လာလိုက်တာ နောက်ဆုံးကျတော့ပူကိုမပူ တော့တာဗျ၊၊ ဒီလိုနဲ့ပဲ မရင်မွေးမယ့်အချိန်ရောက်လာရောဗျို့၊၊ အချိန်ကျတော့လည်း တခြားကလေးတွေမွေးရသလိုဗိုက်နာ တာပဲဗျ၊၊ ကျုပ်တို့ရွာက ဝမ်းဆွဲသည်ဒေါ်လုံးတင်ကြီးမွေးပေး တာဗျ၊၊ တခြားကလေးတွေ မွေးသလိုပုံမှန်မွေးတာပဲတဲ့ဗျ၊၊ ဒါပေမဲ့မွေးလာတဲ့ကလေးက တစ်ထွာသာသာလောက်သာရှိ တဲ့ သားခြောက်ကလေးတဲ့ဗျို့၊၊ တစ်ချို့ကတော့ လူခြောက်လို့ ခေါ်တာပေါ့ဗျာ၊၊ မရင် လူခြောက်ကလေးမွေးလို့တဲ့ ဆိုတဲ့ သတင်းကထနောင်းကုန်း မှာပျံ့နှံ့သွားရောဗျို့၊၊ ကျုပ်တို့ရွာက လူတွေဆိုတာ လူခြောက်မမြင်ဖူးလို့သွားကြည့်ကြတာ ကိုဖိုးထွေးတို့အိမ်ကလေး ပြိုမှာစိုးလို့ဆယ်အိမ်ခေါင်းကိုကံသာ ကိုယ်တိုင်ဝိုင်းထဲကသရက်ပင်အောက်မှာ စားပွဲတစ်လုံးခင်း ပြီးပြရတာဆိုပဲ၊၊ သူများသာပြောတာ သွားကြည့်တဲ့ထဲမှာ တာတေဆိုတဲ့ကောင်က ရှေ့ဆုံးကပေါ့ဗျာ၊၊ ကျုပ်လည်းခုမှ လူခြောက်မြင်ဖူးတာဗျ၊ ကျုပ်သေသေချာချာကြည့်တာဗျ၊၊ ...

တယ်ဆိုတာကတော့ မင်းတို့ငါတို့ သူဋ္ဌေးဖြစ်ဖို့ ဇာတာပါလာတာမို့လို့ရယ် မှတ်ဟေ့…”   ” ဘယ်လိုကြောင့်များလဲ ဆရာကြီးရ။ ကျုပ်တို့ကို ရှင်းပြပါဦးလား…”   မြွေဆရာတင်အုန်းက ဟိတ်ဟန်လုပ်လိုက်ပြီး…။   ” အခု ငါတို့ ဒီအကောင့်အလောင်းကို ပြန်ဖော်တာ ဘုဇဂိန္ဒလို့ခေါ်တဲ့ အာယုဝဒ္ဓန အစီအရင်လုပ်ဖို့ကွ။ အလွယ်ပြောရရင်တော့ မြွေနဂါးမင်းဓာတ်ကို အသက်သွင်းခြင်းပေါ့ကွာ…”   ” ဟင်…အဲ့ဒါ အသက်သွင်းပြီးရင် ဘာတွေဖြစ်လာမှာလဲ…”   ” ဟ…ဘာတွေဖြစ်ရမှာလဲ မြွေတွေနဲ့ပက်သက်ပြီး စေလိုရာစေ၊ အဆိပ်တွေနဲ့ ပက်သက်ပြီး ဖြေလိုရာဖြေပေါ့…”   ...

နေကာ အခွင့်အရေးရသွားသော နေ့သည်ကား ရောက်လာပေတောသည်။ ထ်ိုနေ့ကား စနေနေ့ဖြစ်သည်။ကိုဇော်ဝင်းသည် ရုံးမသွား၍ အိမ်တွင် နေဖြစ်နေသည်။နေ့လည် ၁နာရီခန့်တွင် မျက်နှာမကြည်မသာနှင့် မမြခင်တစ်ယောက်အိမ်ပြန်လာလေသည်။ “ဟင် မိန်းမ နင် စျေးက အစောကြီးပြန်လာတာရော မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လို့လဲ?´´ “ဟုတ်တယ် ယောက်ျားရေ ကိုယ်တွေလဲပူ သလိုလိုနဲ့ ခေါင်းတွေကလည်း မူးတယ် အဲ့ဒါနဲ့ အိမ်ပြန်လာတာ´´ ထိုနေ့မှ စ၍ မမြခင်တစ်ယောက် တပိန်ပိန် တလိမ်လိမ်ဖြင့် ဆေးထိုးဆေးသောက်လုပ်သော်ငြားလည်း မသက်သာကာ ၅ ရက်မြောက်နေ့တွင် ဆုံးပါးသွားတော့သည်။ကိုဇော်ဝင်းလည်း ချစ်လှစွာသော ဇနီးသည် ...

သူ့ခမျာ လူအိပ်ချိန်မှ ရွာထဲခိုးဝင်ကာတွေ့ရပေသည်။ ယခုလည်း အလှူလှည့်ရာ၌ မမြလေးပါမည်ဆို၍ စံမောင်ကြည့်ချင်မိသည်။ ဖြစ်ချင်ရာဖြစ်ပါစေကွာ ဆိုသည့်သဘောဖြင့်… “ဖြစ်ပါတယ်ကွာ…လာသွားကြမယ်…” ဟု….ပြော၍ တူးလက်စ မသာကျင်းကိုထားခဲ့ပြီး ရွာထဲသို့ဝင်လာကြသည်။ ငပုကလည်းမိဘမဲ့တစ်ကောင်ကြွက်ပင်။ သူကလည်း စံမောင်နဲ့မခြားနား…ရွာ၏အပယ်ခံဖြစ်၏။ ယခုသူတို့နှစ်ယောက်ရွာထဲကို ပုန်းလျှိုးကွယ်လျှိုးဝင်လာခဲ့ကြပြီးနောက် ရွာလမ်းမတစ်နေရာရှိ မန်ကျည်းပင်ကြီးအနောက်၌ ပင်စည်နှင့်ကွယ်ကာထိုင်နေခဲ့ကြသည်။ အလှူလှည့်ကလည်းမလာသေးသည်မို့ ဟိုသည်ကြည့်ကာထိုင်နေရင်း… “ဟိတ်ကောင်တွေ…မင်းတို့အဲ့သည်မှာ ဘာခိုးဖို့ချောင်းနေကြတာလဲ” ဟုသော…အသံကြား၍ စံမောင်ကြည့်လိုက်တော့ တင်စိုး နဲ့ မျိုးဦးတို့ဖြစ်နေသည်။ တင်စိုးနဲ့မျိုးဦးက ရွာ၌ လူချမ်းသာမိဘများက မွေးဖွားလာကြသည်မို့စကားပြောက အလွန်မောက်မာကြသည်။ ယခုလည်း စံမောင်တို့အား ရန်စသလိုပြောလိုက်လေတော့ ဒေါသထွက်လွယ်သော ...

မင်းမိဘတွေသိသွားရင်တော့ မင်းအတွက်နဲ့ စိုးရိမ်ကြောင့်ကြရလိမ့်မယ်ကွ” ကျုပ်လည်း ခေါင်းငိုက်စိုက်ချလိုက်တာပေါ့ဗျာ၊ ဦးဘသာကြီးက ကျုပ်ဆီကိုလျှောက်လာပြီးတော့ ကျုပ်ပုခုံးကိုလက်နဲ့ပုတ်ပြီး နှစ်သိမ့်တယ်ဗျ။ “မင်းမိဘတွေက ခွင့်ပြုတယ်ဆိုရင် မင်းကိုငါခေါ်မှာပါ၊ ဒီတော့ မင်းလိုက်ချင်တယ်ဆိုရင် မင်းမိဘတွေဆီက ခွင့်တောင်းပေါ့ကွာ၊ ကဲ အခုတော့ ငါ့နွားတစ်ရှဉ်းကို ဆွဲသွားပေတော့” ကျုပ်လည်း ဦးဘသာပေးလိုက်တဲ့ နွားတစ်ရှဉ်းကိုဆွဲပြီးတော့ လေးလံတဲ့ခြေလှမ်းတွေနဲ့ အိမ်ကိုပြန်လာတာပေါ့ဗျာ၊ အိမ်ကနေခွင့်တောင်းဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စမဟုတ်လားဗျ၊ ခရီးထွက်ရတာက ရက်ရှည်တာထက် ခရီးထွက်မယ့်သူကလည်း တစ်ရွာလုံးက စုန်းလို့သတ်မှတ်ပြီးတော့ ခပ်ကင်းကင်းနေကြတဲ့ ဦးဘသာကြီးနဲ့မဟုတ်လား၊ ကျုပ်အဖေတောင်မှ ဦးဘသာကြီးကို လုံး၀ယုံကြည်တာမဟုတ်ဘူးဗျ၊ ဒီတော့ သူနဲ့တစ်လကိုးသီတင်းလောက် လိုက်သွားမယ်ဆိုတာသာ ...

နေရာအနှံ့အပြားသို့ရောက်နေလေသည် ။ ပန်းရောင်စုံများ ဖူးပွင့်နေသော သစ်တော ကြီးများ အတွင်းသို့ ဝင်ရောက်ရသည် လည်းရှိသည် ။ တောင်မြင့်ကြီးများ ၊ တောင်ကုန်းများ ပေါ် သို့ တက်ရသည် မျိုးလည်း ရှိသည် ။ စမ်းချောင်းများ နှင့် ကွင်းပြင်အချို့ကို ကျော်ဖြတ်သွားရ သည် မျိုးလည်း ရှိသည် ။ တစ်နေရာသို့ ရောက်သောအခါ တောင်မြ င့်တစ်လုံးရှိ သည့် နေရာသို့ ရောက်သွားလေ သည် ။ ထိုနေရာသည် … ချင်းလူမျိုးတို့ အခေါ် ...

ပွဲ ပေါ်တင်လိုက်ပြီး     “ရေနွေးကြမ်းနဲ့ အမြည်းလေး သုံးဆောင်ကြပါဦး။ကျမသား  စိုးလွင်ဦး ဒီက ဧည့်သည်ကြီးတွေကို ဘာတွေများ ဒုက္ခပေးလိုက်ပြီလဲ “     “မပေးပါဘူး သိချင်တာလေးရှိလို့ မေးချင်လို့ပါ မောင်စိုးလွင်ဦးတယောက် အိမ်မှာရှိလား  တူမကြီး “     “ရှိပါတယ် ခဏ စောင့်နော် ကျမ သွားခေါ်ပေးပါမယ် “     အိမ်ရှင် အမျိုးသမီးကြီးသည် ပြောပြောဆိုဆို အိမ်ပေါ်တက်သွားကာ မကြာသောအချိန်တွင် ညင်းသိုးသိုးလူငယ်တယောက် ကို ခေါ်ပြီး အိမ်ပေါ်မှ ဆင်းလာလေသည်။ထို့နောက် လူငယ် သည် ...

ဝတ်ချင်စားချင်လာ တယ်. အလှအပပစ္စည်းတွေသူများဝယ်တာ တွေ့ရင်သူလည်းဝယ်ချင်လာတယ်။ ဒါပေမယ့်သူ့မှာ ဒီပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံမရှိဘူး။ အဲဒီတော့အိမ်ကမိဘနှစ်ပါးကို ပူဆာတယ်၊ဒါပေမယ့် စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ သူ့မိဘတွေကလည်း မအေးကိုဆိုကြတယ်ဆူကြတယ်။ ဒါနဲ့မအေးလည်း မိဘတွေကို စိတ်ဆိုးပြီးစကားလုံးဝမပြောတော့ဘူး သူလုပ်ချင်ရာကိုတဇွတ်ထိုးလုပ်တတ် လာတယ်၊ဘယ်သူ့ကိုမှမတိုင်ပင်ဘူး။ ဘယ်သူဆုံးမတာကိုလည်းလက်မခံဘူး ဝတ်ချင်စားချင်တဲ့စိတ်ကြောင့် ဘာကိုမှစဉ်းစားမနေပဲ မဟုတ်တာတွေ သူလုပ်လာတယ်။ ယောက်ျားလေးတွေနဲ့ရှုပ်ပြီး ယောက်ျားလေးတွေဆီကနေ သူလိုချင်တာကိုရအောင်ပူဆာတတ်လာတယ်။ ယောက်ျားတွေကလည်း မအေးလိုချင်တာကိုဝယ်ပေးကြတယ်။ အဲလိုသူလိုချင်သမျှဝယ်ပေးနေတဲ့ ယောက်ျားတွေမှာအကြံတွေရှိမှန်း သူမသိခဲ့ဘူး။ မအေးလည်းသူစားချင်တာ သူဝတ်ချင်တာဝတ်နေရတော့ ဒါတွေနားမလည်ခဲ့ဘူး။ တစ်နေ့တော့ သူနဲ့ပတ်သက်နေတဲ့ ယောက်ျားတစ်ယောက်ဟာ မအေးရဲ့ အပျိုစင်ဘဝကိုရအောင်ယူလိုက်တယ်။ မအေးလည်းအဲဒီယောက်ျားကို ...

အစ်မဝမ်းကွဲထံသို့ ဝင်လိုက်လေသည်။ သူ၏ ဝမ်းကွဲအစ်မ တည်ခင်းကျွေးမွေးသော ကောက်ညှင်းပေါင်းနှင့် ရေနွေးကြမ်း ပူပူလေးကို သောက်၍ အမောပြေ နားခိုရင်း ညီအစ်မနှစ်ယောက် ရောက် တတ်ရာရာ စကားပြောဆိုကြပြီး မပုကြွယ်လည်း ငါးတောင်းလေးရွက်၍ သူမ၏ရွာရှိရာသို့ ပြန်လာခဲ့လေသည်။ မပုကြွယ်အိမ်ပြန်ချိန်သည် နေ့အလင်းကုန်၍ မှောင်ရီပျိုးစပြုနေပေပြီ။ မပုကြွယ် အိမ်သားများ စောင့်မျှော်နေလေပြီဟု တွေးရင်း ခပ်သုတ်သုတ် လျှောက်လာခဲ့လေသည်။ သင်္ချိုင်းကုန်းနားအဖြတ်တွင် ရိပ်ခနဲ လှုပ်ရှားမှု နှင့်အတူ။ “ဒုတ်…ဒုတ်” “အား…” လူတစ်ယောက်က မပုကြွယ်၏ နောက်ကျောကို ဒုတ်ခနဲ ရိုက်ချလိုက် လေသည်။ ...

နောက်ဆို ဒီနားကဆေးပေါ့လိပ်တွေ တိုးမှာမဟုတ်တော့ဘူး” “အကြီးက ညွန်းလှချည်လားဗျာ၊ ဒါဖြင့် သောက်ကြည့်ရသေးတာပေါ့” ဆေးပေါ့လိပ်ငါးဆယ်လောက်ပါတဲ့ ဆေးလိပ်စည်းကြိးကို ကိုင်ပြီးအကိုကြီးကကျေနပ်နေတယ်ဗျ။ ကျုပ်က ဆေးလိပ်ကိုပုံမှန်မသောက်ပေမယ့် အကိုကြီးကတော့ ဆေးလိပ်သမားဗျ၊ ဆေးလိပ်မှာမှ ဆေးပေါ့လိပ်ကို စွဲစွဲမြဲမြဲကြိုက်တဲ့လူ၊ ဆေးပေါ့လိပ်တောင်မှ အကိုကြီးက ချေးများတယ်၊ ဆေးပေါ့လိပ်ဖြစ်တိုင်းမသောက်ဘူးဗျ၊ အရသာကောင်းမှ သောက်တတ်တာ၊ မကောင်းရင်တော့ တစ်ဖွာလောက်ဖွာပြီး လွှင့်ပစ်ထည့်လိုက်တာဗျို့၊ အကိုကြီးကြိုက်တဲ့ဆေးလိပ်က မြိုင်သာက မြခြူးဆေးလိပ်ဗျ၊ ဒါပေမယ့် မြိုင်သာဆိုတာ ရောက်ခဲတာဆိုတော့ အကိုကြီးသိပ်မသောက်ရတာများပါတယ်၊ အကိုကြီးကလည်း လူတစ်မျိုးဗျ၊ သူက ဆေးလိပ်စွဲနေတယ်လို့လဲ ပြောမရဘူး၊ သူ့အကြိုက်ဆေးလိပ်မတွေ့ရင် မသောက်ဘူး၊ ...