သည်မှောင်မည်းလျက်ပကတိတိတ်ဆိတ်လွန်းလှပေ၏ အုဝုဝူး အူး တစ်ခါတရံရွာအတွင်းရှိခွေးများ၏အူသံများသာကြားရပေလိမ့်မည်။ သို့ရာတွင်ပကတိတိတ်ဆိတ်အိပ်မောကျနေသောရွာကလေးမှာသန်းခေါင်ကျော်အချိန်ခန့်၌တစ်ရွာလုံးကိုလှုပ်နှိုးလိုက်သည့်အလားဆူညံသံများလွှမ်းမိုးသွားတော့သည် ရှဲရှဲရှဲ ဖလပ်ဖလပ် ရွှီးရွှီးရွှီး ဝုတ်ဝုတ်အူး အုအူး ဝုန်း ဗျန်း သစ်ရွက်ခြောက်များကိုလေဝှေ့သည့်အသံမျိုးငှက်ပျောဖက်နှင့်အပင်တို့ရိုက်သလိုအသံမျိုးနှင့်ခွေးများ၏အူသံဟောင်သံတို့ကရွာလုံးအနှံ့ကွမ်းတယာညက်ခန့်မျှဆူညံနေပြီးနောက်မှသာပြန်လည်တိတ်ဆိတ်သွားတော့သည်။ တဖန်ရွာအတွင်းရှိသစ်ပင်ကြီးငယ်များလေမတိုးပါဘဲလျက်တဝုန်းဝုန်းလှုပ်ခတ်ဆူညံနေပြန်လေသည်။ ထိုကိစ္စသည်လည်းအတန်ကြာမှပင်ငြိမ်သက်ကာရွာကလေးမှာမူလအတိုင်းပြန်လည်တိတ်ဆိတ်သွားခဲ့ပေသည်။ အိပ်မပျော်သေးသူအချို့နှင့်လန့်နှိုးသူအချို့တို့ကအိမ်နီးနားချင်းတစ်အိမ်နှင်တစ်အိမ်ယင်းကိစ္စကိုအော်ဟစ်ပြောဆိုနေကြ၏။ ထိုအသံများဆက်လက်ထွက်ပေါ်လာမည်လောဟုလည်းစိုးရိမ်စိတ်နှင့်ရွာသားအချို့ကစောင့်စားနေကြသည်။ သို့ရာတွင်မည်သည့်အသံဗလံမျှထွက်ပေါ်လာခြင်းမရှိတော့ဘဲထမင်းတစ်အိုးကျက်ခန့်အကြာ၌လင်းကြက်တွန်ကျူးသံထွက်ပေါ်လာခဲ့သည်။ အောက်အီးအီးအွတ် အွတ်အွတ် များမကြာမီရွာဦးကျောင်းမှအုန်းမောက်ခေါက်သံမရှေးမနှောင်းထွက်ပေါ်လာပြန်သည်။ ထို့နောက်အရှေ့ဆီမှရောင်နီများသန်းလာချိန်တွင်ဆရာတော်ဘုရားသည်ရွာအတွင်းသို့ကြွလာခဲ့လျက်ရွာသူကြီးဦးထိန်ခြံဝင်းအတွင်းသို့ဝင်လိုက်သည်။ အိုးဆရာတော်ဘုရားကိုး၊ကြွပါဘုရား၊ဟဲ့မယ်ကျင်ဖျာခင်းပါဟယ်၊ခြေသုတ်ပုဆိုးချဟ၊အရုဏ်ဆွမ်းအတွက်ပြင်ကြဟာ မိသားစုအားလုံးမမျှော်လင့်သည်ကြောင့်ပျာပျာသလဲဖြစ်သွားကြရာဆရာတော်ဘုရားကဘုရားစင်ရှေ့၌နေရာတကျထိုင်မိစဉ်လက်ကာပြကာ နေနေဒကာ၊ဒကာမတို့ဘုန်းကြီးသွားနာနေတာကြောင့်စောစောကတင်ကပ္ပိယကြီးကျိုပေးထားတဲ့ယာဂုဘုဉ်းပေးလာခဲ့င်္ပြီး၊ခုလာတာကသူကြီးနဲ့ပြောစရာကိစ္စလေးရှိနေလို့လေဟုဆို၏။မှန်ပါ့၊မိန့်တော်မူပါဘုရား သူကြီးဦးထိန်နှင့်ဇနီး၊မိသားစုများအားလုံးဆရာတော်မိန့်ကြားလာမည့်စကားကိုငံ့လင့်နေကြသည်။ ခပ်စောစောကရွာအတွင်းထွက်ပေါ်လာသည့်အမျိုးအမည်မသိရသောအသံဗလံများနှင့်ဆရာတော်ဘုရားထူးထူးစန်းစန်းကြွလာမှုကဆက်စပ်နေလိမ့်မည်ဟုတွေးမိကြသောကြောင့်ဖြစ်သည်။ ဆရာတော်ဘုရားကသူကြီးငှဲ့၍ကပ်လာသောရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်ပြီးမှအောက်ပါအတိုင်းစကားစ၏။ အိမ်းတယ်လည်းခက်သကွယ်၊လောကကြီးမှာမသိမလိမ္မာသူ၊မိုက်မဲသူရှိတဲ့အရပ်ဒေသဟာတယ်ပြီးအန္တရာယ်ကြီးသကိုးကွယ့် မှန်ပါ့၊တပည့်တော်နားမရှင်းကြောင်းပါဘုရား ဒီလိုကွယ့်၊လွန်ခဲ့တဲ့တစ်နာရီကျော်ကျော်နှစ်နာရီနီးပါးမှာရွာအတွင်းထူးထူးစန်းစန်းဖြစ်ပေါ်သွားမှုဟာလူဆိုးလူသွမ်းတစ်ယောက်နဲ့ပတ်သက်ဆက်စပ်နေတယ်လို့ပြောတာကွယ့် သြဒီလိုလား၊တပည့်တော်နဲ့တကွရွာသားတွေလည်းတစ်ခါမှမကြုံဖူးတဲ့ထူးဆန်းမှုကြောင့်အံ့သြပြီးတယောက်နဲ့တစ်ယောက်ကျွက်စိကျွက်စိပြောနေကြတာဘုရား အေးအေးနားထောင်၊ပြောရမယ်ဆိုရင်ဒီအဖြစ်ရဲ့လက်သည်တရားခံဟာဒကာငြိမ်းသာနဲ့ဒကာအေးမယ်တို့ရဲ့သားလူဆိုးအံ့ထူးပေပေါ့ကွယ် ဟာ ဟင် အို အလို မိသားစုများအားလုံးဆရာတော်မိန့်ကြားမှုကြောင့်တအံတသြဖြစ်ကာအာမေဍိတ်သံများကိုယ်စီထွက်သွားကြသည်။ အတန်ကြာမှဆရာတော်ဘုရားကဆက်လက်မိန့်ပြန်လေ၏။ ညဦးကကျုပ်ဘုရားဝတ်ပြုတရားထိုင်ပြီးလို့ကျိန်းမယ်ကြံစဉ်မှာလူရိပ်နှစ်ခုတံခါးဝကပေါ်လာပြီးကျုပ်ကိုရှိခိုးကန်တော့ကြတယ် ...

တယ် အဲ့တော့ တို့တွေအရင်ဆုံးဆိုင်ကယ်ပဲယူသွားကြမယ်” “ဟုတ် ဒါဆို သီရိပြင်ထားပေးမယ်နော်… စီနီယာလိုက်လာခဲ့လိုက်” သီရိတစ်ယောက်သူမအနီးမှထွက်ခွာသွားတော့သည်။ ခဏကြာတော့ လွန်းနီနီသည်လည်း သီရိစောင့်နေမည့် စခန်း၏ ဆိုင်ကယ်ရပ်နားရာဆီသို့ ထွက်လာခဲ့တော့၏။ သူမရောက်လာတော့ သီရိသည် ဟွန်ဒါ click ဆိုင်ကယ် အနက်လေးအား စက်နိုးလိုက်တော့သည်။ သီရိနောက်ပါးမှထိုင်လိုက်ခဲ့ရင်း… “အမှတ်၇ ရပ်ကွက်ကိုမောင်း သီရိ” “အမှတ်၇ ဆိုရင် မြို့ပြင်လမ်းဘက်ကျတာပေါ့ စီနီယာ ဘာသွားလုပ်မလို့လဲ” “ပျောက်ဆုံးနေသူသွားမယ့်နောက်ဆုံးနေရာလို့ တို့သိထားရတယ်…အဲ့တော့သွားလေ့လာရမှာပေါ့…” “ဟုတ်ကဲ့စီနီယာ” ထိုသို့ဖြင့် သီရိတို့သည် အမှတ်၇ ရပ်ကွက်ဆီသို့ရောက်ရှိလာခဲ့ကြသည်။ ထိုရပ်ကွက်သည် မြို့ပြင်ဘက်ကျ၏။ လူနေအိမ်ခြေနည်းပါးပြီး ...

မိတ်ဆက်ပေးတော့ .”..အခုလို ချောမောလှပပြီး အနေအေးတဲ့ မိန်းကလေး တစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်ခွင့်ရတာ ကျနော် ဝမ်းသာ မိပါတယ်” တဲ့ တကယ်တော့ ကျမဟာ မောင်ပြောသလို မဟုတ်ခဲ့ပါဘူး ကျမ အကြောင်းမသိသေးလို့ မောင်ဒီစကား ပြောမှန်း ကျမသဘောပေါက်လို့ ဘာမှ ပြန်မပြောခဲ့ပါဘူး။ ဝါလေးဟာ မောင့်ရဲ့ ညီမဝမ်းကွဲတယောက်ပါ အဲဒီတုန်းက မောင်ပြောခဲ့တဲ့ စကားကြောင့် ကျမ အရမ်းပျော်ခဲ့မိပါတယ်။ အမှန်တိုင်းပြောရရင် ကျမ မောင့်ကို တစ်ဖက်သတ် စွဲလမ်းမိခဲ့တယ်။ အဲ ဒီအချိန်ကစပြီး မောင်နဲ့ ကျမ ...

တာ၊ နေတာတောင်မှ တစ်ပါးတည်း ကျောင်းသင်္ခန်းလေးနဲ့ နေတဲ့သူနော်” ဦးဘသာက ရယ်တယ်ဗျ။ “ဟား၊ ဟား ဘာသာရေးတွေအကြောင်းတော့ ငါ့ထက်မင်းအဖေက ပိုသိမှာပေါ့ကွာ၊ ရသေ့တွေကောင်းမကောင်းဆိုတာ မင်းအဖေကိုသွားမေးပေါ့ကွာ၊ ကဲ  . . . သွားပြီဟေ့” ဦးဘသာက ကွမ်းအစ်ပိုက်ပြီးတော့ ကျုပ်တို့လယ်စောင့်တဲထဲကနေထွက်သွားတယ်၊ ကျုပ်လည်း တစ်ယောက်တည်း အတွေးနယ်ချဲ့ရင်း ကျန်ခဲ့တာပေါ့ဗျာ။ (၂) ညနေရောက်တော့ နွားတွေသိမ်းပြီး အိမ်ပြန်လာကြတယ်၊ မိုးကမှန်နေပြီဆိုတော့ စပါးစိုက်တဲ့လယ်သမားတွေက မအားမလပ်ဖြစ်နေကြပြီပေါ့ဗျာ။ အိမ်ရောက်တော့ အဖေက အိမ်ရှေ့ခုံတန်းမှာထိုင်နေတာနဲ့ ကျုပ်လည်း အဖေ့ဘေးနားသွားထိုင်လိုက်တယ်။ “အဖေ၊ ရသေ့တွေက ...

ဝင်ခဲ့လိုက်ပါသည်။     “အိမ်ရှင်တို့ “     “အိမ်ရှင်တို့ “     “ဘယ်သူလဲဟေ့ အိမ်အောက်က တန်းလျားမှာ ခဏ ထိုင်ဦး ရေနွေးခပ်လိုက်ဦးမယ် “     အိမ်ပေါ်မှ အသံနှင့်သာ စကားဆိုလိုက်ရာ စပါးပွဲစားသည်လည်း အိမ်အောက်ရှိ စားပွဲတန်းလျားတွင် ၀င်ထိုင်လိုက်လေသည်။မကြာသောအချိန်တွင် ရေနွေးအိုးကို လက်ကဆွဲပြီး ရွာလူကြီး ဦးထွန်းရောက်လာလေသည်။ ဦးထွန်းသည်  လွတ်နေသော တန်းလျားတွင် ၀င်ထိုင်လိုက်ပြီး ရေနွေးအိုးထဲမှ ရေနွေး ကြမ်းအား ရေနွေးပန်းကန်လုံးထဲ ငှဲ့ထည့်ပေးရင်း     “ကဲ ရေနွေးလေးသောက်ဦးဗျာ  လာရင်းကိစ္စလေးပြောပါဦး ...

ပွဲ၃ညကဖို့ရန် မြို့မှ နာမည်ကြီး ဇာတ်အဖွဲ့အားငှားရမ်းထားကြလေသည်။ ထိုဇာတ်အဖွဲ့သည်ယခုညမှ စတင်ကာ ကပြဖျော်ဖြေပေးကြမည်ဖြစ်၏။ ပွဲခင်း၌လူများပြည့်နေသကဲ့သို့ စကားသံများကလည်းဆူညံလို့နေလေသည်။ ဘွားမယ်စိန်တို့အိမ်၌ မောင်တိုးနှင့်ဘွားမယ်စိန်တို့စကားပြောနေကြ၏။ “ကျုပ်ဖြင့် အဲ့တုန်းက တကယ်ဘာမှကိုမသိတာဘွားရဲ့” မောင်တိုးသည် သရဲငမိုးကြီးပူးကပ်စဥ်က သူ့အ​ကြောင်းအားပြောပြလေရာ… “ဒါပေါ့ သရဲပူးတဲ့အချိန်မှာ ကိုယ့်လိပ်ပြာကခဏခွာသွားခဲ့​တော့ မောင်ရင့်ရဲ့အဖြစ်အပျက်ကို မသိရဘူးလေ” “သြော်…အဲ့သလိုလားဗျ” ဘွားမယ်စိန်အား မောင်တိုးကသိလိုသမျှမေးမြန်းနေ၏။ ရွာထဲ၌လည်း ဇာတ်ပွဲကကောင်းနေလေပြီ။ “ဘွား…ကျုပ်ဖြင့် ဘွားနဲ့ပရောဂကုလိုက်တိုင်း အရမ်းစိတ်ဝင်စားတာပဲဗျ…” “မောင်ရင်စိတ်ဝင်စားရင်ဖြင့် နောက်လည်းခေါ်မှာပေါ့ကွယ်” “အဟား…ဒါဆိုကျုပ်ကတော့ ပျော်ပြီးရင်းပျော်ပေါ့ဗျာ…” အချိန်သည် ည ကိုးချက်တီးမျှရောက်ရှိနေလေပြီ။ မောင်တိုးတစ်ယောက် ဘွားမယ်စိန်အိမ်မှ ပြန်သွားတော့၏။ ...

ကွ…ဟင်း…” ရွာသူကြီးဦးနောင်ချိုဒေါသထွက်နေလေပြီ။ ဒေါ်ဘုမကလည်း စိတ်ပျက်လက်ပျက်ပင်မြေပေါ်ထိုင်နေရှာ၏။ “သူကြီး…သူကြီး…ကိုရွှေဝင်းကို ညနေတုန်းက ရွာပြင်ဇရပ်ဘက်ကိုထွက်သွားတာမြင်တဲ့သူရှိတယ်တဲ့ဗျ” ဟု…ရွာသားတစ်ယောက်ကအပြေးလာပြောသည်။ “ဟေ…ဟုတ်လား…ရွာအပြင်ဇရပ်ဆိုတော့ ဒီကောင် အင်တိုင်းရွာဘက်ကိုများထွက်သွားသလားမသိဘူး” “အင်တိုင်းရွာကပြန်လာတဲ့ကြီးတော်တွေပြောတာတော့ ဇရပ်ပေါ်မှာလူတစ်ယောက်အိပ်နေတယ်တဲ့ဗျ… အဲ့တာ ကိုရွှေဝင်းများဖြစ်နေမလားမသိဘူး” “ဒါဆိုလည်းလာကြကွာ… သွားကြည့်ကြတာပေါ့…” ရွာသူကြီးတို့လူစုလည်း မီးတုတ်တွေကိုင်ပြီး ရွာပြင်ဇရပ်ဆီထွက်သွားလေသည်။ ဘွားမယ်စိန်တောင်ဝှေးပျောက်၍ တစ်ရွာလုံးလည်း စိတ်မချမ်းသာကြပေ။ တောင်ဝှေးပြန်တွေ့ဖို့ရန်သာ စိတ်လောနေခဲ့ကြ၏။ ရွာပြင်ဇရပ်ဆီသို့ရောက်တော့ပုဆိုးကိုခြုံကာအိပ်နေသော လူတစ်ယောက်ကိုတွေ့လိုက်ကြသည်။ မီးတုတ်များဖြင့်သေချာထိုးကြည့်လိုက်တော့… “ဟာ…ဒါရွှေဝင်းပဲကွ…. ခွေးမသားကြည့်စမ်း…အရက်ပုလင်းတွေနဲ့ ဒီမှာလာဇိမ်ယူနေတာကိုးကွ…” “ဒီအကောင့်ကိုမပြီး ခေါ်ခဲ့ကြစမ်း… ငါ့အိမ်ရောက်မှအမူးပြေအောင်လုပ်ပေးစမ်းမယ်” ရွာသူကြီးစကားအတိုင်းရွာသားတွေက ကိုရွှေဝင်းကိုဆွဲထူကာခေါ်လာခဲ့ကြသည်။ ရွာသူကြီးအိမ်၌လူများကဝိုင်းအုံကာကြည့်နေကြသည်။ ကိုရွှေဝင်းကတော့မြေပေါ်၌ပက်လက်ကြီးအိပ်နေခဲ့၏။ “ရေပုံးယူခဲ့ဟေ့…ဒီခွေးမသားကိုရေနဲ့ပတ်ကြစမ်း” ရွာသားတစ်ဦးကရေပုံးယူလာပြီး ...

တော့ သူ့ရင်ဘတ်ကိုသူ ထိုးပြတယ်ဗျ။ “မင်းတို့မရဖူးပေမယ့် မကပ်စေးက ငါ့ကိုတော့ အကြွေးလည်းရောင်းတယ်၊ ငါငွေလိုရင်လည်း သူ့ဆီသွားသွားဆွဲနေကျကွ” “ဗျာ၊ ဟုတ်ရော ဟုတ်ရဲ့လားဗျာ” “ဒါပေါ့ကွ၊ အဲဒါ ဘာကြောင့်လဲဆိုတော့ မကပ်စေးဆီ ဈေးဝယ်သွားရင် ငါက ဟောဒီအိမ်မြှောင်အမြှီးနှစ်ခွကလေးကို အိတ်ထဲထည့်သွားတယ်၊ ပြီးတော့ သူ့ဆိုင်ရှေ့ရောက်တာနဲ့ အဲဒီအိမ်မြှောင်ကလေးကို ပုတ်ပုတ်ပြီးတော့ မျက်နှာဖွင့်တာကွ။ မကပ်စေးက သူများကိုဆိုရင် အစစ်ပေးဖို့မပြောနဲ့ အလေးတောင်မှ သိပ်ပြီး ပြည့်ပြည့်ချိန်ချင်တာမဟုတ်ဘူး၊ အေး . . . ဒါပေမယ့် ငါဒီလိုလုပ်သွားရင်တော့ ပိုပိုသာသာချိန်ပေးတဲ့အပြင် တစ်ခါတလေ အဆစ်တောင်ထည့်ပေးသေးသဗျာ” ...

ထက် ပိုမိုကြိုးစား အလုပ်ကိုင်ခဲ့တယ်။ ပြီးတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ အမဲရလာရင် ဦးလေးဆီကို သုံးပုံ၊ တစ်ပုံပို့ပေးတယ်။ ကျန်တဲ့နှစ်ပုံကိုက သူတို့သားအမိယူတယ်။ အသားတွေကို ရောင်းချပြီး သူတို့ရဲ့ စား၀တ်နေရေးကို ဖြေရှင်းကြတယ်။ အချိန် နှစ်နှစ်လောက်ကြာလာခဲ့တယ်။ တစ်ခုသောနေ့မှာတော့ မောင်မှတ်တောလည်ရင်း ကံအားလျော် စောစီးစွာပဲ ဂျေတစ်ကောင်ရလို့ ပြန်လာခဲ့တုန်း လမ်းမှာ မျောက်တစ်အုပ်ရဲ့ အထိတ်တလန့်နဲ့ ကွိကွိကွကွ အော်ဟစ်သံတွေကို တစ်တောလုံး ညံနေအောင်ကြားလိုက်ရတယ်။ ” ဘာဖြစ်တာပါလိမ့်…” မောင်မှတ် စိတ်၀င်စားမိသွားရတယ်။ မုဆိုးဆိုတာက တောအလုပ်၊ တောအထာ၊ တောကောင်တို့ရဲ့ အလေ့အထကို ...

တောင်မနေရဲဘူးအစ်မရဲ့…” “ဟဲ့…လင်မယားရန်ဖြစ်တာပဲဟယ်…ဒါငါ့အမေနဲ့ ဘာဆိုင်လို့တုန်း….” “မိဝင်းရယ် ညည်းလည်း မောင်ဘစီပြောတာဆုံးအောင်နားထောင်စမ်းပါအေ…” ဘွားမယ်စိန်က သမီးဖြစ်သူအား ပြောလိုက်လေတော့ ဦးဘစီကဆက်ပြီး… “လင်မယားရန်ဖြစ်တာလို့ကျုပ်တို့လည်း အစပိုင်းကထင်ခဲ့တာ…ခက်တာကဗျာ ဒီကောင်ကညဘက်ဆိုမအိပ်ဘူးဗျ….ငုပ်တုတ်ကြီးထိုင်ပြီး ပါးစပ်ကတဟီးဟီးနဲ့ကိုရယ်မောနေတာ…။နေ့ဘက်များကျတော့ အိပ်လိုက်တာများ နိုးလို့ကိုမရပါဘူးဗျာ…” “ဟယ်…ဘယ်လိုကြီးတုန်း…” “အဲ့လိုတွေဖြစ်နေလို့ ဘွားနဲ့ကျုပ်တို့ လာတိုင်ပင်တာပါ။သူ့မိန်းမမိဇယ်လည်း တငိုငိုတရီရီနဲ့ကိုဖြစ်နေလို့ပါ ဘွားရယ်…” ဦးဘစီက ဘွားမယ်စိန်ကိုပြောလိုက်လေတော့… ဘွားမယ်စိန်က … “အင်း…ဒီကောင်လေး တောတက်တာဘာအမှားများလုပ်ခဲ့တာလဲမသိဘူး” “ဒီတစ်ခေါက်သူတောတက်တာ…ရွာနောက်ပိုင်းက မုဆိုးဦးခိုလည်းပါတယ်ဘွားရဲ့” ” သူကောလိုက်သွားတာဆိုတော့ အခုသူရောဘယ်လိုအ​ခြေအနေရှိလဲ မောင်ဘစီရဲ့” “အင်း…သူကတော့ဘာမှမဖြစ်ဘူးဘွားရဲ့…။သူကတော့အကောင်းတိုင်းပါပဲ” “အင်း…အနာသိမှဆေး ဖော်ရမှာမောင်ဘစီ…အဲ့မုဆိုးဦးခိုကိုဘွားဆီကိုခေါ်ခဲ့… သူလာမှအကြောင်းစုံသိရမှ ဇော်လတ်ကိစ္စကိုဘွားစီစဥ်ပေးလို့ရမယ်ကွဲ့” “သြော်…ဟုတ်ဘွား…။ဒါဆို ...