မှော်စုန်း

ခလေးကိုယ်ပေါ်မှာဝတ်ထားတာကအနီရောင်မိုလို့နွားကမျက်စိနောက်ပြိးလိုက်ဝှေ့တာဖြစ်မယ်ဗျကျုပ်သွားလိုက်အုံးမယ်ဗျာ” “သာလှရာငါတို့ကမင်းကိုနွားကဝှေ့သွားတော့မင်းအတွက်ဆိုးရိမ်သွားတာကွမင်းတကယ်ဘာမှမဖြစ်ပါဘူးနော်” “တကယ်ဘာမှမဖြစ်ပါဘူးဗျာကျုပ်သွားလိုက်အုံးမယ်ကျုပ်တို့လယ်ကောက်ရိတ်နေကြတာဗျအဖေကွမ်းပြန်ယူခိုင်းထားတာကြာနေလို့အ​ဖေမျှော်နေ အံုးမယ်ဗျ” ကျုပ်ကလည်းသူတို့ပြောသမျှကိုပြန်ဖြေပြီးတော့လည်းလယ်ထည်းကိုပြန်လာခဲ့တယ် “ခနနေပါအုံးသာလှရယ် ငါ့သားလေးအသက်ကိုနင့်အသက်နဲ့ရင်းပြီး ကယ်ပေးတာတကယ်ကျေးဇူးတင်ပါတယ်နော်နင်တို့လယ်မှာကောက်ရိတ်နေကြတာမလားငါပါကူရိတ်ပေးမယ်” “ရပါတယ်ဗျာလယ်ထည်းမှာက​ကောက်ရိတ်သမတွေရှိပါတယ်ဗျာမလိုက်ပါနဲ့” “ရှိရှိလေသာလှရယ်ငါပါလိုက်တော့မြန်မြန်ပိုပြီးတာပေါ့” ကျုပ်ကိုလည်း ခလေးရဲ့အမေကကျေးဇူးတင်တဲ့အကြောင်းပြောပြီးတော့လည်းစပါးကူရိတ်ပေးဖို့ပြောတာပေါ့ ကျုပ်ကလည်းငြင်းပေမယ့်လည်းကျုပ်နောက်ကိုလိုက်လာခဲ့တယ်

ကျုပ်ကလည်းရွာထည်းကသူတွေတော်တော်များများသိပေမယ့်သူ့ကိုမသိတာကြောင့်လည်း စကားလုံးရိုက်ပြီးပဲပြောရတာပေါ့သူကတော့ကျုပ်ကိုသိတယ်ထင်တယ်ဗျ သာလှလို့ခေါ်ပြီးပြောတာလေဗျာ ကျုပ်တို့နှစ်ယောက်ကလည်းလယ်ထည်းကိုရောက်လာခဲ့တယ် ကျုပ်ကလည်းးထူးဆန်းတဲ့ငွေမျှင်လေးများအကြောင်းကိုဉီးကြီး​မောင်ကိုမေးမယ်လုပ်ပေမယ့်လည်းဉီးကြီးမောင်ကပြန်သွားခဲ့ပြီဗျ တစ်နေကုန်အလုပ်လုပ်ပြီးတော့မှ ကျုပ်ကယ်လိုက်တဲ့ခလေးရဲ့အမေနာမည်က နွဲ့ရီဆိုတာသိရတယ် အမနွဲ့ရီကလည်း ညနေနေတော်တော်ကျမှာအခြားသူများနဲ့အတူပြန်သွားတာဗျ

ညအချိန်ကိုရောက်လာခဲ့ပြီဗျ ကျုပ်ကတော့ မီးအိမ်လေးကိုကိုင်ပြီးတော့လည်း ရွာလမ်းလေးအတိုင်း ဉီးကြီးမောင်အိမ်ကိုထွက်လာခဲ့တယ် ပုရစ်များရဲ့အသံကလည်းပတ်ဝန်းကျင်မှာပေါ်ထွက်နေတာဗျ “ဉီးကြီးမောင်ဉီးကြီးမောင်” ကျုပ်ကလည်းဉီးကြီးမောင်အိမ်ရှေ့ရောက်တော့လည်းလေသံသဲ့သဲ့နဲ့ခေါ်ရတာပေါ့ အိမ်ထည်းကနေပြီးတော့လည်းမီးအိမ်လေးကိုင်ပြီးထွက်လာတဲ့ဉီးကြီးမောင်ကလည်းကျုပ်ကိုလက်ယက်ခေါ်တာန့ဲ့ကျုပ်လည်းဝင်လာခဲ့တယ် “ဉီးကြီးမောင်ဘယ်တော့စပါးရိတ်မှာလည်းဗျကျုပ်ကဖြင့်ကြည့်ချင်လှပြီ” “စောပါသေးတယ်ကွာတံစဉ်မှော်သွင်းတုန်းရှိသေးတယ်ကွခနစောင့်အုး” “ဘယ်လိုတံစဉ်မှော်ဟုတ်လားအဲ့တာကဘယ်လိုကြီးလည်းဗျ” “တံစဉ်မှော်ကိုလုပ်ပုံလုပ်နည်းတော့မပြောတော့ဘူး တံစဉ်မှော်သွင်းထားပြီးရင်လယ်ထည်းကိုပြစ်ချလိုက် အလိုလိုရိတ်သွားလိမ့့်မယ်” “သူ့ဘာသာရိတ်တာဟူတ်လား…ဒါပေမယ့်တစ်လက်ထည်းဆိုရင်တော့ရိတ်ရတာအတော်ကြာမယ်ထင်တယ်နော်” ကျုပ်ပြောလိုက်တော့လည်းဉီးကြီးမောင်ကတော့သဘောကျစွာရီရင်းနဲ့ “ဟားဟားဟားဘယ်နှယ့်ကြာမလည်းကွာမှော်တံစဉ်ပါဆိုသာမန်တံစဉ်မဟုဘူးကွဘယ်လောက်မြန်သလဲဆိုတာကတော့မင်းမကြာခင်တွေ့ရမှာပါကွာ” “ေနပါအုံးဗျ စပါးရိတ်ပြီပဲထားပါအုံးဘယ်ကကြိုးနဲ့စည်းမှာလဲဗျ” “မင်းကတော့စိုးရိမ်တတ်ရန်ကောကွာ မှော်တံစဉ်ရိတ်ပြီးရင် လူစီထားသလိုအလုံးလိုက်ကလေးဖြစ်နေတတ်တာကွ” ကျုပ်ကလည်းဉီးကြီးမောင်စကားကိုနားထောင်ရင်းခေါင်းညိတ်နေမိတာပေါ့ ကျုပ်ရဲ့စိတ်ထည်းမှာလည်း ကျုပ်ရဲ့ငွေရောင်အမျှင်လေးတွေအကြောင်းသတိရသွားတာပေါ့ “ဉီးကြီးမောင်ကျုပ်နေ့လည်ကနွားဝှေ့ခံလိုက်ရတယ်ဗျ” “ဟေဘယ်သူ့နွားဝှေ့တာလည်းကွမင်းကကောဘာမှမဖြစ်ဘူးလား” “ကျုပ်အဲ့အကြောင်းပြောမလို့ဗျဝှေ့တဲ့နွားကတော့ဘယ်သူ့နွားလည်းမသိဘူးဗျအမနွဲ့ရီခလေးကိုလိုက်ဝှေ့တာဗျကျုပ်ကဝင်ခံလိုက်တာကျုပ်ဘာမှမဖြစ်ဘူးဗျ” “ဟေမင်းကဘာမှမဖြစ်ဘူးဟုတ်လား” “ဟုတ်တယ်ဗျဒါပေမယ့်ထူးဆန်းတာကကျုပ်ကိုယ်ထည်းကနေငွေရောင်အမျှင်လေးတွေထွက်လာတာဗျ” ကျုပ်ပြောလိုက်တော့ ဉီးကြီးမောင်ကလည်း အားရစွာပြုံးလို်က်တယ်ဗျ “အ့ဲတာကောင်းတာကွမင်းဆီကိုမှော်တွေကတဖြည်းဖြည်းဝင်လာတော့မှာ” “ကျုပ်လက်ကငွေရောင်အမျှင်တွေနဲ့မှော်နဲ့ကဘယ်လု်ပက်သက်တာလည်းဗျ” “မှော်မှာကလည်းအနီကြိုးမှော်ရယ်အဖြုကြိုးမှော်ရယ်လို့လည်းရှိတယ် အနီကြိုးရှိတဲ့မှော်ကကျင့်ပြီးမှရလာတဲ့မှော်ကွအဖြူကြိုးကမကျင့်ပဲနဲ့အရင်ဘဝကမှော်တွေကပြန်လာစုတာကိုခေါ်တာ အတိတ်ဘဝမှာမှော်ရှိခဲ့ဖူးသူကလည်းခုဘဝမှာမှော်ဖြူကြိုးမရသေးပဲနဲ့မှော်ကျင့်ရင်လည်းအနီကြိုးဖြစ်သွားတတ်တယ်” “ဒါတိုဘာလို့မှော်ဆရာတွေကအဖြူကြိုးရမဲ့နေ့ကိုမစောင့်ကြတာလည်း” “မင်းနှယ့်ကွာဘယ်သူကအရင်ဘဝကမှော်ဆရာလို့ထင်ကြမှာလည်းဒီတော့လည်းမသေချာတာကိုစောင့်နေမဲ့အစားအနီကြိုးကိုပဲကျင့်လိုက်ကြတာပေါ့” “နေပါအုံးဗျအနီကြိုးနဲ့အဖြူကြိုးကဘာတွေကွာခြားလည်းဗျ” “အနီကြိုးနဲ့မှော်ကစွမ်းတယ်ဆိုတောင်အဖြူကြိုးရဲ့တစ်ဝက်လောက်ပဲရှိတာကွ​ အဖြူကြိုးမှော်ကစွမ်းလို့မင်းနွားဝှေ့တာဘာမှမဖြစ်တာအနီကြိုးမှော်ဆိုဒဏ္ရာတော့ရတယ်ကွ”

“ဒါဆိုကျုပ်ရဲ့မှော်ကြိုးအဖြူကတော်တော်စွမ်းတာပေါ့နော်” “အေးကွစွမ်းတယ် အသုံးပြုတဲ့သူကသာဘာမှမတတ်လို့မစွမ်းနေတာ” “ဟာဗျာဉီးကြီးမောင်ကလည်းကျုပ်ကိုဆိုနှိမ်လိုက်တာဗျာကျုပ်လည်းလေ့လာနေတာပါဗျ” “အေးအေး​လေ့လာထားတစ်ချိန်မှာငါ့ထက်စွမ်းတဲ့မှော်ဆရာဖြစ်အောင်လုပ်ကြားလား” ကျုပ်ကိုလည်းဉီးကြီးမောင်ကပထမစ၍ပြောပေမယ့်လည်းနောက်စကားကိုတော့တည်ကြည်စွာပြောတာပေါ့ ဉီးကြီးမောင်ရဲ့ စိတ်ထည်းမှာလည်း ကျုပ်ကတစ်ချိန်မှာ သူ့ထက်တောင်စွမ်းတဲ့မှော်ဆရာဖြစ်လာမယ်လို့လည်းယုံကြည်နေပုံရတယ်လေ “ဒါနဲ့ဉီးကြီးမောင် ဟိုအရင်နေ့ကသရဲကြီးနဲ့တွေ့တုန်းကပထမပညာသစ်လို့ပြောတယ်လေအဲ့တာကျုပ်သိချင်လို့ဗျ” “အော်မင်းပြောတာမှော်စုန်းဖြစ်မယ်ကွ” “မှော်စုန်းဟုတ်လားဘယ်လိုမျိုးလည်းဗျကျုပ်ကိုပြောပြပါလား” “မှော်စုန်းဆိုတာကလည်းငါပေးထားတဲ့နာမည်ပါ မှော်ပညာနဲ့စုန်းပညာကိုပေါင်းပြီးစက်ထုတ်တာပေါ့ဒီပညာအတွက်လည်းတက်ပုဆီကစုန်းပညာအနည်းငယ်ယူခဲ့ရတယ်တက်ပုတို့ရွာမှာလည်းငါကတော့တစ်ပွဲတစ်လမ်းနွဲခဲ့ရသေးတယ်ကွ” “ဉီးကြီးမောင်ကတော့သွားလေရာခြေရာကျန်ခဲ့ဆိုသလိုအမျိုးမျိုးနဲ့ကြုံနေရတော့တာပဲ နွှဲလာခဲ့တဲ့အကြောင်းလေးပြောပြပါအုံးဗျ” “အေးလေပြောပြဆိုတော့လည်းပြောပြရတာပေါ့ ငါတက်ပုရွာကိုလိုက်သွားတာကိုမင်းလည်းသိမှာပါ တက်ပုရွာကိုရောက်တော့လည်းတက်ပုကငါ့အစစအရာရာဧည့်ဝတ်ကျေပါတယ် တနေ့တော့တက်ပုကလည်းသူ့ရဲ​့ စပါးခင်းထည်းကိုခေါ်သွားတယ်လေ စပါးတွေမြင်တော့လည်းငါ့ရဲ့လယ်ကိုတောင်သတိရနေမိသေးတယ် သူ့ရဲ့လယ်ဘယ်လောက်အထွက်ကောင်းကြောင်းနဲ့စပါးတွေရိတ်ပြီးရင်လည်းရလာတဲ့စပါးရဲ့လေးပုံတစ်ပုံကိုငါ့ကိုလည်းပေးမယ်တဲ့လေ ငါကလည်းငြင်းရတာပေါ့ အသက်သခင်ဆိုပေမယ့်လည်းငါကတော့ လက်ဆောင်တွေပြန်ပေးတာမလိုချင်ဘူးလေ တက်ပုကလည်းငါ့ကိုအတင်းပေးတာကွ ငါကလည်းအတင်းငြင်းနေတဲ့အချိန်” “အဲ့အချိန်ဘာဖြစ်တာလည်းဗျဆက်ပြောအုံးလေဗျာ” ဉီးကြီးမောင်ကလည်းစကားကိုအဆူံးထိမပြောဘူးလေ စကားစကိုဖြတ်ထားတော့လည်း ကျုပ်ကသိချင်လာလို့မေးရတာပေါ့ “ပြောရတာမောတယ်ကွာမင်းဘာသာကြည့်လိုက်တော့” ဉီးကြီးမောင်ကလည်း ပြောရင်းနဲ့ကျုပ်နဖူးကိုလက်ဝါးနဲ့ရိုက်လိုက်တာပေါ့ ကျုပ်ရဲ့အမြင်အာရုံများကလည်း မှုန်ဝါးစွာနဲ့ရေလှိုင်းခတ်တွေလို လှုပ်ခတ်ပြီးတော့လည်း ခနအကြာပြန်လည်ကြည်လင်လာခဲ့တယ် ကျုပ်ရဲ့ရှေ့မှာတော့ဉီးကြီးမောင်နဲ့အတူဉီးတက်ပုကြီးကလည်းမတ်တပ်ရပ်လျှက်ရှိတယ် ကျုပ်ရဲ့မျက်စောင်းထိုးနေရာကလည်းအမဲရောင်အရိပ်တစ်ရိပ်ကိုမြင်ရတာကြောင့်လည်းကျုပ်အကြည့်များက ဉီးကြီးမောင်တို့ဆီမှထိုအမဲရိပ်ထံသို့ ရောက်သွားတာပေါ့ ကျုပ်မြင်လိုက်ရသည်ကလည်း အသက်၂၀အရွယ်မိန်းကလေးတစ်ယောက်ကတော့ အနက်ရောင်အပေါ်ရုံအိမ်ကျီကိုလည်းဝတ်ဆင်ရင်းနဲ့ ဉီးကြီးမောင်တို့ကို ကြည့်နေတာပေါ့ ပတ်ဝန်းကျင် ကလည်းတိတ်ဆိတ်လျှက်ရှိနေတာပေါ့ “ငါ့အမေကြီးလုပ်လိုက်တာဘယ်လိုလည်းအတော်မှအထိနာသွားရဲ့လား” “ဟဲ့ကဝေမနင်တို့ကပညာကြီးတယ်ဆိုပြီးငါ့ကိုအနိုင်ကျင့်နေတာကိုကဝေချုပ်မယ်တော်ကိုအသိပေးရမယ်” “ပေးလည်းငါကဘာလုပ်ရမှာလည်းငါ့ရဲ့ပညာကလည်းစက်ကြိုးစွဲလို့ရနေပြီငါ့အမေကြီးဆိုရင်လည်းဒီနယ်မှာပြိုင်ဆိုင်ဝံ့သူမရှိတော့ဘူး ငါနဲ့အမေကြီးပေါင်းပြီးကဝေချုပ်မယ်တော်ကိုပညာပြိုင်ပြီးကဝေထွတ်ခေါင်လုပ်မယ်” ထိုမိန်းကလေးကလည်းလူငယ်ပေမယ့်ပညာမငယ်လောက်ဘူးလေ ဉီးကြီးမောင်ကလည်းဘာမှနားမလည်ဟန်နဲ့ တက်ပုကိုကြည့်လိုက် ထိုမိန်းကလေးကိုကြည့်လိုက်ဖြစ်နေတာပေါ့ “ဒီမှာမိန်းကလေးမင်းနဲ့တက်ပုနဲ့ကဘာရန်ငြိုးရှိလို့ပညာလိုက်ပြိုင်နေရတာလည်း” ဉီးကြီးမောင်ကလည်း ထိုမိန်းကလေးကိုကြည့်ရင်းနဲ့မေးတာပေါ့ “အဘိုးကြီးကလည်းတုံးလိုက်ပါ့ ဒီကောင်တက်ပုကစုန်းပညာမှာတော်တော်စွမ်းတယ်လေဒီကောင့်လိုပညာမြင့်တဲ့သူကိုအနိုင်ယူပြီးဒင်းရဲ့ပညာအစွမ်းတွေကိုကျုပ်ယူမှာပေါ့ အဘိုးကြိ်းကအဘိုးကြီးလိုနေစမ်းပါ” ထိုမိန်းကလေးကလည်းဉီးကြီးမောင်ကိုမလေးမစားပြောတာပေါ့ “နင်ငါ့မိတ်ဆွေကိုဒီလိုပြောစရာအကြောင်းမရှိဘူးနင်ဒီလောက်ပြိုင်ချင်နေရင်ငါခုပြိုင်ပေးမယ်” “ကျမကလည်းဒီလိုမျိုးကိုကြိုက်တာစလိုက်ရအောင်” ထိုမိန်းက​လေးကလည်း လက်နှစ်ဖက်ကိုလိမ်ပြီးတော့လည်းခြေကိုကားပြီးမြေပေါ်ကိုခြေဆောင့်လိုက်တာဗျ မြေကြီးကလည်းတစ်ချက်တုန်သွားပြီးတော့လည်း လိမ်ထားတဲ့လက်များကို​ဖြေပြီးဘေးကိုကားလိုက်တယ် ထိုမိန်းကလေးရဲ့လက်များကလည်းမီးတောက်တွေထွက်နေပြီး အနားကစပါးပင်အနည်းစုကိုလည်းမီးလောင်ပြီးမဲတူးသွားတာပေါ့ တက်ပုကလည်း ကောင်းကင်ကိုကြည့်ပြီးတော့လည်း တင်ပလ္လင်ခွေထို်င်လိုက်တယ် လက်များကိုလည်း လက်ခုက်တီးသလိုရိုက်လိုက်တော့လည်း အပြာရောင်မီးပွားများထွက်လာတယ်လေ ထိုမိီးပွားများနဲ့လည်းမိန်းကလေးပြစ်တာပေါ​့ ဉီးကြီးမောင်ကတော့ ဘာမှနားမလည်တာကြောင့်သူတို့လုပ်သမျှကိုသာကြည့်နေတာဗျ မိန်းကလေးကလည်း အနီရောင်မီးလုံးကြီးနဲ့ပြစ်တက်ပုကလည်းအပြာရောင်များနဲ့ပြစ်တာပေါ့ ထိမှန်သည့်အခါလည်း မိုးချိန်းသလိုအသံအကျယ်ကြီးများထွက်ပေါ်ပြီးတော့လည်း အနားမှာရှိတဲ့အရာတွေမီးလောင်ကုန်တာဗျ ရုတ်ရက်လည်း စိမ်းညို့ညို့အလင်းလုံးကြိ်းတစ်ခုကတော့ တက်ပုထံကိုပြေးဝင်သွားခဲ့တယ် တက်ပုနဲ့အတူ ကျုပ်နဲ့ ဉီးကြီးမောင်ကလည်း အလင်းလုံးလာရာဆီကိုကြည့်မိတာပေါ့ ကျုပ်ကိုတော့အားလုံးကမြင်ပုံမရဘူးဗျ

ပြီးတော့လည်းတစ်ချို့အလင်းရောင်တွေဆိုရင်ကျုပ်ကိုတောင်ဖောက်ထွက်သွားတာဗျ ဒါပေမယ့်ကျုပ်ကဘာမှမဖြစ်ပါဘူးဗျာ “အဖွားကြီး ခ….ခ….. ခဗျားစည်းဖောက်တာပဲ” တက်ပုကလည်းရင်ဘက်ကိုဖိရင်းနဲ့ထစ်ငေါ့စွာပြောတာဗျ “အေးဖောက်တယ်လေဘာဖြစ်လို့လည်း ငါကတစ်ချိန်မှာအောက်နယ်ပယ်မှာဘုရင်မတစ်ဆူဖြစ်လာမှာဆိုတော့ဘယ်သူ့ကိုမှကြောက်စရာမလိုသလိုဘာစည်းကိုမှလည်းစောင့်စရာမလိုဘူး” တက်ပုကလည်းရင်ဘက်ကိုဖိရင်းအံကြိတ်ထားတာဗျ “အမေကြီးရောက်လာလို့သာပေါ့ဒီကောင့်ပညာကမခေဘုးအမေကြီးရဲ့” “ငါသိတယ် မိမြိုင်ဒင်းကိုအရင်တစ်ခါကတည်းကသတ်မလို့ကိုထွက်ပြေးသွားခဲ့တာဒီတစ်ခါတော့အသေပဲ” ထိုမိန်းမကြီးပြောတော့မှမိန်းကလေးကမိမြိုင်ဆိုတာသိရတာပေါ့ မိန်းမကြီးကလည်းအသက်၇၀လောက်တော့ရှိမယ်ထင်တယ်ဗျ ေပြာရမယ်ဆိုအဖွားကြီးပေါ့ဗျာ အဖွားကြီးကလည်းလက်ကိုဝှေ့ရမ်းလိုက်တော့လည်း အစိမ်းရောင်အစက်အပြောက်များကဟိုနေရာဒီနေရာကနေပြီး အဖွားကြီးလက်ရှေ့မှာလုံးဝိုင်းနေတာဗျ “ကဲအကောင်နင်သေလိုက်ပြီးတော့နင့်ပညာတွေငါယူလိုက်တော့မယ်” ထိုအစိမ်းရောင်အလုံးကြီးကလည်းတက်ပုဆီကိုဒုတိယအကြိမ်ပြေးဝင်လာခဲ့တာပေါ့ ထိုအချိန်မှာပဲမထင်ထားစရာတစ်ခုဖြစ်လာခဲ့တယ် တက်ပုရဲ့ရှေ့မှာကလည်း အလွန်မြင့်မားတဲ့မြေတံတိုင်းကြီးကလည်းပေါ်လာခြင်းနဲ့အတူ အစိမ်းရောင်မီးလုံးကြီးကလည်းထိုမြေတံတိုင်းကိုတိုက်မိပြီး ပေါက်ကွဲသွားတာဗျ “နင်တို့တွေငါ့ကိုစော်ကားတာကိုလက်ခံလို့ရပေမယ့်ငါ့မိတ်ဆွေအသက်ကိုသတ်မှာကိုတော့လက်မခံနိုင်ဘူး” ကျုပ်ကလည်းအသံလာရာကိုကြည့်လိုက်တော့ဉီးကြီးမောင်ကတော့ ​မြေကြီးကိုလက်နဲ့ရိုက်လျှက်ရှိရင်း ပြောတာဗျ “အမယ်ရာရာစစနင်ကဘာကောင်လည်းငါ့ကိစ္စကိုဝင်ရှုပ်ရင်တော့သတ်ပစ်ရမှာဘဲ” “ဟားဟားဟားဟားနင်လိုအဆင့်နဲ့ကဝေမကများငါ့ကိုနင်ဘေးဘာလေးနဲ့ငါ့အကြောင်းပြရသေးတာပေါ့” ဉီးကြီးမောင်ကလည်း မထီလေးစားနဲ့ပြောတာပေါ့ “ဟားဟားဟားဒင်းကလည်းအကြောကြီးနဲ့ပါလားငါကလည်းဒါမျိုးကိုစောင့်နေတာဟေ့” ကဝေမကြီးကလည်း​ လက်နှစ်ခုကိုပူးကပ်ပြီးတော့လည်း အသက်ကိုပြင်းပြင်းရှုပြီးမှုတ်ထုတ်လိုက်တော့လည်း သရဲတစ္ဆေများကလည်း ကဝေမကြီးပါးစပ်ထည်းကထွက်လာကြတယ် ဉီးကြီးမောင်ကလည်း​ ခြေဖနောင့်ကိုတစ်ချက်စောင့်ပြီးတော့လည်း လက်ညှိုနဲ့စည်းတားတာဗျ “မရဏစည်းထွက်စမ်း” ကျုပ်ကလည်းထိုစည်းအကြောင်းသိတယ်လေ စည်းထည်းဝင်လာတဲ့သရဲတစ္ဆေမှန်သမျှကိုလည်းပြာဖြစ်စေမယ့်စည်းပေါ့ ကျုပ်ထင်သလိုပါပဲ ပြေးဝင်လာတဲ့သရဲတစ္ဆေများကလည်းစည်းထဲရောက်တာနဲ့ အကုန်ုပြာဖြစ်ကုန်တာဗျ “ဒင်းကလည်းတယ်ဟုတ်ပါလားကဲနတ်ဘီးလူးဒင်းကိုစားစမ်းဟယ်” မိုးကောင်းကင်ကလည်းတဖြည်းဖြည်းနက်မှောင်လာတာဗျ အနီရောင်မျက်လုံးတစ်စုံကလည်း ေကာင်းကင်မှာပေါ်လာရင်းနဲ့ဉီးကြီးမောင်ထံကိုတရကြမ်းခုန်ချလာတယ် “ဟာ…” ကဝေမကြီးနဲ့မိမြိုင်တို့ရဲ့အသံများကလည်းပြိုင်တူပေါ်ထွက်လာခဲ့တယ် အကြောင်းကတော့ ထိုမျက်လုံးနီနီနတ်ဘီးလူးကြီးကလည်းဉီးကြီးမောင်နဲ့ ၁၀ပေဝန်းကျင်အရောက်မှာတော့တင်းပုတ်စာမိသွားပြီးတော့လည်း အနောက်ကိုဝါးတစ်ပြန်ကျော်လောက်လွှင့်ထွက်သွားတယ် ဉီးကြီးမောင်ရဲ့ရှေ့မှာကတော့ ယက္ခနဲ့သက္ခဘီလူးနှစ်ကောင်ကလည်းတင်းပုတ်ကြီးတွေကိုထမ်းရင်း ရပ်နေတာဗျ “ကဲတက်ပုဒီကောင်မကိုသမစမ်းကွာငါချုပ်ထားပေးမယ်” ဉီးကြီးမောင်ကလည်းပြောရင်းနဲ့မြေကြီးကိုလက်နဲ့ရိုက်လိုက်တော့လည်း နွယ်ရှင်ကြိုးများကတော့လေဟာနယ်ထည်းကပေါ်လာရင်း ကဝေမကြီးကိုရစ်ပတ်သွားခဲ့တယ် “အမေကြီး… အမေကြီး” မိမြိုင်ရဲ့အသံကလည်းကြောက်လန့်ထိတ်လန့်ဖွယ်နဲ့ပေါ်ထွက်လာတာပေါ့ ကျုပ်ကလည်း ကဝေမကြီးဆီကိုကြည့်နေတဲ့အကြည့်များကလည်း မိမြိုင်ဆီကိုရောက်သွားတာပေါ့ မိမြိုင်ရဲ့ခြေထောက်ကိုလည်းမြေထည်းကနွယ်ရှင်များကရစ်ပတ်နေတာဗျ တက်ပုကလည်း လက်ကိုရမ်းပြီးပူးလိုက်တော့လည်း မီးလူံးများကလေပေါ်မှာပေါ်လာခဲ့တယ် ထိုမီးလုံးများကလည်း နွယ်ပင်များရစ်ပတ်ခြင်းခံနေရတဲ့ ကဝေမကြီးနဲ့မိမြိုင်ဆီကိုလည်းပြေးဝင်သွားခဲ့တယ် “မလုပ်ပါနဲ့….အား……ကယ်ကြပါ…” စူးစူးဝါးဝါးအော်သံများကလည်းပတ်ဝန်းကျင်မှာပျံ့နှ့့ံသွားတာဗျ ကဝေမကြီးနဲ့ မိမြိုင်ကလည်းမီးများစွဲရင်း တဖြည်းဖြည်းပြောက်ကွယ်သွားတယ် အစိမ်းရောင်နဲ့အနီရောင်မီးစက်လေးတွေကတော့ ဉီးကြီးမောင်ရဲ့ခေါင်းထက်မှာပျံဝဲနေတာဗျ “ကျေးဇူးတင်ပါတယ်..အကိုမောင်ရာကျုပ်အသက်ကိုကယ်တာဒီတစ်ခါနဲ့ဆိုနှစ်ခါရှိပြီ” “မဟုတ်တာကွာငါကလည်းငါ့မိတ်ဆွေကိုသူများသတ်မှာကိုကြည့်နေပါ့မလားကွာဒါနဲ့ဒီမီးစက်တွေကဘာလို့ငါ့ခေါင်းပေါ်ကိုလာဝဲနေရတာလည်း” “အဲ့ဒါပညာစက်ဗျ အကိူမောင်ပညာကကဝေမကြီးနဲ့ဟိုကဝေမ​ကိုအများဆုံးထိခိုက်စေလို့သူတို့ရဲ့ပညာတွေကိုအကိုမောင်ရတာဗျခနနေရင်အကိုမောင့်ကိုယ်ထည်းဝင်သွားလိမ့်မယ်” တက်ပုဆိုတဲ့သူကလည်းဉီးကြီးမောင်ကိုအကိုမောင်လို့ပဲခေါ်တာဗျ ဉီးကြီးမောင်လို့မခေါ်ချင်လို့လည်းထင်ပါတယ် အစိမ်းရောင်နဲ့အနီရောင်မီးစက်လေးတွေကတော့ ခနအကြာမှာဉီးကြီးမောင်ကိုယ်ထည်းဝင်သွားခဲ့တယ်

ကျုပ်ရဲ့အမြင်များကလည်းအစပထမကလိုလှိုင်းတွန့်များမြင်ရပီးတော့လည်း ကျုပ်ရှေ့ကဉီးကြီးမောင်ကိုလည်းမြင်ရတာပေါ့ “ကဲသာလှမှော်တံစဉ်ကလည်းပြီးပြီလယ်ထည်းသွားကြစို့” ကျုပ်ကလည်းခေါင်းနည်းနည်းမူးသွားတယ်ဗျ ဉိးကြီးမောင်ကလည်း စပါးနှံလေးခုနဲ့ဝိုင်းပတ်ထားတဲ့အထည်းကတံစဉ်တစ်ခုကိုယူပြီးတော့လည်း ကျုပ်နဲ့အတူခြံအပြင်ကိုထွက်လမ်းလေးအတိုင်းလယ်ကွက်ရှိရာကိုထွက်လာခဲ့တာပေါ့ ခနတာသွားပြီးတော့လည်း ဉီးကြီးမောင်လယ်ကိုရောက်လာခဲ့တယ် ကျုပ်ရဲ့လယ်ကိုကြည့်လိုက်တော့လည်း ရိတ်ပြီးပြီဖြစ်တဲ့ ရိုးပြက်ငုတ်တိုများကိုလည်းတွေ့ရတာပေါ့ “ကဲသာလှငါမင်းကိုပြမယ်” ဉီးကြီးမောင်ကလည်းတံစဉ်ပေါ်ကိုရေတစ်စက်ချပြီးတော့လည်းလယ်ထိပ်ကိုသွားပြီးတံစဉ်ကိုလွှတ်လိုက်တယ် ကျုပ်ကလည်းအံ့သြရပြန်တယ်လေ တံစဉ်လေးကလည်း လူတစ်ယောက်ရိတ်နေသလိုရိတ်နေတာဗျ ရိတ်တာကလည်းအတော်လေးမြန်တာဗျ ရိတ်ထားတဲ့စပါးပင်များကလည်းနောက်မှာအထွေးလိုက်လေးရှိတာဗျ “ဉီးကြီးမောင်ကျုပ်တစ်ခုမေးစရာရှိတယ်ဗျ” “မင်းကလည်းမေးလည်းမေးနိုင်လွန်းတယ်ဘာမေးမှာလည်းမေး” “ဟိုလေဉီးကြီးမောင်ဘောလုံးကွင်းနားမှာသူံးတဲ့စက်ကစုန်းမှော်မလားဗျ” “အေးဟုတ်တယ်လေအဲ့တာဘာဖြစ်လို့လည်း” “ဟိုကဝေမကြီးဆီကရတဲ့ပညာနဲ့ဉီးကြီးမောင်ရဲ့မှော်နဲ့ပေါင်းပြီးသုံးတာမဟုတ်လား” “အေးလေကွာ” “ဒါဆိုဘာလို့အရောင်မတူတာလည်းဗျကဝေမတွေဆီကရတာကအစိမ်းအနီလေဉီးကြီးမောင်ပစ်တာကအဖြူအနက်လေဗျာ” “မင်းကတော့မေးတတ်တယ်အဖြူကငါ့မှော်ကွကဝေ ပညာဆိုတော့မကောင်းတာမိုလို့အနက်ရောင်ဖြစ်နေတာ” “အော်ဒီလိုလားဗျတကယ်တော့စုန်းမှော်လို့ခေါ်ရမှာမဟုတ်ဘူးဗျကဝေမှော်လို့ခေါ်ရမှာ” ကျုပ်ပြောလိုက်တော့လည်းဉီးကြီးမောင်က ကျုပ်ကိုစိတ်မရှည်တဲ့လေသံနဲ့ “ငါ့ဖာသာ ဘာပဲခေါ်ခေါ်ပေါ့ကွာမင်းအလုပ်လားတယ်လည်းစကားများတဲ့ကောင်” ကျုပ်ကတော့သွားကြီးဖြဲပြီး တံစဉ်လေးကိုကြည့်နေလိုက်တော့တာပေါ့ တံစဉ်လေးကလည်း လူတစ်ယောက်ရိတ်သည်ထက် ၅ဆလောက်ပိုမြန်တာဗျ စပါးအထွေးလေးတွေကလည်းသပ်ရပ်နေတာဗျ ကျုပ်တို့ကလည်းနာရီဝက်ကျော်ကျော်လောက်ကြာတော့လည်းစပါးတွေအကုန်ရိတ်ပြီးးပြီဗျ မှော်တံစဉ်ကလည်းမူလလွှတ်ပေးတဲ့နေရာကိုပြန်လာပြီးတော့ လည်းမြေပေါ်ကိုပြုတ်ကျသွားတာဗျ ဉီးကြီးမောင်ကလည်းမှော်တံစဉ်လေးကိုကောက်ပြီးကျုပ်နဲ့အတူ လယ်ထည်းကထွက်လာခဲ့တာပေါ့ အပြန်လမ်းမှာတော့ လမ်းခွဲနှုတ်ဆက်ပြီးဆိုင်ရာအိမ်ကိုလည်းပြန်ခဲ့ကြတာပေါ့ဗျာ။