မယ်တဲ့လား ” စုန်းမ “မယ်ခို”တဲ့ဟေ့ လာချင်တဲ့သူလာ ဗိုလ်မထားဘူးဟေ့” လူနာမရွှေ ပါးစပ်မှ ထွက်လာသောစကားကြောင့် အားလုံးအံ့သြသင့်သွားကြသည်။ “စုန်းမ မယ်ခို “ဆိုပါကလား။ “မယ်ခို”ပြုစား ထားသည်ဟု နားလည်လိုက်ကြသည်။ အန္တိမ အဆင့်ရှိ့ ဆရာကြီးသည် အတွေ့အကြုံ များ စွာ ရင့်ကျက်နေသည် ပွဲရ ဆရာကြီးတစ်ဦးအ နေဖြင့် စုန်း ကဝေ သရဲတစ္ဆေ နာနာဘဝတို၏ လှည့်စားတတ်သော မာယာများ အမူ့အကျင့် များကို ထုံးလိုခြေ ရေလိုနောက်ခဲ့ပြီဖြစ်သည်။ ထိုနောက် ဆရာကြီးက ခပ်ပြုံးပြုံး မျက်နှာထား ...
ထွက်လာခဲ့ပြီး “မတွေ့ဘူး မောင် အလုပ်ထဲကျန်ခဲ့မှာပေါ့ ရှာကြည့်အုံး . မောင် ညနေစောစောပြန်ခဲ့နော်” မနက်ထိ အကြောက်မပြေသေးသော ဇနီးသည်၏ ခေါင်းလေးအား တစ်ချက်ပုပ်ကာ “စိတ်ချ ညနေအစောပြန်ခဲ့မယ် သမီးလေးကိုဂရုစိုက် ခြံတံခါးပိတ်ထား” မေ ခေါင်းငြိမ့်ပြလိုက်ရင်း ကားမောင်းထွက်သွားသော ယောင်္ကျားကို မျက်စိရှေ့မှပျောက်ကွယ်သွားသည်ထိ ရပ်ကြည့်နေပြီးမှ ခြံတခါးပိတ်ကာ ဝင်လာခဲ့သည်။ “သမီးလေးရေ ထတော့ မျက်နှာသစ်ပြီး မနက်စာ စားရအောင်” အိပ်ရာထက်မှသမီးလေးကို တစ်ချက်နမ်းရင်း နှိုးလိုက်လေသည်။ ထိုစဉ် နှိုးလာသော ထက်လွန်းက အခန်းဝအားကြည့်နေရင်းမှ “မေမေ ဘယ်ကဖွားဖွား ရောက်နေတာလဲ ...
အခု ဘယ်သွားမှာလဲ ” “ကျုပ် သဖန်းပိုးရွာလူကြီး မစပါယ်ဖြူ အိမ်ပြန်သွားမယ် “ “ဟကောင်တွေ မင်းတို့မှာ ဘာအစွမ်းအစတွေ အစီအရင်တွေရှိလို့ ဒီလိုကိစ္စတွေလုပ်နေရတာလဲ ကိုယ့်ရွာကိုယ် အေးဆေး ပြန်ကြစမး်ပါ ကိုယ်နဲ့မဆိုင်တာ တွေ ဝင်မပါ ပါနဲ့ “ “ဟ ဦးကြီး မတရားမှုတွေဖြစ်နေရင် ပါသင့်ပါရမှာပဲ ကိုယ်တဘို့ ပဲ ကြည့်တယ်ဆိုရင် နွားဖြစ်သွားမှာပေါ့ ဗျ” ဖိုးထွေး၏ စကားကြားသောအခါ မောင်ဘိုးထင်သည် လှည်းဘေးတွင် ချည်ထားသော နွားနှစ်ကောင်အားကြည့်လိုက်သည် ထိုအခါ ...
သူ့သားကို သနားပြီးငိုတော့တာပဲဗျာ” အကြီးကောင်က လမ်းဘေးဆင်းသွားတဲ့ နွားတွေကိုငေါက်ရင်း “တစ်ခါ အငယ်မနှစ်ယောက်လည်း အိမ်သာသွားရင်းတွေ့တယ်၊ အငယ်ကောင်လည်း လယ်ထဲကအပြန်မှာ ရွာအဝင်နားမှာတွေ့လိုက်တယ်တဲ့ဗျ၊ ကျုပ်တို့ဘယ်လောက်ပြောပြော အဖေကတော့ မယုံဘူးဗျာ၊ မနေ့က မနက်ကမှ အဖေကယုံသွားတာ” “သူကြီးက ဘယ်လိုတွေ့လို့လဲကွ” “ညတစ်ရေးနိုးအပေါ့ထသွားတော့ အိမ်သာရှေ့နားကနေ ငိုသံကြီးကြားရတယ်တဲ့ဗျာ၊ ဒါနဲ့အိမ်သာတံခါးဖွင့်ကြည့်တော့ အလတ်ကောင်က ကျောပေးပြီးငိုနေသတဲ့၊ အဲဒီတော့မှ အဖေလည်းယုံသွားတာ၊ ဒါကြောင့်ဦးဘသာကို ခေါ်ခိုင်းလိုက်တာ၊ အစကတော့ ဦးဘသာကိုကြည့်ခိုင်းမလို့ပဲ၊ အလတ်ကောင်များ သရဲဖြစ်နေသလားဆိုပြီး” “ဟ၊ သောက်ခွေး၊ အလတ်ကောင်က ဘယ်လိုလုပ်ပြီးသရဲဖြစ်မှာလဲကွ” “ဦးဘသာပဲ စဉ်းစားကြည့်ဗျာ၊ ဒီလိုမျိုးခြောက်လှန့်နေနိုင်တယ်ဆိုတာ ...
ကျော်စန်းကလည်း မောင်တိုးတို့ကိုမြင်တော့ ဝမ်းသာတကြီးဖြင့်… “မင်းတို့လာမှလာပါ့မလားလို့ကွာ…” “ငါတို့လာမယ်လို့ကတိပေးထားတာပဲကွာ… မဖြစ်ဖြစ်အောင်လာမှာပေါ့…” “အေး…အေး…အခုတော့ထမင်းစားထားကြဦး… မင်္ဂလာပွဲပြီးမှဝိုင်းတည်ကြမယ်” သတိုးသားကျော်စန်းစကားကြောင့်မောင်တိုးတို့ ပြုံး၍ခေါင်းညိတ်ကြသည်။ သူတို့ရောက်လာသည့်အချိန်က နောက်ကျတာကြောင့်ဧည့်သည်များ အတော်နည်းနေပြီဖြစ်သည်။ “လာငါညီတို့…အစ်ကိုတို့လိုက်ပို့မယ်…” ရွာသားတွေကမောင်တိုးတို့ကိုထမင်းဝိုင်းဆီသို့ ခေါ်သွားကြသည်။ မင်္ဂလာဆောင်တွင် ဝက်သားချက်…ပဲပြုတ်နှင့်ဟင်းချိုရည်… သရက်ချဥ်သုပ်တို့ဖြင့် ကျွေးမွေးကြသည်။ မောင်တိုးနဲ့မောင်အုန်းလည်း ဆာဆာဖြင့် ထမင်းများစားလိုက်ကြ၏။ စားလို့ပြီးလေတော့ သူတို့အားစောင့်နေကြသော ရွာသားတွေမှ… “လာငါညီတို့…ဒီဝိုင်းပြီးရင်တခြားဝိုင်းပြောင်းကြမယ်… ဟိုသရက်ပင်အောက်မှာအစ်ကိုဝိုင်းတည်ထားတယ်ကွ” ရွာသားတွေနောက်မှမောင်တိုးတို့လိုက်ကြသည်။ ရွာသားတွေကသူတို့နှစ်ယောက်ကို အတော်ခင်နေကြပုံရ၏။ အရိပ်ရသောသရက်ပင်အောက်၌ လူထိုင်လို့ရစေရန် ဖျာကြမ်းများခင်းထားပြီး စားပွဲဝိုင်းတစ်ဝိုင်းလည်း ချထားပေလေသည်။ ထိုနေရာမှ မင်္ဂလာဆောင် မဏ္ဍပ်ကိုလည်းမြင်နေရသည်။ “ထိုင်ကြကွ…” ...
သေနတ်amမာင်းတက်သွားသော်လည်း အသံမထွက်ဘဲတိတ်ဆိတ်နေသည်။ ထို့နောက် တောဝက်အုပ်ကိုသေနတ်ဖြင့်ထိုးချိန်လိုက်ပြီး သေနတ်အပေါ်တွင်တပ်ထားသည့် မှန်ပြောင်းကလေးမှတဆင့် မိမိပစ်မည့်သားကောင်ကို သေသေချာချာ ရွေးချယ်လိုက်သည်။ တောဝက်အုပ်က မျှစ်များ၊ ဝါးများကို ချိုးဖဲ့နေသဖြင့် တဖြောင်းဖြောင်းအသံမြည်ကာ ဆူညံနေသည်။ ကဲဒိုက ပစ်ခတ်မည့်အကောင်ကို အသေအချာချိန်ရွယ်ရင်း လိုက်ရှာရာ နောက်ဆုံးတွင် ဝက်တောင်းကြီးတစ်ကကောင်ကို အသေအချာချိန်လိုက်သည်။ “ဟာ၊ ဝက်စွယ်ကွင်းပိတ်ကြီးပါလား” ကဲဒိုရေရွတ်လိုက်မိသည်။ ဝက်တောင်းကြီး၏ နှာခေါင်းအောက်မှ တိုးထွက်နေသည့်ဝက်စွယ်ကြီးမှာ ကော့လန်နေပြီး အစွယ်ထိပ်ဖျားမှာ တစ်ဖန်ပြန်လည်ပြီး ပါးစပ်အောက်သို့တိုးဝင်သွားရာ ကြည့်လိုက်လျှင် ဝက်စွယ်ကောက်မှာ ဝလုံးပုံစံဖြစ်နေသည်။ ထိုသို့ဝက်စွယ်မျိုးကို ဝက်စွယ်ကွင်းပိတ်ဟုခေါ်တတ်ပြီး ဝက်စွယ်ချည်းပင် ဈေးကောင်းအလွန်ရတတ်သည်။ ကဲဒိုလည်းပျော်ရွှင်သွားပြီး ...
၊ ခုနှစ်ပင် ပြုံပေါက်နေတဲ့ ယာကွက်မို့လို့ သမုန်းတောယာလို့ ခေါ်နေကြတာဗျ။ “ဟာ…တွေ့ပြီဗျို့၊ ကိုကြီးတာတေရေ၊ ဟောဒီမှာဗျို့ အကြီးကြီးတွေပဲဗျ” ကျုပ်က ကျောက်ခဲဆီကို ပြေးသွားပြီး ငုံ့ကြည့်လိုက်တယ်။ ဟုတ်ပါ့ဗျာ၊ နည်း တဲ့ခြေရာကြီးတွေ မဟုတ်ဘူးဗျာ၊ စ ကောတစ်ချပ်စာလောက် ရှိမယ်ဗျ။ဒါ ပေမဲ့ အဝိုင်းမဟုတ်ဘူး။ လူခြေရာလို ပဲဗျ။ ခြေချောင်းရာတွေပါ ပါတယ်။ ခြေချောင်းရာကလည်း ငါးချောင်းပဲ။ ခြေမနေရာကလည်း အကြီးကြီးဗျ။ အုန်းမှုတ်ခွက်တစ်ခွက်စာလောက် ရှိတယ်။ ပြီးတော့ ခြေရာက မြေကြီး ပေါ်မှာ ပါးပါးလေးပဲ ထင်နေတာဗျ။ ဒီလောက်ကြီးတဲ့ ...
စုန်းထီးကြီး ဦးဘသာနှင့် အောက်လမ်းဘသော် (၁) မမှတ်မိမှာစိုးလို့ နည်းနည်းပြန်ပြောရအုံးမယ်၊ ကျုပ်နဲ့ဦးဘသာကြီးနဲ့က အခုမြိုင်သာမြို့ကိုရောက်နေကြတာမဟုတ်လား၊ ကျုပ်ဆိုတဲ့ကောင်ကလည်း ခိုင်းလိုက်ရင် အမြဲတလွဲလုပ်တဲ့ကောင်လေ၊ ဦးဘသာကြီးက အောက်လမ်းဆရာ ဘသော်ကို စိန်ခေါ်ခိုင်းတော့ ဦးဘသာကြီး စိန်ခေါ်တယ်လို့မပြောဘဲ ကျုပ်ကိုယ်တိုင်စိန်ခေါ်သလိုလိုနဲ့ ပြောလိုက်တာမဟုတ်လားဗျာ။ အဲဒီအကြောင်းဆက်ပြောရရင် ကျုပ်တို့ နေမစောင်းခင်မှာ ဦးဘသာကြီးရဲ့ အသိမိတ်ဆွေအိမ်ကို ရောက်လာခဲ့ကြတာပေါ့ဗျာ၊ မြိုင်သာမြို့ပေါ်မှာ ရပ်ကွက်ခြောက်ခုရှိတယ်ဗျ၊ ကျုပ်တို့တည်းတဲ့ရပ်ကွက်ကတော့ ရွာမရပ်ကွက်လို့ခေါ်တယ်၊ တစ်ရက်ကွက်လုံးက ခြံနဲ့ဝင်းနဲ့အိမ်ကြီးတွေပေါ့ဗျာ၊ ခြံကြီးတွေကိုလည်း ပုဏ္ဏရိပ်ပင်တွေ၊ အလှစိုက်တဲ့ပန်းပင်ကြီးတွေနဲ့ ကာထားကြတာပေါ့၊ တစ်ချို့ခြံတွေကတော့ အုတ်တံတိုင်းအမြင့်ကြီးတွေ ကာထားကြတာ၊ ပြောရရင် သူဌေးရပ်ကွက်ပေါ့ဗျာ၊ ...
သွားကာ ကြောင်တစ်ကောင်လို လွှားခနဲ တက်လိုက်သည်။ ကျန်အဖွဲ့သားများက ထောင်ထားသော ပိုက်ကို စစ်ဆေးခြင်း၊ ဝထိုးထားသော သစ်ကိုင်းချုံကိုင်းများကို အားမရသည့်နေရာ ထပ်ဆင့်ခြင်း၊ ပိုက်အောက်၌ ချုံသဏ္ဌာန်လို အကိုင်းအခက်ဖြည့်ခြင်းဖြင့် တပျော်တပါး။ ခွေးများမှာ စုပေါင်း၍ တောလိုက်နေကျပီပီ တစ်ကောင်နှင့် တစ် ကောင် ရန်မရှိဘဲ ဆော့လိုက် ကစားလိုက် ခုန်လိုက် ပေါက်လိုက်။ သမင်လိုက်ခေါင်းဆောင် ငကျင်သည် ရေးကြီးသုတ်ပျာဖြင့် ညောင်ပင်မတ်မတ်ကြီးပေါ်မှ ဆင်းလာသည်။ “ကဲဟေ့… ငါ့လူတို့ တာဝန်ခွဲမယ်။ ထနောင်းသုံးပင် အနောက်ဘက် ခံချုံနဲ့ ဒဟတ်တောထဲမှာ သမင်ငါးကောင် ...
ဗျာ၊ ဝါးလုံးပိုင်းနဲ့ကို ရိုက်ထည့်တာ၊ ကျုပ်တို့လည်း အမေ့ကိုငယ်ငယ်ကတည်းက ချစ်ကြောက်လာရတာဆိုတော့ အမေရိုက်တော့လည်း ခံရတာပေါ့ဗျာ။ ဟိုတစ်လောတုန်းက အကိုကြီး ဖဲရိုက်လို့ သူ့မိန်းမက အမေ့ကိုတိုင်တော့ အမေက ဝါးလုံးပိုင်းနဲ့ဆော်တာဗျာ၊ ဝါးလုံးကြီးလဲကွဲတယ်၊ အကိုကြီးကျောလည်း စုတ်ပြတ်ပြီး သွေးစိမ်းရှင်ရှင်ထွက်ပါရောလား၊ ဒီခေတ်ကလေးတွေကျတော့ သိပ်အရိုက်မခံရတော့တာ ကံကောင်းတာပဲဗျာ၊ ကျုပ်တို့တုန်းကတော့ ကလေးတွေဆိုတာ လူကြီးတွေရိုက်ဖို့ မွေးထားတယ်လို့များ ထင်နေကြတာလားမသိတာ။ (၂) ဒါနဲ့ မနက်အစောကြီးထပြီး အမေ့နားကို ကပ်ရတာပေါ့ဗျာ၊ အမေက ကျုပ်တို့ကိုရိုက်တယ်ဆိုပေမယ့် ချစ်တော့ချစ်သားဗျ၊ အိမ်မှာ အမေက မနက်အစောကြီးထပြီး ချက်ပြုတ်တာမဟုတ်လား၊ ကျုပ်မရီးက ...