ခက်ခဲလာမှာပေါ့ဟ…” “အို…တော်မို့ပြောထွက်ရက်တယ်တော်… ကျုပ်တို့လည်း သူများတွေလို သားဟယ်…သမီးဟယ်နဲ့ နေချင်တာပေါ့…ဝမ်းရေးက အခုလည်းအဆင်ပြေအောင်ရှာဖွေနေကြတာပဲတော်…” ဒေါ်ပွေသည် သားသမီးလွန်စွာရရှိချင်ရှာသည်။ ငွေကြေးမရှိသည့်ကြားမှ ဗေဒင်မေးယတြာချေ ဖြင့် ကလေးရဖို့ကြိုးစားရှာသည်။ ဒါတင်မကသေး ဟိုဘက်ရွာကညောင်ပင်… ဒီဘက်ရွာကညောင်ပင် အစုံပင်ရောက်၍ သားဆုပန်ဆုတောင်းရှာသည်။ သို့သော်လည်း ထိုက်မှရသည်ဟူသော ဆိုရိုးစကားကို ဒေါ်ပွေ လက်ခံလိုက်ရ၏။ သားသမီးလွန်စွာရချင်ရှာသော မိန်းမဖြစ်သူကိုကြည့်၍ ဦးစိုးကြည်လည်းစိတ်မကောင်းဖြစ်ရရှာသည်။ ထိုသို့ဖြင့်လကို နှစ်စား၍ အချိန်များတဖြေးဖြေး ပြောင်းလဲလာခဲ့တော့သည်။ ကံကောင်းခြင်းများသည် ဦးစိုးကြည်တို့ ဘဝထဲသို့ရောက်ရှိလာပုံရ၏။ ကလေးအလွန်ရချင်ရှာသော ဒေါ်ပွေတစ်ယောက် ကိုယ်ဝန်လွယ်ထားရလေပြီ။ ဒေါ်ပွေနည်းတူပင် ဦးစိုးကြည်မှာလည်းအလွန်ပျော်ရွှင်နေ၏။ သားလားသမီးလားမသဲကွဲသေးသော်လည်း ကိုယ့်ရင်သွေးဆိုသော ...

ဆောင့်ကြောင့်ကြီးတွေထိုင်နေကြတယ်။ အဖေက သူတို့ကိုကြည့်ရင်း “ကျုပ်တို့ရွာကို အရင်ကလည်း ပလောင်တွေလာကြပေမယ့် မင်းတို့ကိုမတွေ့ဖူးပါဘူး” “ဟုတ်ပါတယ်သူကြီး၊ အရင်က ဒီရွာကိုလာလာရောင်းနေတာ ကျုပ်ညီတို့ပါ၊ ကျုပ်ညီက ပြီးခဲ့တဲ့မိုးတွင်းက ဆုံးသွားတယ်ဆိုတော့ အခုကျုပ်ကိုယ်တိုင်လာရောင်းတာပါ” “အေးဗျာ၊ ကုန်ရောင်းကုန်ဝယ်ရော အဆင်ပြေတယ်မဟုတ်လားဗျ၊ ကျုပ်အိမ်မှာပဲ ခါတိုင်းလိုတည်းပေါ့ဗျာ၊ ခင်ဗျားညီတွေလာတုန်းကလည်း ဒီမှာပဲတည်းတာဗျ၊ နောက်နေ့ကျမှ ရွာထဲအေးအေးလူလူရောင်းပေါ့ဗျာ၊ ကျုပ်တို့လည်း တစ်နှစ်စာ လက်ဖက်ခြောက်ဝယ်ရသေးတာပေါ့” ဒီလူကြီးတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရင်း “ကျုပ်တို့ ဒီတစ်ညပဲတည်းမယ်သူကြီး၊ မနက်ဖြန်ပြန်မယ်” “ဟာ၊ ဘယ်လိုဖြစ်တာလဲဗျ၊ ကုန်တွေရော ကုန်လို့လား၊ ကျုပ်အိမ်မှာ အေးအေးဆေးဆေးနေပြီးတော့ ရောင်းပါအုံးဗျာ” “ကျုပ်တို့မှာ ...

ယခုခေတ်သစ် အစိုးရအဖွဲ့ တွင် အနည်းဆုံး အောက်တန်း နိုင်ငံ့ ဝန်ထမ်းအဖြစ်သို့ ရောက်အောင် ကြိုး စားခဲ့၏။ ၎င်း၏ အစ်ကိုမှာ ခရိုင်နယ် တစ်နယ်တွင်ခန့်ထားခြင်းကိုခံခဲ့ရပေရာ မောင်စိန်လွင်အား မြို့တွင်မနေဘဲ ၎င်း နှင့်အတူ လိုက်၍နေရန် ခေါ်သေး၏။ သို့သော်လည်း မောင်စိန်လွင်၏ စိတ် သဘောမှာ မိမိအပေါ်တွင် အထက်က တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ ဩဇာပေးခြင်းခံရသောအလုပ်မှန်သမျှ ကို စက်ဆုပ်ကာ မိမိဝါသနာပါသော စုတ်တံဖြင့်ပန်းချီအလုပ်ကိုပင်ယခင်က ကဲ့သို့ ဆက်လက်၍ လုပ်တော့မည်ဟု သန္နိဋ္ဌာန်ချကာ ပန်းဆိုးတန်းတွင် (၃၀) ...

ရင်းစကားများနေရပါတော့တယ် ================= “အမယ်လေး ဗိုက်နာလိုက်တာ ကိုအောင်ကျော် ကိုအောင်ကျော် ကျွန်မဗိုက်နာနေပြီ မွေးတော့မယ်နဲ့ တူတယ် ကိုအောင်ကျော်’ မသန်းအေးတစ်ယောက် ခင်ပွန်းဖြစ်သူအားအော်ခေါ်နေပေမယ့် ကိုအောင်ကျော်မှာအိမ်မှာရှိမနေပဲ အရက်ဆိုက်၌အရက်သောက်ရင်း အချိန်ဖြုန်းနေပါတယ်။ အိမ်ကြီးထဲ၌ မသန်းအေးတစ်ယောက်တည်းသာ ရှိနေပါတယ်။ မသန်းအေးလည်းနာကြင်သည့်ဝေဒနာ အားကြိတ်မှိတ်ခံစားရင်း ပတ်ဝန်းကျင်အား အကူအညီတောင်းရပါတော့တယ်။ အချိန်ကလည်းည၈နာရီခန့် ရှိပြီဖြစ်သည့်အတွက် မသန်းအေးတစ်ယောက် ကြောက်စိတ်ဖြစ်ခြင်း၊အားငယ်ခြင်းများ ဖြစ်ကာမျက်ရည်များပင်ကျလာပါတော့ တယ်။ မသန်းအေးရဲ့အကူအညီတောင်းသံအား ပတ်ဝန်းကျင်မှကြားသိကာ မသန်းအေးထံသို့အပြေးအလွှား ရောက်လာကြပါတော့တယ်၊ ထိုအခါမသန်းအေးကသူနှင့်အစ်မတော်စပ်သူမသီတာအားခေါ်ပေးရန် ပြောသဖြင့်အိမ်နီးချင်းတစ်ယောက်က မသီတာအားခေါ်ပေးလိုက်လေတယ်။ မသီတာလည်းညကြီးအချိန်မတော် ရပ်ကွက်အတွင်းမှဆိုက်ကားအား ငှားကာဆေးရုံသို့ ညီမဖြစ်သူအား ခေါ်လာပါတော့တယ်။ ...

လည်း စိတ်ညစ်ညစ်နဲ့အိမ်ကိုပြန်ခဲ့ပါရော။ ဘာလိုလိုနဲ့ အခါတွင်းကိုရောက်ခဲ့ပြီပေါ့ဗျာ၊ အခါတွင်းကတော့ ကျုပ်တို့ဆီမှာ အောက်ပြည်အောက်ရွာလို သင်္ကြန်ပွဲမကျင်းပဖြစ်ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ တန်ခူးရေကုန်၊ ကဆုန်ရေခမ်းဆိုတဲ့ကာလမို့ ချောင်းတွေမြောင်းတွေမှာ ရေကြည်ကြည်မရှိတတ်တော့ဘူးဗျို့၊ ကန်တွေဆိုလည်း ညွံတွေပေါ်ပြီး ကန်စပ်တွေပက်ကြားအက်နေတဲ့အချိန်ပေါ့ဗျာ၊ “ရွှေကိုမလို၊ ရေကိုသာလိုတယ်” ဆိုတဲ့ ကျုပ်တို့အညာစကားအရ ကျုပ်တို့ထက်ပိုပြီးအထက်ဘက်ကျတဲ့ရွာတွေမှာ ရေတွေအတော်ရှားနေပြီဗျ၊ သဲချောင်းကလေးတွေထဲ လက်ယက်ကျင်းတွေတူးကြတယ်၊ ဂလိုင်တွေ စိမ့်စမ်းတွေက ထွက်တဲ့ရေနည်းနည်းကို တစ်ညလုံးအိပ်ရေးပျက်ခံပြီး စောင့်ခပ်ကြရတဲ့အခြေအနေတွေပေါ့ဗျာ၊ ထွက်တဲ့ရေကလည်း ရေငန်ငန်နောက်ကျိကျိတွေဗျ၊ မရှိတော့လည်း ဒီရေပဲသုံးရတာပေါ့ဗျာ၊ အညာကလူတွေကို “ရေငန်သောက်၊ မြက်ခြောက်စား” တယ်လို့ခေါ်ကြတာလည်း မမှားဘူးပေါ့ဗျာ။ ဒါကြောင့် ကျုပ်တို့အညာသင်္ကြန်က ...

ထိန်းပါလိမ့်မယ်တော်…” “အင်း…အေးလေ…ခရီးသွားဖြစ်ရင်တော့ ခေါ်ကြည့်တာပေါ့” ဟု…ဘွားမယ်စိန်ကပြောတော့ငသွင်အတော်ပျော်သွားသည်။ ဒေါ်ဝင်းလည်းငသွင်ပျော်တာကိုကြည့်ပြီး ပြုံးသွားလေသည်။ ထိုအချိန်… “ဘွားမယ်စိန်ရှိလားခင်ဗျ…” ဟုသောခေါ်သံကိုကြားလိုက်ရပြန်သည်။ “ရှိတယ်ဟေ့…ဝိုင်းထဲဝင်ခဲ့” ဒေါ်ဝင်းကပြန်ဖြေလိုက်တော့ခြံဝိုင်းထဲကို လူနှစ်ယောက်ဝင်လာခဲ့သည်။ “သြော်…ဧည့်သည်တွေပဲ…” ဒေါ်ဝင်းကလူစိမ်းနှစ်ယောက်ကို မြင်တော့အံ့သြသွားသည်။ ထိုလူနှစ်ယောက်ကို ကွပ်ပျစ်ခင်း၌ဝင်ထိုင်စေ၏။ အသက်သုံးဆယ်ကျော်ယောကျာ်းနှစ်ဦးသည် သူတို့ခေါင်း၌ဆောင်းထားသောဝါးခမောက်များကို ချွတ်လိုက်၏။ “ဘွားမယ်စိန်ဆိုတာ…ဟောသည်ကအမေကြီးလားခင်ဗျ” ဘွားမယ်စိန်ကိုကြည့်ရင်းမေးလိုက်တော့ဘွားမယ်စိန်က ခေါင်းညိတ်၍… “ဟုတ်ပါတယ်…ဘွားကမောင်ရင်တို့ပြောတဲ့ဘွားမယ်စိန်ပါ… ဒါနဲ့မောင်ရင်တို့က ဘယ်ရွာကနေများ လာကြတာလဲကွဲ့” ဟုပြန်မေးလေတော့ … “ကျုပ်နာမည်က လူအေးပါ… ဟောသည်ကတော့ကျုပ်ညီတစ်ဝမ်းကွဲ… စိန်လုံးလို့ခေါ်ပါတယ်…ကျုပ်တို့က သဲကုန်းရွာကလာကြတာပါ…” “သဲကုန်းရွာ…အင်း…ဒီရွာနာမည်ကိုတော့ ဘွားမကြားဖူးသေးဘူးကွဲ့” “ဟုတ်ကဲ့…ကျုပ်တို့လည်း အခက်အခဲကြုံမှ ဘွားအကြောင်းတွေသိခဲ့ရတာပါခင်ဗျာ…” “ဟေ…မောင်ရင်တို့မှာ… ...

နဘေးတွင် ထိုင်လိုက်၏။   “ကဲ၊ စန္ဒာ၊ ဦးကို အရေးတစ်ကြီးတွေ့ချင်တယ်ဆို၊ ဘာများဖြစ်လို့တုန်း၊ ပြောစရာတစ်ခုခုများရှိလို့လား ”   လှစန္ဒာ ဘာမှ မပြောသေးပဲ သစ်ပင်တွေနဲ့ မနီးမဝေးမှာ ရှိတဲ့ မြစ်ရေပြင်ကို ငေးကြည့်နေ၏။   မြစ်ရဲ့ ကမ်းစပ်တွင် ရွှေဧကရီ ပြဇာတ်အဖွဲ့ရဲ့ စက်လှေကြီးနှင့် လှေငယ်တစ်ချို့ကိုလည်း မြင်တွေ့နေရ သည်။   ” စန္ဒာ၊ ဦးကို ခေါ်ပြီး၊ ဘာမှမပြောပဲ ဒီအတိုင်းပဲ …..”   ” ရှင် ကျွန်မကို ...

ရှင်ဟာရှင် လက်ပါရင် ထလုပ်” “ဘာကွ မင်းကများ ငါ့ကိုရာရာစစ” “ကဲကြာ” “ဖြန်း” “အောင်မယ်လေး သေပါပြီ” “အဖေ အမေ တော်ပါတော့” “အမေ ဘာဖြစ်သွားသေးလည်း” “အမေ ဘာမှမဖြစ်ဘူး သား ရတယ်” “ဟီး ဟီး ဟီး အဖေ အမေ့ကိုမရိုက်ပါနဲ့ သမီးတောင်းပန်ပါတယ်” “ဟာ နားငြီးတယ် သွားစမ်း ငြိမ်းလဲ့ ညည်းငါ့ဖို့ အမြည်းလုပ်ပေးစမ်းမြန်မြန်” “နေပါစေ သမီး အမေလုပ်လိုက်မယ် ရှင်ဘာမှကျုပ်ကလေးတွေကို အမြည်းလုပ်ခိုင်းစရာမလိုဘူး အရက်လည်းဝယ်ခိုင်းစရာမလိုဘူး” “တောက် ငါထပ်လုပ်လိုက်ရ နာတော့မယ်” ...

အမှောင်ထု။ကွင်းတစ်လုံး ဖုံးလွှမ်းနေဆဲဖြစ်သည်။ကိုပိန် ညအမှောင်ထုကို ကြည့်ရင်း ဖိုးစီကို သတိရသွားမိသည်။ ဖိုးစီရှိစဉ်က ချောင်းမြောင်းအနှံ့ မြွေမကြောက် ကင်းမကြောက် နှစ်ယောက်သား ငါးဖားရှာခဲ့သည့် အဖြစ်များ။ကိုပိန် တွေးရင်း အိပ်မက်ထဲတွင် တွေ့ခဲ့ရသည့်ချောင်းနှင့် ငါးအုပ်ကြီး။ ကိုပိန် ငါးအုပ်ကြီးကို တွေ့လိုဇောဖြင့် ချောင်းရိုးဆီသို့ လှမ်းနေမိသည်။ “ဝုန်း…” “ဗွမ်း…ဗွမ်း…” ရုတ်တရက် ကြားလိုက်ရသည့် ငါးပွက်သံများကြောင့် ကိုပိန် ချောင်းရိုးဘေးအရောက် ခြေလှမ်းများ တုန့်ခနဲ ရပ်သွားမိသည်။ကိုပိန်နားစွင့်ကြည့်လိုက်သည်။ ချောင်းရိုးအနှံ့ ငါးများ မြူးနေသည့်အသံက ဆက်တိုက်ပေါ်လာသည်။ “ငါ …အိပ်မက်ထဲမှာ တွေ့ရတဲ့ ချောင်းရိုးပါလား ...

ငါတောင်းဆိုတာလေးသာ မင်းလိုက်နာပေးပါ ကောင်လေးရာ “     မောင်ဘိုးထင်သည် သူ့အား ညှိုးငယ်စွာ စကားဆိုနေသော ဦးအုန်းအား  ကြင်နာစွာတချက်ကြည့်လိုက်ကာ ခေါင်းကို ညိတ် လိုက်ပြီး     “အဘ သဘောအတိုင်းပဲ ဖြစ်စေရပါမယ်ဗျာ ကျုပ် အိမ်အသစ်ကို သွားနေပါမယ် “     “အခန်းထဲမှာ မင်းအတွက် သေတ္တာလေးတလုံးရှိတယ်။ အဲ့အထဲမှာ ငွေတွေရှိတယ်။စားဝတ်နေရေးအတွက် သုံးပါ ကောင်လေး ငါလည်း မင်းနဲ့ ခွဲမနေချင်ပါဘူးကွာ ဒါပေမဲ့ ငါက “     “အဘ ကျုပ်နားလည်ပါတယ် ကျုပ်က ...