ကိုလက်နဲ့ယူထည့်တယ်၊ ပြီးတော့ အရှေ့က အုပ်ကလေးကိုဖွင့်ပြီး အုပ်ထဲကနေ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းတွေထည့်တယ်၊ နောက်တော့ လျက်ဆားဘူးအကြီးကြီးကိုဖွင့်ပြီးတော့ အထဲလျက်ဆားတွေကို ဇွန်းနှစ်ဇွန်းစာလောက်ခပ်ထည့်ပြီး ခုနကထည့်ထားတဲ့ ကြက်သွန်နီတွေအပေါ်ကိုဖြူးလိုက်တယ်ဗျ၊ ပြီးတော့ သံပုရာစိတ်လေးနှစ်စိတ်ယူလာပြီး ကျုပ်တို့စားပွဲမှာလာပြန်ထိုင်တယ်။ ရေမဆေးထားတဲ့ သူ့လက်နဲ့သံပုရာရည်တွေကို ပန်းကန်ထဲကိုညှစ်ချပြီးတော့ အဲဒီလက်နဲ့ပဲ ကြက်သွန်တွေကို မွှေပြီးနယ်တယ်ဗျာ၊ ပြီးတော့ သူ့လက်တွေကိုတောင် သူလျက်နေသေးတာ၊ မကြာပါဘူး အရက်ဆိုင်က ကောင်လေးက အရက်နှစ်ပုလင်းလာချတယ်၊ ရေတစ်ပုလင်းလည်းပါသေးတယ်၊ ပြီးတော့ ဇွန်းကလေးတစ်ချောင်းလည်းပေးတယ်၊ ကိုအေးက သူ့လျက်ဆားသုပ်ပန်းကန်အရှေ့ကိုတိုးပေးပြီးတော့ “ရော့ မြည်းကြည့်ပါအုံးကွ” “ဟာဗျာ၊ အရက်နဲ့လျက်ဆားနဲ့ ဘာဆိုင်လို့လဲ သေကုန်အုံးမယ်” ...
ထားပေတော့မောင်အေးရဲ့” အဘိုးအိုကမောင်အေးကိုငှက်ပျောသီးနှစ်လုံးပေး၏။ မောင်အေးကလည်းဝမ်းသာအားရလှမ်းယူပြီး အားရပါးရစားရှာသည်။ ငှက်ပျောသီးစားနေသောမောင်အေးကိုကြည့်ရင်း… “မောင်အေး…မင်း ဘဘနောက်ကိုလိုက်ခဲ့မလား” “ဗျာ…တကယ်ပြောတာလားဘဘ… ဘဘကရောကျုပ်ကိုတကယ်ခေါ်မှာလား” ဟု…ပလုပ်ပလောင်းဖြင့်မောင်အေးကမေးသည်။ အဘိုးအိုကခေါင်းညိတ်ပြီး… “တကယ်ပြောတာ… ဘဘမင်းကိုဘဘတတ်ထားတဲ့ပညာတွေသင်ပေးမယ်… ဒါဆိုမင်းဘဝအခုလိုတွေထပ်ဖြစ်တော့မှာမဟုတ်ဘူး မောင်အေးရဲ့…” “ဒါဆို…ကျုပ်လိုက်မယ်ဘဘ” မောင်အေးစကားကြောင့်အဘိုးအိုကပြုံးသွားသည်။ “အေး…အေး…ဘဘနာမည်ကိုလဲမှတ်ထားပေါ့ကွာ… ဘဘရဲ့နာမည်က သက်ရှည်တဲ့ကွ… အများခေါ်တာကတော့ဘိုးသက်ရှည်ပေါ့ကွာ…” “ဟုတ်ကဲ့ဘဘ…” ထိုသို့ဖြင့် နောက်တစ်နေ့နံနက်ရောက်လေတော့… မောင်အေးသည် ဘိုးသက်ရှည်ခေါ်ရာသို့ အတူလိုက်ပါသွားခဲ့တော့၏။ ********************************* သရက်တောရွာလေးသည်အိမ်ခြေအနည်းငယ်သာရှိသော ရွာလေးတစ်ရွာဖြစ်၏။ သရက်တောရွာ၏မြောက်ဘက်၌ ဝက်လူးအိုင်ရွာနှင့် တောင်ဘက်၌ကျွန်းစုရွာဆိုပြီးရွာနှစ်ရွာရှိပေသည်။ “ဟဲ့ငအောင်…ကျွန်းစုရွာကိုသွားမှာဆိုရင်တော့ မိုးမချုပ်ကြနဲ့နော်…အဲ့သည်ရွာမှာအခုတလော လူသေတာတွေများနေတယ်” “လူသေတာများဘာဆန်းလို့တုန်းအရီးရဲ့” “နင်က…တောတက်နေလို့မသိတာငအောင်ရဲ့… အရင်ရက်ပိုင်းကဆိုရင် ကျွန်းစုရွာမှာ ...
ကျော၊ လ္ဘက် အကြော်စုံ၊ ရေနွေးကြမ်းတို့ဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်သည်။ အလှု့ဒါယိကာမှာ ကုန်ချင်သလောက်ကုန် … အပြုံးမပျက် လှုမည့်သူ ဖြစ်သလို ၊ အလှု့ဒါယိကာမမှာလည်း ငွေထုတ်ရလို့ တချက်ကလေးမှ မငြီးငြူချေ။ စေတနာသဒ္ဓါတရား အင်မတန် ထက်သန်ကြသော လိုက်ဖက်ညီသည့် အလှုရှင်ဇနီးမောင်နှံ ဖြစ်ကြသည်။ _________ အခန်း(၂) မြသာသည် လူရွှတ်လူနောက် ဖြစ်သည်။ သူသည် လူငယ်သဘာဝ ခပ်ရွှင်ရွှင်နေတတ်သူတဦးဖြစ်သော်လည်း ရပ်ရေးရွာရေးတွင်တော့ အင်မတန် တက်ကြွသူ ဖြစ်ပါသည်။ ယခု မြသာသည် ရွာဦးကျောင်းဖြစ်သော လယ်ပြင်ကြီး မြောက်တိုက်၌ ...
မနည်းပြန်ခဲ့ရသည်။ “ဦးလေး ငတောရာ၊ ရွှေကျင်ရာမှာ ကျုပ်တို့လို ဖွတ်ကြားတွေ သေ လိုက်ကြတာ အရမ်းပဲ။ ရွှေဝယ်နဲ့ ဈေးသည်က လွဲရင် ကျန်တာ ရရစားစား ဖွတ်ကြားငမွဲတွေပဲ။ ဦးလေးသား အသက်နဲ့ အိမ်ပြန်ပါအောင် မနည်း ခေါ်ခဲ့ရတာ” ဟု သတင်းပေးပြန်သွား၏။ သည်ကတည်းက ငလုံး လူမှန်းမသိ။ ငှက်ဖျားတက်လိုက်၊ ကျလိုက်၊ သတိ မရတစ်ချက်၊ ရတစ်ချက်။ ကယောင် ကတမ်းဖြင့် ချောက်ချောက်ချားချား ဝူးဝူးဝါးဝါး။ မကျီးတုတ်မှ ကျေးလက်ကျန်းမာရေးမှူး ဦးသိန်းထွေးက ဆေးထိုးပြီး ဆေးပြားပေးသည်။ သောက်ရမည့် ...
ပေးပါတော်…ကျုပ်မထနိုင်ဘူး” “အို…ငါ့သမီးရယ် ဘယ်လိုဖြစ်ရတာလဲ” မိနွယ်အိပ်ရာထဲ၌ မှောက်လျှက်ပင်လှဲချရသည်။ ခါးအထက်မှ နာကျင်ခြင်းကြောင့် မိနွယ် မထနိုင်ရှာပေ။ မိနွယ်၏မိဘမောင်ဘွားများသည်လည်း မိနွယ်အတွက်စိတ်ပူကာ ဆေးဆရာပင့်၍ကုသပေးကြ၏။ သို့သော် မိနွယ်၏ခါးနာသည့်ဝေဒနာသည်မပျောက်ကင်းပေ။ ရွာသူ၊ရွာသားတို့သည်လည်း မိနွယ်၏အဖြစ်ကိုသိကြ၍ လာရောက်မေးမြန်းကြကုန်သည်။ ရက်ကိုလစားသော်လည်း မိနွယ်သည်အိပ်ရာထဲ၌ လူမမာကဲ့သို့ဖြစ်နေရသည်။ အမည်မသိသောမိမိ၏ဝေဒနာကြောင့်ပင် မိနွယ်ခမျာ စိတ်ကောလူကောပင်ပန်းလာခဲ့ရရှာသည်။ ယခင်ကကဲ့သ်ို့ ရွာ၏သာရေး၊နာရေးပွဲများ၌ မိနွယ်မပါဝင်နိုင်ရှာတော့။ မိမိ၏ဝေဒနာကိုသာအဖော်ပြု၍ အိပ်ရာထဲ၌နေ့စဥ်လှဲလျောင်းနေခဲ့ရလေသည်။ “ကျုပ်တော့…အစ်မမိနွယ် ဖြစ်တာ မရိုးဘူးထင်တယ်အမေရာ” မိနွယ်၏မောင်ဖြစ်သူ ဖိုးသော်က ပြောလေသည်။ ဖိုးသော်၏စကားကြောင့် မိခင်ဒေါ်သိန်းက… “အင်း…ဆေးဆရာတွေသာပြောင်းကုတယ် အခုထိမင်းအစ်မမိနွယ်ခမျာ သက်သာတယ်လို့ကိုမရှိဘူးလေ။ အဲ့တာ ...
လိုက်လာကြတော့၏။ ဘွားမယ်စိန်သည် တော်ရုံအချိန်၌ သူ၏တောင်ဝှေးအားမသုံးတတ်။ ယခုလို အချိန်၌သာ သူ၏ တောင်ဝှေးကြီးအား အသုံးပြုတတ်ပေသည်။ ဘွားမယ်စိန်၏တောင်ဝှေးလက်ကိုင်၌ မြွေဦးခေါင်းရုပ်ကြီးထု့လုပ်၍ထား၏။ ထိုတောင်ဝှေးအား ဘွားမယ်စိန်မှလွှဲ၍ ဘွားမယ်စိန်၏ သားသမီးများ မည်သူမှမကိုင်ကြရ။ ထိုသို့ဖြင့်ဘွားမယ်စိန်တို့ရွာလယ်ပိုင်းသို့ရောက်လာ၏။ ဘွားမယ်စိန်တို့ရောက်လာချိန်၌ ရွာမှ ကလေး၊လူကြီးအတော်ပင်စုံလင်စွာရောက်ရှိနေကြပြီဖြစ်သည်။ “ဘွားမယ်စိန်ရောက်ပြီဟေ့…ကလေးတွေ နောက်ဆုတ်ကြစမ်း…” လူကြီးအချို့ကအသံပြုကြသည်။ သရဲပူးခံထားရသည်ဆိုသော မောင်တိုးသည် သူ၏အိမ်ရှေ့ဗန်ဒါပင်အောက်၌ တင်ပုလ္လင်ခွေကာထိုင်နေ၏။ မျက်လုံးပြူး မျက်စံပြူးဖြင့်သာ ထိုင်နေပြီး သူ၏ခပ်လှမ်းလှမ်းမှ ဝိုင်းအုံနေကြသော လူများကိုကြည့်ကာ… “ဟားးးး…ဟားးး…ဟားးး….ဟားးးး….ဟားးးးး…….” အသံကျယ်ကြီးဖြင့် အဆက်မပြတ် ဟားတိုက်လို့နေ၏။ ထိုမောင်တိုး၏ရှေ့၌ အဘွားစိန်ရောက်လာချိန်မှာတော့… “ဘယ်သူလဲဟေ့…ငါ့သားဆီမှာလာပူးကပ်နေတာက” ...
ငိုသံကြားရပြီး နောက်တော့ဘာမှမကြားရတော့ပေ။ နောက်တစ်ရက်ကျောင်းတက်တော့ ဆရာမများကို မေးကြည့်မိသည်။ “ဆရာမတို့ထဲက တစ်ယောက်ယောက် ညညဆိုကျောင်းနားလာပြီး ငိုကြသေးလား” သူမေးသည့်အမေးကိုကြားသည့်အခါ ဆရာမများက ထူးဆန်းစွာဖြင့် သူ့ကိုကြည့်ကြသည်။ “ပေါက်ပေါက်ရှာရှာဆရာရယ်၊ ဘယ်သူကငိုမှာလဲ” ဆရာမများထဲမှလဲ မဟုတ်တော့သည်မို့ ဆရာသိန်း နှုတ်ဆိတ်နေလိုက်သည်။ ထိုညတော့ ငိုသံက တဖြည်းဖြည်းကျယ်လောင်လာသည်။ ငိုယိုနေသည့်သူမှာ အတော်ကျယ်ကျယ်ငိုနေခြင်းဖြစ်သည်၊ ဆရာသိန်းလဲ လူမဟုတ်မှန်းသိလိုက်သည်။ သို့သော် သူက ကြောက်တတ်သူမဟုတ်ပေ။ စောင်ကိုခြုံရင်း နားကိုပိတ်ကာ ကြိတ်မှိတ်ပြီး အိပ်ပစ်လိုက်တော့သည်။ ငိုသံက တဖြည်းဖြည်း ညတိုင်း ပိုပိုဆိုးလာသည်။ နောက်တော့ငိုသံက အဝေးတွင်ငိုနေရာမှ တဖြည်းဖြည်းသူ့အနားသို့နီးကပ်လာပြီး ...
ဘုတ်ဆုံမလဲ ဆိတ်ကျောင်းသမဖြစ်တော့သည်။ သူတို့ရွာကလေးတွင် မူလတန်းကျောင်းသာရှိသဖြင့် ကျောင်းဆက်တက်ချင်လျှင် နှစ်ရွာကျော်ရှိ အလယ်တန်းကျောင်းတွင် သွားတက်ရသည်။ သို့သော်လည်း သူတို့မိဘတွေက ပညာရေးကို အလေးမထားကြပေ။ စာရေးတတ်၊ ဖတ်တတ်၊ လေးတန်းလောက်အောင်လျှင် သားသမီးများကိုကျောင်းဆက်မထားတော့ဘဲ အိမ်အလုပ်များကို ခိုင်းတတ်ကြသည်ဖြစ်ရာ သူတို့လိုလူငယ်ကလေးတွေ နွားကျောင်းသားဖြစ်လိုက်၊ ဆိတ်ကျောင်းသမဖြစ်လိုက်နှင့် နေကြရသည်က အဆန်းတော့မဟုတ်ပေ။ “ဒီနေ့ စနေနေ့ညဆိုတော့ ရေဒီယိုကနေ ဇာတ်လမ်းပမာနားဆင်စရာ လာမယ့်အချိန်ပဲ၊ ငါတော့ ဦးတုတ်ကြီးအိမ်ကိုသွားမယ်” ဘုတ်ဆုံမက ပြောလိုက်သဖြင့် ကြွက်နီကလဲ ခေါင်းညိတ်သည်။ “ဟုတ်တယ်၊ ငါလဲ ညနေစောစောပြန်ပြီးတော့ ရေမိုးချိုးပြီး ဦးတုတ်ကြီးတို့အိမ်ကိုသွားရမယ်” “အေးဟ၊ ...
အပြင်တွင်တော့ နေရောင်မဟုတ်ဘဲ နီ ကျင်ကျင် အလင်းရောင်များသာ မြင်ရ၍ ဦးဖိုးဝေမှ လူသစ် နှင့် သူရိယကို ကြည့်ကာ “လူလေးတို့ ဒါသူတို့ဘုံက မနက်ခင်းဖြစ်မယ် ထင်တယ် “ “ဟုတ်မယ် အဘ နေရောင်လည်း မဟုတ်ဘူး နီကျင်ကျင် ကြီးပါလား လူတွေလည်း မတွေ့ဘူး ဘယ်သွားနေကြတာလဲ မသိဘူး “ “အင်း အလုပ်ဝင်နေတာ ဖြစ်မှာပေါ့ ကဲညက မေနန်း မှာခဲ့ သလို ဟိုတံခါးမကြီးဆီ သွားကြစို့ “ ...
လိုက်သောအခါ … “ဟာ…ဒါ…ဒါ ချစ်လွန်းပါလား” ရပ်ကွက်ဥက္ကဋ္ဌက ပွယောင်းစပြုနေသည့် အလောင်း၏ မျက်နှာ ကို ငုံ့ကြည့်၍ပြောလိုက်တော့ ကျန်အဖွဲ့ဝင်များကပါ ဝိုင်း၍ ထောက်ခံကြသည်။သေသူသည် အင်္ကျီအပြာလက်တိုနှင့် ပုဆိုးအညိုကွက်ကို ဝတ်ထားသည်။ အသက်ခန့်မှန်းမှုအရ (၃၀)ခန့်ရှိသည်။ တုတ်တုတ်ခိုင်ခိုင် ဆံပင်ကုပ်ဝဲအရှည်နှင့်။ ဝဲဘက်ရင်အုံဝန်းကျင်နှင့် ဝမ်းဗိုက်တစ်ဝိုက်မှာ သွေးကွက်များ တွေ့ရပြီး အချို့သွေးများက ခဲနေသည်။ အလောင်းမြုပ်သည့် ကျင်း တွင်းမှ သဲလွန်စသက်သေခံပစ္စည်း ရလိုရငြား၊ ဂရုတစိုက် ရှာလိုက်သောအခါ မြေကြီးများနှင့် ရောလုံးနေသည့် မျက်နှာသုတ်ပဝါ အသေးလေးတစ်ထည်ကို တွေ့ရသည်။ မျက်နှာသုတ်ပဝါ ကလေး၏ ...