မှာ… “အေး…ကောင်းတယ်ဟဲ့… အရူးမကြီးရှိတာအရမ်းကောင်းတယ်… မဟုတ်ရင်ဒင်းတို့ဆော့တာလူကြီးတွေမမြင်တော့ လုပ်ချင်ရာလုပ်နေကြမှာ…” ဟုပင်ပြောကြလေသည်။ ကလေးများကိုစောင့်ရှောက်သော အရူးမကြီးကိုလည်း အားလုံးကချစ်ခင်ကြသည်။ “အဘွားနာမည်ဘယ်သူတုန်းဗျ” ဟု… ညောင်ပင်အောက်တွင်ထိုင်နေသောအရူးမကြီးကို ဖိုးထူးတို့ကလေးအဖွဲ့ကမေးလေတော့… “ငါ့နာမည်…ဟုတ်လား…” “ဟုတ်တယ်လေဗျာ…အဘွားမှာနာမည်ရှိတယ်မလား…” “အေး…နာမည်နော်….နာမည်…ရှိတာပေါ့ဟဲ့ ဟီး…ဟီး…ဟီး………….” အရူးမကြီးက တဟီးဟီးရယ်မောလေတော့ ကလေးများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။ သို့သော်ဖိုးထူးက… “ပြောပါအဘွားရယ်…ကျုပ်တို့ကအဘွားကိုအရူးမကြီးလို့ မခေါ်ချင်ဘူးဗျ…အဘွားကလိမ္မာပါတယ်ဗျာ… ပြောပါနော်” “အရူးမကြီး…ငါ့နာမည်ကအရူးမကြီးမဟုတ်ပါဘူးဟဲ့… ငါ့နာမည်က စာဥ…ဘွားစာဥဟဲ့” “ဘွားစာဥ…ဟုတ်လား…ဒါဆိုဘွားနာမည်က ဘွားစာဥပေါ့လေ” “အေး..ငါ့နာမည်ကဘွားစာဥဟဲ့” “ဟေးးးးးးးဘှားစာဥတဲ့….ဘှားစာဥ” “ဟေး…” “ဘွားစာဥ” “ရှင့်………” “ဘွားစာဥ…” “တော့်……” ကလေးအုပ်စုမှာတညီတညွှတ်ထဲဘွားစာဥဟုခေါ်နေကြပြီး ဘွားစုဥမှာလည်း ထူးနည်းမျိုးစုံဖြင့်ထူးနေတော့လေသည်။ ...

ငါ့ကိုသင်ပေးထားတာ။ တကယ်ခက်ခဲတဲ့ကျင့်စဉ်‌ေတွ ကျင့်ခဲ့ပြိးမှ ငါအခုလိုပညာကိုတတ်မြောက်နိုင်သွားတာ။ ဒီထပ်တော့ပိုမမေးနဲ့ပေါ့ကွာ ၊ ငါလည်းမရှင်းပြချင်ဘူး။” အဲဒီလိုမျိုးဗျဆရာချမ်းမင်းရှင်က သူမပြောချင်ဘူးဆိုလို့ကတော့ ဘယ်လိုမေးမေးကိုမရတာဗျ။ နောက်ထပ်ထူးဆန်းတာကတော့ ဆရာချမ်းမင်းရှင်က နေကြတ်မဲ့အချိန်နဲ့လကြတ်မဲ့အချိန်၊ နေ့ရက်၊ နှစ်၊ လကို အတိကျပြောတာဗျ။ ဘာလို့ပြောတာလဲဆိုတော့ ထောင်ထဲကိုအသစ်ရောက်လာတဲ့ မောင်ကောင်းဆိုတဲ့ကောင်လေးကြောင့်ပဲ။ အဲဒီကောင်က အသက်က၂၃ဆိုပေမဲ့ ဗလတောင့်တောင့်ဗျ၊ နည်းနည်းလည်း ကြမ်းတယ်။ အရွယ်ငယ်သေးတော့ သွေးကြွနေချိန်ပေါ့ဗျာ။ အခုအမှုဖြစ်ပြီးထောင်ထဲရောက်တော့ ‌ဆရာချမ်းမင်းရှင်အကြောင်းက ဟိုးလေးတကျော်ကျော်ကိုဗျ။ အဲဒါနဲ့သူက ဆရာချမ်းမင်းရှင်ကို ပညာစမ်းပါလေရောဗျာ။ “ဒီက ကိုချမ်းမင်းရှင်လားမသိဘူး။ ခင်ဗျားက နက္ခတ်ပညာရှင်ဆို လုပ်စမ်းပါအုံးဗျ။ ကျုပ်ယုံအောင်တစ်ခုခုလုပ်ပြစမ်းပါ။” အဲဒီလိုမောင်ကောင်းက ...

မှ မီနိုင်တာဟ” ကျုပ်တို့လည်း အပြေးတစ်ပိုင်းသွားခဲ့ရင်း မကြာခင်မှာပဲ လှည်းလမ်းခွဆိုတဲ့ ရွာကလေးကိုရောက်လာခဲ့ပါတယ်ဗျ၊ ရွာကလေးက ကြက်လျှာစွန်းပုံစံ ချွန်ချွန်ကလေးဗျ၊ လှည်းလမ်းကြောင်းကြီးနှစ်ခုရဲ့ အလယ်မှခွပြီးတည်ထားဆိုတော့ လှည်းလမ်းခွလို့ပဲနာမည်ပေးလိုက်ကြတာပါ၊ အိမ်ခြေက ငါးဆယ်ကျော်ကျော်လောက်ပဲရှိတယ်ဗျ၊ အရင်ကတော့ ဒီနေရာမှာ ရွာတွေဘာတွေမရှိဘူးဗျ၊ နောက်တော့ လှည်းလမ်းနှစ်ခွကွဲသွားတဲ့အလယ်နားမှာ မုန့်ဖိုကလေးဖွင့်၊ ဈေးတွေရောင်းရာကနေ တဖြည်းဖြည်းစည်ကားပြီးတော့ ရွာကလေးလိုဖြစ်သွားတာပဲဗျာ။ လှည်းလမ်းနှစ်ခုကလည်း နှယ်နှယ်ရရမဟုတ်ဘူးဗျ။ အရှေ့ဘက်သွားတဲ့ လှည်းလမ်းကြီးကိုတော့ နိဗ္ဓာန်လမ်းလို့ ခေါ်ကြသဗျ၊ အဲဒီကနေဆက်သွားရင် နိဗ္ဗာန်တိုက်နယ်ကိုရောက်တယ်၊ အဲဒီမှာလည်း ရွာဆယ်ရွာလောက်ရှိတယ်ဆိုတော့ ဒီလမ်းကြီးက အဲဒီရွာတွေကိုသွားတဲ့ အဓိကလမ်းမကြီးပေါ့ဗျာ။ တစ်ဖက်က လမ်းကျတော့ ပေတောရွာနဲ့ ...

တယ်။ ဦးညိုလဲအဲဒီတော့မှ သက်ပြင်းချနိုင်ပြီး “ ငါအတွေးလွန်သွားပါလား” လို့တွေးကာ ရွာသားတွေခေါ်တဲ့နောက်ကိုလိုက်သွားခဲ့တယ်။ ++++++++ “ ကလေးက အနာရှိန်ကြောင့်ဖျားတာပါ…ဒီဆေးကို သုံးခွက်တစ်ခွက်တင်ပြုတ်ပြီး သုံးရက်တိုက်ရမယ်… ဒါဆိုရင် သက်သာပါပြီ…လောလောဆယ် ဒီဆေးတစ်ပုံသောက်ထားဦး” သျှောင်ပေစူးနဲ့အိပ်ယာထဲလဲနေတဲ့ ကလေးက တစ်အင်းအင်းနဲ့ညီးညူရင်း ဦးညိုကမ်းပေးတဲ့ ဆေးကိုကမ်းယူလိုက်တဲ့အချိန် လက်ချောင်းတွေရဲ့ထိပ်မှာ ချွန်ပြီးထွက်နေတဲ့ လက်သည်းစတွေကိုမြင်လိုက်ရတယ်။ “ ဟင်… “ ဦးညိုလဲ ရုတ်တရက်လန့်သွားပြီး ဒုတိယအကြိမ်ကြည့်လိုက်ရာ သာမန်လက်အတိုင်းဖြစ်နေခဲ့တယ်။ “ ငါ ဒီည ဘာဖြစ်နေတာပါလိမ့်” “ ဆရာကြီး …. “ ဘေးကနေလှမ်းခေါ်လိုက်တဲ့အသံကြောင့် ...

လောကီပညာကို အတော်လေး တီးမိခေါက်မိတယ်ဆိုတာ ထင်ရှားတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သင်ပေးပါဆိုပြီး အဲဒီလင်္ကာလေးကို သင်ထားလိုက်တယ်။ တနင်္ဂနွေ | အိုကြင်ယာ | ဥဒကေ တနင်္လာ | ကြာကံသူ | ဝနေ အင်္ဂါ | စိတ်တူ၏ | ဂူပေ ဗုဒ္ဓဟူး | လှဒိသာ | ဂါမေ ကြာသပတေး | ပျော်ရွှင်စွာ | ပမ္မတေ သောကြာ | သင်တို့မောင် | မဂ္ဂေ စနေ ...

ပါလာသေးတယ်မဟုတ်လား။ “သတိတော့ထားကြဗျ၊ အဲဒီဘုရားပျက်ကုန်းက သရဲခြောက်တယ်” သရဲဆိုတာ ကြားလိုက်တာနဲ့ ကြယ်စင်နဲ့ ရွှေစင်က ကျုပ်အနားကိုကပ်လာတယ်ဗျ၊ ကျုပ်နဲ့အသားချင်းတောင် မထိတထိဖြစ်လာခဲ့တာ၊ အဲဒီမှာ ဦးမင်းလူတို့က ဘုရားပျက်ကြီးကို အသေအချာကြည့်တော့တာပဲဗျာ၊ ပြိုပျက်နေတဲ့ဘုရားကြီးရယ်၊ ဘုရားအရှေ့နားက ခြင်္သေ့ရုပ်လိုလို အပျက်တစ်ခုရယ်၊ နောက်ပြီး တန်ဆောင်းနေရာတွေ၊ ဘာတွေကို အဖေကလိုက်ပြတာပေါ့ဗျာ၊ ဟိုကောင်မလေးနှစ်ယောက်ကတော့ ကျုပ်အနားက မခွာဘူးပေါ့ဗျာ။ ဒီလိုနဲ့ကြည့်နေကြရင်း ဦးမင်းလူက အဖေ့ဘက်ကိုလှည့်ပြီးတော့ “ရပြီသူကြီး၊ ခင်ဗျားပြန်တော့” အဖေက ခေါင်းညိတ်ပြီးတော့ ပြန်သွားတာဗျ၊ ကျုပ်လည်း အံ့သြနေမိတာပေါ့။ ဦးမင်းလူက အကိုကြီးဘက်ကိုကြည့်နေရင်း “ဟေ့ကောင်၊ မင်းလည်းပြန်တော့” ...

ခလေးကိုယ်ပေါ်မှာဝတ်ထားတာကအနီရောင်မိုလို့နွားကမျက်စိနောက်ပြိးလိုက်ဝှေ့တာဖြစ်မယ်ဗျကျုပ်သွားလိုက်အုံးမယ်ဗျာ” “သာလှရာငါတို့ကမင်းကိုနွားကဝှေ့သွားတော့မင်းအတွက်ဆိုးရိမ်သွားတာကွမင်းတကယ်ဘာမှမဖြစ်ပါဘူးနော်” “တကယ်ဘာမှမဖြစ်ပါဘူးဗျာကျုပ်သွားလိုက်အုံးမယ်ကျုပ်တို့လယ်ကောက်ရိတ်နေကြတာဗျအဖေကွမ်းပြန်ယူခိုင်းထားတာကြာနေလို့အ​ဖေမျှော်နေ အံုးမယ်ဗျ” ကျုပ်ကလည်းသူတို့ပြောသမျှကိုပြန်ဖြေပြီးတော့လည်းလယ်ထည်းကိုပြန်လာခဲ့တယ် “ခနနေပါအုံးသာလှရယ် ငါ့သားလေးအသက်ကိုနင့်အသက်နဲ့ရင်းပြီး ကယ်ပေးတာတကယ်ကျေးဇူးတင်ပါတယ်နော်နင်တို့လယ်မှာကောက်ရိတ်နေကြတာမလားငါပါကူရိတ်ပေးမယ်” “ရပါတယ်ဗျာလယ်ထည်းမှာက​ကောက်ရိတ်သမတွေရှိပါတယ်ဗျာမလိုက်ပါနဲ့” “ရှိရှိလေသာလှရယ်ငါပါလိုက်တော့မြန်မြန်ပိုပြီးတာပေါ့” ကျုပ်ကိုလည်း ခလေးရဲ့အမေကကျေးဇူးတင်တဲ့အကြောင်းပြောပြီးတော့လည်းစပါးကူရိတ်ပေးဖို့ပြောတာပေါ့ ကျုပ်ကလည်းငြင်းပေမယ့်လည်းကျုပ်နောက်ကိုလိုက်လာခဲ့တယ် ကျုပ်ကလည်းရွာထည်းကသူတွေတော်တော်များများသိပေမယ့်သူ့ကိုမသိတာကြောင့်လည်း စကားလုံးရိုက်ပြီးပဲပြောရတာပေါ့သူကတော့ကျုပ်ကိုသိတယ်ထင်တယ်ဗျ သာလှလို့ခေါ်ပြီးပြောတာလေဗျာ ကျုပ်တို့နှစ်ယောက်ကလည်းလယ်ထည်းကိုရောက်လာခဲ့တယ် ကျုပ်ကလည်းးထူးဆန်းတဲ့ငွေမျှင်လေးများအကြောင်းကိုဉီးကြီး​မောင်ကိုမေးမယ်လုပ်ပေမယ့်လည်းဉီးကြီးမောင်ကပြန်သွားခဲ့ပြီဗျ တစ်နေကုန်အလုပ်လုပ်ပြီးတော့မှ ကျုပ်ကယ်လိုက်တဲ့ခလေးရဲ့အမေနာမည်က နွဲ့ရီဆိုတာသိရတယ် အမနွဲ့ရီကလည်း ညနေနေတော်တော်ကျမှာအခြားသူများနဲ့အတူပြန်သွားတာဗျ ညအချိန်ကိုရောက်လာခဲ့ပြီဗျ ကျုပ်ကတော့ မီးအိမ်လေးကိုကိုင်ပြီးတော့လည်း ရွာလမ်းလေးအတိုင်း ဉီးကြီးမောင်အိမ်ကိုထွက်လာခဲ့တယ် ပုရစ်များရဲ့အသံကလည်းပတ်ဝန်းကျင်မှာပေါ်ထွက်နေတာဗျ “ဉီးကြီးမောင်ဉီးကြီးမောင်” ကျုပ်ကလည်းဉီးကြီးမောင်အိမ်ရှေ့ရောက်တော့လည်းလေသံသဲ့သဲ့နဲ့ခေါ်ရတာပေါ့ အိမ်ထည်းကနေပြီးတော့လည်းမီးအိမ်လေးကိုင်ပြီးထွက်လာတဲ့ဉီးကြီးမောင်ကလည်းကျုပ်ကိုလက်ယက်ခေါ်တာန့ဲ့ကျုပ်လည်းဝင်လာခဲ့တယ် “ဉီးကြီးမောင်ဘယ်တော့စပါးရိတ်မှာလည်းဗျကျုပ်ကဖြင့်ကြည့်ချင်လှပြီ” “စောပါသေးတယ်ကွာတံစဉ်မှော်သွင်းတုန်းရှိသေးတယ်ကွခနစောင့်အုး” “ဘယ်လိုတံစဉ်မှော်ဟုတ်လားအဲ့တာကဘယ်လိုကြီးလည်းဗျ” “တံစဉ်မှော်ကိုလုပ်ပုံလုပ်နည်းတော့မပြောတော့ဘူး တံစဉ်မှော်သွင်းထားပြီးရင်လယ်ထည်းကိုပြစ်ချလိုက် အလိုလိုရိတ်သွားလိမ့့်မယ်” “သူ့ဘာသာရိတ်တာဟူတ်လား…ဒါပေမယ့်တစ်လက်ထည်းဆိုရင်တော့ရိတ်ရတာအတော်ကြာမယ်ထင်တယ်နော်” ကျုပ်ပြောလိုက်တော့လည်းဉီးကြီးမောင်ကတော့သဘောကျစွာရီရင်းနဲ့ ...

တော့ စီးတဲ့လူတွေ နှစ်ခြိုက်ကြတာပေါ့ ဆရာကြီးရာ” ကျုပ်လည်းခေါင်းညိတ်ရင်း “ကောင်းပါတယ်ကွာ၊ စီးတဲ့လူက ခရီးလည်းရောက်မယ်၊ ဗဟုသုတလည်းရတယ်မဟုတ်လား၊ ကိုယ်သွားတဲ့ဘုရားအကြောင်းသိတော့ ပိုပြီးကြည်ညိုနိုင်တာပေါ့ကွ၊ မင်းစိတ်က မွန်မြတ်ပါပေတယ်ကွာ” ပေါက်ကျိုင်းက မြင်းလှည်းမောင်းရင်း “ဒါနဲ့ခုနက စကားပြန်ဆက်ရရင်တော့ ရွှေစည်းခုံစေတီကြီးတည်တဲ့အချိန်က စပြောရမှာပဲဗျာ၊ အနော်ရထာမင်းကြီးက သီဟိုဠ်ကျွန်းက ဘုရင်ကအကူအညီတောင်းလို့ အကူအညီပေးခဲ့တယ်ဆိုပဲဗျ၊ အဲဒီသီဟိုဠ်မင်းကြီး ပထမဝိဇယဗာဟုက အနော်ရထာမင်းကြီးကို ကျေးဇူးတင်တဲ့အနေနဲ့ မြတ်စွာဘုရားရဲ့ စွယ်တော်ပွားတစ်ဆူကို လက်ဆောင်ပြန်ပေးခဲ့တယ်ပေါ့ဗျာ၊ အနော်ရထာမင်းကြီးက စွယ်တော်ကို နန်းတော်ရှေ့မှာ ရတနာပြဿဒ်နဲ့ကိုးကွယ်ခဲ့တယ်၊ ဒီအခါ မင်းဆရာဖြစ်တဲ့ ရှင်အရဟံက အများပြည်သူဖူးလို့ရအောင် စေတီတည်သင့်တယ်လို့ပြောတာနဲ့ စေတီတည်ဖို့အကြံရတာပဲဗျာ” ...

ထိတ်လန့်ပြီးတော့ သူ့အနောက်ကနေ လိုက်လာတာပေါ့။ “သတ်မယ်၊ ဒီကောင်းကျိုးမပေးတဲ့ ဘုန်းကြီးကို ငါသတ်မယ်” လှံကြီးတကားကားနဲ့ ပြောတာဆိုတော့ ရွာသားတွေလည်း ကြောက်လန့်ကုန်တာပေါ့ဗျာ၊ ဦးဘဖြူတို့လည်း အိမ်ထဲကနေထွက်လာပြီး ဖြောင်းဖျကြသေးတယ်။ ဒါပေမယ့် ကိုဘအေးကို ဘယ်သူမှဝင်မဆွဲရဲဘူးတဲ့ဗျ။ “လာစမ်း၊ ကြိုက်တဲ့ကောင် ကျုပ်ကိုလာတား၊ တားတဲ့ကောင်ကို အရင်လှံနဲ့ထိုးသတ်မယ်” ကိုဘအေးလက်ဆကို လူတွေကသိတော့ ဘယ်သူမှဝင်မပြောရဲကြဘူးတဲ့ဗျ၊ ယုတ်စွအဆုံး ကာလသားခေါင်းတောင်မှ ကိုဘအေးကိုပြောမရလို့ နောက်ဆုံးအဖေ့ကိုလာပြေးခေါ်ရတယ်တဲ့ဗျာ။ ဒီလိုနဲ့ ကိုဘအေးတစ်ယောက် ရွာဦးကျောင်းထဲကိုရောက်လာတာပေါ့၊ ရှေးဟောင်းကျောင်းကြီးရဲ့ အရှေ့မှာရပ်ပြီးတော့ အော်တယ်။ “ဟေ့ ကတုံး၊ အလကားဘုန်းကြီး ထွက်လာခဲ့စမ်း၊ သူများ ...

လုပ်နေတာဗျို့။ ” ဆရာ ထနောင်းကုန်းကို အလည်လာတာလား” လို့ ကျုပ်က ဆရာနွံဖကို မေးလိုက်တော့ ဆရာ နွံဖက ခေါင်းကို ခပ်ဖြည်းဖြည်း ခါပြလိုက်တယ် ဗျ။ပြီးတော့မှ ပြုံးနေတဲ့မျက်နှာကို တည်လိုက်ပြီး “ဆရာတော်ဘုရား မောင်တာတေကို အကျိုးအ ကြောင်း မိန့်ပေးပါဦးဘုရား” ဆရာတော် ဦးဂုဏက ကျုပ်ကို စေ့စေ့ကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်တယ်။ “ဒီလိုကွ တာတေရ၊ ဆရာနွံဖနဲ့ သူ့ဆရာကြီး ဦး မင်းအောင်တို့မှာ တော်တော်ကို အရေးကြီးတဲ့ ကိစ္စကြီးတစ်ခုကို ဆောင်ရွက်ကြဖို့ ရှိတယ်ကွ၊ အဲဒါ ...