ထွက်တယ်ဆိုတာ မှန်းခြေနဲ့သိပြီးသားပဲမဟုတ်လား၊ ဒီတော့ ရွာလူကြီးကပဲ ဟိုလူက တင်းနှစ်ဆယ်၊ ဒီလူက ဆယ်တင်း စသဖြင့် စပါးစိုက်တဲ့သူတွေကို တာဝန်ကျေစပါးရောင်းခိုင်းရတာပေါ့ဗျာ၊ ကိုယ်ပင်ပင်ပန်းပန်းစိုက်ပျိုးထားတဲ့ စပါးကို အလကားမတ်တင်းပေးလိုက်ရမှာဆိုတော့ ဘယ်ပေးချင်မှာလဲဗျာ၊ ဒီတော့ သူကြီးကိုပဲ မုန်းကြတာပေါ့။ တစ်ချို့ရွာတွေဆိုရင် သူကြီးကိုလာဘ်ထိုးကြတယ်၊ သူတို့ကို စပါးခွဲတမ်းမချပေးဖို့ပေါ့ဗျာ၊ တစ်ချို့ရွာတွေဆိုရင်လည်း သူကြီးက သမာသမတ်မကျဘူးပေါ့ဗျာ၊ သူ့လယ်၊ သူ့ဆွေမျိုးလယ်တွေကို ချန်ပြီး တခြားလူတွေကို စပါးခွဲတမ်းတွေချပေးတာမျိုးပေါ့၊ အဲဒီမှာ အစိုးရလူကြီးတွေ၊ ကော်မတီလူကြီးတွေ ပြန်သွားပြီဆိုရင် သူကြီးကိုမကျေနပ်တဲ့သူတွေက အမျိုးမျိုးရန်ပြုတော့တာပဲဗျာ၊ ကျုပ်တို့နယ်ရဲ့ တောင်ဘက်က စပါးအထွက်ကောင်းတဲ့ ရွာတွေမှာ ...
တွင်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူသည်အခြားလူမဟုတ်။ လွန်ခဲ့သောရက်သတ္တပတ်ခန့်က ဆုံးသွားခဲ့သည့် ဦးခင်ရီဖြစ်လေသည်။ ဦးခင်ရီတွင်အင်္ကျီမပါသလို အောက်ပိုင်းတွင်ဝတ်ထားသည့်ပုဆိုးကလည်း စုတ်ပြတ်လျက်ရှိနေသည်။ ၎င်းကိုတွေ့ရတော့ သူမက “ဟင် ဦးလေးခင်ရီ။ဘာကိစ္စလဲရှင့်” ယင်းသို့မေးတော့ ဦးခင်ရီက “ဦးလေး စားရမဲ့ သောက်ရမဲ့ဖြစ်နေတယ်။ ပြီးတော့ ဝတ်စရာကလည်း မရှိဘူး။ဒါကြောင့်မို့ ဦးမိန်းမကိုပြောပေးပါ။ဦးအတွက်ရည်စူးပြီး ရဟန်းသံဃာတွေကို ဆွမ်းနဲ့သင်္ကန်းကပ်ပေးပါလို့” “ဟုတ် စိတ်ချပါ ဦး။သမီးပြောပေးပါမယ်” ယင်းသို့ကတိပေးပြီးခိုက်မှာပင် မမျိုးမျိုး အိပ်ရာမှနိုးလာခဲ့သည်။ ပြီး လူတစ်ကိုယ်လုံးလည်းနုံးချိနေကာ နာရီကိုကြည့်လိုက်ပြန်ရာနေ့လည်ဆယ့်နှစ်နာရီပင်ကျော်နေလေပြီ။ ထို့နောက် အိပ်ခန်းထဲမှထွက်ကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ဦးခင်ရီတို့အိမ်သို့ထွက်လာခဲ့သည်။ ၎င်း၏အိမ်သို့ရောက်တော့ ဇနီးဖြစ်သူ ဒေါ်သန်းဌေးကိုအခန့်သင့်တွေ့ရသည်။ ...
ရောက်နေတယ်ဆိုတာ သိကြတယ်လေ။ ဒီလို၊ ကျွဲပိုင်ရှင်က ကျွဲခလောက်သံ မှတ်ထားသလို၊ ကိုင်းတောထဲမှာ ကျက်စားတဲ့ ငှက်လေးတွေကလည်း ကျွဲ ခလောက်သံ တတောက်တောက်ကို မှတ်ထားတြတယ်။ ကျွဲလာရင် သူတို့အတွက် အန္တာရာယ်မရှိဘူးဆိုတာလည်း အတွေ့အကြုံအရ သိနေကြတယ်။ဒါကြောင့် ကျွဲလာတာမြင်ရင်၊ ကျွဲခလောက်သံကြားရင်၊ အစား မပျက်၊ အအိပ်မပျက်ဘဲ၊ နောက်ဆုံးခေါင်းတောင် ထောင်မကြည့် တော့ဘူး …။ အဲဒီအချက်က ငှက်ရဲ့အားနည်းချက်ဖြစ်သွားတာပေါ့ …။နိုင်ကြီးက ငှက်ရဲ့အားနည်းချက်ကို အသုံးချပြီး ငှက်ဖမ်း နည်း ထွင်လိုက်တာလည်းဖြစ်တယ်။ နောက်က မသီက ကျွဲလာတဲ့ ပုံသဏ္ဌာန်နှင့် ကျွဲခလောက်ကို ...
သမီးလေးဖြစ်၍လည်း နှစ်ဖက်မိဘ ဆွေမျိုးအားလုံးက အလိုလိုက် အကြိုက်ဆောင်ကာ ဖူးဖူးမှုတ်ထားခဲ့လေသည်။ “သမီးရေ ခင်နှောင်း” “ရှင် အမေ” “လာပါဦးကွယ် “ “ဟုတ်” မိခင်ဖြစ်သူ လှမ်းခေါ်သောကြောင့် အိမ်ခန်းထဲဝင်ကာ အလှပြင်နေသော ခင်နှောင်းတစ်ယောက် လုံချည်လေး ပြင်ဝတ်ရင်း မိခင်ရှိရာ လျှောက်လာခဲ့သည်။ သမီးဖြစ်သူ ရောက်လာသည်နှင့် ဒေါ်လှနု တစ်ယောက် သမီးဖြစ်သူကို စေ့စေ့ကြည့်ကာ “သမီး မျိုးဝင်း ဆိုတဲ့ ကောင်လေးနဲ့ ဖြစ်နေတယ် ဆိုတာ ဟုတ်လား “ “ဟာ အမေကလည်း ခုနက ...
အဆင်ပြေမယ် လို့ ပြောပြီး ငအုန်းကို အဖော်ညှိမိတယ်ကွာ “ “,ကိုမြ တော်တော့ ဗျာ ဘာတွေပြောနေတာလဲ “ ဦးအုန်းသည် ဘကြီးမြအား ဟန်တားနေပေမဲ့ မောင်ဘိုးထင်မှ ဆက်ပြောဖို့ မျက်ရိပ် မျက်ခြေ ပြလိုက်ရာ ဆက်ပြီး စကားဆိုလေသည် ။ “ငါတို့ အကြောင်းလည်း မင်းအသိပဲ တူတူ အရက်ေသာက်ရင် အမှောက် သောက်တာ ပါးစပ်က လည်း ဘာတွေ ပြောလို့ ပြောမိမှန်း ကို မသိတာ “ ...
တစ်ယောက်တည်းရှိခဲ့ တာတော့ ” လှသူမေက ပြောရင်း သူမ၏ ပစ္စည်းပစ္စယများကို တွဲလျား ဆွဲလိုက်၏။ ” အေး၊ အေး၊ သွားကြတာပေါ့ ” လှသူမေ ထိုသံလွင်ပင် အောက်မှ ထွက်မလို့လုပ်တော့ ကျောထဲ စိမ့်ကနဲ ဖြစ်သွားပြီး၊ ကြက်သီးမွှေးညင်းများ ထသွား၏။ ” ဟင်၊ ဘာဖြစ်တာတုန်း ” သူမ စိတ်ထဲ ပြောလိုက်၏။ ထိုစဉ် သူမ သတိထားလိုက်မိသည်က သူမရဲ့ အမဲသား ထုပ်မှာ နဂိုထက် ပိုမိုလေးလံ သွားခြင်းကိုပင်။ ” ...
ဖြုတ်ပေးလိုက်ပါတယ် အိမ်တွင်းကို ဖြုတ်ပြီး အိမ်ပြင်ထုတ်ပစ်၊ အိမ်ထဲရောက်တော့.. ” နင်တို့က လင်မယားတွေဆိုတော့ ငါတို့လင်မယားအိပ်တဲ့အခန်းမှာနေ၊ နင်တို့ခလေးနှစ်ယောက်ကတော့ ငါ့သားတွေအိပ်တဲ့အခန်းမှာအိပ် ” ဆိုပြီးနေရာချ ကြိုက်သလိုချက်ပြုတ်စားသောက်နိုင်ကြောင်း ပြောလိုက်တယ်…မနက်မိုးလင်းအမူးပြေတော့ သူ့ဘာသာလည်း ဘာတွေလုပ်လို့ဘာတွေလုပ်ခဲ့တယ် မမှတ်မိဘူးနဲ့တူပါတယ်၊ ပုံမှန်ပဲ အပြင်သွား၊ အလုပ်သွား၊ ခလေးတွေလည်း သူတို့သွားစရာရှိတာတွေသွားနဲ့ သူ့အမျိုးသမီး အိမ်ဖော်ကဆင်းတာ နှစ်လခွဲလောက်ကြာသွားပြီး၊နောက်ပိုင်းပြန်အဆင်ပြေလို့ပြန်တက်လာတော့ မမြင်တာ ကြာတာနဲ့ ပတ်၀န်းကျင်က သတင်းမေးရင်း ” သူတို့အိမ်မှာ အလုပ်သွားချိန်၊ ကျောင်းသွားချိန် လူတယောက်မှ မရှိပဲ၊ အိမ်တံခါးတွေလည်းသော့ ခတ်ထားနေရင်းက အသံတွေ၊ စကားပြောသံ၊ ...
ဖြစ်သောကြောင့် ကိုယ်နား ကိုတောင် မယုံသင်္ကာ ဖြစ်မိလိုက်သေးသည်။ ,,,, ညည်းပဲ စဥ်းစားကြည့်လေ,… ဥပဓိရုပ် ချောချော၊အသက်ကငယ်ငယ်ဆိုတော့ ဒီသတင်းကသေကိုသချာတယ်,,,,,, ,,, .ခင်ခင်ပြောသလို ဒီသတင်းက အမှန်ဆိုရင် ဒီကိုယ်တော်ကို ဆွန်းမလောင်းကြဖို့ တစ်ရွာလုံးကို တိုက်တွန်းရမှာပဲ,,,,, ,,,ညည်းမပြောလဲ အကုန် သိနေကြပြီးလေ,,, မိမိ၏ အကြောင်းကို တိုးလျိုးပြောဆိုသံတွေကြားမှာ အရှင်သောဇောတ ခြေလှမ်းများကတော့ရပ်တန့်မသွား ပဲ တလှမ်းချင်းကြွချီဆွမ်းခံမိလေသည်။ စောစောက အတင်းပြောဆိုနေသော အမျိုးသမီးနားရောက်တော့ မျက်လွှာလေးချပြီး သပိတ်လေးပိုက်ကာ ဆွမ်းခံရပ်မိလိုက်သည်။ မိရွှေစာတို့ အမျိုးသမီး နှစ်ယောက်က လည်း ထိုဆရာတော်အာ ...
စျေးရောင်းရင်းဖြင့် သူမလည်း တော်တော်လေးအလုပ်ရူပ်နေတော့ သည်။ ” မိန်းမရေ မိန်းမ …လာကြည့်စမ်းပါအုန်း “ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာတဲ့ ခင်းပွန်းဖြစ် သူ ခေါ်သံကြောင့် သူမလည်း မီးဖိုချောင်အခန်း ထဲကနေ ကမန်းကတန်း အိမ်ရှေ့ပြေးထွက်လာ လေသည်။ ” အကိုစိုင်းလွင်ရယ် လာမယ့်ဆို လမ်းထိပ်က ကြိုးဖုန်းဆက်လည်းရရက်သားနဲ့ ရှင်ကြိုပြောထားတော့ ဟင်းကောင်းလေးတစ်ခွက် ချက်လို့ရတာပေါ့တော်…” ” ဒီနေ့မချက်ဖြစ်တော့ နောက်နေ့ချက်ပေါ့ မိန်းမရ ၊ ဒါနဲ့ကလေးတွေကျောင်းသွားပြီးလား” ” သွားပြီးပေါ့အကိုရေ ရှင်သားတွေက ညနေခင်းကျောင်းဆင်းမှပြန်လာတော့မှာ” “ဟုတ်လား ခါတိုင်းဒီကောင်တွေ ...
လုပ်နိုင်၊ မလုပ် တတ်ချေ။ သူ့ကို ခိုင်းရပါမည်လားဟု မိဘတွေကို စိတ်ဆိုးသည်။ သုန်မှုန်စူဆာင့်သည်။ထိုအခါ ““မင်း ဒီလို အပင်ပန်းမခံချင်ရင် ဘာကြောင့် စာကို မကြိုးစားဘဲ မိန်းမယူလာခဲ့လဲ၊ သားနဲ့ မယားနဲ့ ဖြစ်လာရင် သားစာ၊ မယားစာ လုပ်ကိုင် ရှာဖွေရမှာပေါ့။ ဘယ်သူက မင်းကို ထမင်းပွဲရှေ့ရောက် တစ်သက်လုံး ကျွေးထားနိုင်မှာလဲ” ဟု မိဘတွေက မြည်တွန်ကြသည်။ လယ်အလုပ်ကို တတ်အောင် သင်ရမည်၊ လုပ်ရမည်ဟု အတင်းအကျပ် သင်ကြား၊ ခိုင်းစေကြသောအခါ မောင်လူခင်သည် ကြွက်မနိုင်တော့ ကျီကိုမီးရှို့သည်ဟူသော ...