ဖြစ်သည်။
“ဒုန်း…ဒုန်း…ဒုန်း…ဒုန်း”
အိမ်ကြီး နံရံကို ထုသည့်အသံကလည်း သူတို့
ဘေးပတ်လည်မှာ ပေါ်လာပြန်သည်။
“ဝုန်း…ဝုန်း…ဂျိန်း…ဂျိန်း…ဂျိန်း…ဒုန်း…ဝုန်း”
ပြတင်းတံခါးများ ရုတ်တရက် ပွင့်ကုန်ပြီ
လေပြင်းတိုက်သလို တံခါးရွက်များ လှုပ်ခတ်
ကာ ကျယ်လောင်သော အသံတို့ ဖြစ်ပေါ်
လာသည်။
“အမေ…အမေ…သားကြောက်တယ်”
အခန်းထဲမှာ အိပ်နေသော ငါးနှစ်အရွယ်ထက်
အောင်လေး ရုတ်တရက် နိုးသွားပြီး ထအော်
တော့သည်။
“အဖေမသွားနဲ့ သားကြောက်တယ်”
“အမေရှိတယ် အခန်းထဲမှာ ညီလေးတစ်ယောက်
ထဲ ကိုကျော်တင့် အခန်းဝက အသံပြုပြီး ခေါ်
လိုက်”
“ထက်အောင် သား ထွက်လာခဲ့ အဖေဒီမှာ”
ကောင်လေးအိပ်ခန်းထဲမှ ပြေးထွက်လာသည်။
လေးပင်ဆောင် အိမ်ကြီးဖြစ်သဖြင့် အိပ်ခန်း
သုံးခန်း ဧည့်ခံ၊ ဘုရားခန်း၊ မီးဖိုခန်း၊ ထမင်း
စားခန်းတို့ဖြင့် တစ်ခန်းစီဖွဲ့ထားသည်။
မိသားစု ဆယ်ယောက်ဆယ့်ငါးယောက် ချောင်
ချောင်ချိချိ နေနိုင်သော အိမ်ကြီးမှာ မိသားစု
လေးယောက်ထဲရှိသဖြင့် အခန်းလွတ်တွေရှိ
နေသည်။ ရုတ်တရက်ရောက်လာသော သရဲ
က ဟိုက အသံပြုလိုက်သည်က အသံပေးလိုက်
နှင့်မို့ သရဲတစ်ကောင်ထက်မက အိမ်ကြီးပေါ်
ရောက်နေသည်ဟု ထင်မိကြသည်။
ရှပ်…ရှပ်…ရှပ်…
အကောင်အထည်မမြင်ရပဲ အနီးက ပတ်ပြီး လျှောက်သွားနေသော ခြေသံကို အတိုင်းသား
ကြားနေရသည်။
“ဟီ…ဟီ….ဟီ…”
“အမေ…အမေ…ဟို…ဟိုမှာ သရဲကြီး”
“ဘယ်မှာလဲ အမေတို့ မတွေ့ဘူး”
“ရှိတယ်…ဟိုသစ်သားတန်းပေါ်မှာ ထိုင်နေတယ်”
“သားကြောက်တယ် သရဲကြီးက ဒီဘက်ကြည့်
နေတယ်”
“ဒုက္ခပါပဲ ကလေးတွေက သရဲကို မြင်နေရ
တယ် ထိတ့ထိတ်လန့်လန့် ဖြစ်ကုန်ရင်တော့
ဒုက်ခပဲ”
“ဟာ…သရဲ…သရဲ မီးဖိုထဲက ထွက်လာပြီ”
“ဟီ…ဟီ…ကြောက်တယ် သရဲကြီးတွေ အများ
ကြီးပဲ ဟီး…ဟီး”
အငယ်ကောင်က ထုတ်တန်းပေါ်က သရဲကို
မြင်ပြီး မီးဖိုထဲက ထွက်လာသော သရဲကိုပါ
ထင်၍ မြင်လိုက်သဖြင့် မိခင်ဖြစ်သူ ရင်ခွင်
ကြားတိုးဝင်ပြီး အားပါးတရ ငိုတော့သည်။
“ကလေးတွေ ကြောက်လို့ မခြောက်မလှန့်ပါနဲ့”
“ဝုန်း”
ထုတ်တန်းပေါ်က သရဲက ခုန်ချလိုက်သည့်အ
တွက် ကြမ်းပြင်ပေါ်မှာ အသံထွက်သွားသည်။
“သရဲကြီး ခုန်ချလိုက်ပြီး သားတို့ကို စိုက်ကြည့်
နေတယ်”
အကြီးကောင် သက်မောင်က ဦးကျော်တင့်
ဘေးမှ နေ၍ မြင်သမျှ ပြောပြနေသည်။ ဦး
ကျော်တင့်တို့ လင်မယားက သရဲများကို မ
မြင်ရ။ ကလေးနှစ်ယောက်ကသာ မြင်နေ
ရသည်။ အငယ်ကောင်က အကြောက်လွန်
ပြီ တုန်ယင်နေသည်။
“သား မကြောက်နဲ့…သရဲတွေ မရှိတော့ဘူး”
“ရှိတယ် အဖေရဲ့ သရဲမှ နှစ်ကောင် ဟင် သုံး
ကောင် မီးဖိုထဲက တစ်ကောင်ထွက်လာပြန်ပြီ”
“အခု…ဘယ်မှာလဲ”
“အိပ်…အိပ်ခန်းထဲကို တစ်ကောင်ဝင်မလိုလုပ်
နေတယ် ဟော…ဝင်သွားပြီ နောက်တစ်ကောင်
က ထမင်းစားခန်းထဲ ဝင်သွားတယ် တစ်ကောင်
က သား…သားတို့ဘက်ကို လျှောက်လာနေပြီ”
“ဖေဖေ လာနေပြီ”
“ငြိမ်ငြိမ်နေ…သူက ခြောက်လှန့်ရုံခြောက်လှန့်
တာ လူကို ဘာမှမလုပ်ဘူး”
“အမယ်လေး…သရဲ”
သရဲက အနီးရောက်လာသည်နှင့် သူ့လက်ကြီး
ရှည်ထွက်လာကာ သက်မောင်ကို ထုတ်ဆွဲမည့် ဟန်လုပ်သဖြင့် သက်မောင်မျက်စေ့မှိတ်ပြီး
ထအော်သည်။
“ဟီ…ဟီ…သားကြောက်တယ်”
အငယ်ကောင်ကလည်း အကြီးကောင်အသံကြား
သည်နှင့် ခေါင်းမော့မကြည့်ပဲ အော်ဟစ်နေပြန်
သည်။.
“သရဲမရှိပါဘူး အကြီးကောင် သရဲမရှိပါဘူး”
“ရှိတယ် သူ့လက်ကြီးနဲ့ ဆွဲမလိုလုပ်တယ်”
သက်မောင်မျက်လုံး ဖွင့်ကြည့်သည်။ သရဲအနီး
မှာ မရှိတော့ ရှေ့နောက်ဝဲယာ ကြည့်တော့လည်း
သရဲကို မတွေ့တော့။သရဲတွေ ရှိသေးလား၊ ထွက်
သွားသည်လားမသိ၊ ဆူညံနေသော အသံများ
ငြိမ်သွားသည်။
“အကြီးကောင် သရဲကို မြင်ရသေးလား”
သက်မောင်က အမှောင်ထဲသို့ အသေအချာ
စိုက်ကြည့်သည်။
“မတွေ့တော့ဘူး အမေ”
တောရွာဖြစ်သဖြင့် လျပ်စစ်မီးမရ၊ ဖယောင်း
တိုင် ရေနံဆီ မီးအိမ်တို့နှင့်သာ နေကြရသည်။
မှန်အိမ်မီးရောင်က အိမ်ရှေ့မှာ ထွန်းထားသည့်
အတွက် ရှေ့ပိုင်းကို လင်းနေပြီး ထမင်းစားခန်း
မီးဖိုခန်းအထိ မီးရောင်က မှိန်ပြပြသာ ရောက်
ရှိသည်။
“ဟင်”
“ဘာလဲ မသိန်းတင်”
“မီးအိမ်ထဲမှာ မီးတဖြည်းဖြည်းမှိန်သွားပြီ၊ ရှင်
ညနေက ရေနံဆီ ဖြည့်လိုက်သေးလား
“မဖြည့်မိလိုက်ဘူး”
“ဒါဆို ဖယောင်းတိုင် ထွန်းရတော့မှာပေါ့”
“ဘုရားစင်ပေါ်မှာ ဆယ်တိုင်လောက်ရှိသေးတယ်”
“အို…အဲဒါ ဘုရားမီးပူဇော်မလို့ တစ်ထုတ်ဝယ်
ထားတာ”
“သုံးတိုင်လောက် သွားစွန့်လိုက်မယ်ကွာ”
“ဒါဆိုလဲ တော်သွားယူလိုက်”
မှန်အိမ်ထဲမှာ ရေနံဆီကုန်သွားသဖြင့် မီးက
တဖြည်းဖြည်း မှိန်လာသည်။
ဦးကျော်တင့် ထိုင်ရာမှထပြီး ဘုရားစင်ပေါ်ရှိ ဖယောင်းတိုင်များထဲမှ သုံးတိုင်ကို တပည့်တော်
တို့ကို စွန့်ပါဘုရားဟု ပြောဆိုပြီး ယူလာသည်။
ဖယောင်းတိုင် မီးထွန်းလိုက်သည်။
“သရဲတွေ သွားကုန်ပြီထင်တယ်၊ အိပ်ခန်းထဲ
သွားကြမလား”
“စောစောက တံခါးတွေ အကုန်ပွင့်ကုန်တာ
လိုက်ကြည့်ပြီး ဂျက်ထိုးလိုက်ဦး”
ဖယောင်းတိုင်နှစ်တိုင်ကို ထွန်းပြီး တစ်တိုင်ကို
ကိုင်ကာ တံခါးများပြန်ပိတ်ရန် ထသွားသည်။
“ဟင်…ထူးဆန်းလိုက်တာ”
“ဘာ ဖြစ်လို့လဲ”
“စောစောက တံခါးတွေ ပိတ်ထားရာက ပွင့်ကုန်
ပြီး တံခါးရွက်တွေ အကြိမ်ကြိမ် လှုပ်ခါသွား
တယ် မဟုတ်လား”
“ဟုတ်တယ်လေ”
“အေး..အခု…အားလုံးပိတ်ပြီးသား ဂျက်ချပြီး
သားတွေ”
“တံခါးအကုန်လုံး ကြည့်ပြီးပြီလား”
“အကုန်လုံး ပိတ်ပြီးသားတွေ”
“ဒါဆို သရဲတွေက တံခါးမပွင့်ပဲ တမင်ဖန်တီး
ပြီး ခြောက်လှန့်တာပေါ့”
“ဟုတ်လိမ့်မယ်…ကဲ…ထကြ…အိပ်ခန်းထဲ
သွားကြမယ်”
“ဟီ…ဟီး..သရဲ သားကြောက်တယ် ဟီး…ဟီး”
အငယ်ကောင်က မိခင်ရင်ခွင်ထဲ ခေါင်းတိုးဝင်
နေရာက အိပ်ခန်းထဲ သွားရန် ပွေ့ချီလိုက်စဉ်
တစ်ကိုယ်လုံး တုန်ပြီး ထအော်ပြန်သည်။
“သရဲတွေ မရှိတော့ဘူး သားရဲ့ လာသွားအိပ်
ကြမယ်”
ညီအစ်ကို နှစ်ယောက် အိပ်ခန်းတစ်ခန်းထဲ ထား
အိပ်သည်။ ယခု အကြောက်လွန်နေသော ကလေး
နှစ်ယောက်ကို အနီးမှာ ခေါ်အိပ်ရန် အခန်းထဲ
ခေါ်လာခဲ့သည်။
ထိုညက အငယ်ကောင် ကိုယ်တွေပူလာသည်။
သန်းကောင်ကျော်တော့ မအိပ်ပဲ ထယောင်သည်။
သရဲကြီးလာပြီဟုလည်း မကြာခဏ ထအော်
သည်။
“အင်း…အငယ်ကောင်…အကြောက်လွန်ပြီး
ဖျားပြီ”
တစ်ညလုံး လင်မယားနှစ်ယောက် ကောင်း
ကောင်း မအိပ်လိုက်ရ။ အကြီးကောင် သက်
မောင်ကတော့ ခေါင်းအုံးပေါ် ခေါင်းချလိုက်
သည်နှင့် အိပ်ပျော်သွားသည်။
မိုးစင်စင်လင်းသွားသည်။ အငယ်ကောင်လေး
ကိုယ်ပူကျမသွား။ သို့ကြောင့် ဦးကျော်တင့်
လင်မယား အငယ်ကောင်အား တစ်ရွာလုံး
အားကိုးအားထားပြုနေရသော တိုင်းရင်းသား
ဆရာကြီးထံ ခေါ်သွားပြီး ပြသသည်။
“အကြောက်လွန်ပြီး အသည်းငယ်သွားတာ
ဘာမှမပူနဲ့၊ ဆရာကြီး ဆေးသုံးခွက်စာ ပေး
လိုက်မယ်။ ဆေးသုံးခွက်သောက်ပြီးတာနဲ့
ပျောက်ပြီလို့သာ မှတ်လိုက်”
ဆရာကြီးထံက ပြန်လာပြီး ဆေးတစ်ခွက်တိုက်
လိုက်သည်။ နေ့ခင်းတစ်ခွက် ညနေတစ်ခွက်
တိုက်လိုက်သည်။ ထူးခြားမှုမရှိသေး။ ကိုယ်ပူ
ကလည်း မကျ၊ ပါးစပ်ကလည်း ကယောင်
ကတမ်းပြောသည့်အကြိမ် များလာသည်။
ညရောက်မှာ စိုးရိမ်လာသည်။ သည်ညသာ
သရဲတွေ လာခဲ့ရင် ကလေးအတွက် စိုးရိမ်
စရာအကောင်းဆုံး အချိန်တွေဖြစ်လာတော့
သည်။ တစ်နေ့တည်းနဲ့ ကလေးက ပိန်ကျသွား
သည်။ မျက်တွင်းချိုင့်သွားသည်။
အစာလည်း ကောင်းကောင်းမစား။ သူတို့
စိုးရိပ်သလို သရဲက ပေါ်မလာ။ ထိုညကိုလည်း
အိပ်ရေးမဝတဝနှင့် ကုန်လွန်သွားရသည်။
ထက်အောင်လေးက တစ်ညလုံး မအိပ်ပဲ
သရဲကြောက်တယ်ဟုသာ အော်ဟစ်ပြောဆို
နေသဖြင့် မနက်မိုးလင်းတော့ နှစ်ရက်မအိပ်
ခြင်း၊ အစာမဝင်ခြင်းကြောင့် ပိန်ချုံးချိနဲ့
လာတော့သည်။
ဒုတိယမြောက်နေ့ကျတော့ ဗိန္ဓောဆရာကြီး
ထံ မသွားတော့ပဲ၊ တောင်ဘက်လှည်းကူရွာမှာ
ကျန်းမာရေးရှိသည့်အတွက် လှည်းကူးရွာသို့
လှည်းနှင့်လာခဲ့ကြသည်။
ကျန်းမာရေးမှူးက ဆေးတစ်လုံးထိုးပေးပြီး
သုံးရက်ခြား သောက်ဆေးများ ပေးလိုက်သည်။
ဦးကျော်တင့်တို့ ရွာပြန်လာကြသည်။ နှစ်ရက်
အိပ်ရေးပျက်ထားသဖြင့် အိမ်ပြန်ရောက်ပြီး
မကြာခင် အငယ်ကောင်လေး အိပ်ပျော်သွား
သည်။
ညနေပိုင်းရောက်မှ အိပ်ယာက နိုးလာသည်။
ဒေါ်သိန်းတင်လည်း အိပ်ရေးပျက်သည့်အတွက်
အိပ်ပျော်နေသည်။ ဒေါ်သိန်းတင်နိုးတော့ လေး
နာရီခွဲပြီ၊ ညစာအတွက် ဝင်ပြီး ချက်ပြုတ်နေ
သည်။ ခြောက်နာရီထိုးတော့ ညစာ စားဖြစ်သည်။
“ရေနီဆီကို မီးအိမ်ထဲ အပြည့်ထည့်ဦးနော်”
အငယ်ကောင်အား သက်မောင်ကို ကြည့်ခိုင်း
ပြီး လင်မယား နှစ်ယောက် ညစာထိုင်စားနေ
ကြသည်။သက်မောင်ကို ထမင်းဟင်းကျက်
သည်နှင့် ကျွေးထားပြီးပြီ။ အငယ်ကောင်ကို
ထမင်းကျွေးသော်လည်း ခေါင်းခါပြသည်။
ကျန်းမာရေးမှူးပေးလိုက်သော ဆေးကလည်း
ထူးခြားဟန်မရှိ၊ ထမင်းလည်းမစား၊ ကိုယ်ပူ
ချိန်ကလည်း မကျ၊ ကယောင်ကတမ်းလည်း
မကြာမကြာပြောသည်။ ထမင်းကို အမြန်စား
ပြီး ဝိုင်းသိမ်းလိုက်သည်။
“”ဒုန်း…ဒုန်း…ဒုန်း”
“ဟင်…ခေါင်မိုးပေါ်က အသံတွေ ကိုကျော်တင့် အိပ်ခန်းထဲ အမြန်သွား အငယ်ကောင်ထလန့်
ဦးမယ်”
“ဝုန်း”
“အမေရေ…သရဲကြီးဗျ”
အကြီးကောင် သက်မောင်အသံ အိပ်ခန်းထဲက
ထွက်လာသည်။ အငယ်ကောင်လေးလည်း
ခေါင်မိုးပေါ်မှ ခုန်ချလာသော သရဲကြီးကို
မြင်လိုက်ပြီး မျက်လုံးနှစ်လုံးပြူးကာ ပါး
စပ်ကြီးဟပြီး ငြိမ်သက်နေတော့သည်။
ဦးကျော်တင့်နှင့် ဒေါ်သိန်းတင်တို့ အခန်းထဲမှာ
သရဲရှိသည်ကို သိသော်လည်း သားဇောကြောင့်
အခန်းထဲ အတင်းပြေးဝင်လာခဲ့သည်။
“အမေ…သားကြောက်တယ်”
“မရှိတော့ပါဘူး အမေတို့ အဖေတို့ရှိတယ်”
“မသိန်းတင် မင်းသားအငယ်ကောင် အသက်
မရှုတော့ဘူး”
“ဟင်…ကျ…ကျမတို့ သားလေးသေပြီ ဟုတ်
လား”
“အေး…အငယ်ကောင်သေသွားပြီ”
“ဟီး…ဟီး…ဘယ်ကရောက်လာတဲ့ သရဲတွေလဲ
ကျမတို့ သားလေးအကြောက်လွန်ပြီး အခုတော့
သေပြီပေါ့ ဟီး…ဟီး…”
အကြီးကောင်ကလည်း သရဲကို မြင်လိုက်သ
ဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ ဖခင်
ဖြစ်သူ ခါးကို အတင်းဖက်ထားသည်။ မိခင်
ဖြစ်သူက စိတ်လွတ်ကိုယ်လွတ်ငိုနေသည်။
“သားကြီး လက်တွေ ခဏလွှတ်ဦး ဒီမှာ ညီလေး
ဆုံးသွားပြီ အခန်းထဲမှာ သရဲရှိသေးလား၊ကြည့်
ပေးစမ်း”
“သားမကြည့်ရဲဘူး ကြောက်တယ်”
“ဟင်…ကလေးတွေကို ကြောက်သထက်
ကြောက်အောင်ကိုယ်ထင်ပြပြီး ခြောက်လှန့်
နေတယ်၊ ဒီလောက်ခြောက်ရရင် ကျေနပ်ပါ
တော့ ဟီး…ဟီး…ဟီး”
“ကဲ…အပြင်ထွက်ကြမယ်…ဟိုနောက်ဘက်မှာ
ကွပ်ပျစ်အဟောင်းရှိတယ် ရှေ့ယူထုတ်ပြီး
ပြင်ဆင်ထားလိုက်မယ်၊ ကဲ မသိန်းတင် ဖြစ်
သွားမှတော့ ငိုမနေနဲ့တော့… ထ”
“ခြေရင်းအိမ်က လှဆောင်တို့ကို အသံပြုပြီး အကူအညီတောင်းမှာပေါ့ တော်ပဲကြည့်လုပ်လိုက်ပါ”
“အေး…လှဆောင်တို့ ချစ်နိုင်တို့ ငွေသိန်းတို့ကို
အိမ်ခေါ်ထားမှ ဖြစ်မယ်”
ဦးကျော်တင့်က သားအလောင်းကို အိမ်ရှေ့
ခန်းမှာ ချထားလိုက်ပြီး ခြေရင်းဘက် ပြတင်း
ပေါက်ဖွင့်ကာ ခြေရင်းမှ လှဆောင်ကို ခေါ်ပြီး
ချစ်နိုင်တို့ကိုပါ ခေါ်ခဲ့ရန် ပြောလိုက်သည်။
ဆယ့်ငါးမိနစ်ခန့်ကြာတော့ အိမ်သို့ လှဆောင်
တို့အုပ်စု ရောက်လာသည်။ အသုဘ ကိစ္စစီစဉ်
ကြသည်။ ထိုနာရေးကိစ္စရှိနေသည့်ရက်အတွင်း
သရဲတစ်ကောင်မှ ပေါ်မလာပါ။
အကြီးကောင် သက်မောင်လည်း ယခင်ကလို
သွက်သွက်လက်လက်မရှိ ငေးငေးငိုင်ငိုင်
ကြောင်စီစီဖြစ်နေသည်။ တစ်ခါတစ်ခါ ပါး
စပ်က သရဲကြီး ခေါင်မိုးပေါ်က ခုန်ချတယ်
ဟု တစ်ယောက်တည်း ပြောနေတတ်သည်။
အငယ်ကောင် နာရေးကိစ္စပြီးသွားပြီ၊ တစ်ပတ်
ခန့်အကြာ ဘယ်က ရောက်လာမှန်းမသိသော
သရဲပြန်ရောက်လာပြန်သည်။ တစ်ညလုံး အသံ
မျိုးစုံထွက်အောင် ပြုပြီး ခြောက်လှန့်သည်။
ညပိုင်းက သရဲကို သက်မောင်မြင်ရသည်။
သက်မောင်လည်း အကြောက်လွန်ပြီး အဖျား
တွေတက်လာသဖြင့် သားကြီးအား ဝိုင်းဝန်း
အားပေးရင်း ပြုစုနေရသဖြင့် သရဲကို ဂရုမ
စိုက်တော့။
ကလေးနှစ်ယောက်သာ မြင်ရသော သရဲများ
လည်း ကလေးများ အကြောက်လွန်ပြီး အ
ခြေအနေဆိုးသည့်အခါမှ ကိုယ်ယောင်ပြ၍
ခြောက်လှန့်မှု မပြုတော့ပဲ။ အသံမျိုးစုံပေး
ပြီး ခြောက်လှန့်နေပြန်သည်။
သက်မောင်းလေးလည်း သရဲကို မမြင်ရပေ
မယ့် သရဲခြောက်နေသော အသံကိုတော့
ကြားရသည်။ သို့ကြောင့် အကြောက်လွန်
နေသော သူအတွက် အသံကြားတိုင်း နှလုံး
ကို ဆွဲညှစ်လိုက်သလို ဆောင့်ဆွဲလိုက်သ
လို ခံစားနေရသည်။
တစ်ခါတစ်ခါ အသက်ရှု၍ မဝသည့်အထိ
ကြပ်လာသည်။ အသံဆိုးသည်နှင့် မျက်လုံး
ကြီးပြူးကာ ခေါင်းလည်းကျသွားသည်။
“သား…သား…သား…ဘာဖြစ်သွားတာလဲ”
ဒေါ်သိန်းတင် သက်မောင်လေးကို ဖက်ပြီး
အားပါတရ ငိုတော့သည်။
ဦးကျော်တင့်လည်း အိမ်နီးချင်းများကို အသံ
ပြုပြီး အကူအညီတောင်းရပြန်သည်။ မကြာ
ခင် အိမ်နီးချင်းများ ရောက်လာပြီး ဝိုင်းဝန်း
ကူညီလုပ်ဆောင်ပေးကြသည်။
သားနှစ်ယောက် အသက်ဆုံးပါးသွားသဖြင့်
ဒေါ်သိန်းတင်ဖြေလို့ မပြေနိုင်တော့။ အချိန်
ရှိတိုင်း ငိုနေတော့သည်။
xxxxx
သူတို့ခြံထောင့်က မန်ကျည်းပင်ကြီးပေါ်မှာ
အေးငွေရောက်နေသည်။ အေးငွေက လူ့
ခန္ဓာကိုယ်နှင့်မဟုတ်၊ တစ္ဆေဝိညာဉ်အဖြစ်
နှင့် ရောက်နေသည်။
လွန်ခဲ့သော(၁၅)နှစ်က ဤခြံအတွင်းရှိ နှစ်
ဆောင်ပြိုင်အိမ်ကြီးပေါ်မှာ ဖခင်ဦးဘခိုင်နှင့်
ကိုအေးငွေတို့ ပျော်ပျော်ပါးပါးနေထိုင်ခဲ့ကြ
သည်။ မိခင်ဖြစ်သူက အေးငွေ ဆယ်နှစ်သား
အရွယ်မှာ အမျိုးသမီးရောဂါနှင့် သေဆုံး
သွားသည်။
သားအဖနှစ်ယောက်နှင့်အတူ နေထိုင်ခဲ့ရင်း
ဖခင်ဖြစ်သူက တစ်ရွာထဲနေ မုဆိုးမ မသိန်း
တင်နှင့် အိမ်ထောင်ပြုမည်ဟု ဆိုလာသည်။
အေးငွေက မသိန်းတင်ကို ကြည့်မရသဖြင့်
မယူရန် ကန့်ကွက်ခဲ့သည်။
မသိန်းတင်က ထိုစဉ်က မုဆိုးမ ကလေးမရှိ
ဘဲ ကျန်ခဲ့သူဖြစ်သည်။
အသက်က သုံးဆယ်ကျော်ရုံရှိသေးသည်။
ဦးဘခိုင်က အသက်ငါးဆယ်ရှိပြီ၊ အေးငွေ
မည်သို့ကန့်ကွက်ခဲ့ပေမယ့် ဦးဘခိုင်က မ
သိန်းတင်ကို လက်ထပ်သဖြင့် သားအဖနှစ်
ယောက် စကားများကာ အဝေးမှာရှိသော
မိခင်ဖြစ်သူ၏ မိဘများထံသွားပြီး နေ
တော့သည်။ ထိုရွာရောက်ပြီး နောက်နှစ်
ဖခင်ဆုံးသွားသည်။
အေးငွေတစ်ယောက် အဘိုးအဘွားများ အိမ်
မှာ ဆယ်နှစ်ကျော် ကာလအထိ နေထိုင်လာခဲ့
သည်။ ထို့နောက် အေးငွေတစ်ယောက် နုနုခင်
ဆိုသော မိန်းကလေး တစ်ယောက်နှင့် တွေ့ဆုံ
ချစ်ကြိုက်ခဲ့သည်။
ဖခင်နာရေးဖြစ်စဉ် အမိအဘ အမေကိစ္စ၊
ဆွေမျိုးများက ဒေါ်သိန်းတင်ထံမှ ဝိုင်းဝန်း
ပြောဆိုပေးကြသည်။
လယ်ဆယ်ဧကသာ ကျန်တော့သည့်အကြောင်း၊
ယခု ငါးဧကဖိုး ငွေသင့်ပြီး ပေးလိုက်မည်ဟု
ဆိုကာ စျေးဖြတ်ပြီး အေးငွေအား ပေးလိုက်
သည်။
အေးငွေ အရွယ်ရောက်၍ အိမ်ထောင်ပြုမည်
ဆိုပါက လာခဲ့ပါ၊ အိမ်နှင့်ခြံကို ရောင်းပြီး
တစ်ဝက်ပေးပါမယ်ဟု ဆိုခဲ့သည်။
လူကြီးများကလည်း လယ်တစ်ဝက်ရောင်းချ
ပေးသည့်အတွက် အိမ်နှင့်ခြံကိုလည်း ပြော
သည့်အတိုင်း ရောင်းချပေးမည်ထင်ကာ ကျေ
နပ်ပြီး အေးငွေကို ခေါ်၍ ပြန်သွားကြသည်။
အေးငွေ အသက်နှစ်ဆယ်ငါးကျော်ခဲ့ပြီ၊ အိမ်
ထောင်လည်း ပြုတော့မည်၊ ရစရာရှိသည့်
မိဘအမွေကို လာတောင်းသည့်အခါ ဒေါ်သိန်း
တင်မှာ ဖခင်ဖြစ်သူ၏ သူရင်းငှား ကျော်တင့်
နှင့် နောက်အိမ်ထောင်ပြုထားပြီး ကလေးနှစ်
ယောက်ရနေပြီ။
အေးငွေလည်း ဖခင်နာရေးကိစ္စကြောင့် ရွာ
ရောက်လာပြီး နောက်ပိုင်း ရွာသို့ မရောက်
ဖြစ်တော့။
အေးငွေကို အဘိုးအဘွားများနေသော ရွာနှင့်
အေးငွေဇာတိရွာက မိုင်တစ်ရာ့ငါးဆယ်ခန့်မျှ
ဝေးကွာသည်။ အကြောင်းကိစ္စ မရှိသဖြင့်
မရောက်ဖြစ်တော့။ ရွာမှာလည်း အသိမိတ်
ဆွေများသာ ရှိသည်။
ဆွေမျိုးသားချင်းမရှိ၍ အေးငွေလည်း ဒေါ်သိန်း
တင်ကို ယုံစားကာ အိမ်ထောင်ပြုမည်ဟု မဆုံး
ဖြတ်ရသေးသည့်အတွက် ရောက်မလာခြင်း
ဖြစ်သည်။ ထိုနေ့က ကားနောက်ကျကာ ရွာ
သို့ ခြေလျင်တစ်နာရီခန့် လျှောက်လာရသဖြင့်
ရွာကို ရှစ်နာရီကျော်မှ ရောက်သည်။
အခြားမှာ တည်းခိုစရာမရှိသဖြင့် မိဘများပိုင်
အိမ်သို့ တန်းလာခဲ့သည်။ အေးငွေကို မြင်လိုက်
သည်နှင့် ဦးကျော်တင့်တို့ လင်မယား မျက်နှာ
ပျက်သွားသည်။ သူတို့ ကတိစကားအတိုင်းဆို
အိမ်နှင့်ခြံကို သင့်ငွေဖြင့် တစ်ဝက်တောင်းရန်
လာခြင်းဟု အတတ်သိလိုက်သည်။
အေးငွေကလည်း ရောက်မဆိုက်ပင် ပွင့်ပွင့်
လင်းလင်း ပြောတော့သည်။
“ကျတော်ရှေ့လ မဂ်လာဆောင်တော့မယ်
သတို့သမီးကို တင်တောင်းဖို့ ငွေလိုတာနဲ့
လာခဲ့တာပဲ အဒေါ်ရေ”
“အေးအေးဆေးဆေး နေဦးပေါ့ကွယ်၊ ငါ့တူ
ရသင့်တာရ ရစေမယ်။ အခုလက်ထဲမှာတော့
မရှိဘူး၊ မင်းပြန်တဲ့ရက် ရအောင်လုပ်ပေး
လိုက်မယ်”
ဒေါ်သိန်းတင်စကားကြောင့် စိတ်တထင့်ထင့်
နှင့် အရဲစွန့်ပြီး လာခဲ့သော အေးငွေ စိတ်ချမ်း
သာသွားသည်။
ထိုည အေးငွေ ခရီးပန်းလာသဖြင့် ညကိုးနာ
ရီခွဲသည်နှင့် ဒေါ်သိန်းတင်ပြင်ပေးသော အိပ်
ယာပေါ် တုံးလုံးလှဲလိုက်ရာ မကြာခင် အိပ်
မော ကျသွားသည်။
“ကဲ…ဘယ်လိုလုပ်မလဲ ကိုကျော်တင့် ကျုပ်
တော့ အေးငွေကို တစ်ပြားတစ်ချပ်မှ မပေး
ချင်ဘူး”
“အဲဒါ မင်းနဲ့ပတ်သက်တာ မင်းမပေးချင်ဘူးဆို
ငါဘာလုပ်ပေးရမလဲ”
“လက်စဖျောက်လိုက်ရင် မကောင်းဘူးလား”
“ဖြစ်ပါ့မလား သူ့အဘိုးအဘွားက ပြန်မလာ
လို့ လိုက်ချင်လာပါဦးမယ်”
“ဒီကို ရောက်မလာဘူး ပြောရမှာပေါ့ ရွာကို
လာတာလဲ ဘယ်သူနဲ့မှ မတွေ့ဘူးလို့ပြောတယ်
ရှင်သတ္တိရှိဖို့ပဲလိုတယ်”
“ကျော်တင့်တို့က ဇရှိပြီးသားပါ သူ့အဖေကိုလဲ
တဲခေါင်မိုးပေါ်က ပြုတ်ကအောင်လုပ်ပြီး
သတ်ပြီးပြီ၊ သူ့သားကို ထပ်သတ်ရလို့
ပြဿနာမရှိဘူး”
“ဒါဆိုလဲ ဒီည ရှင်ကြည့်ရှင်းလိုက်”
ဒေါ်သိန်းတင်ကိုယ်တိုင်က သတ်မိန့်ပေးနေမှ
တော့ ဦးကျော်တင့် အေးငွေအိပ်နေသည့်
အနီးသွားကာ လည်ပင်းညှစ်သတ်ပစ်လိုက်
သည်။
“ကဲ…ငါ…သတ်ပစ်လိုက်ပြီ ဒီကောင့်ကို လှေနဲ့
တင်သွားပြီး ဟိုဘက်ကမ်းက ကိုင်းတောစပ်
မှာ သွားမြုပ်လိုက်မယ်”
ဦးကျော်တင့်က အေးငွေ၏ အသက်မဲ့ခန္ဓာကိုယ်
ကြီးကို စောင်နှင့်ပတ်ပြီး အိမ်အောက် ထမ်းချ
သွားသည်။ အိမ်နှင့် လှေဆိပ်က အနည်းငယ်
လှမ်းသည်။ ဒါပေမယ့် ဒီအချိန် အိမ်တိုင်း အိပ်
ကုန်ကြပြီ၊ လူသိမှာ စိုးရိမ်စရာ မရှိတော့။
သို့ကြောင့် အမှောင်ရိပ်ခိုကာ လှေဆိပ်သို့ အ
လောင်းကို ထမ်းလာခဲ့သည်။ လှေဆိပ်ဆိုပေ
မယ့် ကူးတို့ပို့သော လှေဆိပ်မဟုတ်၊ ဟိုဘက်
ကမ်း သည်ဘက်ကမ်းကူးရန် ထားသော
လှေ သုံးစီးအမြဲရှိသည်။
လှော်တက်မလို ထိုးဝါးဖြင့်သာ ထိုးပြီး သွားလာ
ကြသည်။အကြောင်းကိစ္စရှိ၍ အဝေးသို့ လှော်
သွားသည့် အခါမှသာ အိမ်က လှော်တက်ယူ
လာလေ့ရှိသည်။
ဦးကျော်တင့် လက်တစ်ဖက်က ပေါက်တူး
တစ်လက်ကို ကိုင်လာရသေးသည်။ ကမ်း
စပ်ရောက်တော့ အလောင်းကို လှေပေါ်တင်
၍ ထိုးဝါးကို မြေမှနှုတ်လိုက်ပြီး တစ်ဖက်
ကမ်းသို့ လှေထိုးခဲ့သည်။
ချောင်းက ပေငါးဆယ်ခန့်သာ ကျယ်သည်။
တစ်ဖက်ကမ်းရောက်တော့ ထိုးဝါးကို မြေမှာ
စိုက်ပြီး လှေကို ဝါးမှ ချည်ထားလိုက်သည်။
အလောင်းကို မချပြီး ကိုင်းတောစပ်မှာ မြေ
တူးပြီး မြုပ်လိုက်သည်။ ခပ်နက်နက်လေး
တူးလိုက်သည်။ လူသိမှာ မစိုးရိမ်ရ။
ထိုနေရာတစ်ဝိုက်ရှိ မြေသားများ ငါးရှာရန်
တီများတူးထားသဖြင့် နေရာအနှံ ပေါက်တူး
ပေါက်ထားရာများ ပြည့်နေသည်။ တီတူး
ကြသူများက အမြဲတမ်း ပေါက်တူးတစ်ပြား
အနက်သာ တူးလေ့ရှိသည်။
အချိန်တစ်နာရီခန့်ကြာတော့ အလောင်းမြေ
မြုပ်ခြင်း ပြီးသွားသည်။
အသတ်ခံလိုက်ရသော အေးငွေလည်း ရက်
လည်ပြီးမှသာ သူ့ကိုယ်သူ အသတ်ခံလိုက်
ရမှန်း သိသည်။
သို့ကြောင့် ဝိညာဉ်အဖြစ်နှင့် မိမိအိမ်သို့ ပြန်
လာခဲ့သည်။ အိမ်အနီး မန်ကျည်းပင်ကြီးမှာ
နေရန်အပြု သူ့အရင်ရောက်နေသော သရဲ
နှစ်ကောင်က လက်မခံ။
တောင်းတောင်းပန်ပန်နှင့် ခေတ္တခိုနားခွင့်
တောင်းခဲ့ရသည်။ ထိုသရဲနှစ်ကောင်က
သူ့အားမေးသည်။
“အခြားမသွားဘဲ ဒီမန်ကျည်းပင်မှာ ဘာ
ကြောင့် နေချင်ရတာလဲ”
“ကျုပ်ကို ဒီအိမ်က လင်မယားက မိဘရဲ့
အမွေမပေးချင်လို့ သတ်လိုက်တယ်။ ကျုပ်
ကိုသတ်တဲ့ ဒီလင်မယားကို ကလဲ့စားချေ
ပြန်သတ်ပြီးမှ ဒီက ထွက်သွားမယ်”
“မင်းက အခုမှ ဝိညာဉ်တစ္ဆေအဖြစ် ရောက်တာ၊
ဒီအိမ်က လူတွေကို ဘယ်လိုသတ်မှာလဲ”
“အခုသတ်လို့မရလဲ သတ်လို့ရတဲ့အချိန် သတ်
မယ်ဗျာ”
“မင်းသတ်မယ်ဆိုလဲ သတ်သင့်ပါတယ် ငါတို့
နှစ်ကောင်က ဒီမန်ကျည်းပင်မှာ နေလာတာ
အနှစ်ငါးဆယ်ကျော်ပြီ မင်းအဖေ အိမ်ထောင်
မကျခင်ကတည်းက ငါတို့ရှိနေတာ”
“မင်းအမေသေပြီး လေးနှစ်ကျော်ကျော်လောက်
ရှိတော့ အခု မသိန်းတင်နဲ့ ယူလိုက်ကြတယ်
မင်းအဖေက အသက်ကြီးနေပြီး မသိန်းတင်က
မင်းရဲ့ အဖေအလစ်မှာ မင်းတို့ငှားထားတဲ့
သူရင်းငှားကျော်တင့်နဲ့ ဖောက်ပြန်နေတယ်”
“တစ်ရက် မင်းအဖေ နွားတင်းကုတ် အမိုးတက်
မိုးရင်း မြားတန်းကျိုးကျအောင် လုပ်ထားတယ်”
“မြားတန်းဆိုတာဘာလဲဗျ”
“ဟကောင် တောသားဖြစ်ပြီး ဒီလောက်မှ
မသိဘူးလား။ တဲပဲဖြစ်ဖြစ် အိမ်ပဲဖြစ်ဖြစ်
အမိုးမမိုးခင် ခေါင်းတန်းရှိတယ်၊ ထုတ်
ယောက်၊ ဒိုင်းမြား အပြည့်အစုံပါမှ အိမ်အမိုး
မိုးလို့ရမှာ မဟုတ်လား မင်းအဖေက ကျော်
တင့် ထောင်ချောက်ဆင်ထားတဲ့ မြားတန်း
ကျိုးကျပြီး သေတာကွ၊ အခု မင်းကိုလည်း
မသိန်းတင် သတ်ခိုင်းလို့ ကျော်တင့်က သတ်
လိုက်တာ ငါတို့သိတာပေါ့
မင်းကတော့ ဒီလင်မယားကို သတ်ဖို့ရက်
အတော်စောင့်ရဦးမယ် မတရားတဲ့ လင်
မယားကို မင်းဂလဲ့စားချေချင်ရင် ငါတို့နှစ်
ကောင်ပါ မင်းနဲ့ဝိုင်းကူခြောက်လှန့်ပေးမယ်”
“ကျုပ်ကတော့ ဒေါ်သိန်းတင်ရဲ့ သွေးသား
မှန်သမျှ ရှင်းပစ်ချင်တယ်”
“ဒါဆို ကလေးတွေကို ခြောက်လှန့်ပြီး သတ်
ပစ်မယ်၊ ကလေးတွေ သေကုန်ရင် သူတို့လင်
မယား စိတ်ကျရောဂါအမှန်ပဲ အဲဒီအချိန်
ရောက်ရင် ငါတို့နှစ်ယောက် သူတို့ခန္ဓာကိုယ်
မှာ ဝင်ပူးကပ်ပြီး စိတ်ကြိုက်…နှိပ်စက်ကြမယ်”
“မင်းကျေနပ်လား”
“ဟာ…သူတို့ မိသားစုပျက်စီးသွားရင် ကျေနပ်ပြီ”
“သူတို့ သေကုန်ရင် ဒီအိမ်နဲ့ဒီခြံ မင်သရမယ်
ထင်လို့လား၊ မင်းက တစ္ဆေဖြစ်နေပြီ၊ ပစ္စည်း
ကို မက်နေလို့မရဘူး၊ ကျော်တင့်ရဲ့ ဆွေမျိုး
တွေ သိန်းတင်ရဲ့ ဆွေမျိုးတွေ အမွေဆက်လု
ကြဦးမှာပဲ”
“ခင်ဗျားတို့ နှစ်ယောက်ကို အားကိုးပြီး အပ်ပါ
တယ်ဗျာ…အခုချိန်ကစပြီး ကူညီပေးပါ”
“အေး…ကူညီပြီးရင် မင်းစကားအတိုင်း ထွက်
သွားရမယ်နော်”
“စိတ်ချပါ ခင်ဗျားတို့ကလဲ သရဲဖြစ်ပြီး မန်
ကျည်းပင်မှာ ကျုပ်တစ်ယောက်နေမှာကို
တောင် မနာလိုဖြစ်နေတယ်”
“ဟဲ…ဟဲ..နှစ်ကောင်ထက်ပိုရင် စကားများမယ်
မျက်စေ့ ရှုပ်မယ်…အေးအေးချမ်းချမ်း နေချင်
လို့ပါကွာ စိတ်မရှိပါနဲ့”
“ကဲ…ကျုပ်မနေစေချင်ရင် အခုချိန်ကစပြီး
ကူညီပေတော့”
မန်ကျည်းပင်မှာနေတဲ့ သရဲနှစ်ကောင်၏ ကူ
ညီခြောက်လှန့်ပေးမှုကြောင့် ဦးကျော်တင့်နှင့်
ဒေါ်သိန်းတင်တို့ သားနှစ်ယောက် တစ်လအ
တွင်းမှာပင် သေဆုံးကုန်သည်။
xxxxx
ဒေါ်သိန်းတင်တို့လင်မယားလည်း ကလေးနှစ်
ယောက်လုံး မျက်စေ့အောက်မှာ သေဆုံးကုန်
သဖြင့် အရူးတစ်ပိုင်းနှယ်ဖြစ်နေတော့သည်။
အချိန်ရှိသမျှ ပူဆွေးနေတော့သည်။ ထိုအချိန်
ကို အခွင့်ကောင်းယူပြီး တစ္ဆေအေးငွေ၏မိတ်
ဆွေသရဲနှစ်ကောင်က သူတို့၏ ခန္ဓာကိုယ်မှာ
ဝင်ရောက်ပူးကပ်တော့သည်။
ဒေါ်သိန်းတင်က အော်လိုက်၊ ငိုလိုက်၊ အိမ်ပေါ်
လှည့်ပတ်ပြေးလိုက် ဖြစ်နေသည်။ ဦးကျော်
တင့်က ခေါင်းနှင့်နံရံ ပြေးဆောင့်သည်။ ခေါင်း
ဟက်တက်ကွဲသွားသည်။
နဖူးနှင့် ခေါင်းပြေးတိုက်သည်။ သွေးများ မြင်
မကောင်းအောင် စီးကျနေသည်။ ဦးကျော်တင့်
နှင့် ဒေါ်သိန်းတင်တို့၏ ခန္ဓာကိုယ်ကို ကောင်း
ကောင်းနှိပ်စက်ပြီး ခန္ဓာကိုယ်က ခွာထွက်ခဲ့
သည်။ ထိုအချိန် ဒဏ်ရာများက နာကျင်လွန်း
၍ အော်ဟစ်နေသည်။
အိမ်နီးနားချင်းများ၊ ဆွေမျိုးအချို့လည်း
ရောက်လာပြီး ဝိုင်းဝန်းပြုစုကြသည်။ထို
အချိန်ဒေါ်သိန်းတင်တို့ကို စကားပြောလျင်
ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံသည်။
တစ်နေ့ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် ဝင်
ရောက်ပူးကပ်ပြီး ခန္ဓာကိုယ်များကို နှိပ်စက်သည်။
လူများက သူတို့လင်မယား ယဉ်ယဉ်လေး
နှင့် ရူးသွားပြီဟု ပြောဆိုဝေဖန်ကြသည်။
ထိုကဲ့သို့ သရဲနှစ်ကောင် ဝင်ပူးကပ်လိုက်
ခွာထွက်သွားလိုက်နှင့် တစ်ပတ်နီးပါး ကြာ
လာသည်။
တစ်ည ရုတ်တရက် ဒေါ်သိန်းတင်ကစပြီး
ဖောက်တော့သည်။ ညစာစားရန် မီးဖိုထဲမှာ
ကြက်သွန်နီလှီးနေရာမှ ကြက်သွန်နီလှီးသည့်
ဓားကို အိမ်ရှေ့ယူလာပြီး ဦးကျော်တင့်ကို
သုံးလေးချက်ထိုးလိုက်သည်။
ထိုအချိန် အိမ်ပေါ်မှာ ဒေါ်သိန်းတင်၏ ညီမ
လင်မယားသာ အစောင့်အဖြစ်ရှိနေသည်။
ဦးကျော်တင့်မှာ ဓားနှင့်အထိုးခံရသဖြင့်
နာကျင်သည့်စိတ်ကြောင့် ဒေါသထွက်ကာ
အနီးမှာ ထွန်းထားသော မှန်အိမ်နှင့် ဒေါ်
သိန်းတင်ကို ကောက်ပေါက်လိုက်သည်။
မှန်အိမ်ထဲ ရေနံဆီအပြည့်ထည့်ထားသဖြင့်
ဒေါ်သိန်းတင်တစ်ကိုယ်လုံး ရွှဲကုန်ကာ မီး
ဟုန်းဟုန်း ထလောင်တော့သည်။
ထိုမီးများက အိမ်ပေါ်မှာ ပျံ့နှံ့ကုန်သည်။ကြမ်း
ပြင်ရော နံရံများပါ မီးစွဲကုန်သည်။ ထိုအချိန်
သရဲနှစ်ကောင်လည်း ဒေါ်သိန်းတင်တို့ လင်မ
ယား၏ခန္ဓတို့မှ ထွက်ခွာသွားကြသည်။
နာရီဝက်ပင်မကြာ ဦးကျော်တင့်က သွေးထွက်
လွန်ပြီး သေသွားသလို ဒေါ်သိန်းတင်လည်း
တစ်ကိုယ်လုံး မီးစွဲလောင်ပြီး သေသွားသည်။
နှစ်ဆောင်ပြိုင် အိမ်ကြီးလည်း မီးဟုန်းဟုန်း
တောက်လောင်နေတော့သည်။
“ကဲ…မောင်ရင့်ဆန္ဒပြည့်ပြီ အခု သွားတော့
မယ် မဟုတ်လား”
“ကျုပ်သွားမှာပါ ကျုပ်မသွားခင် ခင်ဗျားတို့
လို မိတ်ဆွေမျိုးရတာ ကျုပ်အတော်ကံကောင်း
တာပဲ ကျေးဇူးတင်တယ်ဗျာ ကျုပ်တစ်ယောက်
ထဲဆို အကြံအစည်အောင်မှာ မဟုတ်ဘူး”
“ငါတို့က သရဲပေမယ့် အကူအညီလိုရင်
ကူညီဖို့ ဝန္မေလးပါဘူးကြာ”
“ဒါဆို ကျုပ်နေစရာ မရှိတာ…ခင်ဗျားတို့ မန်
ကျည်းပင်ရဲ့ အကိုင်းတစ်ကိုင်းမှာတော့ ပေး
နေပါဗျာ”
“အင်း…ကိုယ့်စကားနဲ့ ကိုယ် ပြန်ခံရတာပါလား”
“ကဲ…ငါတို့ မင်းကို ခင်မင်နေပါပြီ ဒီမှာနေပြီး
ကိုယ်ဝမ်းစာ ကိုယ်ရှာစားပေါ့ကွာ”
သို့ဖြင့် ခြံထောင့်က မန်ကျည်းပင်ကြီးမှာ
သရဲသုံးကောင် စည်းစည်းလုံးလုံးနှင့်
နေထိုင်သွားလေတော့သည်။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ ဧကန်မင်း
မဖဲဝါနဲ့ အိမ်ကြီးရှင် သရဲမစာအုပ်မှ
ကောက်နုတ်တင်ပြထားသည်
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
Leave a Reply