စက္ကဘာလလေးဟာသဘောကောင်းသူဖြစ်ပြီး ပြည်သူအကျိုးကိုအမြဲလိုလားသူဖြစ်တာကြောင့်ပင် “ပြန်လည် စဉ်းစားတော်မူပါ ဘုရား ဒီကစက္ကဘာလလေးဟာ အပြစ်တော် ကြီးကြီးမားမားမလုပ်ထားတာကြောင့် သူ့အတွက်ဒီပြစ်ဒဏ်ဟာ မသင့်တော်ကြောင်းပါဘုရား” မင်းတရားကြီးကရာဇပလ္လင်ပေါ်ပြန်လည်ထိုင်ချကာ “ကဲဒါဆို ငမိုက်သား သင်ကိုယ်တိုင်အပြစ်ကိုဆုံးဖြတ်လော့” ရဲရဲနီနေတဲ့ မျက်လုံးအစုံနဲ့ စက္ကဘာလအားကြည့်ကာ ပြောလိုက်လေတယ် “မှန်လှပါ ဖခမည်းတော်ဘုရား သားတော် ဒီတိုင်းပြည်ကနေ ရာသက်ပန်ထွက်သွားပါ့မယ် ဒီလိုခံနားထည်ဝါလှတဲ့ စည်းစိမ်ကြီးကိုလည်း သားတော်မလိုလားကြောင်းပါ ” “ကောင်းပြီလေ ဒါဆို ကဲမှူးမတ်အပေါင်းတို့ အမိန့်တော်ချမှတ်မယ် ဒီငမိုက်သားစက္ကဘာလအား ပြည်နှင်ဒဏ်ပေးစေ ” ဘုရင်မင်းမြတ်ရဲ့ မျက်လုံးထဲတွင်ကား သနားတဲ့အရိပ်ရောင်များမရှိပေ ထိုအချိန်တွေ စက္ကဘာလ၏ဘေးတွင်ရပ်နေသော မြဧကရီလေးက ...

“ကဲ သက်ခိုင်ရေ” “မင်းပဲ စစ်ပေးလိုက်ပါကွာ” “ပယောဂဆိုရင်လဲ ကုပေးလိုက်ပေါ့” “မင်းလဲ ပညာမစမ်းရတာ ကြာပီမလား” ထိုအခါသက်ခိုင်က ” ဆရာရော မလိုက်ခဲ့ဘူးလား ” “ငါတော့လိုက်ကြည့်မယ်” “ကုတာတော့ မင်းပဲကုလိုက်” … သက်ခိုင်လဲ အိမ်ပေါ်တက်ပြီး ဘုရားစင်ရှေ့ထိုင် ဘုရားရှိခိုး၊ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ၊ အထက်ဆရာကြီးတွေကိုကို ပင့်ဖိတ်တိုင်တည်ပြီးနောက်မှာတော့… ” ကျုပ်သည် ဤပညာရပ်ကို လိုက်စားသည့် အချိန်မှစ၍ အရက်သေစာသောက်စားခြင်းမရှိခဲ့ပါ၊ သူတစ်ပါးသားမယားကိုစော်ကားခြင်းမရှိခဲ့ပါ၊ သူတစ်ပါးပစ္စည်းကိုခိုးယူခြင်းမရှိခဲ့ပါ၊ သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကျအောင် မတရားဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါ၊ မုသားစကားပြောဆိုခြင်းမရှိခဲ့ပါ” “ဤ သစ္စာစကား မှန်ကန်ပါက ယခုမိန်းကလေးခံစားနေရသော ...

အင်းသူကြီးကလည်း စိတ်မပူစမ်းပါနဲ့ဗျာ။ ကျုပ်လျှောက်သွားနေတာ နယ်ပေါင်းစုံလာပြီ။ ဒါမျိုးတွေ ပြောကြလွန်းလို့လည်း ရိုးနေပြီ။ ဘာမှ မပူနေနဲ့ ။ ငမဲလှေလှော်တော့ကွာ။ သေနတ်ထဲကို ကျည်ဖြည့်ထားပြီးပြီလား” “ဟုတ်ကဲ့ဆရာ … ကျည်ဖြည့်ထားပြီးသားပါ။ မောင်းတင်ပြီး ပစ်ရုံပါပဲ” ဆိုကာ သေနတ်ကို လှမ်းပေးပြီး လှော်ထွက်သွားလေသည်။ တဲပေါ်က လူများကတော့ ဘဆွေ၏ လုပ်ရပ်ကို မကျေနပ်သော်လည်း ဘာမျှမတတ်နိုင်ဘဲ ခေါင်းခါနေကြရ၏။ နာရီဝက်ခန့် ကြာသည့်အခါ သရဲမီးက တဖြည်းဖြည်း နီးလာ၏။ ခဏကြာတော့ “ဒိုင်း” ဟူသော သေနတ်သံကို ကြားရသည်။ ဘာတွေ ...

ဪဒီလိုလား…ဒါဆိုဆရာကြီးမေးဦးမယ်…လူလေးတို့ထိုးမဲ့ထိုးကွင်းက အစွမ်းသိဒ္ဓိမပါတဲ့ အလှထိုးကွင်းသက်သက်လား ဒါမှမဟုတ် ဂါထာမန္တရားတွေရွတ်ပြီး ထိုးရတဲ့သိဒ္ဓိအစွမ်းရှိတဲ့ ထိုးကွင်းမျိုးလားကွဲ့…” ” ဗ်ာ…ကျွန်တော်တို့နားမလည်ဘူးဗျဆရာကြီး…အဲဒါတွေရဲ့အဓိပ္ပါယ်ကို ရှင်းပြပါဦးဗျ…” ” အေးအေး…ရှင်းပြမှာပေါ့ကွဲ့…ထိုးကွင်းဆိုတာဒီလိုရှိတယ်ကွဲ့…ဒီမြန်မာ့ရာဇဝင်မှင်ထိုးကွင်းတွေဟာ အလှထိုးတဲ့ထိုးကွင်းနှင့် ကာယသိဒ္ဓိတွေပေါက်မြောက်အောင် ထိုးတဲထိုးတဲ့ ထိုးကွင်းဆိုပြီးနှစ်မျိုးရှိတယ်ကွဲ့…အလှထိုးတဲ့ထိုးကွင်းမျိုးကတော့ အရေပြားပေါ်အလှဆင်တဲ့ အရုပ်တွေထိုးတဲ့သာမန်ထိုးကွင်းမျိုးပေါ့…နောက်တစ်မျိုးကတော့ နတ်မှော်ဆေး၊မှော်ဝင်ဆေး၊ကာယသိဒ္ဓိကိုယ်ခံဆေး၊ကာယသိဒ္ဓိပီယဆေး စတဲ့ဆေးတွေကို မှင်နဲ့ရောပြီး ကိုယ်ထိုးချင်တဲ့အရုပ်၊အင်း၊စမတွေကို နတ္ခမိချိန်မှာ ဂါထာမန္တာန်တွေရွတ်ပြီးထိုးရတယ်ကွဲ့…အဲဒီလိုထိုးတဲ့အခါမွာ သာမန်အလှထိုးကွင်းတွေက ဘာမှမဖြစ်တတ်ပေမဲ့ ဒုတိယတစ်မျိုးဖြစ်တဲ့ ထိုးကွင်းမျိုးကတော့ နက္ခမိရင် မိသလိုဆေးအစွမ်းထက်တတ်ကြတယ်ကွဲ့…” ” ဪဒီလိုလားဆရာကြီး…” ” ဟုတ်တယ်လူလေးတို့…တချို့လူတွေထိုးကြတဲ့ ဘီလူးရုပ်တို့၊ကျားရုပ်တို့၊ကြောင်ရုပ်တို့ မြင်ဖူးကြမှာပေါ့…အေးအဲဒီအရုပ်တွေက နက္ခမိရင် အင်မတန်အစွမ်းထက်ကြတာကွဲ့…ဒါပေမဲ့သူတို့မှာလည်း အားနည်းချက်၊အားသာချက်ဆိုတာရှိသေးတယ်ကွဲ့…” ” ...

ကြောက်စရာမလို ဘူးဗျ။ ကျုပ်ကတော့ ဘယ်သူ့ကိုမှ မကြောက်ဘူး” လို့ ပြန်ပြောခဲ့ပါတယ်။ ကျိုက်ပေါလော ဘုရားပွဲမှာ မွန်လက်ဝှေ့ကျော် ကျားကြီးနဲ့ ကျုပ်က ယှဉ်ပြိုင်ပြီး လက်ဝှေ့ထိုးသတ်ခဲ့ပါတယ်။ အားပေးတဲ့ ပရိသတ်တွေက ရုံပြည့်လျှံနေတာပဲ။ ကိုယ့်အရပ် ကိုယ့်ဇာတ်၊ ကိုယ့်ပရိသတ်တွေက “ချကွ :. မဲလုံးတဲ့ဟေး ပွဲတိုင်းကျော်လေး .. ကော့စံနိုင်သားကွ” လို့ ကျုပ်ကို အားပေးကြသလို့ လက်ဝှေ့ကျော် ကျားကြီးရဲ့ ပရိသတ်တွေက . “ဟေ့ .. လက်ပံသားကျားကြီးကွ။ မညှာနဲ့ကွ” လို့ အားပေးကြပါတယ်။ လက်ဝှေ့ကျော်ကျားကြီးနဲ့ ...

စနေ တော်တော့ မင်းစကားကို ဒီနေရာမှာတင် ရပ်တော့ “    ဘိုးကာက ကျုပ်ကို စိတ်ဆိုးသွားတယ်ဗျ ကျုပ်လည်း ဘာမှ မပြောရပဲနဲ့ သူ ဘာလို့ စိတ်ဆိုးသွားသလဲဆိုတာ ကျုပ်တကယ် မသိဘူးဗျ  အဲ့တာနဲ့ ကျုပ်လည်း မေးလိုက်ရတာပေါ့ ။    “ဘိုးကာ “    “ပြော ဟေ့ကောင်”    “ကျုပ်ဘာမှားလို့လဲ ဘိုးကာ “    “မင်းက ဘာသိလို့လဲ ဘာလို့ကိုရင်လေးတွေကို မခွဲပေးချင်ရတာလဲ ပြောစမ်းပါဦး “    ...

ယခုတော့ ထိုသို့မဟုတ် သူရောင်းသည့်အမဲသားကို ဝယ်စားရမှာ စိုးရွံ့နေကြသလိုဖြစ်နေသည် ဒေါ်လုံးတစ်ယောက် ရွာထဲ၌‌ေရာင်းမကုန်သဖြင့် အိမ်သို့ပြန်လာခဲ့လိုက်သည် ထို့နောက် ခေါင်းပေါ်မှာရွက်လာသော အမဲသားတောင်းကြီးကိုချပြီး ရောင်မကုန်သော အမဲသားများကိုကြည့်ကာ စိတ်ညစ်နေသည် သို့သော် သူဤအတိုင်းထိုင်ပြီး စိတ်ညစ်နေ၍မရ သန်းအေး၏ ရက်လည်ဆွမ်းသွပ်ပြုလုပ်ဖို့အတွက်လည်း ငွေကလည်းလိုနေသည်။ ထို့ကြောင့် သူ ဤရွာထဲ၌ရောင်းမကုန်သေးသော အမဲသားများကို ထိမ်ပင်ရွာသို့ သွားရောက်ရောင်းချရန် ဆုံးဖြတ်လိုက်သည် ဒါကြောင့် ဒေါ်လုံးအမဲသားတောင်းကြီးကို ‌ခေါင်းပေါ်ရွက်လိုက်ပြီး ဆယ့်နှစ်နှစ်အရွယ် သူ၏သားငယ်ကိုခေါ်ကာ အိမ်မှထွက်ခဲ့လိုက်တော့သည်။ (၂) ဒေါ်လုံး ထိုသို့ အမဲသားတောင်းကြီးရွက်ပြီး သူ့မောင်လေး၏လက်ကိုဆွဲကာ ရွာထဲမှထွက်လာတာကို ရွာဘက်သို့ကြည့်နေသော ...

သုဿန်ထဲရောက်တော့ သူ့ရဲ့သက်မဲ့ခန္ဓာကြီးကို မြှပ်နှံဖို့ တူထားသည့်မြေကျင်းဘေးမှာ သူစီးလာတဲ့အခေါင်းကြီးကိုချလိုက်ကြသည်။ သန်းအေး အခေါင်းကြီးပေါ်မှဆင်းပြီး ထို‌ေမြကျင်းကိုငုံ့ကြည့်လိုက်သည် ထို့နောက် ထိုမြေကျင်းထဲ ပြုတ်ကြမှာဆိုး၍ နောက်ကိုပြန်ဆုတ်လိုက်သည် ထိုအချိန်မှာပဲ သူ့ရဲ့သက်မဲ့ခန္ဓာကြီးကို ထည့်ထားသည့် အခေါင်းဖုံးကို ရွာသားတစ်ယောက်ကဖွင့်လိုက်သည် သန်အေး ထိုအခေါင်းထဲကိုကြည့်လိုက်ပြန်သည် ထိုအခါ မြွေဆိပ်တက်ပြီးမဲပြာနေတဲ့ သူရဲ့ရုပ်အလောင်းကြီးကို မြင်လိုက်ရပြီး ဆက်မကြည့်ရဲပဲ မျက်နှာလွှဲနေလိုက်သည် ထိုအချိန်မှာပဲ သူ့ကို သရဏဂုဏ်တင်ပေးရန် သုဿန်ဇရပ်ပေါ်သို့ သံဃာတော်များ ကြွလာတာကိုမြင်လိုက်ရသည်။ သံဃာတော်များ ဇရပ်ပေါ်သို့ ကြွရောက်လာတော့ ထိုဇရပ်မှာနေတဲ့ ဗိုက်ကြီးသည်သရဲမ ဆက်မနေရဲ‌ေသးပဲ သူရှိသည့်နေရာကို လာနေတာမြင်လိုက်သည် ထိုဗိုက်ကြီးသည် ...

ပိတောက်ပင်ပေါ်မှဆင်းလာတဲ့ငွေသော်က ထိပ်ဆုံးဖျားမှခူးလာတဲ့ ပိတောက်ပန်းတစ်ခက်ကို လှလှအေးဆံကေသာပေါ်မှာ တယုတယပန်ဆင်ပေးလိုက်သည် ဒီလိုတစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေရရင်သိပ်ကောင်းမှာပဲအတွေးနဲ့ ကြည်နူးနေမိ၏ ” ကိုသော် လှပြောစရာရှိတယ်” “အင်း​ ပြောလေ လှ ဘာပြောမို့လဲ” ” လှတို့ချစ်သူဖြစ်နေတာကို အဖေတို့သိအောင် အမှန်တိုင်းပြောရင်ကောင်းမလားလို့” “လှ ကပြောချင်လို့လား” “မပြောလဲတစ်နေ့ကျရင်သိရမှာပဲဟာ လှအဖေတို့ကိုနား၀င်အောင်ပြောကြည့်မယ်လေ” “အင်းပါ လှပြောချင်ရင်လည်းလှသဘောပါ” “ဒါဆို ကို့သဘောမပါဘူးပေါ့” “မဟုတ်ပါဘူး လှသဘောကကို့သဘော ဘာဖြစ်ဖြစ်အဆင်ပြေတယ် အဓိက ကိုနဲ့လှ တူတူနေရဖို့အရေးကြီးတယ်” အဲ့ဆိုမနက်ဖြန်ကျ ဒီပိတောက်ပင်အောက်လာခဲ့လေ လှ အဖေနဲ့အမေသဘောထားကို ကို့ကိုပြောပြမယ်” “ဟုတ်ပါပြီဗျ ကို့ရဲ့ လှလေး” ...

အကြပ်အထည်၊တွေ့ခဲ့ရလေသည်၊ သမီးမစန်းဌေးမှာ လိမ္မာရေးခြားရှိသူဖြစ်သည်။ မိဘအပေါ်သိတတ်သည်။ ညီအစ်ကိုမောင်နှမ များပေါ်တွင်လည်းကြင်နာသနားတတ်သူ ကိုယ်ချင်းစာ တတ်သူဖြစ်သည်။ အသက်ပင်ငယ် သော်လည်း ရတနာမြတ်သုံးပါးကိုအမြဲ ပပြတ်ဆည်းကပ်ကာရိုသေကိုင်းရှိုင်းသူဖြစ်သည်။ တကယ်ဆိုပါလျှင် ထိုစဉ်က မစန်၊ ဌေး၏အသက်မှာ နှစ်ဆယ်မျှ မပြည့် သေးပေ။ ဆယ်တန်၊ကျောင်းသူဘဝမှ ကျောင်းထွက်ကာ မိသားစုစားဝတ်နေ ရေးအတွက် စက်ရုံတစ်ခု၌ အလုပ်ပင် လုပ်ခဲ့ရလေသည်၊ ဝတ်ချင်စားချင်လှပ ချင်သော အရွယ်ဖြစ်သော်လည်း ဝတ် ချင်စားချင်စိတ်ကို ဘေးဖယ်ကာ မိဘ နှစ်ပါးနှင့် မောင်ငယ်လေးကိုသာ ဦးစား ပေ၊ဂရုစိုက်ခဲ့လေသည်။ မောင်ငယ် လေးအား ခေတ်ပညာတတ်တစ် ...