ ဘွားကိုပြောကြပေတော့” “ကျုပ်ကတော့ ဘွားသဘောထားအတိုင်းပါပဲ…. ဘွားက ဒါလုပ်ချင်တယ်ဆို ကျုပ်တို့လုပ်ပေးဖို့အသင့်ပါပဲဗျာ… တစ်ခုပဲဗျ…ဘွားထိခိုက်မှာကိုတော့ ကျုပ်တို့စိုးရိမ်တယ်…” “သူကြီးပြောတာဟုတ်တယ်ဗျ… ကျုပ်တို့ကဘွားအတွက်ပဲစိတ်ပူမိတာ…” “ကျုပ်နဲ့မောင်တိုးကတော့ ဘွားနောက်ကအသင့်လိုက်ပါနေမှာပဲဗျာ…။ ကျုပ်တို့ကိုမမေးလေနဲ့…ဘွားသွားရင်လိုက်မှာပဲဗျို့…” အားလုံး၏အဖြေကိုဘွားမယ်စိန်ကျေနပ်သွားပြီး မျက်နှာထက်အပြုံးများဝေနေခဲ့သည်။ ထိုသို့ဖြင့် ဆက်လက်တိုင်ပင်၍ သာယာကုန်းရွာသို့ ခရီးစတင်ကြပေတော့မည်။ ထိုခရီး၌ မောင်အုန်း…မောင်တိုးတို့သာ လိုက်ပါကြမည်ဖြစ်သည်။ သူကြီးဦးနောင်ချိုတို့ကိုတော့ ရွာ၌သာချန်ထားရစ်ခဲ့၏။ ခရီးစဉ်သည်က မနက်ဖြန်သာဖြစ်ပေသည်။ စိတ်မြန်လှသော ဘွားမယ်စိန်သည် တစ်ရက်၊နှစ်ရက်ပင်အချိန်မဆွဲချင်ခဲ့ပေ။ ထို့ကြောင့် ခရီးကိုအလျင်စလိုပင်ထွက်လာခဲ့ကြရသည်။ လှည်းဖြင့်မနက်ဝေလီဝေလင်းအချိန်၌ ရွာမှထွက်လာခဲ့ကြသည်။ မောင်တိုးသည် နွားလှည်းကိုမောင်းနှင်ပြီး ဘွားမယ်စိန်သည် လှည်းအလယ်၌ထိုင်၍လှည်းလက်ရန်းကို ကိုင်ထားလေသည်။ ...

သြော် ဒေါ်သောင်းတစ်ယောက်တည်းနေဒေါ်သောင်းကကျုပ်ကို…ညနေတိုင်းလာလာ နှိပ်ပေး နေကျလေ…အသက်ကကြီးပေမဲ့…အတော်သန်တယ်ဗျ.. ခုလိုသမ္မာအာဇီဝ..လုပ်စားတော့လူတိုင်းကချစ်ကြခင်ကြ လေးစားကြပေါ့ဗျာ…တစ်နေ့…ကျုပ်တောထဲကနေ… ဆိတ်ကျောင်းပြန်လာတော့…မကြားချင်တဲ့သတင်းဆိုးကြီး ကြားလိုက်ရတယ်ဗျာ…. ” ဒေါ်သောင်းဆုံးပြီးတဲ့ ဆူးလေကုန်းရွာကအပြန်မှာ… မြွေပေါက်ခံရတာတဲ့ စိတ်မကောင်းလိုက်တာကွာ” ” ဟာ.. ” ဒီတစ်လုံးတည်းသာပြောနိုင်တော့တယ်ဗျာ…ကျုပ် ကဒေါ်သောင်းကိုအတော်သံယောဇဉ်ကြီးတာလေဗျာ… ကျုပ်မျက်ရည်တောင်ကျမိတယ်…ကျုပ်အဖွားတစ်ယောက် ဆုံးရှုံးသွားသလိုပါပဲဗျာ…လူတွေဆိုတာ…အိုရမယ်…နာရ မယ်…သေရအုံးမယ်မဟုတ်လား…ကျုပ်တို့အားလုံးလည်း တစ်နေ့ဒီလမ်းကိုသွားကြရမှာပဲ…မနက်တုန်းကတောင်.. ဒေါ်သောင်းကိုမြင်လိုက်ရသေးတာ…နေ့မြင်ညပျောက်ဆို တဲ့စကားက…ဒေါ်သောင်းအတွက်များဖြစ်နေလေသလားဗျာ….ကျုပ်တို့ သူငယ်ချင်းတွေလည်းဒေါ်သောင်းနေအိမ်ကို သွားပြီညတိုင်း…စောင့်အိပ်ပေးရတာပေါ့…. “ဒေါ်သောင်းရေ ကျုပ်ကိုလာခြောက်ပါအုံးဗျာ” စိတ်ထဲကရွတ်နေမိတယ်…ဒါပေမဲ့ညတိုင်းအရိပ်အယောင် လေးတောင်မတွေ့ရမမြင်ရပါဘူး…ဒီလိုနဲ့ရက်လည်တဲ့ည ရောက်လာတော့…ကျုပ်ဆုတောင်းတာလေးပြည့်ဝသွား တယ်…ကျုပ်အိပ်နေတုန်း…ကျုပ်ခြေထောက်လေးကို… တစ်စုံတစ်ယောက်က…နှိပ်ပေးနေသလိုခံစားရတော့… ချက်ချင်းလန့်နိုးသဖြင့်…အောက်ကိုငုံ့ကြည့်လိုက်ရာ… ဒေါ်သောင်းဖြစ်နေတာဗျ.. ” ဒေါ်သောင်း ကျုပ်ခင်ဗျားကိုတွေ့ချင်နေတာဗျ” ” ငါ့သား ...

ဖြစ်သည်။ “ဒုန်း…ဒုန်း…ဒုန်း…ဒုန်း” အိမ်ကြီး နံရံကို ထုသည့်အသံကလည်း သူတို့ ဘေးပတ်လည်မှာ ပေါ်လာပြန်သည်။ “ဝုန်း…ဝုန်း…ဂျိန်း…ဂျိန်း…ဂျိန်း…ဒုန်း…ဝုန်း” ပြတင်းတံခါးများ ရုတ်တရက် ပွင့်ကုန်ပြီ လေပြင်းတိုက်သလို တံခါးရွက်များ လှုပ်ခတ် ကာ ကျယ်လောင်သော အသံတို့ ဖြစ်ပေါ် လာသည်။ “အမေ…အမေ…သားကြောက်တယ်” အခန်းထဲမှာ အိပ်နေသော ငါးနှစ်အရွယ်ထက် အောင်လေး ရုတ်တရက် နိုးသွားပြီး ထအော် တော့သည်။ “အဖေမသွားနဲ့ သားကြောက်တယ်” “အမေရှိတယ် အခန်းထဲမှာ ညီလေးတစ်ယောက် ထဲ ကိုကျော်တင့် အခန်းဝက အသံပြုပြီး ခေါ် လိုက်” ...

ကဝေသားပိုက်ဆိုပဲကွ” “ကဝေသားပိုက်ဆိုတာက ဘာကိုပြောတာလဲဗျ” “စုန်းကြီးတွေ၊ ကဝေကြီးတွေက သူတို့သေတော့မယ်ဆိုရင် သူတို့မှာလည်း လက်ဆင့်ကမ်းစရာ မျိုးဆက်မရှိတော့ဘူးဆိုရင် မမွေးသေးတဲ့ကလေးရဲ့ဝမ်းထဲကို သူတို့ပညာတွေထည့််ပေးတယ်ကွ၊ အဲဒါကို ကဝေသားပိုက်လို့ခေါ်တာ၊ မမယ်ဖြူယောက်ျား စုန်းကြီးတွေက အသက်အိုအိုကြီးတွေကွ၊ တောထဲတောင်ထဲမှာဆိုတော့ ဆက်ပြီးပြန့််ပွားစရာ မျိုးဆက်မရှိတာနဲ့ မမယ်ဖြူဗိုက်ထဲက ကလေးလေးထဲကို ပညာတွေထည့်ပေးခဲ့ကြတာလို့ပြောတာပဲ၊ စုန်းထီးကြီး ခုနစ်ယောက်က ပညာထည့်ပေးထားတာဆိုတော့ မယ်ပျင်းကသိပ်စွမ်းတာပေါ့ကွာ၊ စုန်းထီးကြီးတွေကလည်း နှယ်နှယ်ရရမှမဟုတ်တာ၊ ဘုရင်က ရေချတာတောင်မှ မသေလို့ မြိုင်ရပ်ကိုနှင်ထားတဲ့ စုန်းတွေပဲဥစ္စာ” “ဟာ၊ ဒါကြောင့်လည်း ဒေါ်ပျင်းက သိပ်စွမ်းနေတာကိုးဗျ” “စွမ်းပါပြီကောကွာ၊ သူ့ဆီမှာ အမောက်ခုနစ်ခုတောင်ရှိတယ်ဆိုပဲကွ၊ ...

“ကျစ်လည်း ကျစ်ကျစ်ဗျာ၊ စားမရရင်လည်း ဝါးပြီးထွေးထုတ်မယ်” ကျုပ်တို့ကလည်း အလျှော့မပေးဘဲနဲ့ ဆက်ပြီးတက်နေတာပေါ့၊ အဲဒီအချိန်မှာ ဦးဘသာကြီးက မာလကာပင်ပေါ်ကိုလက်ညှိုးထိုးလိုက်ပြီးတော့ “ကဲ၊ မင်းတို့အသီးအကျစ်လေးတွေ ပွသွားအောင်လို့ ငါလုပ်ပေးမယ်ဟေ့” လို့ပြောပြီးတော့ ဘာတွေလဲတော့မသိဘူး ရွတ်လိုက်တာ ကျုပ်တို့မျက်စိရှေ့မှာတင်ပဲ မာလကာသီးတွေက တဖြည်းဖြည်းကြီးလာပြီးတော့ အရောင်ကလည်း ဝင်းလာတာဗျာ၊ ကျုပ်တို့ဖြင့် အံ့သြလို့မဆုံးဘူး၊ ကျုပ်တို့လည်း အပင်ပေါ်ခပ်မြန်မြန်တက်ပြီး မာလကာသီးတွေခူးတာပေါ့ဗျာ၊ ခြောက်လုံးလောက်ရလိုက်တယ်၊ ထွားထွားပွပွကြီးတွေဗျ၊ ဦးဘသာကြီးက ကျုပ်တို့ကိုကြည့်ပြီး ပြုံးပြုံးနဲ့လမ်းဆက်လျှောက်သွားပါရော၊ ကျုပ်တို့လဲ မာလကာသီးတွေကို စားလိုက်ကျတာပေါ့ဗျာ၊ အဲဒီတုန်းကတော့ ကလေးဆိုတော့ မကြောက်ဘူးပေါ့၊ အပင်းထည့်မလား၊ ဆေးထည့်မလားလဲမသိ၊ ...

နက်ရှိုင်းမှုအောက်မှာ အားအင်တွေ ပြည့်ဖြိုးခဲ့ရတယ်။ ကျွန်မရဲ့မိသားစုဘဝကလေးဟာ နွေးနွေးထွေးထွေးနဲ့ လုံခြုံမှုလည်း ရှိခဲ့ရတယ်။ တစ်နေကုန်တစ်နေခန်း ပွဲရုံမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးမှ ရလာတဲ့ငွေစကလေးတွေကို အရက်မသောက် ဖဲမရိုက်နဲ့ကျွန်မလက်ထဲကို သူအကုန်အပ်ရှာတယ်။ တစ်ခါတလေ သူ့အလုပ်ထဲကို ကျွန်မ ထမင်းလိုက်ပို့ ရင် … “မင်းကလည်းကွာ၊ လိုက်မလာပါနဲ့ဆိုတာ မရဘူး၊ အစ်ကို ဈေးထဲ မှာတင် တစ်ခုခုဝယ်စားလိုက်ရင် ပြီးတာပါပဲ။ မင်း တစ်ခုခုဖြစ်သွားမှ ပိုဆိုးနေမယ်” အဲသလို ကရုဏာဒေါသောကလေးနဲ့ဆိုတော့ ပြောတော့ ကျွန်မမှာ မျက်ရည်ဝဲရပါသေးတယ်။ ကျွန်မကလည်း စားကောင်းသောက်ဖွယ်ကလေး ချက်တဲ့နေ့ ...

ငြိမ်သက်စွာ တရားထိုင်နေတဲ့လူနှစ်ယောက်။ အောင်မြတ်သာက တရားထိုင်နေတဲ့သူနှစ်ယောက်ကိုကြည့်ပြီးနှစ်လိုဖွယ်ပြုံးလိုက်တဲ့အချိန် အေးမြလှတဲ့လေက နားသယ်စပ်မှာဝေ့ဝဲကျနေတဲ့ ဆံပင်တွေကို ဖြတ်သန်းတိုက်ခတ်သွားခဲ့တယ်။ သဘာဝဆန်စွာသာယာလှပနေတဲ့ မဟာမြိုင်တောအတွင်းမှာတော့ မကြာမီအချိန်အတွင်း ရှေးဟောင်းနှောင်းဖြစ်စကားပြောသံ၊ ရယ်မောသံတွေထွက်ပေါ်လာပါတော့တယ်။ ++++++++ (ညသန်းခေါင်အချိန်) သူဌေးကုန်းတစ်ရွာလုံးငြိမ်သက်နေပေမယ့် ပလိုင်းတစ်လုံး၊ မိန်းတစ်ချောင်းကို ကိုင်ထားတဲ့လူနှစ်ယောက်ကတော့ လယ်ကွင်းတွေရှိတဲ့ဘက်ကိုခပ်သုတ်သုတ် လမ်းလျောက်လာခဲ့တယ်။ “ ဖိုးထောင်က ကြွက်ဘယ်လောက်ယူမယ်ပြောလို့လဲ” “ ရသလောက်ယူမယ်လို့ပြောတယ်၊ ဈေးကောင်းလဲပေးမှာတဲ့” “ ဒီညတော့ မင်းနဲ့ငါ ကြွက်သတ်မုဆိုးဖြစ်ပြီပေါ့ကွာ၊ ဟဲဟဲ” “ ဒီလိုနေ့မျိုးဆို ဂုတ်တိုကိုသတိရတယ်ကွ၊ သူသာရှိရင် တစ်ညကို ငါးပိဿာ‌လောက်ကအသာလေးပဲ” “ မရှိတာကို ...

ပြောင်းလဲသွားခဲ့ခြင်းကြောင့် ဖြစ်လေ၏။ ဘကြီးကျော်ဟာ ဂမ္ဘီရဆန်သည့် အကြောင်းအရာများအားလည်း ရေးသားမှတ်တမ်းတင်ထားရင်း သာယာဝတီခရိုင်ဘက်တွင် နာမည်ပျက်မရှိ တာဝန်ထမ်းဆောင်နေခဲ့ခြင်းကြောင့် သူ့အား ခရိုင်တစ်ခုလုံးမှ ချစ်ကြောက်ရိုသေကြပေသည်။ ဘကြီးကျော်ရောက်ရှိလာခဲ့သည်နှင့် ရဲအရာရှိကြီးများ ဝန်းရံကာရံထားခဲ့သော အလောင်းကောင်ကြီးရှိနေသည့် နေရာဆီသို့ ခေါ်ဆောင်ပြသလေခဲ့သည်။ ထိုအခါ ဘကြီးကျော်သည်လည်း ကိုဌေးလွှင်၏ပြောပြချက်များကြောင့် ထူးဆန်းသည့် အလောင်းကောင်ကြီးအား မြင်တွေ့ချင်စိတ်ဖြင့် ကြည့်ရှု့မိလိုက်လေသည်။ “ဟင် … ဟာ …. ထူးဆန်းလှချည်လား။” “ဟုတ်တယ်ဆရာ … ထူးဆန်းတာကတော့ … တော်တော်လေးကို ထူးဆန်းတယ်။ ကျွန်တော်တို့စစ်ဆေးရေး လုပ်ရင်းနဲ့ သူ့ပုံစံအနေအထား နည်းနည်းပါးပါးတော့ ...

…” “ဗျာ…” မောင်ဖေမျက်လုံးပြူးသွားသည်။ ဘွားမယ်စိန်ကမောင်ဖေ့ကိုသေချာစိုက်ကြည့်၍… “အဲ့ကောင်မက လူမဟုတ်ဘူး… စုန်းမဟဲ့စုန်းမ…” “ဗျာ…စုန်းမ…” မောင်ဖေမျက်လုံးပြူးယုံတင်မက အလန့်တကြားပါ​ဖြစ်သွားခဲ့သည်။ “အေး…ကြည့်ရတာမောင်ရင်တို့ရွာထဲကိုဝင်ပြီး ကလေးတွေခိုးနေတာ ဒင်းတစ်ခုခုကြံစည်နေပုံရတယ်ကွဲ့” “ဟာဗျာ…ဒီလိုဆိုကျုပ်တို့ဘာဆက်လုပ်ရမလဲအမေကြီး… ကျုပ်တို့ရွာကဟာတွေကဒါတွေကို ယုံကြည်တာမဟုတ်ဘူးဗျ… ကလေးတွေပျောက်တာဓားပြတွေ လက်ချက်လို့ပဲထင်နေကြတာ…” “ဓားပြက ကလေးတွေကိုခေါ်ပြီး ဘာလုပ်မှာလဲဟယ်… ဒင်းတို့သာ ရွာထဲကိုဝင်ပြီး ကလေးခိုးနိုင်ရင် အခုအချိန်ဆို… နင်တို့ရွာတစ်ရွာလုံးရှိသမျှ အဖိုးတန်ပစ္စည်းတွေပါကုန်ပြီပေါ့” ဟု…ဒေါ်ဝင်းကဝင်ပြော​လေတော့ မောင်ဖေကခေါင်းကိုညိတ်၍… “ကျုပ်လည်းအဲ့တာပြောတာဗျ… အဲ့သည်တစ်ရွာလုံးမှာ ကျုပ်လောက်ဦးနှောက်ကောင်းတာ ဘယ်သူမှမရှိဘူး… သူကြီးဆိုတာကလည်းမျိုးရိုးဆက်ခံလို့သာ သူကြီးဖြစ်လာတာ ဦးနှောက်ရှိတာမဟုတ်ဘူးအရီးရဲ့… ရွာမှာကလေးတွေစပျောက်ကတည်းက ကျုပ်က ဘွားဆီကိုသွားကြဖို့ပြောပါတယ်ဗျာ… ဒါကိုကျုပ်ကိုတောင်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ...

လွယ်အိတ်ထဲက ပန်းအဖြူတစ်ပွင့်ကိုထုတ်ယူလိုက်ပြီး “ကိုင်း၊ ဒီမိန်းကလေးက အပျိုစင်စစ်ဖြစ်မယ်ဆိုရင် ပန်းကမညှိုးပါစေနဲ့၊ အပျိုမစစ်ရင် ပန်းညှိုးပါစေ” အဲဒီလိုရေရွတ်ပြီး ကျုပ်အမနားရွက်ကြားထဲ ပန်းကိုထိုးပေးလိုက်တော့ ပန်းကမညှိုးဘဲ ဒီအတိုင်းကလေးရှိနေတယ်ဗျာ၊ ဦးလေးကြီးက သိပ်ကျေနပ်သွားတဲ့အသံနဲ့ရယ်တယ်ဗျ။ “ရှားတယ်၊ ဒီလိုမသာမျိုးရဖို့က ရှားတယ်၊ ဒါကြောင့်လည်း အပျိုတစ်ယောက်သေတယ်ကြားတိုင်း အမိအရပြေးလာရတာပေါ့” ပြောရင်း ဦးလေးကြီးက လက်ခုပ်တစ်ချက်တီးလိုက်တယ်။ “ဟဲ့ ကောင်မ၊ ထစမ်းဟဲ့” သူလက်ခုပ်တီးလိုက်တဲ့အချိန်မှာ သုဿန်ထဲကို လေအေးတစ်ချက်က ဝေ့တိုက်သွားသဗျာ၊ သစ်ပင်ကြီးတွေအကုန်လုံး လှုပ်ယမ်းခါကုန်ကြတယ်၊ လေအေးတွေတိုက်တော့ ကျုပ်ဖြင့် ကျောတောင်ချမ်းတယ်ဗျာ။ ဦးလေးကြီးပြောပြီးမကြာပါဘူး ကျုပ်အမက ငေါက်ခနဲကောက်ထိုင်လိုက်တယ်ဗျ၊ ဦးလေးကြီးက ...