တည်းစကားပြောနေတာပဲတွေ့တယ်။ အဖေက ” ဘာတွေလျှောက်အော်နေတာလဲ ”မေးတော့ အပင်ပေါ်လက်ညိုးထိုးပြပြီး ” ဟိုကောင်လေး အမြင့်ကြီးပေါ်တက်နေလို့အဖေရ… ပြောမရ ဆိုမရနဲ့ဗျာ…ဘယ်အိမ်က ကလေးလည်းမသိဘူး ” ” မဟုတ်တာတွေပြောမနေနဲ့… အိမ်ထဲဝင်တော့ ” အဖေကခေါ်ဝင်ပြီး ဘုရားစင်ကသောက်တော်ရေစွန့်လာတယ်။ ပြီးတော့ အငယ်ကောင်ခေါင်းကို တဖျတ် ဖျတ်ပုတ်နေတော့တာ။ အဲ့ဒီအထိကျွန်တော်တို့လည်း ဘာမှနားမလည်သေးဘူး။ ည ၁၂ နာရီလောက်ရောက်တော့ အကုန်လုံးအိပ်မောကျနေကြပြီ။ ကျွန် တော်တစ်ယောက်တည်း ဗိုက်ရစ်လာလို့ နောက်ဖေးတံခါးကိုအသာလေးဖွင့်ပြီး အိမ်သာဖက်ကိုထွက်လာခဲ့တယ်။ အိမ်သာတံခါးကိုလည်းဆွဲလိုက်ရော ပြုန်းစားကြီး ကျွန်တော့ နောက်ပိုးကို ကလေးတစ် ယောက်ခွစီးလာတယ်ဗျ။ ...

ယောက်ပင် ဖြစ်ပေ၏။ “စောစောစီးစီး ဘယ်လဲသူကြီး” ဦးဖိုးဟန်သည် ခင်မင်ရင်းနှီးသူပီပီ လှမ်း၍မေးလိုက်သည့်အခါတွင် “စံတင်တို့ လယ်ဖျားရှိုထဲမှာ ဝက်တောင်းကြီးတကောင် ခုတင်ကလေးကမှ တွေ့ခဲ့ရလို့ ကျွန်တော်တို့ကို လာခေါ်တာလေ” ဦးထွန်းရင်မှာ အရိုးခံသက်သက်ဖြစ်သည့်အတိုင်း ကွယ်ဝှက်ခြင်းပရိယာယ် တစုံတရာမသုံးဘဲ ပြောလိုက်ရာ နှစ်လုံးပူးသေနတ်ကိုင် မုဆိုးငဖျော်က ဤကဲ့သို့ သူတို့၏အကြံအစည်ကို ဖွင့်ဟပြောလိုက်ခြင်းကို မကျေနပ်သည့် မျက်နှာဖြင့် သူကြီးကို ကြည့်လိုက်ပါသည်။ မုဆိုးငဖျော်၏ အတွင်းစိတ်ကြောကို ကျွန်တော် သည် ကောင်းစွာရိပ်မိပြီး ဖြစ်ပါသည်။ သူတို့၏ တောဝက်ထီးကြီးကို ကျွန်တော်နှင့် ဦးဖိုးဟန်တို့က ကြားဝင်ပြီး ပစ်ခတ်မည် ...

တာပေါ့ဗျာ။ ကိုအေးကလည်း အမဲသားတစ်တုံးကို ပလုပ်ပလောင်းနဲ့ဝါးတယ်၊ ပြီးတော့ မီးဖိုချောင်က ကြွက်လျှောက်တန်းပေါ်တင်ထားတဲ့ ပုလင်းတစ်လုံးကိုသွားယူတယ်၊ ပုလင်းမှာက လက်ရေးကြီးကြီးနဲ့ ရေနံဆီလို့ရေးထားသဗျ။ “ကိုအေး ဒါဘာလုပ်တာလဲ” ကိုအေးက ရေနံဆီပုလင်းကိုဖွင့်ပြီးမော့သောက်တယ်ဗျ။ ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊ ကိုအေးတော့ သေကြောင်းကြံပြီလားပေါ့၊ သူကတော့ အေးဆေးပဲ တစ်ငုံသောက်ပြီးတော့ ကျုပ်ကိုရေနံဆီပုလင်းလှမ်းပေးတယ်။ ကျုပ်လည်းယူပြီးနမ်းလိုက်တော့ ရေနံဆီနံ့မထွက်ဘဲနဲ့ အရက်နံ့ဗျ။ ကျုပ်လည်းကိုအေးကိုရယ်ပြီးကြည့်လိုက်တာပေါ့ဗျာ။ “ဟဲဟဲ ဒီလိုပဲ လုပ်ထားရတာကွ၊ ခင်ကြည်လစ်တဲ့အချိန် ဒါလေးမော့မော့နေရတာ” “ခင်ဗျားတော်တော်ဥာဏ်များတဲ့လူပဲ ကိုအေး” ကျုပ်တို့လည်း အရက်လေးသောက်လိုက် အမဲကြော်လေးစားလိုက်နဲ့ပေါ့ဗျာ။ “ဒီလောက်ကောင်းတဲ့အသားကို သူတို့တွေဘာလို့ရှောင်သလဲဆိုတာ တွေးလို့ကိုမရဘူးကွာ” ကိုအေးက ...

သို့ဆင်းလာနေခဲ့၏။ “တောက်…တွေ့ကြသေးတာပေါ့ကွာ… ဟိုကဒေါသတွေဒီမှာတွေ့ပြီပေါ့…” ဦးဘိုကျော်ကလှည်းထိပ်ရှိဓားကိုလှမ်းကာယူထား၏။ အပင်ကြီးအနီးသို့ရောက်လေနွားများက နှာများမှုတ်၍ မသွားချင်သလိုဖြစ်နေကြသည်။ “ခွေးမသားတွေ…သွားကြစမ်း…” “ဖြန်း…ဖြန်း…ဖြန်း….” ဓားကိုခဏချ၍ နွားများကိုကြိမ်ဖြင့် အဆက်မပြတ်ရိုက်လေသည်။ ထိုအခုမှပေကပ်ကပ်လုပ်နေသောနွားများက ခုန်ပေါက်ကာပြေးကြတော့၏။ “ဟင်…” နွားများကအတင်းပြေးနေသော်လည်း လှည်းနောက်မြီးကို တစ်စုံတစ်ယောက်ကဆွဲထားသည့်အလားနေရာမှ မရွေ့ဖြစ်နေသည်။ အပင်ဆီသို့ကြည့်တော့လည်းစောစောက မည်းမည်းအရာကြီးကိုမတွေ့ရတော့ပေ။ “မိညွှန့်…လာ…နဖားကြိုးဆွဲထား…” အခြေအနေကိုကြည့်၍ ဦးဘိုကျော်က မိန်းမဖြစ်သူနဲ့နေရာလဲလိုက်သည်။ လှည်းနောက်ပိုင်းသို့ဥိးဘိုကျော်ပြောင်းထိုင်သည်နှင့် လက်ထဲကိုင်လာသောဓားဖြင့် ရမ်းကာခုတ်လေ၏။ “ဆွဲစမ်း…ဆွဲထားစမ်းကွာ…မင်းပဲဆွဲနိုင်မလား… ကြည့်ရသေးတာပေါ့…” ဟုပြောရင်း ဓားကိုရမ်းကာခုတ်နေချိန် နွားလှည်းကို ဆက်မဆွဲထားတော့ပဲလွှတ်ပေးလေရာ နွားများမှာရွာသို့ကဆုန်ပေါက်ပြေး၍လှည်းအထက်မှ ဦးဘိုကျော်တို့မိသားစုပင် လှည်းပေါ်မှပြုတ်မကျစေရန် မနည်းထိန်း၍ လိုက်လာခဲ့ကြရ၏။ သလွန်ရွာထိပ်၏ထနောင်းပင်ရဲ့အကြောင်းသည် ...

ဖွံ့ထွားပြီး ရွာရှိကွမ်းတောင်ကိုင်များနည်းတူ ချောလှသူဖြစ်သည်။ “အမေ…ခင်ဗျားသမီးကိုပြောထားနော်…” “ဟဲ့…ဖိုးတောက် မင်းနှမကဘာဖြစ်လို့လဲ…” “ဘာဖြစ်ရမှာလည်း ရွာလယ်ပိုင်းက စိုးကျော်ကဒင်းကိုလိုက်ပိုးနေတာလေ… ဒါကိုဒင်းကလည်း လက်ခံစကားပြောနေတော့ ကျုပ်ကြည့်မရဘူး… ကြာရင်လူသတ်မိလိမ့်မယ်ဗျာ….တောက်…” ဖိုးတောက် ညီမဖြစ်သူနွေမကို အလွန်ချစ်၏။ ကာလသားများ၏စနောက်ခြင်းကိုလည်း လုံးလုံးမှမခံနိုင်သူပင်။ ယခုလည်း ညီမဖြစ်သူကို လိုက်ပိုးနေသော စိုးကျော်ကြောင့် တရှုးရှုးတရှဲရှဲဖြင့် ဒေါသထွက်နေရှာသည်။ သားဖြစ်သူအကြောင်းသိသော ဒေါ်သန်းမှာလည်း… “သြော်…ငါ့သားရယ်…မင်းလည်း နှမအတွက်ဆိုရင် ဒေါသဖြစ်လွယ်လိုက်တာကွယ်…” “အိုဗျာ…အမေကလည်း…ကျုပ်ကသူ့အစ်ကိုပါဗျာ… ဒီလောက်တော့ရှိမှာပေါ့” “အေးလေ…အမေကလည်း မင်းဒေါသထွက်တာကိုလက်ခံပါတယ်… ဒါပေမယ်လို့…မင်းနှမက ကလေးလိုပဲ ဆော့လိုက် ကစားလိုက်နဲ့ပဲအချိန်ကုန်နေတာကို မင်းလည်းအသိ…အချစ်ရေးသူ့သွားမမေးလေနဲ့ သူ့မှာတနေ့တနေ့သူ့အဖော်တွေနဲ့ဆော့ကစားလို့တောင်ပြီးတာမဟုတ်ဘူးလေ…ဒီ​တော့ဘယ်သူကသူ့ကိုဘာပဲပြောပြော သူလက်ခံမှာမဟုတ်ပါဘူးငါ့သားရယ်…….” ...

တစ္ဆေဖြစ်နေပြီကွ” “ဘာ…ဘာပြောတယ်၊ ကျုပ်သေသွားပြီ ဟုတ်လား၊ ကျုပ်က ဘာကြောင့် သေရမှာတုံး” “ဟာ …ဒီတစ္ဆေတော့ တော်တော့်ကို ခက်နေတာပဲ၊ သေတာလည်း ကိုယ်မသိ၊ ကိုယ် ဘာကြောင့် သေမှန်လည်း ကိုယ်မသိ။ ကိုယ် ဘာကြောင့် သေမှန်းလည်း ကိုယ်မသိ၊ အေးလေ ဒါမျိုးက ဖြစ်တတ်ပါတယ်လေ၊ ကဲ တစ္ဆေ ပြီးတော့ မင်းကို ငါ ပြောပြမယ်၊ အခုတော့ ငါ့တာဝန်က မင်းကို နေစရာပေးဖို့ကွ၊ မင်း သရက်ပင်ကြီးကို မြင်လား၊ အကြီးကြီးပဲလေ၊ အဲဒီသစ်ကိုင်းမှာ မင်းနဲ့ငါ ...

လူသိများလေသည်။ ဓနုမှာ နစ္စဓူဝတောထဲတွင်သာအချိန်ကုန်လေ့ရှိသည်။မနက်ဝေ‌လီဝေလင်းတွင် အိမ်မှထွက်ကာ ထောင်ထားသည့်ထောင်ချောက်များအားလိုက်၍စစ်ဆေးသည်။လက်ထဲတွင် လေးမြှားနှင့် တစ်ခုတည်းသော မိသားစုအမွေပစ္စည်းဖြစ်သည့် တူမီးသေနတ်ကို ကိုင်ဆောင်လေ့ရှိသည်။တူမီးသေနတ်မှာ ဘိုးဘွားအစဥ်အဆက်များမှ သားဦးယောက်ျားလေးများကိုလက်ဆင့်‌ကမ်းပေးသည့် အမွေပစ္စည်းဖြစ်သည့်တိုင် တူမီးသေနတ်အား အလေးအနက် တရိုတသေကိုင်ဆောင်ကြ၏။ဓနုသည်လည်း တူမီးသေနတ်အား မိဘအမွေသက်မဲ့ပစ္စည်းဟုသဘောမထားဘဲ မိဘကဲ့သို့ပင် သဘောထားလေ့ရှိသည်။ ဓနု၏မုဆိုးသက်တမ်းတစ်လျှောက်တွင်လည်း သားကောင်များရွေးချယ်ရာတွင် သားပေါက်ကလေး များနှင့် ကိုယ်ဝန်ရင့်မာဖြစ်နေသည့်သားကောင်များကို ဖမ်းမိသော်လည်းလွှတ်ပေးမြဲဖြစ်သည်။မုဆိုးဖြစ်သော်လည်း နှလုံးသားနုသည့်မုဆိုးဟုဆိုရပေမည်။ ‌မနက်ဝေလီဝေလင်းမှ ထွက်လာလိုက်တာ နေမြင့်သည်အထိ ထူးခြားစွာသားကောင်တစ်ကောင်မှမရချေ။သို့သော် မုဆိုး နှာခေါင်းဖြင့် သွေးညှီနံ့ပြင်းပြင်းအားရသည်မို့ လက်ထဲရှ်ိ တူမီးသေနတ်အားအသင့်အနေအထားကိုင်ထားသည်။ “အီ..ဝေါင်” ချစ်စရာ ကျားပေါက်ကလေးတစ်ကောင်မှာ ဒဏ်ရာဖြင့်သွေးများထွက်ကာ ...

ဇတ်လမ်းတစ်ပုဒ်အနေဖြင့် ပြန်ပြီး ရေးသားလိုက်ရပါတော့သည်။ (၂) ၂၀၁၈ ခုနှစ်။ ထူးထူးခြားခြား အစိုးရရုံးပိတ်ရက်က သုံးရက်ဆက်တိုက်ဖြစ်နေသည်။ စနေ၊ တနင်္ဂနွေခံနေတော့ ငါးရက်။ ကျော်ထက်တို့ ကုမ္မဏီက အစိုးရရုံးပိတ်ရက်များ၊ ပြန်တမ်းဝင်ရုံးပိတ်ရက်များ ပိတ်သည်မို့ တရုံးလုံး ခရီးသွားရန်ပြင်ဆင်နေသည်။ ခရီးသွားအေဂျင်စီများ၊ လေယဉ်များ၊ ကားလတ်မှတ်များမှာ ကြိုမှာထားမှရသည်။ ကျော်ထက်နှင့် ကောင်းပြည့်တို့က တစ်ရုံးထဲအလုပ်လုပ်နေသည့် လုပ်ဖော်ကိုင်ဖက်တွေဖြစ်သလို၊ အချစ်ဆုံးသူငယ်ချင်းတွေဆိုလဲ မမှားပေ။ ကျောင်းပြီးကတည်းက ကျော်ထက်က ယခုကုမ္မဏီမှာ အလုပ်ဝင်ဖြစ်သည်။ ကောင်းပြည့်ကလဲ ထိုအချိန်တွင် အလုပ်စဝင်လာပြီး ထိုအချိန်မှ စတင်ခင်မင်လာခဲ့ရာ ယခု ငါးနှစ်ကျော် ...

နောက်ဆုံးတော့ သတိပြန်ရလာတော့တာပဲဗျ။ ကျုပ်တို့ရွာမှာ ကထိန်တို့ ဘုရားပွဲတို့ရှိမှ ဘိုးရာစီ လာတာဗျ။တော်ရုံတန်ရုံ အလှူအတန်းလောက်ဆိုရင် မလာဘူးဗျ။ဘန့်ဘွေးကုန်းက သူဆောက်ပြီး လှူထားတဲ့ ကျောင်းထဲမှာပဲ ပုတီးစိပ်နေတော့တာ။ သူ့လှူတဲ့ အုတ်ကျောင်းအဝင်ပေါက်မှာ သူ့အလှူကို ကမ္ပည်းထိုးထားတာ။ “မြွေအလမ္ပာယ်ဆရာ မောင်ရာစီ ကောင်းမှု” တဲ့ဗျို့။ ကထိန်ဘုရားပွဲကို ဘိုးရာစီ လာပြီဆိုလို့ကတော့ ကျုပ်တို့လူငယ်တွေဆိုတာ ဘိုးရာစီနားမှာ ဝိုင်းပြီး ဘိုးရာစီ ပြောပြတဲ့ မြွေတွေ အကြောင်းကို တအံ့တသြ နားထောင်ကြရတာပေါ့ဗျာ။ အဲဒီအထဲမှာ အင်မတန်မှ စပ်စုတဲ့ တာတေဆိုတဲ့ ကျုပ်က ဘိုးရာစီရဲ့ ရှေ့တည့်တည့်ကပေါ့ဗျာ။ ...

သော ကပ်ကျေးကို အနီးသို့ ဆွဲယူထားလိုက်သည်။ ဆိုင်ထဲဝင်လာသော ထိုလူက ဆိုင်ထဲက ပစ္စည်း များကို မကြည့်ပဲ အပြင်က လူရှိမရှိ အကဲခတ် သည်။ ဆိုင်ထဲကို အကဲခတ်ပြီး မမြင့်သူ အနီး သို့ လျှောက်လာပြန်သည်။ ခါးကြားမှ ဓားမြှောင် ကို ဆွဲထုတ်လိုက်ပြီး…. “စျေးရောင်းလို့ရတဲ့ ပိုက်ဆံ အကုန်ထုတ်” “ဘာလို့ ပေးရမှာလဲ” “မသာမ ဓားနဲ့အထိုးမခံချင်ရင် ပိုက်ဆံအသာ တကြည်ထုတ်ပေး” မမြင့်သူကို ဆောင့်တွန်းပြီး အံဆွဲကို ဆွဲဖွင့်ကာ ပိုက်ဆံများကို ဆွဲယူနေသည်။ ထိုလူ ...