သွေးသောက်ရုံသာ သောက်သွားသော ကျားဖြစ်သဖြင့် မုဆိုးများက နွားသေနှင့် ကိုင်းထောင်ဖမ်း၍ မရဟု ဆိုသည်။ မုဆိုးများ ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။ နွားသေနှင့် ထောင်ထားသော ကိုင်းထဲက နွားသေကိုလာမစားသော ကျားကို ကိုင်းထောင်ဖမ်း၍ မရနိုင်ပေ။ သေနတ်နှင့် စောင့်ပစ်ရန်ကလည်း သူတို့၏ ရွာသူကြီးမှာ တစ်ဆယ့်နှစ်ရွာပိုင် လူကြီးမဟုတ်သဖြင့် အင်္ဂလိပ်မင်းများက သေနတ် ထုတ်မပေးထား။ ဤကိစ္စအတွက် သူကြီးဖြစ်သူမှာလည်း မျက်နှာငယ်ရသည်။ လိုအခါ သူတို့နယ်တစ်ဝိုက်တွင် နာမည်ကြီးနေသော’ကျားသတ်ကောင်း ဦးဂေါ်လာကြီး’ ကို ငှားရန် တိုင်ပင်ကြရသည်။ ဤသည်မှာလည်း သူတို့နယ် ...

တစ်ယောက် အရောက် အပေါက်နည်းသွားတော့တာပေါ့ဗျာ။ “သိန်းဇော် လာလေ သူငယ်ချင်း ” ဒီကောင်ကလည်း ခေါ်ရင်း ဝင်လာတာ လှေကားတောင် ရောက်နေပြီဗျ။ ကျုပ်ထိုင်နေတဲ့ တန်းလျားမှာပဲ ဝင်ထိုင်တာဗျ။ ကျုပ်ကလည်း နဂါးဆေးပေါ့လိပ်တစ်လိပ်နဲ့ မီးခတ်ကလေး ကမ်းပေးလိုက်တယ်။ သိန်းဇော်ကလည်း နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး ဖွာလိုက်တယ်။ “သိန်းဇော် မင်း ဘာစားခဲ့ပြီလဲ၊ ထမင်းကြမ်း စားမလား” “ဟာ ငါ ထမင်းကြမ်း စားပြီးပြီကွ” “ဟဲ့ ဒါ ဘယ်သူတုံး၊ သိန်းဇော်လား၊ မလာတာတောင် ကြာပြီ” “ဟုတ်တယ် အရီးရေ၊ ...

ယာထဲကို ထွက်သွား ရောဗျ။ မနက်မိုးလင်းလို့ သူ့တူတွေတူမတွေ ယာထဲဆင်းလာပြီဆိုရင် ပဲတွေ နှမ်းတွေက အားလုံး နှုတ်ပြီးသားတွေတဲ့ဗျာ။ နှုတ်ယုံတင်မကပဲ အဆင်သင့် ပုံထားပြီးသား ဗျ။ နှမ်းဆိုလည်း ထောင်ပြီးသားဗျ။ အဲ တစ်ခုတော့ရှိသဗျ။နှမ်းတွေပဲတွေ အားလုံးကို သိမ်းပြီးပြီဆိုရင်တော့ အရီးမယ်ခက အိုးကြီးတွေ နဲ့ အမဲသားတွေ အပြည့်ချက်တာဗျို့။ ကျုပ်က လှည်းမောင်းရတာပေါ့ဗျာ။ လှည်းပေါ်မှာ ထမင်းအိုးဟင်းအိုးတွေ တင်ပြီး ရွာပြင်ထွက်။ ရွာပြင်မှာ ငှက်ပျောဖက်တွေခင်းပြီး ထမင်းနဲ့ အမဲသားဟင်းကို ဖက်တွေပေါ်မှာ လိုက်ပုံရတာဗျာ။ ပြီးတော့ အရီးမယ်ခက ကျွေးတော့မွေးတော့ ...

ကြောက်တဲ့သူ မရှိပါဘူး” အဘထင်က ကျုပ်ပြောတဲ့ စကားကို သဘောကျတယ်ဗျ။ “ဒါဆိုရင် ငါမေးမယ်။ မင်း သရဲကြောက်တတ်သလား” “ဟာ ကြောက်တာပေါ့ အဘထင်ရ။ ကြက်သီးတွေ တဖျန်းဖျန်းထအောင် ကြောက်တာဗျ။ ဒါပေမဲ့ ကျုပ်က ထွက်တော့ မပြေးဘူးဗျ။ “ဟား ဟား ဟား ဟား တာတေ။ အဲဒါ မင်း မကြောက်တတ်တာပေါ့ကွ မင်းပြောတဲ့ ကြက်သီးတွေ တဖျန်းဖျန်း ထတယ်ဆိုတာ ကြောက်တာ မဟုတ်ဘူးကွ။ လန့်တာ ။ အဲဒါ လန့်သွားတာကွ” “ဟင် ဟုတ်လားဗျ ...

ပုံမှန်ပြန်ဖြစ်ပြီး ခေါင်းထဲ ထည့် လို့ရသွားတာ။ ဒီတော့မှ ညသန်းခေါင်လောက် ကြီး သင်္ဂြု ိဟ်လိုက်ရတဲ့လူလေဗျာ။ ဒီအကြောင်းကိုတော့ ‘ဖဲသမား အသုဘ’ဆိုတဲ့ နာမည်နဲ့ တစ္ဆေမျက်လုံး အမှတ်(၁)’မှာ ကျုပ် ရေးခဲ့တယ်။ အခု ကျုပ်ဆီကိုလာတဲ့ ကိုအောင် သစ်ကတော့ ကိုအောင်ချစ်ညီ ဆိုပေမယ့် တ ခြားစီဗျ။ ကိုအောင်သစ်က လူရိုးလူအေး ဖဲချ ဖို့ မပြောနဲ့၊ ဖဲတစ်ထုပ်မှာ ဘယ်နှရွက်ပါတယ် ဆိုတာတောင် ကျုပ်ပြောလို့ သိတာဗျ။ “အောင်မယ် တာတေက တော်တော်လိမ္မာတဲ့ ကောင်ကိုး၊ ဘိုးဥာဏ်ကို ...

အလုပ်လည်း လွှတ်ကြိုးစားတာဗျ။ အစ်မခင်စိန်ရီ မေးတာကို ကျုပ်က ပြန်ဖြေလိုက်တယ်။ “ဟိုဘက်ရွာ ခဏသွားမလို့ဗျ” ကိုသိန်းမောင်ကတော့ ကျုပ်ကို ပြုံးရုံပဲ ပြုံးပြသွားပြီး လှည်းကိုပဲ ဂရုစိုက်မောင်းနေတာဗျ။ “ဟဲ့နွား ။ သြော် ဒီငဖြူကြီးဟာ ပေကပ်ကပ်နဲ့ ” ကိုသိန်းမောင်ရဲ့ နွားငေါက်သံက ဝေးဝေးသွားရောဗျ။ လှည်းကလည်း နှင်းတောထဲမှာ ပျောက်သွားတယ် “ကိုကြီးတာတေ ။ ကိုကြီးတာတေ” ကျုပ်လန့်နိုးသွားတယ် ။ ခေါ်ရင်း အော်ရင်း ဝိုင်းထဲကဝင်လာတာက ကျောက်ခဲဗျ။ ဒီကောင့်မြင်တော့မှ ကျုပ် သတိရသွားတာဗျ။ စောစောက အိပ်မက်ထဲမှာ ...

အလုပ်လည်း လွှတ်ကြိုးစားတာဗျ။ အစ်မခင်စိန်ရီ မေးတာကို ကျုပ်က ပြန်ဖြေလိုက်တယ်။ “ဟိုဘက်ရွာ ခဏသွားမလို့ဗျ” ကိုသိန်းမောင်ကတော့ ကျုပ်ကို ပြုံးရုံပဲ ပြုံးပြသွားပြီး လှည်းကိုပဲ ဂရုစိုက်မောင်းနေတာဗျ။ “ဟဲ့နွား ။ သြော် ဒီငဖြူကြီးဟာ ပေကပ်ကပ်နဲ့ ” ကိုသိန်းမောင်ရဲ့ နွားငေါက်သံက ဝေးဝေးသွားရောဗျ။ လှည်းကလည်း နှင်းတောထဲမှာ ပျောက်သွားတယ် “ကိုကြီးတာတေ ။ ကိုကြီးတာတေ” ကျုပ်လန့်နိုးသွားတယ် ။ ခေါ်ရင်း အော်ရင်း ဝိုင်းထဲကဝင်လာတာက ကျောက်ခဲဗျ။ ဒီကောင့်မြင်တော့မှ ကျုပ် သတိရသွားတာဗျ။ စောစောက အိပ်မက်ထဲမှာ ...

မိမိတို့၏ကျေးဇူးရှင် အဖြစ်သတ်မှတ်ကာ အထူးဂရုစိုက်တတ်ကြလေသည်။ ကိုပြည့်လည်းနွားများအား ဂရုတစိုက်အစာကျွေး၊ရေတိုက်နေသည့် အချိန်……… “ငပြည့်ရေ ငပြည့် ဟေ့ကောင်ငပြည့်” “ကျော်မောင်ပါလားဟဲ့ နင့်သူငယ်ချင်းငပြည့်က အိမ်နောက်မယ် နွားစာကျွေးနေတယ်ကွဲ့” “ဟုတ်အရီးမြရေ ဒါဆိုကျုပ်နောက်ဖေးလိုက်သွားလိုက် အုံးမယ်ဗျာ” “အေးအေး” ကိုကျော်မောင်လည်းအိမ်နောက်ဘေး သို့ဝင်လာခဲ့တော့သည်။ အိမ်နောက်ဘေးရောက်သည်နှင့် နွားများနှင့်အလုပ်ရှုပ်နေသော ကိုပြည့်အားမြင်တွေ့လိုက်ရသည်။ “ဟေ့ကောင်ငပြည့် အလုပ်ရှုပ်နေတာလားကွ “ “ဟာ ကျော်မောင် ငါ့ဆီလာလည်တာလားကွ “ “အေးဟုတ်တယ် သူငယ်ချင်း” “လာကွာ ဟိုပိတောက်ပင်အောက် သွားပြီးအေးဆေးစကားပြောကြတာ ပေါ့။ ကိုပြည့်နှင့်ကိုကျော်မောင်လည်း နွားတင်းကုတ်နှင့်မလှမ်းမကမ်းမှ ပိတောက်ပင်ကြီးအောက်သို့ ရောက်လာခဲ့ကြသည်။ “ထိုင်ကွာ ...

ကိုပဲ တွင်တွင်သွားနေလေရဲ့ ..။ ကိုင်းခြုံတောကြား၊ အိပ်တန်းတက်နေတဲ့တကလေးတွေကိုဘယ်/ညာ လက်နှစ်ဖက်စလုံးနှင့်ဖမ်းပြီး ပလိုင်းထဲ တွင်တွင် ထည့်နေလေရဲ့ …။ သူတို့ စာကလေးဖမ်းပုံဖမ်းနည်းက တောဓလေ့ပေမယ့် ပညာ သားတော့ အပါသားဗျ … ရွာမှာက ကျွဲတွေကို ကိုင်းတောထဲ လွှတ်ကျောင်းကြတာ၊ တစ်လ ကိုးသီတင်းထားပြီး သစ်ဆွဲ၊ ငါးဆွဲ အသုံးလိုမှ ကိုင်းတောထဲ သွားရှာကြတာ။ရှာတော့လည်း လွယ်ပါတယ်။ ကျွဲတိုင်းရဲ့လည်ပင်းမှာ သစ်သားခလောက်ကြီးတွေ ဆွဲပေးလိုက်တာမို့ …ခလေက်သံကြားတာနှင့် သူ့ ့ကျွဲ၊ ကိုယ့်ကျွဲ ဘယ်နေရာ ရောက်နေတယ်ဆိုတာ သိကြတယ်လေ။ ဒီလို၊ ...

သူမစိတ် ထဲတွင်တော့ ဆရာတော် ပြောဖူးသော “မရှိလို့ မလှူ မလှူလို့မရှိဆိုသော စကားကို တွေးနေမိပါလေတော့သည်။ ◾အခန်း-၃ တနေ့ သူဌေးမကြီးသည် သူမ၏ မြေးမလေးများ နှင့်အတူ ဈေးသို့ သွားပြီး ဈေဝယ်လေသည် ၊ သူဈေးလိုက်ရသော ရည်ရွယ် ချက်မှာ မြေးမလေးများအား အသိတရားပေးမယ် ဟုသော အတွေးနှင့်ဖြစ်သည် ၊ ဈေးကို မည်သို့ ဆစ်ရမည်  မည်သို့ သေ ာအမူအယာဖြစ် ဈေးဝယ် ရသည်ကို  သင်‌ေပးရန်ဖြစ်၏ ၊ ဤသို့ဖြစ် မြေးအဖွားသုံးယောက် ဈေးထဲတွင် ...