အကုသိုလ်မဖြစ်ဘူးမဟုတ်လားဘုရားတဲ့” ရွာဦးကျောင်းဆရာတော်လည်း ထပ်ပြီးမဆုံးမတော့ဘဲ လှည့်ပြန်သွားသတဲ့လေ။ ဦးဘသာက အလုပ်ဆိုမခိုမကပ်ဘူးဗျ။ အမြဲတစ်ခုခုလုပ်နေတတ်တဲ့လူကြီးဗျ၊ သူ့ကိုတော့ ကျုပ်တို့ကလေးတွေ၊ ရွာက ကာလသားတွေက ခင်ကြတယ်လေ၊ ကလေးတွေခင်တာလဲမပြောနဲ့ဗျာ၊ တစ်ရက်တော့ ကျုပ်နဲ့ဖိုးတရုတ်တို့ ကျုပ်တို့ခြံထောင့်က မာလကာပင်ကြီးပေါ် တက်ကြတယ်၊ မာလကာသီးလေးတွေက အပင်ထိပ်မှာရှိတော့ စားရမလားဆိုပြီး တက်ခူးကြတာပေါ့ဗျာ၊ မာလကာပင်က ပေနှစ်ဆယ်နီးပါးမြင့်တာပေါ့ဗျာ၊ ကျုပ်တို့တက်နေတာကို ပေါက်တူးထမ်းပြီးတော့ လမ်းလျှောက်လာတဲ့ ဦးဘသာကြီးက တွေ့သွားတာပေါ့။ “ဟေ့ကောင်လေးတွေ ဘာလို့သစ်ပင်ပေါ်တက်နေတာလဲကွ” “မာလကာသီးလေးတွေ သီးနေလို့ တက်ခူးတာပါ ဦးဘသာကြီးရဲ့” “မင်းတို့မာလကာသီးလေးတွေက အကျစ်လေးတွေပါကွာ၊ မပွသေးပါဘူးကွ၊ တက်မနေပါနဲ့” “ကျစ်လည်း ...

ဘယ်လိုအကြောင်းပြုပြီး ဘိုးဘိုးနဲ့ ဆက် သွယ်မိတာလဲ ဘွားဘွား” . သူတို့သားအမိ စကားအရ အဘ သာပေါ်ဤရွာကို ရောက်လာချိန် ကဆိုလျှင် အဘွားကြီးသမီးသည် ဆယ်နှစ်ကျော်အရွယ် ကလေးငယ်မျှသာ ဖြစ်သေး၍ သေချာစွာ မှတ်မိနိုင်မည် မဟုတ်ဟု တွေးပြီး အဘွားအိုကိုသာ မေးလိုက်သည်။ “ဆရာမလေးက ထူးထူးဆန်းဆန်းကလေးတွေ မှတ်ဖို့သားဖို့ ဝါသနာ ပါတယ်ဆိုရင် ဘွားဘွားတို့ ရေပြာအိုင်ရွာနဲ့ ပတ်သက်ပြီး ပြောစရာ လေးတွေ တော်တော်များများ ရှိတယ်ကွဲ၊ မှတ်တမ်းသဘောမျိုးနဲ့ စာကလေးရေးထားပါလား” “ အဘွားကြီးက ပြောသောအခါ မခင်ရွှေစိတ်ထဲမှာ ...

လုံခြုံတဲ့နေရာတစ်ခုနဲ့ ဆက်သွယ်ထားတဲ့အရာ၊ အဲဒီလုံခြုံတဲ့နေရာမှာလည်း အရမ်းအရေးကြီးတဲ့လူတစ်ယောက်ကို ဖမ်းချုပ်ထားတယ်” အောင်ရှိန်က လေးလေးနက်နက်ပြောနေတာဆိုတော့ ကျုပ်လည်း သေသေချာချာနားထောင်နေမိတယ်ဗျ။ “ဘယ်နည်းနဲ့မှ အဲဒီလူက အဲဒီနေရာကနေလွတ်သွားလို့မဖြစ်ဘူးကွ သာဒင်ရ” “နေပါအုံး၊ ဒီလောက်အရေးကြီးတဲ့ပစ္စည်းက မင်းကလွယ်လွယ်ကူကူထားတာပဲလားကွ” “ဘယ်ကလာဟုတ်ရမှာလဲ သာဒင်ရာ၊ ငါလည်းသေသေချာချာထိန်းသိမ်းထားတာပေါ့ကွ၊ တို့အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုက ကြေးနဲ့သွန်းထားတဲ့ဘုရားကွ၊ အဲဒီဘုရားဆင်းတုအောက်ဘက်မှာ လှို့ဝှက်အကန့်လေးတစ်ခုငါလုပ်ထားတယ်၊ အဲဒီအကန့်ထဲမှာ ကြေးစည်ကလေးကို အသာညှပ်ပြီးထည့်ထားတာကွ” “မင်းတစ်နေရာရာမှာ အထားမှားလို့များလား၊ ဒါမှမဟုတ် အိမ်သားတစ်ယောက်ယောက်ကများ ယူမိသေးလား” ကျုပ်မေးတော့ အောင်ရှိန်က ခေါင်းခါပြီး “မဟုတ်ဘူးကွ၊ အဲဒီကြေးစည်ကလေး အဲဒီနေရာမှာရှိတယ်ဆိုတာကို ငါကလွဲလို့ အိမ်ကလူတွေဘယ်သူမှမသိဘူး၊ ...

လုံခြုံတဲ့နေရာတစ်ခုနဲ့ ဆက်သွယ်ထားတဲ့အရာ၊ အဲဒီလုံခြုံတဲ့နေရာမှာလည်း အရမ်းအရေးကြီးတဲ့လူတစ်ယောက်ကို ဖမ်းချုပ်ထားတယ်” အောင်ရှိန်က လေးလေးနက်နက်ပြောနေတာဆိုတော့ ကျုပ်လည်း သေသေချာချာနားထောင်နေမိတယ်ဗျ။ “ဘယ်နည်းနဲ့မှ အဲဒီလူက အဲဒီနေရာကနေလွတ်သွားလို့မဖြစ်ဘူးကွ သာဒင်ရ” “နေပါအုံး၊ ဒီလောက်အရေးကြီးတဲ့ပစ္စည်းက မင်းကလွယ်လွယ်ကူကူထားတာပဲလားကွ” “ဘယ်ကလာဟုတ်ရမှာလဲ သာဒင်ရာ၊ ငါလည်းသေသေချာချာထိန်းသိမ်းထားတာပေါ့ကွ၊ တို့အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုက ကြေးနဲ့သွန်းထားတဲ့ဘုရားကွ၊ အဲဒီဘုရားဆင်းတုအောက်ဘက်မှာ လှို့ဝှက်အကန့်လေးတစ်ခုငါလုပ်ထားတယ်၊ အဲဒီအကန့်ထဲမှာ ကြေးစည်ကလေးကို အသာညှပ်ပြီးထည့်ထားတာကွ” “မင်းတစ်နေရာရာမှာ အထားမှားလို့များလား၊ ဒါမှမဟုတ် အိမ်သားတစ်ယောက်ယောက်ကများ ယူမိသေးလား” ကျုပ်မေးတော့ အောင်ရှိန်က ခေါင်းခါပြီး “မဟုတ်ဘူးကွ၊ အဲဒီကြေးစည်ကလေး အဲဒီနေရာမှာရှိတယ်ဆိုတာကို ငါကလွဲလို့ အိမ်ကလူတွေဘယ်သူမှမသိဘူး၊ ...

ယောင်္ကျား၊ မိန်းမငါးယောက် ဒဏ်ရာရ ကျိုးပဲ့ကုန်သော်လည်း အသက်မသေခဲ့။ ဒါပေမဲ့ ယောင်္ကျားနှစ်ယောက်၊ အမျိုးသမီး တစ်ယောက်တို့က ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြသည်။ ယောင်္ကျားတစ်ယောက်က ခြံစည်းရုံးဝါးခြမ်းပြား လည်ပင်းရှပြီး လည်းပင်း ပြတ်ထွက်သွားသည်။ ယောင်္ကျားတစ်ယောက်က ထော်လာဂျီပိပြီး ပွတ်ဆွဲသွား၍ ခန္ဓာကိုယ် ပြားချပ်သွားသည်။ အမျိုးသမီးတစ်ယောက်ကတော့ ခြံစည်းရိုးငုတ်က ဗိုက်ကို ဖောက်ထွက် သွား၍ အူများ အခွေလိုက် ထွက်ကျနေသည်။ ပွဲကြည့်ရန်လာသူများ အပျော်နှင့် အဆုံးမသတ်ဘဲ နာကျင်ကြေကွဲမှုတို့ဖြင့်သာ အဆုံးသတ်သွားကြသည်။ လူသေမှုဖြစ်ပြီးနောက်ပိုင်း ထိုရွာလေးမှာ ယခင်က ကဲ့သို့ အေးချမ်းမှု ...

အနောက်ရိုးမတောကြီးထဲက ကျောက်တောင်ကြီးပေါ်မှာရှိတယ်။ အဲဒီတောင်ကြီးရဲ့ ထိပ်မရောက်ခင် ပေသုံးထောင်ကျော် အမြင့်လောက်မှာ လူလေးဖက်ကျော်လောက်ရှိတဲ့ တောင်ပျဉ်းကတိုးပင်ကြီးတစ်ပင် ထီးထီးကြီးရှိတယ်။ အဲဒီအပင်ကြီးကို မိုးကြိုးပစ်လိုက်လို့ အပင်ကြီးရဲ့ ပင်စည်မှာ မိုးကြိုးသွား ကျန်ရစ်ခဲ့တယ်။ အဲဒီမိုးကြိုးသွားကို နွားနောက်တွေမွေးတဲ့ ဦးဂျပန်ကြီးဆိုသူလည်း သိထားတယ်လို့ သိရတယ် အဲဒီတုန်းက ငါက ၁၄ နှစ်သားဆိုတော့ ငါရှေ့မှာ မင်းအဖိုးကို ပြောတာ ကြားလိုက်ရတယ် မင်းအဖိုးဟာ ဒီသတင်းကို ကြားကြားချင်းပဲ အမေနဲ့ ငါ့ကို ထားပစ်ခဲ့ပြီး ၂ ရက်အတွင်း ခရီးထွက်သွားတယ်။ ကွင်းကောက်ဘက်ကနေ တောင်ခြေကို လှည်းနဲ့ ...

၏။ ထိုအမျိုးသမီးသည်ကား ကလေးမလေးနောက်က လိုက်လာသောအမျိုးသမီးပင်ဖြစ်သည်။ ” ဒီကငါ့မောင်တို့ရယ် အမသမီးလေးဘာဖြစ်သွားတာလဲမသိဘူး … ကူညီပါအုံးနော် ” ဟုပြောကာ ကျွန်တော်လက်မောင်းအား ဆုပ်ကိုင်ရာ ကျွန်တော်လည်း ” ဘာမှစိတ်မပူပါနဲ့အမရယ်… ကလေးကသတိလစ်သွားတာပါ “ လို့ ကျွန်တော်လည်းပြန်ပြောလိုက်ပြီး ကလေးမလေးကိုပွေ့ချီကာ ဇရပ်ပေါ်သို့ရွေ့ထားလိုက်၏။ ထို့နောက် ” ပြည့်ဖြိုးရေ ငါ့ကိုရေသန့်တစ်ခွက်လောက်ပေးစမ်းပါကွာ “ ” ဟုတ်ကဲ့ ဆရာ ” ဟုဆိုကာ ပြည့်ဖြိုးလည်း ဇရပ်ဘေးနားရှိ ဘန်ဒါပင်မှအရွက်အားခူးလိုက်ပြီး ကန်တော့ပုံသဏ္ဍာန်လုပ်၍ ဇရပ်တံစက်မြိတ်မှမိုးရေများကိုခံလိုက်ကာ ဆရာဖြစ်သူထံသို့ပေးလိုက်၏။ မင်းအောင်လည်း ပြည့်ဖြိုးပေးသော ...

ကောင်းမယ် ဗျ။ ပြီးတော့ အကြောင်းထူးရင် ကျုပ်ဆီကို လွှတ်ဗျာ၊ ကျုပ်ဆရာကြီး ဘိုးလူပေ ဆိုတာလည်း ရောက်နေတယ်ဗျ၊ ကိစ္စရှိရင် ကျုပ်နဲ့ ဆရာကြီးနဲ့ ချက်ချင်းလာခဲ့မယ်၊ ဘာမှမကြောက်နဲ့။ ““ဟာ ကျေးဇူးတင်လိုက်တာကွာ၊ မနေ့ကဆိုရင် ငါတို့ရွာသားတွေ တော်တော်ကြောက်သွားကြတာကွ၊ တစ်နေကုန် ဒီအကြောင်းပဲ ပြောနေကြ တာ။ ညမိုးချုပ်တာနဲ့ အိမ်တံခါးတွေပိတ်ပြီး ငြိမ်နေကြတာဟေ့၊ ရွာလမ်း ပေါ်မှာ လူသွားလူလာ တစ်ယောက်မှ မရှိတော့တာကွကျုပ်လည်း ကိုဘကျော်ကို ပြောသင့်သလောက် ပြောပြခဲ့ပြီးတော့ ရွာကို ပြန်ခဲ့တယ်။ ကျုပ် . အိမ်ဝိုင်းထဲကို ...

ဦးဘသာကြီးဆီကပ်ပြီး ပြောရတောပေါ့ဗျာ။ “ဦးဘသာကြီး ကျုပ်ကိုပညာသင်ပေးပါလားဗျ” “အောင်မယ်၊ မင်းကပညာတတ်ပြီးတော့ ဘာလုပ်ချင်လို့လဲကွ” သူအဲဒီလိုမေးတိုင်း ကျုပ်ရေရေရာရာမဖြေတတ်ဘူးဗျ၊ ကျုပ်အကြောင်းပြချက်တွေ လျှောက်ပေးတိုင်းလည်း သူက မကောင်းဘူး မလုပ်ပါနဲ့ချည်းပြောနေတာဗျ။ ဒီတစ်ခါတော့ ကျုပ်ကနပ်သွားပြီလေ။ “ကျုပ်ကိုပညာသင်ပေးပါ၊ မဟုတ်ရင်လည်း တုတ်ပြီးဓါးပြီး အဆောင်လေးတွေ၊ ဆေးလေးတွေ ချီးမြှင့်ပေးပါဗျာ” “အစီအရင်တွေ၊ ဆေးတွေဆိုတာ အလကားရတာမဟုတ်ဘူ့းကွ၊ တစ်ခုခုကိုပေးဆပ်မှ တစ်ခုခုပြန်ရတာကွ၊ နေပါအုံး၊ တုတ်ပြီးဓါးပြီးတော့ မင်းကဘာလုပ်ချင်လို့လည်း၊ ဓါးပြတိုက်စားမလို့လား” “မဟုတ်ပါဘူးဗျ၊ အကာအကွယ်ဖြစ်တာပေါ့” “မဟုတ်တာတွေမလုပ်ကောင်းဘူးကွ ငါ့တူရ၊ ငါပြောပြမယ်၊ တုတ်ပြီးဓါးပြီးတဲ့နည်းတွေ အများကြီးရှိပါတယ်ကွ၊ တစ်ပွဲတိုးနည်းဆိုတာ လိုချင်မှ ...

မယားပြိုင်ထွန်းကြည် ပေါ့ဗျာ” ကျုပ်တို့ ရွာမှာက ဦးထွန်းကြည် နှစ်ယောက် ရှိသဗျ။ တစ်ယောက်က ကျုပ် မကြာ မကြာ ပြောတဲ့ ဘိုးပုကြီးရဲ့သားလေဗျာ။ သူ့ကို ကျုပ် တို့ရွာသားတွေက ဘိုးပုထွန်းကြည်လို့ ခေါ်ကြ တာ။ နောက် ဦးထွန်းကြည်တစ်ယောက်က မိန်းမနှစ်ယောက်ယူထားတဲ့ ဦးထွန်းကြည်ဗျ။ သူ့ကိုတော့ သူ့ကွယ်ရာမှာ မယားပြိုင်ထွန်း ကြည်လို့ ခေါ်ကြတယ်။ ဘထွေးထွန်းကြည် က လူချမ်းသာဗျ။ ယာတွေ၊ ထန်းတောတွေ မနည်းမနောကို ပိုင်တာဗျ။ သူ့အဘိုးလက်ထက်ကတည်းက အမွေတွေ ရတာ။ ဘထွေးထွန်းကြည်က သုံးမွေခံရတဲ့ ...