သူဌေးမကြီးဒေါ်ရွေမိ

သူမစိတ် ထဲတွင်တော့ ဆရာတော် ပြောဖူးသော

“မရှိလို့ မလှူ မလှူလို့မရှိဆိုသော စကားကို တွေးနေမိပါလေတော့သည်။

◾အခန်း-၃

တနေ့ သူဌေးမကြီးသည် သူမ၏ မြေးမလေးများ နှင့်အတူ ဈေးသို့ သွားပြီး ဈေဝယ်လေသည် ၊ သူဈေးလိုက်ရသော ရည်ရွယ် ချက်မှာ မြေးမလေးများအား အသိတရားပေးမယ် ဟုသော အတွေးနှင့်ဖြစ်သည် ၊ ဈေးကို မည်သို့ ဆစ်ရမည်  မည်သို့ သေ ာအမူအယာဖြစ် ဈေးဝယ် ရသည်ကို  သင်‌ေပးရန်ဖြစ်၏ ၊ ဤသို့ဖြစ် မြေးအဖွားသုံးယောက် ဈေးထဲတွင် ဈေးဝယ်နေလေသည် ၊ တခုသော ဈေးတန်းတွင် သူ၏ မြေးမ အကြီးလေး အရွယ် နှင့် တူတူ ဖြစ်သော ကလေးမလေး တယောက် ကန်စွန်းရွက် ရောင်းနေလေသည် ၊ ထိုအခါ သူဌေးမကြီးသည် သူ၏ မြေးမလေးများ အား ထိုကလေးမလေးထံ ဈေး‌ဝယ် ခိုင်းလေ၏

“ကဲ မြေးလေးတို့ ဟောဟိုက ကန်စွနး်ရွက်သည် ‌ဆီက ဈေးဝယ်ကြည့်”

“ဟုတ် ဖွားဖွား”

သူဌေးမကြီး၏ မြေးနှစ်ယောက်သည် ကန်စွနး်ရွက်သည် မလေးထံ သွားပြီး ဈေးဝယ်လေသည် ။

“ကန်းစွန်းရွက် တစည်း ဘယ်လောက်လဲ “

“တစည်း တရာပါ “

“ဟုတ်လား ရော့ နှစ်စည်းပေး ပိုတာ ပြန်မအမ်းနဲ့နော် အမ ယူထားလိုက်”,

“မဟုတ်တာ  မယူပါဘူး “

“ရတယ် ရတယ် ပြန်မအမ်း နဲ့နော် “

မြေး‌မ‌ေလးနှစ်ယောက်၏ အပြုအမူကိုကြည့်ကာ သူဌေးမကြီးသည် ခေါင်းကို ခါယမ်းကာ ဈေးသည်မလေးအား စကားဆိုလေသည်

“ကလေးမ တစည်း ဘယ်လောက်လဲ “

“တစည်း ကို တရာပါ “

“တရာက များတယ် နှစ်ရာဖိုး သုံစည်းရမလား “

“ဟို ဟိုလေ “

ဈေးသည် ကလေးမလေးသည် မည်သို့ ပြန်ပြောရမလဲ ဟု စဉ်းစားနေဟန်ရှိ၏ ထိုအခါ သူဌေးမကြီး၏ မြေးမလေး နှစ်‌ေယာက်သည် သူ၏ အဖွား၏ လက်ကို ဆွဲကာ ဈေးသည်မလေးကို  အားနာနေပြီး

“အဖွား တန်ပါတယ်တယ်  ဈေးမဆစ်ပါနဲ့နော ်”

“အော် မြေးတို့းရယ် သူ့ ကန်းစွနး်ရွက်က အရင်း မရှိဘူးကွဲ့ ရသလောက်က သူ့အတွက်  အမြတ်တွေကြည့်ပဲ  ကန်းစွန်းရွက်ဆိုတာ ဘယ်နေရာ ခူးခူး ရတာကို “

ထို့နောက် ဈေးသည်မလေးသည် သူ၏ ကန်စွန်းရွက်လေးသုံးစည်းကို ပူးကိုင်လိုက်ပြီး သူဌေးမကြီး၏ မြေးမလေး နှစ်‌ေယာက်အား ကြည့်ကာ

“ရပါတယ် ယူသွားပါ ဈေးဦးပေါက်ကြီး ဖြစ်နေလို့ လေ “

ဈေးသည်မလေးသည် ကန်စွန်ရွက် သုံးစည်း နှင့် ပြန်အမ်းငွေ ရှစ်ရာကို ပေးလိုက်ရာ သူဌေးမကြီးသည်  ကျေနပ်စွာ ယူလိုက်ပြီး အောင်နိုင်သူတ‌ေယာက်၏ ဟန်ပန်ဖြစ်  သူမ၏ မြေးမလေးနှစ်‌ေယာက်ကို ခေါ်ကာ ဈေးထဲ မှ ထွက်သွားလေသည် ၊ ဈေးသည်မလေးသည်က ကန်းစွန်းရွက်ယူကြဦးမလား ဟု အသံစာစာလေးဖြစ် ဈေးထဲတွင် ကန်းစွန်းရွက် ရောင်း‌ေနလေတော့သည် ။

◾အခန်း-၄

တခုသော မနက်ခင်းတွင် သူဌေးမကြီးသည် သူ၏ မြေးမလေး နှစ်ယောက် နှင့် အတူ မနက်ဝေလီဝေလင်း၌ လေကောင်းလေသန့် ရသော  မြို့အစွန် တွင် လမ်းလျှောက်နေသည် ၊ လယ်ကွင်းများ နှင့် ရေမြောင်းများသည် သန့်ရှင်းသပ်ရပ်နေပြီး  လေနုအေးအေးလေးများ တိုက်ခက်‌ေနသည့်အတွက် ဆောင်းတွင်း အချိန်ခါ မို့  အချမ်းပိုနေသော နေရာလေးဖြစ်၏ ၊ သူတို့ တွေ လမ်းလျှောက်နေစဉ် တခုသော လယ်ကွင်အစပ် ရေမြောင်းလေးတွင် ကန်းစွန်းရွက် ခူးနေသော ကလေးမလေး တယောက်ကို တွေ့လိုက်ရာ မြေးနှစ်ဦး အနက် မြေမကြီးမှ ထိုကလေးမလေးကို လက်ညှိုးထိုးပြီး သူ၏ အဖွားဖြစ်သူအား စကားဆိုလေသည်

“ဖွားဖွား ဟို ရေ‌ေမြာင်းထဲက ကန်းစွန်းရွက်သည် လေး မဟုတ်လား “

“ဟုတ်တယ် မမ “

မြေးမလေး နှစ်ယောက်၏ စကားကြောင့် သူဌေးမကြီးသည် ကန်းစွန်းရွက် ခူးနေသော သူမ၏ မြေးအရွယ် ကလေးမလေးကို ကြည့်လိုက်သည် ၊  လယ်ရေပေးဝေသော မြောင်းထဲတွင် ကန်းစွန်းရွက်ခူးနေသော ကလေးမလေးမှာ ဖျင်အင်္ကျီ လက်ရှည်လေးအား လက်မောင်း ထိ ခေါင်တင်ထားပြီး ထမိန်လေးကို တိုတို ဝတ်ပြီး ကန်စွန်းရွက် ခူးနေသည် ၊ နေရောင် မရ သေးပေမဲ့ အလင်းရောင်ကောင်းစွာရနေပြီ မို့  ကန်းစွနး်ရွက်သည်မလေး ကန်စွန်းရွက် ခူးနေသည်ကို ကောင်းစွာ မြင်နေရသည် ၊ အလွန်ကို ချမ်းအေး နေတဲ့ အချိန်တွင် ရေထဲဆင်းပြီး။ကန်စွနး်ရွက်ခူးနေသော ကလေးမလေးအား သူမ၏ မြေးမလေးများဖြစ်‌ေနရင် ဟူသော ကိုယ်ချင်စာစိတ်ဖြစ်လာကာ သနားစိတ် ဝင်လာ၏ ၊ သူမတို့ ကြည့်နေသည်ကို သတိထားမိဟန် ရှိသော ကလေးမလေးသည် ရေမြောင်းလေးအပေါ်တက်ပြီး သူမတို့ ဘက်လှည့်ကာ ‌ပြုံးပြီး စကားဆိုလေသည် ။

” ကြီးကြီး ဘာဖြစ်လို့လဲ ဟင်   ဒီလယ်က ကြီးကြီး  လယ်တွေ လား  လယ်တွေ ထဲ မဆင်းပါဘူးနော်  ‘

‘အော် အဲ့ဒါ‌ေကြာင့် မဟုတ်ပါဘူးကွယ် သမီးက ဒီဘက်ဘာလို့ ကန်စွန်းရွက် ခူးတာလဲ မြို့ထဲက တချို့ နေရာတွေမှာ လည်း ကန်စွန်း ရွက် ရှိတယ် မဟုတ်လား “

“မြို့ထဲက မသန့်ဘူး ကြီးကြီးရဲ့ ဒီဘက်ကက ကန်းစွနး်ရွက်တွေက သန့်လို ဒီဘက်လာခူးတာ စောစောတော့ လာရ‌တာပေါ့ ကြီးကြီးရယ် “

ကလေးမလေးသည် သူဌးမကြီးအား ရည်ရည်မွန်မွန် စကားပြောနေလေသည် ၊ ထိုစဉ် ‌သူဌေးမကြီး၏ မြေးအငယ် လေးသည် ကန်စွန်းရွက်သည်လေး၏ ခြေသလုံးနေရာကို လက်ညှိုးထိုးပြကာ အလန့်တကြားစကားဆိုလေသည်

“ဖွားဖွား သူခြေထောက်မှာ သွေး  သွေးတွေ ထွက်နေတယ် “

ထိုအခါ ကန်စွန်းရွက်သည်လေးသည် သူ၏ ခြေသလုံးကို ငုံကြည့်ပြီး။

“ဘာမှ မဖြစ်ဘူး ညီမလေးရဲ့ မျော့တွယ်တာလေ အမ က မျော့တွယ် ခံနေကြ ဘာမှ မဖြစ်ဘူး “

“ဟုတ်လား မနာဘူးလား မမ”

“နားလို့ နာမှန်းတောင် မသိပါဘူး ချမ်းနေလို့လေ “

ကလေးမလေးသည် ပြုံး၍ စကားဆိုနေပေမဲ့ သူဌေးမကြီးသည် ပြုံး၍ မနေနိုင်ပါ ၊ အရင်းစိုက်စရာ  မလိုဘူး ဟု ပြောမိသော သူမကိုယ် သူမလည်း နောင်တ ရနေမိသည် ၊ ထိုနောက် သူမ၏ ဖခင် ပြောပြခဲ့ဖူးသော မျှစ်ချိုးပြီး အဖေတို့အား လုပ်ကျွေးခဲ့တယ် ဆိုသော အဖိုးဖြစ်သူ အကြောင်းကို ပြန်ကြားရောင်ရင်း ‌ကန်းစွန်းရွက်သည်ကလေး အား နုတ်ဆက်လို့ ထွက်လာခဲ့ကြပါတော့သည် ၊ ကျန်ခဲ့သော ကန်စွန်းရွက်သည်မလေးသည်  သူမ၏ ကန်စွန်းရွက်လေးများကို အိတ်လေးထဲထည့်ကာ ချမ်းလွန်း၍ လက်လေးနှစ်ဖက်ကို ပွက်သပ်ပြီး ကျန် ရစ်ခဲ့ပြန်ပါလေတော့သည်။

◾အခန်း-၅

မကြာသော အချိန်တွင် မြိုင်သာမြို့လေးတွင် လူတယောက်၏ နာမည်က ဟိုးလေးတကျော် ဖြစ်လာလေသည် ၊ ထိုသူ၏ အမည်မှာ သူဌေးမကြီး ဒေါ်ရွှေမိပဲဖြစ်သည် ၊ ယခု သူဌေးမကြီးသည် ၊ မြိုင်သာ ရှိ ကလေးများကို ကျောင်းထားပေးသည်၊  မရှိဆင်းရဲ သားများကို တက်နိုင်စွမ်းသလောက်ကူညီသည်နှင့် တိုးတက်ချင် စိတ်ရှိသော မြိုင်သာရှိ လူငယ် လူရွယ်များကို လုပ်ငန်းမတည် ပေးချင်းတို့ ဖြစ် နာမည်ကြီးလာသည် ၊ သူမသည် မြို့ထိပ်တွင်ရှိသော  ဘိုးဘွားရိပ်သာအား  အလှူပဒေသာပင် မတည်အလှူရှင် ဖြစ်သလို ကျောင်းဆက်မတက်နိုင်သော ကလေးများ၏ ကျောင်တက်နိုင်ရန် အားကိုးရသော သူတ‌ေယာက်ဖြစ်လာလေသည် ၊ အရင်က အလှူရှင်မကြီး ဆိုသည် ဂုဏ်ပုဒ် မှ ယခုဆို ဒေါ်ရွှေမိသည် ကျေဇူးရှင်မကြီး‌ဆိုသော ဂုဏ်ပုဒ်ပါ  ထပ်တိုးလာပါလေတော့သည် ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း