တာနဲ့တင် စားဝတ်နေရေးအသင့်အတင့် ပြေလည်နိုင်တယ်လို့ တွေးမိတယ်။ ဒါ့ကြောင့်လည်း မိန်းမနဲ့ သားကိုခေါ်ပြီး ခြံကြီးထဲချက် ချင်းပြောင်းရွှေ့လာတာဖြစ်တယ် . . . ၊ ခြံကြီးထဲရောက်လို့မှ သိပ်မကြာလိုက်ဘူး၊ ထိတ်လန့်စရာ သရဲတစ်ကောင်နဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့လိုက်ရတယ်၊ ဒီတော့မှ ဒီခြံကြီးထဲကို ဘယ်သူမှ မနေတဲ့အကြောင်း သူတို့မောင်နှမတွေ အမွေခွဲကြတော့ လှိုင်သာယာမှာ နေကြတဲ့ ညီမတွေကတောင် ဒီခြံကြီးကို မယူကြဘဲ၊ တောင်ဥက္ကလာက သူ့ကို ဘာကြောင့်ပေးတာလဲ ဆိုတာ သူကောင်းကောင်းကြီး သဘော ပေါက်နားလည်သွားခဲ့ ရပါတယ်။ ကိုကျော်ကျော် ...
မဟုတ်ဘူး။မင်းသားလေး’အာရှန်း’ကို မြင်ဖူးချင်တာကြောင့်ပဲဖြစ်တယ်။ ဒါကြောင့် “ဒါဆို သမီးတို့ အထုပ်အပိုးတွေ အခုကတည်းက ပြင်ထားရမှာပေါ့နော်” အဲဒီလိုပြောတော့ ‘ရှာရာ’က ရယ်တယ်။ “အစ်မက အဲဒီပွဲကို လိုက်မလို့လား။မင်းသားလေး လန့်သွားပါအုံးမယ်” ‘ရှာရာ’ရဲ့စကားကြောင့် ‘နာရှာ’လည်း ခေါင်းငုံ့သွားတယ်။ အဖိုးကြီး’အီနူ’က ‘ရှာရာ’ကို ဝင်ငေါက်လိုက်ရတယ်။ “ဟဲ့ သမီး။ကိုယ့်အစ်မကို အဲဒီလိုမပြောရဘူး” ‘ရှာရာ’လည်း ငြိမ်သွားတယ်။ ဒီ့နောက် အဖိုးကြီး ‘အီနူး’က ”ဒီနေ့ပဲ သွားရမှာ။သမီးကြီး ‘နာရှာ’လည်း လိုက်သွားရမယ်လေ” “ဟေး” ‘နာရှာ’လည်း အရမ်းပျော်သွားတယ်။ ဒီလိုနဲ့ ‘နာရှာ’နဲ့ ‘ရှာရာ’လည်း ချက်ချင်းအလှပြင်ကြတယ်။ ...
ပင် သတိမထားမိလိုက်။ ငပုက အော်ခေါ်လေမှ စံမောင်သတိပြန်ဝင်လာခဲ့တော့သည်။ “ဒါဆိုရင်…လာလေ…ငါတို့သွားကြည့်ရအောင်” “ဖြစ်ပါ့မလားဗျ…” ငပုစကားကြောင့် စံမောင်စဉ်းစားလိုက်သည်။ ရွာထဲကလူများကသူရွာထဲဝင်လျှင်မကြိုက်ချင်ကြ။ သူတို့ကသာအသုဘရှိမှသင်္ချိုင်းသို့လာချင်လာကြမည်။ စံမောင် ရွာထဲသို့ဝင်လျှင်မကြိုက်ကြ။ မသာကျင်းတူးတဲ့ သုဘရာဇာသား ရွာထဲဝင်လျှင် ရွာ၌လူသေတတ်သည်ဟူသော စကားများနှင့်သူ့အား ရစရာမရှိပြောဆိုတတ်ကြ၏။ မမြလေးနှင့်တွေ့ဖို့ရန်လည်း သူ့ခမျာ လူအိပ်ချိန်မှ ရွာထဲခိုးဝင်ကာတွေ့ရပေသည်။ ယခုလည်း အလှူလှည့်ရာ၌ မမြလေးပါမည်ဆို၍ စံမောင်ကြည့်ချင်မိသည်။ ဖြစ်ချင်ရာဖြစ်ပါစေကွာ ဆိုသည့်သဘောဖြင့်… “ဖြစ်ပါတယ်ကွာ…လာသွားကြမယ်…” ဟု….ပြော၍ တူးလက်စ မသာကျင်းကိုထားခဲ့ပြီး ရွာထဲသို့ဝင်လာကြသည်။ ငပုကလည်းမိဘမဲ့တစ်ကောင်ကြွက်ပင်။ သူကလည်း စံမောင်နဲ့မခြားနား…ရွာ၏အပယ်ခံဖြစ်၏။ ယခုသူတို့နှစ်ယောက်ရွာထဲကို ပုန်းလျှိုးကွယ်လျှိုးဝင်လာခဲ့ကြပြီးနောက် ရွာလမ်းမတစ်နေရာရှိ ...
သင်္ချိုင်းစောင့်မရှိ။ အသုဘရှိလျှင် ဆွေမျိုးနီးစပ်များကသာ ဝိုင်းဝန်းမြှပ်နှံပေးကြလေသည်။ ယခုလည်း သေဆုံးသူအရက်သမားတစ်ဦး၏အလောင်းကို အရက်ဖိုးပေး၍သာ မြှုပ်နှံခိုင်းလိုက်ခြင်းဖြစ်သည်။ ************************ (မြိတ်ကုန်းရွာသည် ဘွားမယ်စိန်နှင့်စုန်းအိုမ စာမူ၌ပါရှိပါသည်) “သေပြန်ပြီ…သေပြန်ပြီ…………” ရွာထဲ၌ အော်ဟစ်ပြောဆိုနေကြသည်။ အကြောင်းမှာကား လူသေ၍ဖြစ်၏။ သို့သော်လည်း ထိုလူသေသည်ဆိုတာက မရိုးရှင်းလှပေ။ နေ့စဉ်ရက်ဆက်သေဆုံးနေသည်မှာ လူဆယ်ဦးထက်မနည်းဖြစ်၍နေခဲ့သည်။ ပကတိအကောင်းအတိုင်းရှိသော လူများပင်သေဆုံးသွားကြ ခြင်းဖြစ်၍ မြိတ်ကုန်းရွာရှိ လူများ ထိတ်လန့်နေကြရ၏။ မိုးလင်းပြီဆိုသည်နှင့်ဘယ်အိမ်က ဘယ်သူဆုံးသည်ဆိုသော သတင်းကို ရင်တထိတ်ထိတ်နားစွင့်ရ၏။ “ညဆို မည်းမည်းကြီးလျောက်သွားနေတာဟဲ့… ရွာထဲ လူခြေတိတ်ရင် အဲ့ဟာကြီးကိုမြင်ရတာပဲ… တို့ဘေးအိမ်က ဦးမြကြီး မဆုံးခင်ညက ...
အလုပ်ကိုပဲ ဇောက်ချလုပ်တော့တာရယ်။ ဒါပေမယ့်လည်း ပွေးဆိုတဲ့ သတ္တဝါက အမြဲတမ်းရရှိနေတဲ့ သတ္တဝါမဟုတ်ဘူးလေ။ ဆောင်းကာလ၊ နွေဦးကာလလိုကျမှ အလျဉ်းသင့်ရာမို့ သူလည်း ရာသီစာရယ်လို့ပဲ ပြောရမယ်။ ဒိလိုအချိန်တွေဆိုရင်တော့ တင်ကြီးတစ်ယောက် ပွေးကို စီးပွားဖြစ်ရှာဖွေတတ်ပြီး ကျန်ရာသီတွေမှာတော့ အခြားသတ္တဝါငယ်တွေကိုသာ သဲသဲမည်းမည်းလိုက်ရတာပေါ့။ ဒါပေမယ့်လည်း တင်ကြီးက ပွေးကိုတော့ သူစားဖို့အတွက် မရမက လိုက်ပါတယ်။ ဘယ်လိုရာသီဖြစ်နေပါစေ တင်ကြီးပွေးလိုက်ရင် ရောင်းဖို့မမယ်ရင်တောင် ရက်ခြားဆိုသလို သူစားဖို့တော့ ရတတ်လေတာပဲ။ ဒါကြောင့်လည်း ရာသီစာမုဆိုးတွေအကြား တင်ကြီးဟာ ပွေးမုဆိုးလို့ အမည်တပ်ခံခဲ့ရပါတယ်။ ****** တင်ကြီးတစ်ယောက် ဖိုးတာဝါကုန်းပေါ်ကို ...
ဗျို့… အဲ့သည်လောက်အထိကိုကျုပ်ကိုချစ်ရှာတာ။ ကျုပ်ဆိုတဲ့ကောင်ကလည်းရွာမှာလူချောခင်ဗျ… အရပ်ကရှည်ရှည်…အသားကအညာသားလူညိုချော မျက်ခုံးမျက်လုံးတင်မက မှေးရိုးကအစအဖေတူဆိုတော့ အပျိုတွေကတော့ကျုပ်ကိုအတော်လေးကြိုက်ကြတာပဲဗျာ… ကျုပ်ကတော့သူတို့ဘယ်လိုပဲကြိုက်ကြိုက် ကျုပ်ချစ်တာက ထွေးခင် ခင်ဗျ…။ ထွေးခင်တို့အိမ်ရှေ့သွားမယ်ဆိုရင် ကျုပ်မှာ ခေါင်းကိုအုန်းဆီလိမ်းသေချာဖီးသင်ပြီးမှ သွားတာ။ ထွေးခင်ကတော့ကျုပ်ကိုရှိတယ်လို့မထင်ပေါင်ဗျာ…။ ထွေးခင်အဒေါ်တွေကမန္တလေးမြို့ပေါ်မှာနေကြတာလို့ ကျုပ်သိရတယ်… ထွေးခင်ကလည်းရွာနဲ့မန္တလေးကိုကူးသန်းရင်း မန္တလေးမှာပဲအနေကြာလာတာပေါ့ဗျာ… ကျုပ်ကတော့ထွေးခင် မန္တလေးကပြန်လာမယ့်ရက်ကို မျှော်နေရတာပေါ့.. ဒါပေမယ့်ဗျာ…တစ်ရက်ကျတော့ကျုပ်ဘဝကြီးအမှောင်ကျသွားသလိုခံစားလိုက်ရတယ်လေ… အဲ့တာဘာကြောင့်လည်းဆိုတော့ ထွေးခင်ပေါ့ဗျာ… ထွေးခင်လုပ်ရက်လွန်းပါတယ်… ကျုပ်သူ့ကိုချစ်ကြိုက်နေတာကိုဒင်းသိသိနဲ့မြို့သားကိုရွာထိခေါ်ပြီး ကျုပ်အသည်းကိုရက်ရက်စက်စက်ခွဲသွားတာပဲဗျ… ထွေးခင်တို့မင်္ဂလာဆောင်ကတစ်ရွာလုံး မီးခိုးတိတ်ကျွေးတာတဲ့လေ… ဝက်သားဘယ်နပိဿကျွေးတာ… သတိုးသားဘက်ကဘယ်လိုတင်တောင်းတာဆိုတဲ့ သတင်းတွေကတော့ ကျုပ်နားနဲ့ မဆန့်အောင်ကြားခဲ့ရတယ်ဗျာ… ကျုပ်အသည်းကလည်းအဲ့လောက်မမာနိုင်ဘူးဗျာ… ခံစားရလွန်းလို့မသောက်ဖူးတဲ့အရက်တွေကို တစ်နေကုန်တစ်ညလုံးသောက်နေမိတော့တာပဲ… ကျုပ်ဦးလေး ...
ရှဲခနဲ ရှဲခနဲ နဲ့ လူတိုးသလိုဖြစ်ကုန်တယ်၊ သစ်ပင်သစ်ကိုင်းတွေဆိုရင်လည်း တဖြန်းဖြန်းနဲ့ဗျို့၊ ကျုပ်က ကြောက်သာကြောက်သာဗျ ဒီကောင်တွေကို တွေ့ရမလားဆိုပြီးတော့ လိုက်ကြည့်နေတာ၊ ဒါပေမယ့် ပက်ပင်းမတွေ့ဘူးဗျ၊ ဖြတ်ခနဲ ဖြတ်ခနဲပဲတွေ့ကြရတာ။ “ကြောက်မနေပါနဲ့ကွာ၊ ဒီအချိန်က သူတို့အစာရှာထွက်တဲ့အချိန်ပဲ၊ သူတို့ကိုလိုက်ကြည့်ပြီး ကြောက်မနေနဲ့” ဖက်လိပ်ရွာဟောင်း တောတန်းကိုဖြတ်ပြီးတော့ အနောက်ဘက်တောတန်းအစကိုရောက်တောပေါ့ဗျာ၊ ဒီအချိန်မှာပဲ အနောက်ဘက်တောတန်းက ချုံပင်တွေက တဝေါဝေါနဲ့ လှုပ်နေတာဗျ။ ကျုပ်တို့အရှေ့ကိုဆက်လျှောက်တော့ အဲဒီချုံပင်တွေထဲကနေပြီးတော့ အရိပ်မည်းကြီးတွေက ဝုန်းခနဲ ဝုန်းခနဲ ထလာပါရော၊ အရိပ်ကြီးတွေ အခုနှစ်ဆယ်လောက်ရှိမယ်ထင်တယ်။ ဦးဘသာက အရိပ်ကြီးတွေအနားမှာရပ်လိုက်တယ်၊ အဲဒီနေရာကလေးက တောတန်းနှစ်ခုအစပ် ...
အဖွားခင်မှုံက စုန်းမကြီးဟု နာမည်ကြီးသောကြောင့် နှင်းမှုံကိုလည်း သူ၏အဖွားက ပညာအမွေပေးခဲ့တယ်ဆိုကာ ရွာကရှောင်ဖယ်နေကြ၏။ နှင်းမှုံ၏မိခင် ဒေါ်နှင်းမြိုင်ကလည်း ကျန်းမာရေးချူချာသူဖြစ်၍ ဝမ်းတစ်ထွာအပြင် မိခင်၏ဆေးဖိုးကိုပါ ရှာနေရသူဖြစ်၏။ အပျိုလေးတန်မဲ့ သူများတွေလို လှလှပပ ဖြီးလိမ်းပြင်ဆင်ခြင်းမရှိသော်လည်း နှင်းမှုံကပါးကွက်ကွက်ထားရုံနဲ့တင် မိန်းမခြင်းလည်ပြန်ငေးရသော အလှတရားရှိသူဖြစ်၏။ သူသည် နှင်းမှုံ၏အကြောင်းကို တွေးတောလာတာ ရှားပင်စုရွာထိပ်ကို ရောက်မှန်းမသိရောက်လာခဲ့သည်။ ရွာထဲကိုဆက်လက်ဝင်လာခဲ့ကာ အကြွေးတောင်းယူ၍ နှင်းမှုံအိမ်ဘက်ကို လျှောက်လာခဲ့သည်။ စောကြည်ဖြူက ထိုရွာ၌လည်း လူချစ်လူခင်ပေါများသောကြောင့် ဟိုလူကနှုတ်ဆက်၊ သည်လူကနှုတ်ဆက်နှင့် နှင်းမှုံ၏အိမ်အား တော်တော်နှင့်မရောက်ပေ။ နှင်းမှုံအိမ်ရှေ့ကိုသူရောက်သွားချိန်၌ နှင်းမှုံကအိမ်ရှေ့မှာ အဝတ်လျှော်နေလေ၏။ “နှင်းမှုံရေ ...
တစ်တဲလုံးများ ပြောင်နေမလားမသိဘူး” “ကိုအုန်းခင်က တဲကိုဒီအတိုင်းထားခဲ့တာပဲလားဗျ၊ သူခိုးတွေအတွက် စိတ်ကြိုက်ဖြစ်သွားမှာပေါ့” “ငါ့မိန်းမနဲ့ ငါ့သားကြီးနဲ့ရှိတယ်လေကွာ၊ ဒီအတိုင်းထားခဲ့လို့တော့ ရမလားကွ၊ ကိုင်းထဲက သီးနှံတွေပေါ်တော့မယ်ဆိုတော့ ငါလည်းပြန်ချင်နေပြီ၊ မနက်ဖြန်၊ သဘက်ခါလောက်တော့ အင်းခြေပြန်မယ်ဟေ့” “ဒီအတိုင်းဆို အင်းခြေရွာသားတွေက တော်တော်ဆိုးဆိုးပဲဗျ” ဦးဘသာက သက်ပြင်းတစ်ချက်ချရင်း “စာရိတ္တညံ့ဖျင်းတဲ့လူတွေများတဲ့ရွာက ဘယ်တော့မှမကြီးပွားဘူးတဲ့ အုန်းခင်ရ” “ဟုတ်တယ်ဗျ၊ ဒါကြောင့်အင်းခြေရွာက ဟိုးအရင်ကလည်း ခပ်သေးသေး၊ အခုလည်း ခပ်သေးသေးပဲ၊ သူတို့ရွာအလုပ်ဖြစ်နေတယ်ဆိုတာကလည်း နှုန်းမြေတွေမှာ စွန့်စားပြီး ကိုင်းလာစိုက်တဲ့လူတွေကြောင့်ဗျ၊ သူတို့က အဲဒီလူတွေကို အမှီသဟဲပြုပြီး စားသောက်နေရတာ” ကျုပ်က ဦးဘသာကို ...
ချိုးလိုက်ပြီး မြှားတံလာရာသို့ ပြေးလိုက်မည် ပြုစဉ် “လူလေး လိုက်မနေပါနဲ့ “ “ဒီလူမှားပြီး ပစ်တာတော့မဟုတ်ဘူး အဘ တမင်ပစ်တာ “ “အင်း သိတယ် ထားလိုက်ပါ နောက်ထပ် အနှောက်အယှက်တွေ ပေါ်လာဦးမှာ လူလေး “ “ဘယ်သူတွေကများ ကျနော်တို့ကို နှောက်ယှက်နေတာလဲ အဘရာ “ “လူလေး မကြာခင် သိလိမ့်မယ် “ ဦးဖိုးဝေသည် ထိုမျှသာ စကားဆိုပြီး အေးဆေးတည်ငြိမ်စွာ နှင့် ...