အလုပ်လည်း လွှတ်ကြိုးစားတာဗျ။ အစ်မခင်စိန်ရီ မေးတာကို ကျုပ်က ပြန်ဖြေလိုက်တယ်။ “ဟိုဘက်ရွာ ခဏသွားမလို့ဗျ” ကိုသိန်းမောင်ကတော့ ကျုပ်ကို ပြုံးရုံပဲ ပြုံးပြသွားပြီး လှည်းကိုပဲ ဂရုစိုက်မောင်းနေတာဗျ။ “ဟဲ့နွား ။ သြော် ဒီငဖြူကြီးဟာ ပေကပ်ကပ်နဲ့ ” ကိုသိန်းမောင်ရဲ့ နွားငေါက်သံက ဝေးဝေးသွားရောဗျ။ လှည်းကလည်း နှင်းတောထဲမှာ ပျောက်သွားတယ် “ကိုကြီးတာတေ ။ ကိုကြီးတာတေ” ကျုပ်လန့်နိုးသွားတယ် ။ ခေါ်ရင်း အော်ရင်း ဝိုင်းထဲကဝင်လာတာက ကျောက်ခဲဗျ။ ဒီကောင့်မြင်တော့မှ ကျုပ် သတိရသွားတာဗျ။ စောစောက အိပ်မက်ထဲမှာ ...
အလုပ်လည်း လွှတ်ကြိုးစားတာဗျ။ အစ်မခင်စိန်ရီ မေးတာကို ကျုပ်က ပြန်ဖြေလိုက်တယ်။ “ဟိုဘက်ရွာ ခဏသွားမလို့ဗျ” ကိုသိန်းမောင်ကတော့ ကျုပ်ကို ပြုံးရုံပဲ ပြုံးပြသွားပြီး လှည်းကိုပဲ ဂရုစိုက်မောင်းနေတာဗျ။ “ဟဲ့နွား ။ သြော် ဒီငဖြူကြီးဟာ ပေကပ်ကပ်နဲ့ ” ကိုသိန်းမောင်ရဲ့ နွားငေါက်သံက ဝေးဝေးသွားရောဗျ။ လှည်းကလည်း နှင်းတောထဲမှာ ပျောက်သွားတယ် “ကိုကြီးတာတေ ။ ကိုကြီးတာတေ” ကျုပ်လန့်နိုးသွားတယ် ။ ခေါ်ရင်း အော်ရင်း ဝိုင်းထဲကဝင်လာတာက ကျောက်ခဲဗျ။ ဒီကောင့်မြင်တော့မှ ကျုပ် သတိရသွားတာဗျ။ စောစောက အိပ်မက်ထဲမှာ ...
မိမိတို့၏ကျေးဇူးရှင် အဖြစ်သတ်မှတ်ကာ အထူးဂရုစိုက်တတ်ကြလေသည်။ ကိုပြည့်လည်းနွားများအား ဂရုတစိုက်အစာကျွေး၊ရေတိုက်နေသည့် အချိန်……… “ငပြည့်ရေ ငပြည့် ဟေ့ကောင်ငပြည့်” “ကျော်မောင်ပါလားဟဲ့ နင့်သူငယ်ချင်းငပြည့်က အိမ်နောက်မယ် နွားစာကျွေးနေတယ်ကွဲ့” “ဟုတ်အရီးမြရေ ဒါဆိုကျုပ်နောက်ဖေးလိုက်သွားလိုက် အုံးမယ်ဗျာ” “အေးအေး” ကိုကျော်မောင်လည်းအိမ်နောက်ဘေး သို့ဝင်လာခဲ့တော့သည်။ အိမ်နောက်ဘေးရောက်သည်နှင့် နွားများနှင့်အလုပ်ရှုပ်နေသော ကိုပြည့်အားမြင်တွေ့လိုက်ရသည်။ “ဟေ့ကောင်ငပြည့် အလုပ်ရှုပ်နေတာလားကွ “ “ဟာ ကျော်မောင် ငါ့ဆီလာလည်တာလားကွ “ “အေးဟုတ်တယ် သူငယ်ချင်း” “လာကွာ ဟိုပိတောက်ပင်အောက် သွားပြီးအေးဆေးစကားပြောကြတာ ပေါ့။ ကိုပြည့်နှင့်ကိုကျော်မောင်လည်း နွားတင်းကုတ်နှင့်မလှမ်းမကမ်းမှ ပိတောက်ပင်ကြီးအောက်သို့ ရောက်လာခဲ့ကြသည်။ “ထိုင်ကွာ ...
ကိုပဲ တွင်တွင်သွားနေလေရဲ့ ..။ ကိုင်းခြုံတောကြား၊ အိပ်တန်းတက်နေတဲ့တကလေးတွေကိုဘယ်/ညာ လက်နှစ်ဖက်စလုံးနှင့်ဖမ်းပြီး ပလိုင်းထဲ တွင်တွင် ထည့်နေလေရဲ့ …။ သူတို့ စာကလေးဖမ်းပုံဖမ်းနည်းက တောဓလေ့ပေမယ့် ပညာ သားတော့ အပါသားဗျ … ရွာမှာက ကျွဲတွေကို ကိုင်းတောထဲ လွှတ်ကျောင်းကြတာ၊ တစ်လ ကိုးသီတင်းထားပြီး သစ်ဆွဲ၊ ငါးဆွဲ အသုံးလိုမှ ကိုင်းတောထဲ သွားရှာကြတာ။ရှာတော့လည်း လွယ်ပါတယ်။ ကျွဲတိုင်းရဲ့လည်ပင်းမှာ သစ်သားခလောက်ကြီးတွေ ဆွဲပေးလိုက်တာမို့ …ခလေက်သံကြားတာနှင့် သူ့ ့ကျွဲ၊ ကိုယ့်ကျွဲ ဘယ်နေရာ ရောက်နေတယ်ဆိုတာ သိကြတယ်လေ။ ဒီလို၊ ...
သူမစိတ် ထဲတွင်တော့ ဆရာတော် ပြောဖူးသော “မရှိလို့ မလှူ မလှူလို့မရှိဆိုသော စကားကို တွေးနေမိပါလေတော့သည်။ ◾အခန်း-၃ တနေ့ သူဌေးမကြီးသည် သူမ၏ မြေးမလေးများ နှင့်အတူ ဈေးသို့ သွားပြီး ဈေဝယ်လေသည် ၊ သူဈေးလိုက်ရသော ရည်ရွယ် ချက်မှာ မြေးမလေးများအား အသိတရားပေးမယ် ဟုသော အတွေးနှင့်ဖြစ်သည် ၊ ဈေးကို မည်သို့ ဆစ်ရမည် မည်သို့ သေ ာအမူအယာဖြစ် ဈေးဝယ် ရသည်ကို သင်ေပးရန်ဖြစ်၏ ၊ ဤသို့ဖြစ် မြေးအဖွားသုံးယောက် ဈေးထဲတွင် ...
မယ်တဲ့လား ” စုန်းမ “မယ်ခို”တဲ့ဟေ့ လာချင်တဲ့သူလာ ဗိုလ်မထားဘူးဟေ့” လူနာမရွှေ ပါးစပ်မှ ထွက်လာသောစကားကြောင့် အားလုံးအံ့သြသင့်သွားကြသည်။ “စုန်းမ မယ်ခို “ဆိုပါကလား။ “မယ်ခို”ပြုစား ထားသည်ဟု နားလည်လိုက်ကြသည်။ အန္တိမ အဆင့်ရှိ့ ဆရာကြီးသည် အတွေ့အကြုံ များ စွာ ရင့်ကျက်နေသည် ပွဲရ ဆရာကြီးတစ်ဦးအ နေဖြင့် စုန်း ကဝေ သရဲတစ္ဆေ နာနာဘဝတို၏ လှည့်စားတတ်သော မာယာများ အမူ့အကျင့် များကို ထုံးလိုခြေ ရေလိုနောက်ခဲ့ပြီဖြစ်သည်။ ထိုနောက် ဆရာကြီးက ခပ်ပြုံးပြုံး မျက်နှာထား ...
ထွက်လာခဲ့ပြီး “မတွေ့ဘူး မောင် အလုပ်ထဲကျန်ခဲ့မှာပေါ့ ရှာကြည့်အုံး . မောင် ညနေစောစောပြန်ခဲ့နော်” မနက်ထိ အကြောက်မပြေသေးသော ဇနီးသည်၏ ခေါင်းလေးအား တစ်ချက်ပုပ်ကာ “စိတ်ချ ညနေအစောပြန်ခဲ့မယ် သမီးလေးကိုဂရုစိုက် ခြံတံခါးပိတ်ထား” မေ ခေါင်းငြိမ့်ပြလိုက်ရင်း ကားမောင်းထွက်သွားသော ယောင်္ကျားကို မျက်စိရှေ့မှပျောက်ကွယ်သွားသည်ထိ ရပ်ကြည့်နေပြီးမှ ခြံတခါးပိတ်ကာ ဝင်လာခဲ့သည်။ “သမီးလေးရေ ထတော့ မျက်နှာသစ်ပြီး မနက်စာ စားရအောင်” အိပ်ရာထက်မှသမီးလေးကို တစ်ချက်နမ်းရင်း နှိုးလိုက်လေသည်။ ထိုစဉ် နှိုးလာသော ထက်လွန်းက အခန်းဝအားကြည့်နေရင်းမှ “မေမေ ဘယ်ကဖွားဖွား ရောက်နေတာလဲ ...
အခု ဘယ်သွားမှာလဲ ” “ကျုပ် သဖန်းပိုးရွာလူကြီး မစပါယ်ဖြူ အိမ်ပြန်သွားမယ် “ “ဟကောင်တွေ မင်းတို့မှာ ဘာအစွမ်းအစတွေ အစီအရင်တွေရှိလို့ ဒီလိုကိစ္စတွေလုပ်နေရတာလဲ ကိုယ့်ရွာကိုယ် အေးဆေး ပြန်ကြစမး်ပါ ကိုယ်နဲ့မဆိုင်တာ တွေ ဝင်မပါ ပါနဲ့ “ “ဟ ဦးကြီး မတရားမှုတွေဖြစ်နေရင် ပါသင့်ပါရမှာပဲ ကိုယ်တဘို့ ပဲ ကြည့်တယ်ဆိုရင် နွားဖြစ်သွားမှာပေါ့ ဗျ” ဖိုးထွေး၏ စကားကြားသောအခါ မောင်ဘိုးထင်သည် လှည်းဘေးတွင် ချည်ထားသော နွားနှစ်ကောင်အားကြည့်လိုက်သည် ထိုအခါ ...
သူ့သားကို သနားပြီးငိုတော့တာပဲဗျာ” အကြီးကောင်က လမ်းဘေးဆင်းသွားတဲ့ နွားတွေကိုငေါက်ရင်း “တစ်ခါ အငယ်မနှစ်ယောက်လည်း အိမ်သာသွားရင်းတွေ့တယ်၊ အငယ်ကောင်လည်း လယ်ထဲကအပြန်မှာ ရွာအဝင်နားမှာတွေ့လိုက်တယ်တဲ့ဗျ၊ ကျုပ်တို့ဘယ်လောက်ပြောပြော အဖေကတော့ မယုံဘူးဗျာ၊ မနေ့က မနက်ကမှ အဖေကယုံသွားတာ” “သူကြီးက ဘယ်လိုတွေ့လို့လဲကွ” “ညတစ်ရေးနိုးအပေါ့ထသွားတော့ အိမ်သာရှေ့နားကနေ ငိုသံကြီးကြားရတယ်တဲ့ဗျာ၊ ဒါနဲ့အိမ်သာတံခါးဖွင့်ကြည့်တော့ အလတ်ကောင်က ကျောပေးပြီးငိုနေသတဲ့၊ အဲဒီတော့မှ အဖေလည်းယုံသွားတာ၊ ဒါကြောင့်ဦးဘသာကို ခေါ်ခိုင်းလိုက်တာ၊ အစကတော့ ဦးဘသာကိုကြည့်ခိုင်းမလို့ပဲ၊ အလတ်ကောင်များ သရဲဖြစ်နေသလားဆိုပြီး” “ဟ၊ သောက်ခွေး၊ အလတ်ကောင်က ဘယ်လိုလုပ်ပြီးသရဲဖြစ်မှာလဲကွ” “ဦးဘသာပဲ စဉ်းစားကြည့်ဗျာ၊ ဒီလိုမျိုးခြောက်လှန့်နေနိုင်တယ်ဆိုတာ ...
ကျော်စန်းကလည်း မောင်တိုးတို့ကိုမြင်တော့ ဝမ်းသာတကြီးဖြင့်… “မင်းတို့လာမှလာပါ့မလားလို့ကွာ…” “ငါတို့လာမယ်လို့ကတိပေးထားတာပဲကွာ… မဖြစ်ဖြစ်အောင်လာမှာပေါ့…” “အေး…အေး…အခုတော့ထမင်းစားထားကြဦး… မင်္ဂလာပွဲပြီးမှဝိုင်းတည်ကြမယ်” သတိုးသားကျော်စန်းစကားကြောင့်မောင်တိုးတို့ ပြုံး၍ခေါင်းညိတ်ကြသည်။ သူတို့ရောက်လာသည့်အချိန်က နောက်ကျတာကြောင့်ဧည့်သည်များ အတော်နည်းနေပြီဖြစ်သည်။ “လာငါညီတို့…အစ်ကိုတို့လိုက်ပို့မယ်…” ရွာသားတွေကမောင်တိုးတို့ကိုထမင်းဝိုင်းဆီသို့ ခေါ်သွားကြသည်။ မင်္ဂလာဆောင်တွင် ဝက်သားချက်…ပဲပြုတ်နှင့်ဟင်းချိုရည်… သရက်ချဥ်သုပ်တို့ဖြင့် ကျွေးမွေးကြသည်။ မောင်တိုးနဲ့မောင်အုန်းလည်း ဆာဆာဖြင့် ထမင်းများစားလိုက်ကြ၏။ စားလို့ပြီးလေတော့ သူတို့အားစောင့်နေကြသော ရွာသားတွေမှ… “လာငါညီတို့…ဒီဝိုင်းပြီးရင်တခြားဝိုင်းပြောင်းကြမယ်… ဟိုသရက်ပင်အောက်မှာအစ်ကိုဝိုင်းတည်ထားတယ်ကွ” ရွာသားတွေနောက်မှမောင်တိုးတို့လိုက်ကြသည်။ ရွာသားတွေကသူတို့နှစ်ယောက်ကို အတော်ခင်နေကြပုံရ၏။ အရိပ်ရသောသရက်ပင်အောက်၌ လူထိုင်လို့ရစေရန် ဖျာကြမ်းများခင်းထားပြီး စားပွဲဝိုင်းတစ်ဝိုင်းလည်း ချထားပေလေသည်။ ထိုနေရာမှ မင်္ဂလာဆောင် မဏ္ဍပ်ကိုလည်းမြင်နေရသည်။ “ထိုင်ကြကွ…” ...